အိပ်မက်တိတ္ထုံ
(က)နှင့်ပတ်သက်သော အိပ်မက်များ
(က)
၁။ ကခုန်ရသည်ဟုမြင်မက်မူ မကောင်းအံ့။
၂။ ကကြီး ခခွေးစသော အက္ခရာကိုမြင်မက်မူ လုပ်ငန်းသစ်ကိုစတင်ရအံ့။
၃။ ကကြိုးဆင်ယင်ထားသည်မက်မူ ခရီးဝေးသွားအံ့။
၄။ ကကြိုးပါသော ဆင်၊ မြင်းစီးရသည်ဟုမက်မူ အကြီးအကဲဖြစ်အံ့၊ အကြံအောင်အံ့။
၅။ ကစားစရာကိုမြင်မက်က ပျော်ရွှင်စွာနေရအံ့။
၆။ ကစားစရာယူလာသည်ကိုမက်မူ သမီးရတနာထွန်းကားအံ့။
၇။ ကစားစရာပေးရသည်မက်မူ အလှူအတန်းပေးရအံ့။
၈။ ကစားသမားနှင့်အတူမက်မူ ငွေလိမ်ခံရအံ့။
၉။ ကစားဝိုင်း၌ရှုံးသည်မက်မူ အလုပ်အကိုင်ပြောင်းရွှေ့ရအံ့။
၁၀။ ကစားဝိုင်း၌နိုင်သည်မက်မူ ရင်းနှီးသောမိတ်ဆွေတစ်ဦးသေအံ့။
၁၁။ ကစားဝိုင်း၌အဖမ်းခံရသည်မက်မူ သတင်းကောင်းကြားရအံ့။
၁၂။ ကညွတ်ပင်ကိုမက်က လိုအင်ဆန္ဒပြည့်စုံအံ့။
၁၃။ ကညွတ်စားရသည်မက်မူ ရောဂါပျောက်ကင်းအံ့။
၁၄။ ကညာပျိုချောကိုမက်က ချစ်သူထံမှ သတင်းကောင်းကြားရအံ့၊ ချစ်သူ၏ယုယမှုကို ခံရအံ့။
၁၅။ ကညာပျိုကိုနမ်းရသည်မက်မူ ချစ်သူခရီးထွက်ရအံ့။
၁၆။ ကဒွတ်သီးစားရသည်၊ ခူးရသည်မက်မူ ရဲရင့်အံ့၊ စိတ်ကြည်လင်အံ့။
၁၇။ ကပွဲကိုမက်မူ အမျိုးထဲမှတစ်ဦး သေပျောက်အံ့၊ ဒုက္ခရောက်အံ့။
၁၈။ ကပွဲသို့သွားရသည်မက်က သားသမီးများဖျားနာအံ့။
၁၉။ ကဗျာရွတ်ပြိုင်ရသည်မက်က ကောင်းသောစကားများပြောရအံ့။
၂၀။ ကဗျာစပ်ဆိုသည်မက်က လက်ဝတ်ရတနာလက်ဆောင်ရအံ့။
၂၁။ ကရမက်ကိုမြင်မက်က ချမ်းသာအံ့။
၂၂။ ကရဝေးပင်ကိုမက်က မမျှော်လင့်သူထံမှ လက်ဆောင်ရအံ့၊ ရပ်ဝေးမှ လက်ဆောင်ရအံ့။
၂၃။ ကရဝိတ်ဖောင်စီးရသည်မက်မူ ပျော်ရွှင်သောခရီး လာဘ်ကောင်းသောခရီး သွားရအံ့။
၂၄။ ကရားကိုမက်က ငွေကုန်ကြေးကျများအံ့။
၂၅။ ကရားရေအပြည့်နှင့်မက်မူ ဥစ္စာပစ္စည်းပေါများအံ့။
၂၆။ ကရားအက်သည် ကွဲသည်မက်က ဓားပြ သူခိုးတို့ရန်ပြုအံ့။
၂၇။ ကလေးငယ်ကိုမက်က စိတ်ချမ်းသာအံ့။
၂၈။ ကလေးငယ်နို့စို့နေသည်ကိုမက်က အလုပ်တိုးချဲ့ရအံ့၊ ကူညီမည့်သူများပေါ်အံ့။
၂၉။ ကလေးငယ်နေမကောင်းသည်ဟုမက်မူ စိတ်ပျက်ဖွယ်ရာဖြစ်အံ့။
၃၀။ ကလေးငယ်ကစားနေသည်မက်က စိတ်ဒုက္ခရောက်အံ့။
၃၁။ ကလေးငယ်ပြုံး၍အိပ်နေသည်မက်က ချစ်သူခင်သူပေါအံ့၊ အရောင်းအဝယ်ကောင်းအံ့။
၃၂။ ကလေးငယ်ကိုမွေးရသည်မက်မူ စည်းစိမ်ချမ်းသာရအံ့။
၃၃။ ကလေးငယ်ကိုမွေးစားရသည်မက်က အလှူကြီးပေးရအံ့။
၃၄။ ကလေးငယ် လမစေ့ဘဲမွေးသည်မက်က ခင်ပွန်းဥပဒ်ရအံ့။
၃၅။ ကလေးငယ်ကိုထိန်းရသည်မက်က သောကကြုံရအံ့။
၃၆။ ကလေးကို နာကျင်အောင်ရိုက်သည်မက်က အလုပ်အကိုင်ပျက်စီးအံ့။
၃၇။ ကလေးသေသည်ကိုမက်မူ ကံဆိုးအံ့၊ ဆုံးရှုံးပျက်စီးအံ့။
၃၈။ ကလေးပုခက်က အလိုလိုလွှဲနေသည်မက်မူ ကလေးသေပျောက်အံ့။
၃၉။ ကလေးပျက်ကျသည်မက်မူ ခင်ပွန်း၏ကျန်းမာရေး ညံ့ဖျင်းအံ့။
၄၀။ ကလစ်(ဆံညှပ်)ကိုမက်မူ အကြီးအကဲဖြစ်အံ့၊ ကျော်စောအံ့။
၄၁။ ကလစ်(စက္ကူညှပ်)ကိုမက်မူ အလုပ်အလွန်များရအံ့။
၄၂။ ကလောင်ကိုမြင်မက်မူ စာပေ၌ကျော်စောအံ့။
၄၃။ ကလောင်သွားကိုမြင်မက်က မကောင်းသောနိမိတ်ဖြစ်အံ့။
၄၄။ ကလောင်တံကျိူးသွားသည့်အကျိုးစကိုမြင်မက်မူ ရပ်ဝေးမိတ်ဆွေများနှင့် မိတ်ပျက်အံ့။
၄၅။ ကတ္တား(ချိန်ခွင်)ကိုမြင်မက်က အမှုနိုင်အံ့၊ အလုပ်အောင်မြင်အံ့။
၄၆။ ကတ္တဝါငှက်ကိုမြင်မက်က မိမိဒေါသကြောင့် မိမိပင်ဒုက္ခတွေ့ရအံ့။
၄၇။ ကတ္တီပါအဝတ်ကိုမြင်မက်က ကံကောင်းအံ့။
၄၈။ ကတ္တီပါခင်းသောလမ်း၌ ပန်းအဖြူပန်၍ လျှောက်ရသည်မက်က မုချသေကြေပျက်စီးအံ့။
၄၉။ ကတ္တီပါစောင်ခြုံရသည်မက်က လင်ကောင်း မယားကောင်းရအံ့။
၅၀။ ကပ္ပိယကိုမြင်မက်က ကျွန်များရရှိအံ့၊ အခြွေအရံပေါအံ့။
၅၁။ ကပ္ပတိန်(သင်္ဘောကပ္ပတိန်)ကိုမက်မူ အခက်အခဲကိုကျော်လွန်နိုင်အံ့။
၅၂။ ကမ္ဘာကို အဝေးမှမြင်ရသော် ကံကောင်းအံ့၊ ကျော်စောအံ့။
၅၃။ ကမ္ဘာပျက်သည်မက်က သူခိုးခိုးခံရအံ့၊ သောကကြုံရအံ့။
၅၄။ ကခုန်ပျော်ရွှင်နေသည်ဟုမြင်မက်က စိတ်ဆင်းရဲအံ့၊ အိမ်တွင်းမအေးတတ်အံ့။
၅၅။ ကတိထားရသည်မက်က အရေးကြီးသောအဆုံးအဖြတ်ကို သင်ကပေးရအံ့။
၅၆။ ကတိပျက်ရသည်မက်က အလိမ်ပေါ်အံ့၊ အကြံပျက်အံ့။
၅၇။ ကစားကွင်းကိုမက်က စိတ်ပူဆွေးရအံ့။
၅၈။ ကဏန်းကောင်ကိုမြင်မက်က သူတပါးနှင့် အတိုက်အခံပြောရအံ့။
၅၉။ ကဏန်းသားစားရသည်ဟုမက်က ရင်ပြည့်ရင်အောင့် ဝမ်းဗိုက်နာအံ့။
၆၀။ ကဏန်းအရှင်ဖမ်းသည်ဟုမက်က သစ္စာမဲ့သောသူ၏ ကြံစည်ခြင်းခံရအံ့။
(ကာ)
၁။ ကာဖီပင်ကိုမက်က သုခချမ်းသာရအံ့။
၂။ ကာဖီသောက်ရသည်မက်က ရာထူးတိုးအံ့၊ အရောင်းအဝယ်ကောင်းအံ့။
၃။ ကာမေသုကျူးလွန်သည်မက်က ဆုံးရှုံးပျက်စီးရအံ့။
(ကား)
၁။ ကားစီးရသည်ဟုမက်သော် ကောင်းစားအံ့။
၂။ ကားပျက်နေသည်ကိုမြင်မက်သော် အကြံပျက်အံ့။
၃။ ကားတိုက်သည်ဟုမြင်မက်သော် အမှုဖြစ်အံ့။
၄။ ကားဂိုဒေါင်ကိုမြင်မက်သော် ငွေဝင်အံ့။
(ကု)
၁။ ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟုမြင်မက်မူ အများထက်ထူးကဲသူဖြစ်အံ့။
၂။ ကုလားလူမျိုးကိုမြင်မက်က မိတ်ဆွေကောင်းတွေ့အံ့။
၃။ ကုလားထိုင်ကိုမြင်မက်က အကြံကောင်းရအံ့၊ ဥစ္စာရွှေငွေဝင်အံ့။
၄။ ကုလားထိုင်အကျိုးကိုမြင်မက်က ရောဂါအခြေအနေဆိုးအံ့။
၅။ ကုလားပဲကိုမြင်မက်က အလွန်ကံကောင်းအံ့။
၆။ ကုလားပဲစိုက်ရသည် စားရသည်မက်က ကျန်းမာရေးအထူးကောင်းမွန်လာအံ့။
၇။ ကုလားအုတ်ကိုမြင်မက်က လာဘ်ရနိုင်သောခရီးဝေးသို့ သွားရအံ့၊ အခက်အခဲများကို ကျော်နင်းနိုင်အံ့။
၈။ ကုဋီကိုမြင်မက်က တရားသီလကျင့်သုံးရအံ့။
၉။ ကုန်းကွနေသည်ကိုမြင်မက်မူ အလုပ်အကိုင် အနှောင့်အယှက်ဖြစ်အံ့။
၁၀။ ကုန်သင်္ဘောကိုမြင်မက်မူ ကြွေးမြီဆုံးရှုံးအံ့။
၁၁။ ကုတ်ကင်းရှုရသည်မြင်မက်မူ စည်းစိမ်ခံစားရအံ့။
၁၂။ ကုန်သည်ကိုမြင်မက်မူ မိမိအလုပ်အကိုင်ရာထူးတိုးအံ့၊ ကြီးပွားအံ့။
၁၃။ ကုပ်သည် ခြစ်သည်မြင်မက်က သူတပါးအတင်းပြောခံရအံ့၊ စိတ်ဆင်းရဲအံ့။
၁၄။ ကုတ်(ကလော်တံ)မြင်မက်မူ မြှောက်ပင့်သောမသူတော်နှင့် တွေ့ရအံ့။
(ကော်)
၁။ ကော်ဇောကိုမြင်မက်က အသက်ငယ်ငယ်နှင့် လက်ထပ်ရအံ့၊ ကာမသုခခံစားရအံ့။
၂။ ကော်ဇောပေါ်၌လမ်းလျှောက်ရသည်မက်က ပျော်ရွှင်သောအိမ်ထောင်ဖက်နှင့် လက်ထပ်ရအံ့။
၃။ ကော်ဇောကို လှပစွာ မိမိကခင်းရသည်မက်က အထူးကံကောင်းအံ့၊ ထိမ်းမြားလိုသူ မိမိထံလာရောက်ခွင့်ပန်အံ့။
၄။ ကော်ဇောကိုမြင်မက်က မိမိအားကူညီမည့်သူပေါ်အံ့၊ ငယ်သားများအကူအညီဖြင့် အောင်မြင်ရအံ့။
၅။ ကောလိပ်ကျောင်းကိုမြင်မက်မူ ဗဟုသုတတိုးပွားအံ့။
(ကန်)
၁။ ကန်စွန်းပင်ကိုမက်က လက်အောက်ငယ်သားတို့က ကူညီအံ့။
၂။ ကန်စွန်းပင်များညှိုးနေသည် သေနေသည်မက်က အပြောအဆိုခံရအံ့။
၃။ ကန်စွန်းဟင်းစားရသည်မက်က အနာရောဂါပျောက်ကင်းအံ့။
၄။ ကန်(ရေကန်)နောက်နေသည်မြင်မက်မူ ဆင်းရဲအံ့၊ စိတ်သောကရောက်အံ့။
၅။ ကန်ရေကြည်ကိုမက်မူ အကြီးအကဲဖြစ်ရအံ့၊ ဥစ္စာရအံ့။
၆။ ကန်တွင် ကြာပွင့်များနှင့်မြင်မက်မူ ဂုဏ်သရေကျော်စောအံ့။
၇။ ကန်ရေချိုးရသည်မက်မူ စိတ်အေးချမ်းပျော်ရွှင်အံ့။
၈။ ကန့်လန့်ကာလိပ်တင်ထားသည်မက်မူ မိမိအတင်းကို မကောင်းပြောအံ့။
၉။ ကန့်လန့်ကာချထားသည်မက်မူ အံ့ဖွယ်ရာများတွေ့မြင်ရအံ့။
၁၀။ ကန့်လန့်ကာကိုဖယ်ရှားရသည်မက်မူ ကူညီမစမည့်သူ အချိန်မီပေါ်လာအံ့။
(ကြက်)
၁။ ကြက်ချင်းခွပ်သည်ဟုမြင်မက်မူ တရားတွေ့ရအံ့။
၂။ ကြက် ငှက်တို့၏ အတောင်ဖျားတို့ကို စားရသည်ဟုမြင်မက်မူ ချမ်းသာအံ့။
၃။ ကြက်မောက်ပန်းကိုမြင်မက်မူ သတ္တိရှိအံ့။
၄။ ကြက်မောက်သီးစားရသည်ဟုမြင်မက်မူ သောကကင်းအံ့။
၅။ ကြက်သတ်ရသည်မြင်မက်မူ မစဉ်းစား မဆင်ခြင်မိုက်မဲအံ့။
၆။ ကြက်ဖမ်းရသည်မက်မူ ပေါများကြွယ်ဝအံ့။
၇။ ကြက်တိုက်ရသည်မက်မူ ရောဂါရအံ့။
၈။ ကြက်မွှေးနှုတ်ရသည်မက်မူ စီးပွားပျက်အံ့။
၉။ ကြက်သားစားရသည်မက်မူ ကြည်ညိုခံရအံ့။
၁၀။ ကြက်တွန်သံကြားရသည်မက်မူ သတင်းထူးကြားရအံ့။
၁၁။ ကြက်ခြေထောက်စားရသည်မက်မူ အိမ်ယာမြေပျက်စီးအံ့။
၁၂။ ကြက်ဥစားရသည်မက်မူ ဥစ္စာပစ္စည်းဝင်လာအံ့။
၁၃။ ကြက်ရောင်းသည်မက်က ခရီးသွားချစ်သူတွေ့အံ့။
၁၄။ ကြက်သတ်ရသည်မက်သော် မျှော်လင့်ထားသောအကြံကောင်းအံ့။
၁၅။ ကြက်ဥပုပ်ကိုမြင်မက်က မိတ်ပျက်အံ့။
၁၆။ ကြက်ဥများစွာရသည်မက်က ထီပေါက်အံ့၊ ငွေများစွာရအံ့။
၁၇။ ကြက်နှစ်ကောင်ခွပ်နေသည်မက်က မိမိလက်အောက်ငယ်သားများ ရန်ဖြစ်ပွားအံ့။
၁၈။ ကြက်ဆင်ကိုမြင်မက်က ရန်အပေါင်းကင်းဝေးအံ့။
၁၉။ ကြက်ဆင်အော်သံကြားရသည်မက်မူ မကောင်းသောနိမိတ်ဖြစ်အံ့။
၂၀။ ကြက်ဆူသီးကိုမြင်မက်က ရောဂါကင်းအံ့။
၂၁။ ကြက်ဆူဆီကိုသောက်ရသည်မက်က စိတ်မချမ်းသာစရာနှင့် ခေတ္တကြုံရအံ့။
၂၂။ ကြက်တူရွေးငှက်ကိုမြင်မက်က အတင်းပြောခံရအံ့၊ ငွေကုန်ကြေးကျများအံ့။
၂၃။ ကြက်တူရွေးပျံသန်း၍ ခေါင်းပေါ်၌နားသည်ဟုမက်က ထိုလူ အပြင်းအထန်နာဖျားအံ့။
၂၄။ ကြက်သွန်နီကိုမြင်မက်က ဒေါသရှေ့ထားမှားတတ်အံ့။
၂၅။ ကြက်သွန်ဥနီစားရသည်မက်က ကျန်းမာရေးကောင်းအံ့၊ ငွေများဝင်အံ့။
၂၆။ ကြက်သွန်ဥနီကို တူးရသည်မက်က ရွှေငွေကောက်ရတတ်အံ့၊ အကြွေးများ ပြန်လည်ရရှိအံ့။
၂၇။ ကြက်သွန်ဖြူကိုစားရသည်မက်က ကျန်းမာရေးညံ့အံ့၊ ချစ်သူဆုံးရှုံးအံ့။
၂၈။ ကြက်သွန်ဖြူကိုတူးဖော်ရသည်မက်က လျှို့ဝှက်သောစကားများ ပေါ်ထွက်လာအံ့။
၂၉။ ကြက်သွန်ဖြူကို လှူဒါန်းရသည်မက်က ကျန်းမာရေးကောင်းအံ့၊ လူမမာနာလန်ထအံ့။
၃၀။ ကြက်သွန်ဖြူအနံ့ရှူရသည်မက်က မိတ်ဆွေ အမျိုးများရန်ဖြစ်အံ့။
၃၁။ ကြက်သွန်အရောင်းအဝယ်လုပ်ရသည်မက်က သားသမီး မိဘများကျန်းမာအံ့။
၃၂။ ကြက်မောက်ပန်းဘုရားတင်ရသည်မက်မူ ဘေးဒုက္ခကင်းလွတ်အံ့။
(ကွမ်း)
၁။ ကွမ်းရွက် သစ်ရွက်စားရသည်မြင်မက်မူ ပုဆိုးကောင်း အဝတ်ကောင်းရအံ့။
၂။ ကွမ်းယာစားရသည်မက်က ဥစ္စာတိုး၍ စိတ်ချမ်းသာအံ့။
၃။ ကွမ်းသီးစားရသည်မက်က အခက်အခဲကြုံတွေ့အံ့။
၄။ ကွမ်းသီးပင်တက်ခူးရသည်မက်က ရာထူးတိုးအံ့၊ သူတပါးအကြံအစည်များကို ဆောင်ရွက်ရအံ့။
၅။ ကွမ်းယာလက်ဆောင်ရသည်မက်က ထီပေါက်အံ့။
၆။ ကွမ်းသီးကိုကိုက်ရသည်မက်က ဒုက္ခအပေါင်းမှ ကင်းဝေးအံ့။
၇။ ကွမ်းညှပ်ကိုမြင်မက်က မကြာမီရန်ဖြစ်အံ့။
၈။ ကွမ်းညှပ်ကိုအသုံးပြုရသည်မက်က မိမိသည် ကြားနေခြင်း၊ ဖျန်ဖြေခြင်းစသည် လုပ်ရအံ့။
၉။ ကွမ်းအစ်နှင့်စားရသည်မက်က အကြီးအကဲဖြစ်အံ့၊ မ စမည့်သူပေါ်အံ့။
(ကတ်)
၁။ ကတ်ကြေးကိုမြင်မက်သော် ရန်များအံ့။
(ကြယ်)
၁။ ကြယ်ကိုမြင်မက်က သြဇာညောင်းအံ့၊ ကံကောင်းအံ့။
၂။ ကြယ်များစွာ ပြေးလွှားပျံသန်းနေသည်မက်က တရားအမှုအခင်း ဖြစ်ပွားအံ့။
၃။ ကြယ်များ ကောင်းကင်၌မရှိ၊ ရှင်းလင်းနေသည်မက်က ကျရောက်သော မင်းပြစ်မင်းဒဏ်မှ လွတ်အံ့။
၄။ ကြယ် မိမိကိုယ်ပေါ်ကြွေကျသည်မက်က အပြင်းဖျားအံ့။
၅။ ကြယ် မိမိအိမ်ပေါ်ကြွေကျသည်မက်က ဓားပြတိုက်ခံရအံ့၊ အိမ်မီးလောင်အံ့။
၆။ ကြယ်တံခွန်ကိုမြင်မက်က ကပ်ရောဂါများအံ့၊ စစ်ကြီးဖြစ်အံ့၊ ငတ်မွတ်ဘေး တွေ့ရအံ့။
၇။ ကြယ်ကိုဖမ်းရသည်၊ စီးရသည်မက်က အလွန်ကံကောင်းအံ့၊ မမျှော်လင့်သော ခရီးကောင်းသွားရအံ့။
၈။ ကြယ်သီးများကိုမြင်မက်က အလုပ်အကိုင် အဆင်ပြေရအံ့။
၉။ ကြယ်သီးပျောက်ဆုံးသည်မက်က သူတပါးအထင်လွဲခံရအံ့။
၁၀။ ကြယ်သီးတပ်ဆင်ရသည်မက်မူ လိုအင်ဆန္ဒပြည့်စွမ်းအံ့။
၁၁။ ကြယ်သီးကောက်ရသည်မက်က ဝင်ငွေတိုးအံ့။
၁၂။ ကြယ်သီးအကွဲ အကျိုးမြင်မက်က စိတ်ဒုက္ခရောက်အံ့။
၁၃။ ကြယ်သီးများ အင်္ကျီမှပြုတ်ရသည်မက်က မကြာမီ အခက်အခဲပေါင်းမှ လွတ်မြောက်အံ့။
၁၄။ ကြယ်သီးလက်ဆောင်ရသည်မက်က မုချရာထူးတိုးအံ့။
(ကြံ)
၁။ ကြံခင်းမြင်မက်မူ ကြီးပွားချမ်းသာအံ့။
၂။ ကြံစည်းများမြင်မက်မူ အလုပ်အကိုင် စီမံခန့်ခွဲရအံ့၊ ဦးဆောင်ရအံ့။
၃။ ကြံစားရသည်မက်မူ ချစ်ရေးကြိုက်ရေး အဆင်ပြေအံ့။
၄။ ကြံသကာစားရသည်မက်မူ ပင်ပန်းစွာ လုပ်ကိုင်စားသောက်ရအံ့။
(ကြံ့)
၁။ ကြံ့သတ္တဝါကိုမြင်မက်မူ အကြံအောင်အံ့။
၂။ ကြံ့လိုက်သည်ဟုမြင်မက်မူ စိတ်ပျက်စရာများတွေ့ရအံ့။
၃။ ကြံ့အကိုက်ခံရသည်မြင်မက်မူ ဆင်းရဲအံ့။
(ကြွက်)
၁။ ကြွက်သေကိုမြင်မက်မူ စိတ်ဒုက္ခရောက်အံ့။
၂။ ကြွက်စုတ်ကိုမြင်မက်မူ ဆင်းရဲရမည့်နိမိတ်တည်း။
၃။ ကြွက်များကိုမြင်မက်မူ ချစ်သူဆုံးရှုံးရအံ့။
၄။ ကြွက်တွင်းထဲဝင်သည်မက်မူ အိမ်တွင်းချမ်းသာအံ့။
၅။ ကြွက်ကိုက်ခံရသည်မက်မူ ဘေးဥပဒ်ဖြစ်အံ့။
၆။ ကြွက်ခြစ်ခံရသည်မက်မူ ဒုက္ခရောက်အံ့။
၇။ ကြွက်တွင်းများကိုမြင်မက်က ပစ္စည်းဥစ္စာဆုံးရှုံးအံ့။
၈။ ကြွက်ဖြူကိုမြင်မက်မူ အကြံအောင်အံ့။
၉။ ကြွက်တက်သည်မက်မူ ယခုအခြေအနေထက်ပို၍ ကံကောင်းအံ့။
၁၀။ ကြွက်နို့ကိုမြင်မက်မူ ထင်ပေါ်ကျော်စောအံ့။
၁၁။ ကြွက်နို့ မိမိကိုယ်၌မြင်မက်က ကြွက်နို့အရေအတွက်ရှိသမျှ ငွေကြေးရအံ့။
၁၂။ ကြွက်နို့ဖြတ်ရသည် သတ်ရသည်မက်မူ တိတ်တဆိတ်ရန်သူနှင့် အိမ်တွင်းရန်သူများ ပျက်စီးအံ့။
၁၃။ ကြွက်ထောင်ချောက်ကိုမြင်မက်မူ မိတ်ဆွေများထဲ၌ သစ္စာရှိသောမိတ်ဆွေ၏ အကူအညီရအံ့။
၁၄။ ကြွက်ထောင်ချောက်၌ ကြွက်မိနေသည်မက်က မျှော်လင့်သည်ထက် ပိုအောင်မြင်အံ့။
(ကျား)
၁။ ကျားကိုမြင်မက်မူ မကောင်း။
၂။ ကျားကိုမြင်မက်က သူတပါးမနာလို မုန်းထားအံ့။
၃။ ကျားကိုက်ခံရသည်ဟုမက်က ရန်ငြိုးထားခံရအံ့၊ ဒုက္ခတွေ့အံ့။
၄။ ကျားကိုက်၍သေသည်မက်က ပစ္စည်းဥစ္စာဆုံးပါးအံ့။
၅။ ကျားစီးရသည်မက်က ကျန်းမာရေးကောင်းအံ့၊ အမှုနိုင်အံ့။
၆။ ကျားကိုသတ်ရသည်မက်က အကြံအစည်အောင်အံ့။
၇။ ကျားအိပ်နေသည် သေနေသည်မက်က ရန်ကိုအောင်နိုင်အံ့။
၈။ ကျားနှစ်ကောင်ကိုက်သည်ဟုမက်က လူကြီးမိဘများ စကားများအံ့။
၉။ ကျားသံကြားရသည်မက်က သြဇာညောင်းအံ့။
၁၀။ ကျားသစ်ကိုမြင်မက်က ခရီးသွားလျှင် ဘေးတွေ့တတ်အံ့။
၁၁။ ကျားနက်ကိုမြင်မက်မူ သူခိုးဓားပြများ နှောင့်ယှက်အံ့။
၁၂။ ကျား မိကျောင်းတို့၏စွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ အမတ်ဖြစ်အံ့။
(ကြာ)
၁။ ကြာမျိုးငါးပါးအနံ့ကိုရှုသည်မြင်မက်မူ ဂုဏ်သတင်းကျော်စောအံ့။
၂။ ကြာညိုပန်းပန်ရသည်ဟုမက်မူ မယားကောင်းရအံ့။
၃။ ကြာသွတ်အိုးဖြင့် ရေချိုးသည်ဟုမြင်မက်မူ သူတပါးတို့၏ မှီခိုရာဖြစ်အံ့။
၄။ ကြာပွတ်ကိုကိုင်ရသည်မက်က ဘေးအန္တရာယ်တွေ့အံ့။
၅။ ကြာပွတ်နှင့်ရိုက်ရသည်မက်က စိတ်သောကရောက်အံ့။
၆။ ကြာပွတ်နှင့်အရိုက်ခံရသည်မက်က နှောင့်ယှက်မည့်သူ ပေါ်အံ့။
၇။ ကြာပွတ်ကို တောင်းထဲ၌တွေ့ရမူ အန္တရာယ်အပေါင်းက ကင်းလွတ်အံ့။
၈။ ကြာပန်းကိုမြင်မက်မူ ချစ်ခင်သူပေါအံ့။
၉။ ကြာပန်းခူးချိုးရသည်မက်မူ စိတ်အနှောင့်အယှက်တွေ့ရအံ့။
၁၀။ ကြာပန်းဘုရားတင်ရသည်မက်မူ စိတ်ချမ်းသာအံ့။
၁၁။ ကြာဖြူမြင်မက်မူ သတင်းထူးကြားအံ့။
၁၂။ ကြာနီပန်းပန်ရသည်မက်မူ အိမ်ထောင်ဖက်ကောင်းအံ့။
၁၃။ ကြာနီပန်းသူတပါးပေးရသည်မက်မူ အိမ်ထောင်ကွဲအံ့။
၁၄။ ကြာဖက်နှင့်ထမင်းစားရသည်မက်မူ လက်ဆောင်ပစ္စည်းရအံ့။
၁၅။ ကြာဖက်နှင့်မုန့်ထုပ်ရသည်မက်မူ အကြံအစည်ပျက်အံ့။
၁၆။ ကြာဖက်ပေါ်ရေလောင်းရသည်မက်မူ ဘေးကင်းအံ့။
၁၇။ ကြာမျိုးစုံမြင်မက်မူ ချစ်ခင်သူပေါအံ့။
၁၈။ ကြာဖူးမြင်မက်မူ အကျိုးဖြစ်ထွန်းအံ့။
(ကြေး)
၁။ ကြေးစည်တီးရသည်မက်မူ သင့်စကားအောင်မြင်အံ့။
၂။ ကြေးစည်သံကြားရသည်မက်မူ အလှူအတန်းပြုရအံ့။
၃။ ကြေးစည်လည်နေသည်မြင်မက်မူ စိတ်ထွေအံ့။
၄။ ကြေးပြားပိုက်ဆံမြင်မူ ကုန်ဆုံးအံ့။
၅။ ကြေးပြားသုံးရသည်မက်မူ ပစ္စည်းပျောက်အံ့။
၆။ ကြေးနီမြင်မက်မူ အမှုအခင်းဖြစ်အံ့။
၇။ ကြေးနီကောက်ရသည်မက်မူ ချစ်သူနှင့်တွေ့ရအံ့။
၈။ ကြေးဝါမြင်မက်မူ လူလိမ်ခံရအံ့။
၉။ ကြေးဖလားတိုက်ချွတ်ရသည်မက်မူ ချမ်းသာသုခနှင့်ပြည့်စုံအံ့။
၁၀။ ကြေးဇွန်းကျိုးသည်မြင်မက်မူ ကြွေးမြီဆုံးအံ့။
၁၁။ ကြေးအိုး ကြေးခွက်ကိုမြင်မက်မူ ကောင်းမြတ်သောတရားရအံ့။
(ကိုယ်)
၁။ ကိုယ်ပေါ်သို့လောက်တက်သည်မက်မူ ဥစ္စာရအံ့၊ ကျေးကျွန် နွားသော်ရအံ့။
၂။ ကိုယ်ခန္ဓာပုပ်သည်မြင်မက်မူ တန်ခိုးကြီးအံ့။
၃။ ကိုယ်မှာ အကြောင်အကျားရှိသည်မက်မူ မယားကောင်းရအံ့။
၄။ ကိုယ်အမွှေးရှည်သည်မြင်မက်မူ တန်ခိုးကြီးအံ့။
၅။ ကိုယ်လက် ယားယံသည်မြင်မက်မူ လာဘ်ကြီးရအံ့။
၆။ ကိုယ်ရောင်တောက်သည်မြင်မက်မူ တန်ခိုးကြီးအံ့။
၇။ ကိုယ်ကိုမီးလောင်သည်မက်က နာဖျားအံ့၊ သူတပါးက အမျက်ထားအံ့။
၈။ ကိုယ်ကာယလေးလံသည်မက်က ရောဂါရအံ့၊ နာဖျားအံ့။
၉။ ကိုယ်လက်ယားယံသည်မက်က လာဘ်ရွှင်အံ့။
၁၀။ ကိုယ်လက်ထိခိုက်ဒဏ်ရာရသည်၊ ပြတ်သည်မက်က အနီးဆုံးဆွေမျိုးသေအံ့။
၁၁။ ကိုယ်လက်ရောင်သည်မက်က သားသမီးဖျားနာအံ့။
၁၂။ ကိုရင်(ပဉ္စင်း)ကိုမြင်မက်က တရားတပေါင်၌ပျော်မွေ့အံ့။
၁၃။ ကိုယ်ရောင်ပျောက်သည်မက်က အတွင်းရေးများပေါ်တတ်အံ့၊ သစ္စာမဲ့သောမိတ်ဆွေနှင့်တွေ့ရအံ့။
၁၄။ ကိုယ်တွင်လောက်တက်သည်မက်က ဥစ္စာတိုးအံ့၊ ကျော်စောအံ့။
၁၅။ ကိုယ်နံ့ပြင်းသည်ဟုမက်က ဘုန်းတန်ခိုးတိုးအံ့။
၁၆။ ကိုယ်ဝန်ဆောင်ကိုမြင်မက်က ကံကောင်းအံ့။
၁၇။ ကိုယ်ဝန်ဆောင်ရသည်ဟု အပျိုကမက်မူ အစော်ကားခံရအံ့။
၁၈။ ကိုယ်ဝန်ဆောင်မိန်းမနှင့် အတူနေရသည်မက်က အမြွှာပူးမွေးအံ့။
(ကောင်း)
၁။ ကောင်းကင်၌ တိမ်တောက်သည်ဟုမြင်မက်မူ ဘေးကင်းအံ့၊ စိတ်အေးချမ်းအံ့။
၂။ ကောင်းကင်၌ ညိုမှောင်နေသည်မြင်မက်မူ စိတ်ညစ်ညူးရအံ့။
၃။ ကောင်းကင်၌ သက်တံ့ရောင်ခြည်ကိုမြင်မက်မူ စိတ်ချမ်းသာအံ့၊ လိုရာပြည့်စုံအံ့။
၄။ ကောင်းကင်၌ မိုးတိမ်များလွင့်ပါးနေသည်ကို မြင်မက်မူ ခရီးဝေးသွားရအံ့။
၅။ ကောင်းကင်၌ မိုးတိမ်များကင်းစင်နေသည်ကိုမြင်မက်မူ ရန်အပေါင်းမှ လွတ်မြောက်အံ့။
၆။ ကောင်းကင်၌ တိမ်ဖြူ တိမ်နက် ကွက်ကြားမြင်မက်လျှင် အဆိုးတလှည့် အကောင်းတလှည့်တွေ့ရအံ့။
၇။ ကောင်းကင်၌ ပျော်ပါးရသည်ဟုမက်လျှင် ရာထူးတိုးအံ့။
၈။ ကောင်းကင်၌ အပြာရောင်တွေမြင်မက်မူ ချမ်းသာသုခနှင့်ပြည့်စုံအံ့။
၉။ ကောင်းကင်၌ နီရဲစွာမြင်မက်လျှင် ရောဂါရအံ့။
၁၀။ ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကိုမြင်မက်က ရန်ဘေးကင်းအံ့။
၁၁။ ကောင်းကင်မှ မြေပေါ်သို့ ငှက်များဆင်းသက်သည်ဟုမြင်မက်က စီးပွားပျက်စီးအံ့၊ လူသေအံ့။
၁၂။ ကောင်းကင်မှ လေယာဉ်ပျက်ကျသည်ကိုမြင်မက်မူ အကြံအစည်များပျက်အံ့။
၁၃။ ကောင်းချီးပေးခြင်းခံရသည်ဟုမက်မူ မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရအံ့။
၁၄။ ကောင်းကင်၌တည်သောပြဿဒ်သို့တက်၍ ကာမဂုဏ်ခံစားရသည်ဟု မြင်မက်မူ မင်းဖြစ်အံ့။
၁၅။ ကောင်းကင်ပျံတက်တံခွန်းလွှားမက်မူ ထင်ရှားအံ့။
၁၆။ ကောင်းကင်သို့ပျံသည်ဟုမြင်မက်မူ ကျော်စောအံ့။
(ကျောင်း)
၁။ ကျောင်း(စာသင်ကျောင်း)ကိုမြင်မက်မူ ပညာဂုဏ် အဆင့်အတန်းမြင့်အံ့။
၂။ ကျောင်း(ဘုန်းကြီးကျောင်း)ကိုမက်က တရားထူးတွေ့အံ့။
၃။ ကြောင်ကုတ်ခံရသည်မက်မူ အကြံအစည်ပျက်အံ့။
၄။ ကြောင်ကိုဖမ်းထားရသည်မက်မူ သူခိုးကိုလက်ရမိအံ့။
၅။ ကြောင်သားစားရသည်မက်မူ အကြံတူသူပေါ်အံ့၊ ချစ်သူလက်လွတ်ဖြစ်ရအံ့။
၆။ ကြောင်အော်သံကြားရသည်မက်မူ ရန်သူများ အကြံများပျက်စီးအံ့။
၇။ ကြောင်အိမ်ကိုမြင်မက်မူ အစားကောင်းစားရအံ့၊ ဝင်ငွေတိုးအံ့။
၈။ ကြောင်လိမ်လှေကားကိုတက်ရသည်မက်မူ အခက်အခဲများမှ မိမိလွတ်မြောက်အံ့၊ အမူရှိက တရားသေလွတ်အံ့။
၉။ ကြောင်လိမ်လှေကားမှဆင်းရသည်မက်မူ ပြဿနာအရှုပ်အထွေးကြားထဲ၌ မိမိအလိုလို ရောက်ရှိသွားရအံ့။
(ကျွဲ)
၁။ ကျွဲ၊ နွား၊ ဝက်၊ မြွေ၊ ခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပဒ်ရောက်အံ့။
၂။ ကျွဲခတ်သည်ဟုမြင်မက်မူ ရန်ကြီးစွာတွေ့ရအံ့။
၃။ ကျွဲထွက်ပြေးသည်ကိုမြင်မက်မူ ရန်သူ ကျွန် အမှုလုပ်တို့ပြေးအံ့။
၄။ ကျွဲကိုမြင်မက်က ဆိုးသောနိမိတ်များပင်ဖြစ်အံ့။
၅။ ကျွဲဖြူကိုမြင်မက်က အခက်အခဲများကြားမှ အောင်မြင်မှုရအံ့။
၆။ ကျွဲဖြူစီးရသည်မက်က မင်းပြစ်မင်းဒဏ်သင့်အံ့။
၇။ ကျွဲစီး၍ တောင်တက်တောင်ဆင်းပြုရသည်မက်က သေအံ့။
၈။ ကျွဲခတ်ခံရသည်မက်က ကြီးစွာသောရန်တွေ့အံ့။
၉။ ကျွဲလိုက်သည်မက်က ဥပဒ်တွေ့ရအံ့။
၁၀။ ကျွဲချိုရသည်မက်က သူတပါးအကူအညီဖြင့် ရန်ကိုအောင်နိုင်အံ့။
၁၁။ ကျွဲအော်သည်မက်က ရပ်ဝေးမှ သတင်းဆိုးကြားရအံ့။
၁၂။ ကျွဲကိုသတ်ရသည်မက်က အစွပ်စွဲ အပြောအဆိုခံရအံ့။
၁၃။ ကျွဲသားစားရသည်မက်က အစွပ်အစွဲအပြောအဆို ခံရအံ့။
၁၄။ ကျွဲနှစ်ကောင်ခတ်နေသည်မက်က မိမိထက်ကြီးသူများနှင့်ရန်ဖြစ်၍ တရားတပေါင်ဖြစ်အံ့။
၁၅။ ကျွဲစီးရသည်မြင်မက်သော် မကောင်းအံ့။
(ကျွတ်)
၁။ ကျွတ်ကိုသတ်ရသည်မြင်မက်က ရန်သူများအကြံအစည်ပျက်အံ့။
၂။ ကျွတ်ကိုမြင်မက်က မိမိအား အချိန်မီ မ စကူညီမည့်သူပေါ်အံ့၊ စည်းစိမ်တိုးအံ့။
၃။ ကျွတ်တွယ်ခံရသည်မက်က အခိုင်းအစေများလာအံ့။
(ကောက်)
၁။ ကောက်လန်းတီမုန့်စားရသည်မြင်မက်မူ မိမိစိတ် သာယာရွှင်လန်းအံ့။
၂။ ကောက်ကြီးစပါးစိုက်ပျိုးရသည်မြင်မက်မူ ဥစ္စာပေါအံ့။
၃။ ကောက်ပင်များ ယိမ်းယိုင်နေသည်ကိုမြင်မက်မူ စိတ်ဆင်းရဲအံ့။
၄။ ကောက်ရိုးကိုမြင်မက်မူ အခက်အခဲတွေ့ရအံ့။
၅။ ကောက်ရိုးများပုံထားသည်ကိုမြင်မက်မူ မမျှော်လင့်သောဥစ္စာပစ္စည်းရအံ့။
၆။ ကောက်ရိုးမှိုကိုမြင်မက်မူ ထီပေါက်အံ့။
၇။ ကောက်ရိုးပုံကြဲပြန့်နေသည်မြင်မက်မူ စိတ်သောကရောက်အံ့။
၈။ ကောက်ရိုးပုံမီးစွဲသည်ကိုမြင်မက်မူ ဉာဏ်အမြော်အမြင်ကြီးအံ့။
၉။ ကောက်ရိုးမီးကို ရေနှင့်ငြိမ်းသတ်ရသည်မက်မူ ဘဝအေးချမ်းအံ့။
၁၀။ ကောက်သင်းကောက်ရသည်ဟုမြင်မက်မူ နေရာဌာနပြောင်းရအံ့။
(ကင်း)
၁။ ကင်းခြေများကိုမြင်မက်က ရောဂါသက်သာအံ့၊ ဘေးရန်ကင်းအံ့။
၂။ ကင်းခြေများအိမ်ထဲ၌တွေ့သည်မက်က အတွင်းရန်ငြိမ်းအံ့။
၃။ ကင်းခြေများအိမ်ပြင်၌တွေ့သည်မက်က နာဖျားအံ့။
၄။ ကင်းခြေများကိုသတ်ရသည်မက်မူ ရန်သူများပေါ်အံ့။
၅။ ကင်းခြေများကိုစားရသည်မက်က ဥစ္စာရွှေငွေများဝင်အံ့။
၆။ ကင်းမြီးကောက်ထိုးခံရသည်မက်မူ ရောဂါဝေဒနာခံစားရအံ့။
၇။ ကင်းစောင့်နေသည်ကိုမြင်မက်မူ လုံခြုံပေအံ့။
(ကျ)
၁။ ကျခြင်းအမျိုးမျိုးကိုမြင်မက်သော် နိမ့်ကျစွာနေထိုင်ရအံ့။
(ကျင်)
၁။ ကျင်ကြီးစွန့်ရသည်ဟုမက်မူ ဥစ္စာလျှောအံ့။
၂။ ကျင်ငယ်စွန့်ရသည်ဟုမြင်မက်မူ ဥစ္စာလျှောအံ့။
၃။ ကျင်ကြီးစွန့်ရသည်မက်က ဥစ္စာပျက်စီးအံ့။
၄။ ကျင်ကြီးစားရသည်မက်က လာဘ်ရွှင်အံ့၊ ဝင်ငွေတိုးအံ့။
၅။ ကျင်ကြီးကို အိမ်ထဲ၌တွေ့သော် စီးပွားတက်အံ့၊ လာဘ်ကောင်းအံ့။
၆။ ကျင်ငယ်စွန့်ရသည်မက်က ဂုဏ်သရေညှိုးမှိန်အံ့။
၇။ ကျင်ငယ်သောက်ရသည်မက်က သတင်းကောင်းကြားရအံ့။
၈။ ကျင်ငယ်ရေများပေကျံသည်မက်က များစွာဥစ္စာရအံ့။
၉။ ကျင်ငယ်ကိုမြင်မက်က အလုပ်အကိုင်ကောင်းအံ့၊ သိပ္ပံဆိုင်ရာ၌ အောင်မြင်မှုများရအံ့။
(ကျင်း)
၁။ ကျင်းထဲသို့လိမ့်ကျရသည်ဟုအိပ်မက်သော် အလွန်ညံ့အံ့။
၂။ ကျင်းတူးရသည်ဟုမက်သော် စီးပွားကျအံ့။
၃။ ကျင်းထဲတွင် ရွှေငွေများကိုတွေ့ရသည်မက်သော် လာဘ်ကြီးဝင်အံ့။
(ကျီး)
၁။ ကျီးကန်းကိုမြင်မက်က မကောင်းသောအလုပ်လုပ်ရအံ့၊ ဖျားနာအံ့။
၂။ ကျီးကန်းများ အချင်းချင်းလိုက်သည်မက်က သေပျောက်အံ့။
၃။ ကျီးကန်း၏အဆိတ်ခံရသည်မက်က အရှက်တကွဲဖြစ်အံ့၊ သေလောက်သော ဒဏ်ရာရအံ့။
၄။ ကျီးကန်းများအော်ဟစ်နေသည်မက်က ဘေးဥပဒ်ကြီးစွာရောက်အံ့။
၅။ ကျီးကန်းသားစားရသည်မက်မူ ရန်အပေါင်းအောင်မြင်အံ့။
၆။ ကျီးအာသီးပင်မက်က အိမ်တွင်းသစ္စာဖောက်အံ့၊ အောက်လူတော်လှန်အံ့။
၇။ ကျီးပေါင်းပင်ကိုမက်က စိတ်ချမ်းသာအံ့။
(ကျောက်)
၁။ ကျောက်ဖျာအုပ်မိုးမက်မူ အများသခင်ဖြစ်အံ့။
၂။ ကျောက်ဖျာထက်နေရသည်ဟုမက်မူ အလွန်ကောင်းအံ့။
၃။ ကျောက်ခဲကိုမက်က ဒေါသရှေ့ထားမှားတတ်အံ့။
၄။ ကျောက်ခဲနှင့်အပစ်ခံရသည်မက်က အရှက်ရအံ့၊ ဂုဏ်ပျက်အံ့။
၅။ ကျောက်ခဲများစားရသည်မက်က ခေတ္တအခက်အခဲနှင့်ကြုံအံ့။
၆။ ကျောက်ချဉ်ကိုမြင်မက်က အောက်လူတော်လှန်အံ့၊ မကောင်းပြောခံရအံ့။
၇။ ကျောက်ချဉ်စားရသည်မက်က အလုပ်မှဝင်ငွေကောင်းအံ့။
၈။ ကျောက်စရစ်ခဲကိုမက်က သောကဖြစ်အံ့။
၉။ ကျောက်ခဲနှင့်ပစ်ရသည်မက်က ရပ်ဝေးမှသတင်းကောင်းကြားရအံ့။
၁၀။ ကျောက်စိမ်းတုံးကိုမက်က လုပ်ငန်းများအောင်မြင်အံ့။
၁၁။ ကျောက်စိမ်းလက်စွပ်ဝတ်ရသည်မက်က စွန့်စားရသောအလုပ်များ၌ အထူးအောင်မြင်အံ့။
၁၂။ ကျောက်ဆူးကိုမြင်မက်က ဘေးအပေါင်းမှလုံခြုံအံ့။
၁၃။ ကျောက်ဆူးရေသို့ချသည်မက်မူ စိတ်ပျက်စရာကြုံရအံ့။
၁၄။ ကျောက်ဆူးချထားသည်မက်က လုပ်ငန်းကိုင်ငန်းများ တိုးတက်ဆုတ်ယုတ်မှုမရှိဘဲ တည်တံ့နေအံ့။
၁၅။ ကျောက်ဆံကိုမြင်မက်မူ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်အံ့။
၁၆။ ကျောက်သင်ပုန်းကြီးကိုမြင်မက်မူ ရောဂါသက်သာအံ့၊ ကျန်းမာရေးကောင်းအံ့။
၁၇။ ကျောက်တောင်ကိုမြင်မက်က စိတ်ပူပန်ရအံ့။
၁၈။ ကျောက်ဆောင်ကျောက်တန်းကိုမြင်မက်က ရာထူးတိုးအံ့။
၁၉။ ကျောက်ဆောင်ပေါ်လျှောက်ရသည်မက်က မိမိချစ်ရသူကိစ္စနှင့်ပတ်သက်၍ ရင်အေးရအံ့။
၂၀။ ကျောက်တိုင်ကိုမြင်မက်က အရာခပ်သိမ်းအောင်မြင်အံ့၊ ကျော်စောအံ့။
၂၁။ ကျောက်ပြားချပ်ကိုမြင်မက်က ဟန်ဆောင်သောမိတ်ဆွေများနှင့်ကြုံရအံ့။
၂၂။ ကျောက်ဖရုံသီးကိုမြင်မက်က ကျန်းမာအံ့၊ အကြံအောင်အံ့။
၂၃။ ကျောက်ပျဉ်ကိုမြင်မက်က သောကများအံ့၊ ကျန်းမာရေးညံ့အံ့။
၂၄။ ကျောက်ပျဉ်သွေးရသည်မက်က အနာရောဂါထူပြောအံ့။
၂၅။ ကျောက်ပျဉ်ပေါ်မှသနပ်ခါးလိမ်းရသည်မက်က မကြာမီလက်ထပ်ရအံ့။
၂၆။ ကျောက်ဖျာ၌အိပ်ရသည်မက်က အလွန်ကံကောင်းအံ့။
၂၇။ ကျောက်ဖျာအောက်၌ပိနေသည်မက်က အများ၏သခင်ဖြစ်အံ့။
၂၈။ ကျောက်ဖျာကိုမ ရသည်မက်က တနေ့တခြား နာမည်ကျော်ကြားအံ့။
၂၉။ ကျောက်ပုစွန်စားရသည်မက်က အလုပ်အကိုင်အကြံအစည်အောင်အံ့။
၃၀။ ကျောက်ဖရုံယိုကိုမက်မူ အခက်အခဲနှင့်တွေ့ကြုံအံ့။
၃၁။ ကျောက်ဖရုံယိုစားရသည်မက်မူ မိတ်ဆွေသစ်တွေ့အံ့။
၃၂။ ကျောက်ဖျာကိုမြိုရသည်မက်မူ ကျေးဇူးသတင်းပြန့်နှံ့ခြင်းဖြစ်အံ့။
(ကွင်း)
၁။ ကွင်းပြင်ကိုမက်က သူတပါးအလိမ်ခံရအံ့။
၂။ ကွင်းဆင်းလေ့လာသည်မက်က ရာထူးလျှော်အံ့၊ အကြီးအကဲငြိုငြင်အံ့။
(ကြိုး)
၁။ ကြိုးကျစ်ရသည်မက်မူ တိုင်းတပါးသို့ ခရီးထွက်ရအံ့။
၂။ ကြိုးထုံးဖြည်ရသည်မက်မူ အခက်အခဲအရှုပ်အထွေးထဲမှ မိမိလွတ်လာအံ့။
၃။ ကြိုးထုံးကြိုးထွေးများကိုမက်မူ ငွေကြေးအတွက် စကားများရအံ့။
၄။ ကြိုးပြတ်ကျသည့် အပြတ်အစကိုမြင်မက်မူ ဆင်းရဲပင်ပန်းရအံ့။
၅။ ကြိုးတုပ်ခံရသည်မက်မူ အလုပ်အကိုင်ကျပ်တည်းအံ့။
၆။ ကြိုးကွင်းလည်ပင်း၌မြင်မက်မူ အလုပ်အကိုင်အထူးအောင်မြင်အံ့၊ ရာထူးတိုးအံ့။
၇။ ကြိုးစင်ကိုမြင်မက်မူ ရာထူးစည်းစိမ်တိုးအံ့၊ နာမည်ကျော်စောအံ့။
၈။ ကြိုးဆွဲချသေသည်မက်မူ မကြာမီချမ်းသာအံ့။
၉။ ကြိုးတန်းလျှောက်ရသည်မက်မူ စိုးရိမ်ဖွယ်ရာဖြစ်အံ့။
၁၀။ ကြိုးတန်းပေါ်ကကျသည်မက်မူ အကြံအစည်ပျက်အံ့။
၁၁။ ကြိုးတန်းပေါ်ကကျ၍သေသည်မက်မူ ဒုက္ခအပေါင်းမှလွတ်မြောက်အံ့။
၁၂။ ကြိုးတန်းပေါ် အဝတ်အထည်လှန်းရသည်မက်မူ ဥစ္စာတိုးအံ့၊ အဝတ်အစားကောင်းများဝတ်ရအံ့။
၁၃။ ကြိုးကြာငှက်မြည်သံကြားရသည်မက်က ရပ်ဝေးမှသတင်းကောင်းကြားရအံ့။
(ကြိမ်)
၁။ ကြိမ်ပင်ကိုမြင်မက်က အမြင်လွယ်၍ အချူရခက်အံ့။
၂။ ကြိမ်ပင်ခုတ်ရသည်မက်က အကြံများအောင်မြင်အံ့။
၃။ ကြိမ်လုံးကိုင်ရသည်မက်က အိမ်တွင်းဆူပူမှုရှိအံ့။
၄။ ကြိမ်လုံးကောက်ရသည်ဟုမက်က နောက်ဆုံးအခွင့်အရေးတစ်ခု ကျန်ရှိနေသေးအံ့။
၅။ ကြိမ်လုံးလက်မှလွတ်ကျသည်မက်က အခွင့်ကောင်းများဆုံးရှုံးသွားအံ့။
၆။ ကြိမ်လုံးအရွယ်အမျိုးမျိုးထောင်ထားသည်မက်မူ ရန်မက်ဖြစ်အံ့။
၇။ ကြိမ်လုံးကျိုးနေသည်မက်မူ စိတ်ပျက်ဖွယ်ရာသတင်း ကြားရအံ့။
၈။ ကြိမ်လုံးဖြင့် မိမိကရိုက်သည်မက်မူ အမှုဟောင်းပေါ်အံ့။
၉။ ကြိမ်လုံးဖြင့် ဒဏ်ခတ်ခံရသည်မက်မူ အလွန်ကံဆိုးအံ့။
(ကိတ်)
၁။ ကိတ်မုန့်စားရသည်ဟုမြင်မက်သော် ကောင်းစားအံ့။
၂။ ကိတ်မုန့်ရသည်ဟုမြင်မက်သော် မှီခိုမည့်သူပေါ်လာအံ့။
၃။ ကိတ်မုန့်လက်ဆောင်ပေးရသည်ဟုမြင်မက်သော် မိတ်ဆွေအပေါင်းအသင်း များအံ့။
၄။ ကိတ်မုန့်ကိုမြင်မက်မူ ကျန်းမာအံ့။
၅။ ကိတ်မုန့်ကိုစားရသည်မက်မူ အိမ်ထောင်ပြုရအံ့။၏
၆။ ကိန္နရီ ကိန္နရာကသည်မြင်မက်မူ ပျော်ရွှင်သာယာစွာ နေထိုင်ရအံ့။
(ကြွေ)
၁။ ကြွေစေ့ကိုမြင်မက်မူ အသိမိတ်ဆွေသေဆုံးအံ့။
၂။ ကြွေကြဲရသည်မြင်မက်မူ အလှူပေးရအံ့။
၃။ ကြွေပန်းကန်ပြားဖြင့် ထမင်းစားရသည်မက်မူ အကြီးအကဲဖြစ်အံ့။
၄။ ကြွေပန်းကန်လုံးနှင့် လက်ဖက်ရည်သောက်ရသည်မက်မူ ပွဲလမ်းသဘင် သွားရအံ့။
၅။ ကြွေခွက်ကိုမြင်မက်မူ ကြီးပွားအံ့၊ အိုးအိမ်သစ်ရအံ့။
၆။ ကြွေခွက်ဝယ်ရသည်မက်မူ အိမ်ထောင်ပြုရအံ့။
၇။ ကြွေပန်းကန်ဆေးရသည်မက်မူ စေတနာများပွားများအံ့။
၈။ ကြွေပန်းကန်လွတ်ကျသည်မက်မူ အိမ်ထောင်ရေးပျက်စီးအံ့၊ အချင်းချင်း သဘောကွဲလွဲအံ့။
(ကျွန်း)
၁။ ကျွန်းသစ်ကိုမြင်မက်က အလုပ်အကိုင်ရာထူး အောင်မြင်အံ့။
၂။ ကျွန်းသစ်ဖြင့်အိမ်ဆောက်ရသည်မက်မူ ထီပေါက်အံ့။
၃။ ကျွန်းတုံးရေ၌မျောနေသည်ကိုတွေ့ရသည်မက်မူ ကြံစည်ထားသမျှ ပျက်စီးဆုံးရှုံးအံ့။
၄။ ကျွန်းပင်ခုတ်လှဲနေသည်မက်က တရားတပေါင်နှင့်ရင်ဆိုင်ရအံ့။
၅။ ကျွန်းပင် မိမိအိမ်ဝန်း၌ပေါက်နေသည်မက်မူ ပစ္စည်းဥစ္စာဆုံးရှုံးအံ့။
၆။ ကျွန်း(သဲသောင်)ကိုမြင်မက်မူ အခက်အခဲမျိုးစုံတွေ့ရအံ့။
၇။ ကျွန်းပေါ်၌ တစ်ယောက်တည်းနေရသည်မက်မူ မိတ်ဆွေရင်းချာတို့၏ စွန့်ပစ်ခံရအံ့။
၈။ ကျွန်းသို့ထွက်ခွာရသည်မက်မူ အောင်မြင်ရန် အကြံသစ်များရရှိအံ့။
၉။ ကျွန်းမှထွက်ခွာသည်မက်မူ စည်းစိမ်သုခရရှိတော့အံ့။
(ကြွေး)
၁။ ကြွေးဟောင်းပြန်ရသည်မက်မူ ဝမ်းသာစရာတွေ့အံ့။
၂။ ကြွေးဆပ်ရသည်မက်မူ သောကကင်းဝေးအံ့။
၃။ ကြွေးပေးရသည်မက်မူ ဆုံးရှုံးရအံ့။
၄။ ကြွေးတောင်းခံရသည်မက်မူ သတင်းဆိုးကြားရအံ့။
၅။ ကြွေးရှင်ကိုမြင်မက်မူ ခေတ္တဆင်းရဲအံ့။
၆။ ကြွေးချေးလိုက်သူများ ရှောင်တိမ်းနေသည်မက်မူ ကံဆိုးအံ့၊ ရန်များအံ့။
(ကြွယ်)
၁။ ကြွယ်ဝချမ်းသာသည်မက်မူ စိတ်ဆင်းရဲအံ့။
၂။ ကြွယ်ဝသူ မိမိအိမ်လာသည်မက်က ချမ်းသာရက်နီးကပ်နေအံ့။
(ကျိုက်)
၁။ ကျိုက်ထီးရိုးဘုရားဖူးရသည်ဟုမြင်မက်သော် အလွန်ကံကောင်းအံ့။
(ကြို)
၁။ ကြိုဆိုဧည့်ခံသည်ဟုမြင်မက်သော် မိတ်ဆွေများ ကျန်းမာရေးညံ့ဖျင်းအံ့။
၂။ ကြိုဆိုရသည်မက်မူ ရပ်ဝေးမိတ်ဆွေများ ဖျားနာရသည်။
(ကျည်)
၁။ ကျည်ဆံကိုမြင်မက်က ဘေးအန္တရာယ်များအံ့။
၂။ ကျည်ဆံကို အသားထဲမှထုတ်ယူရသည်မြင်မက်က ရောဂါသက်သာအံ့၊ ကျန်းမာရေးကောင်းအံ့။
၃။ ကျည်ပွေ့တုံးကိုမြင်မက်က ရန်ဖြစ်အံ့၊ စကားများအံ့။
၄။ ကျည်ပွေ့တုံးနှင့်ဆုံကိုမြင်မက်မူ ချောင်းမြောင်းအရိုက်ခံရသောအန္တရာယ်ရှိအံ့။
၅။ ကျည်တောက်ကိုမြင်မက်မူ ငွေစုဆောင်းရတတ်အံ့။
(ကျေး)
၁။ ကျေးကျွန်ကိုမက်က စည်းစိမ်ရှိအံ့၊ မိတ်ကောင်းဆွေကောင်းများ ရရှိအံ့။
၂။ ကျေးရွာသို့ခရီးထွက်ရသည်မက်က မမျှော်လင့်သောလာဘ်ရအံ့၊ ကျန်းမာရေးကောင်းအံ့။
၃။ ကျေးရွာကို အဝေးမှမြင်မက်က ခရီးဝေးသို့ထွက်ရအံ့။
(ကိုင်း)
၁။ ကိုင်းပင်များ လေယူသိမ်းသည်၊ လဲနေသည်မြင်မက်က အပြင်းအထန်နာဖျားအံ့၊ ဆင်းရဲဒုက္ခရောက်အံ့။
၂။ ကိုင်းပင်များ မိမိကိုယ်ပေါ်၌ပေါက်သည်မက်က ထီပေါက်ကိန်းကြုံအံ့၊ မမျှော်လင့်သောအမွေရအံ့။
(ကွပ်)
၁။ ကွပ်ပျစ်ကိုမြင်မက်သော် နယ်မှဆွေမျိုးများ ရောက်ရှိလာအံ့။
(ကပ်)
၁။ ကတ်ကြေးကိုမြင်မက်က ရန်ဖြစ်အံ့၊ မိတ်ဆွေကောင်းများ သစ္စာဖောက်အံ့။
၂။ ကတ်ကြေးကိုအသုံးပြုရသည်မက်က ရန်ဖြစ်လျှင် မိမိဖက်မှအနိုင်ရအံ့။
၃။ ကပ်ရောဂါဖြစ်သည်ကိုမက်မူ အစားကြူး၍ ဥပဒ်ဖြစ်အံ့၊ စိုးရိမ်ပူပန်ရအံ့။
(ကမ်း)
၁။ ကမ်းပါးကိုမြင်မက်မူ စိတ်ဒုက္ခကြီးစွာတွေ့ရအံ့။
၂။ ကမ်းနားသစ်ပင်ကိုမြင်မက်မူ ဥစ္စာပစ္စည်းဆုံးရှုံးအံ့။
၃။ ကမ်းနားတွင် ဝါးများမျောနေသည်မြင်မက်က မိတ်ဆွေများကြောင့် ဒုက္ခရောက်ရအံ့။
(ကျော)
၁။ ကျောပြင်ကိုမက်က သူများအတွက် အနစ်နာခံ၍ကူညီရအံ့။
၂။ ကျောပြင်၌ အနာများကိုမြင်မက်က ရန်သူအနှိပ်စက်ခံရအံ့။
၃။ ကျောပြင်ကိုအရိုက်ခံရသည်၊ အပုတ်ခံရသည်မက်က မကောင်းကြံခံရအံ့။
၄။ ကျောပြင်ကိုလှည့်ပြီး မျက်နှာချင်းဆိုင်သည်မက်က အခြေအနေများ မူလအတိုင်းပြန်ဖြစ်လာအံ့။
(ကျော့)
၁။ ကျော့ကွင်းကိုမက်က အနှောင့်အယှက်တွေ့အံ့၊ ပြိုင်ဘက်ပေါ်အံ့။
၂။ ကျော့ကွင်း၌ မိမိ မိနေသည်မက်က ဘေးကင်းအံ့။
၃။ ကျော့ကွင်းထောင်ရသည်မက်က မိမိအကြံအောင်အံ့၊ ဩဇာညောင်းအံ့။
(ကျော်)
၁။ ကျော်လွှားသည်ဟုမြင်မက်က အောင်မြင်သောအလုပ်များနှင့်ကြုံအံ့။
(ကျူ)
၁။ ကျူပင်ကိုမြင်မက်မူ မသူတော်၏စကားကို နားထောင်လွယ်အံ့။
၂။ ကျူငုတ်ကိုမက်က အလုပ်သစ်၌ စတင်လုပ်ဆောင်ရအံ့။
၃။ ကျူတောကိုမက်က အတင်းအဖျင်းပြောသူများနှင့် တွေ့ရအံ့။
(ကျုံး)
၁။ ကျုံးမြောင်းရေကြည်စင်နေသည်မက်က လာဘ်ရွှင်အံ့၊ ဥစ္စာပစ္စည်းပေါများအံ့။
၂။ ကျုံးမြောင်းရေထဲမှ ငါးဖမ်းရသည်မက်က ထီပေါက်အံ့၊ ငွေအစုလိုက်ဝင်အံ့။
၃။ ကျုံးမြောင်းတွင် ရေနောက်များတွေ့ရသည်မက်က ရန်သူမကောင်းကြံအံ့။
(ကျမ်း)
၁။ ကျမ်းစာများကိုမြင်မက်က ကျန်းမာရေးအထူးကောင်းအံ့။
၂။ ကျမ်းစာဖတ်ရသည်မက်က ဂုဏ်သရေတိုးအံ့၊ အဆင့်မြင့်မားစွာနေရအံ့။
၃။ ကျမ်းစာအုပ်ရသည်၊ ယူသည်၊ ဝယ်သည်မက်က အသုံးအဖြုန်းကြီးအံ့၊ ငွေကုန်ကြေးကျများအံ့။
၄။ ကျမ်းကိုင်ရသည်မက်က စိတ်ဆင်းရဲအံ့၊ အမှုအခင်းများဖြစ်တတ်အံ့။
(ကြပ်)
၁။ ကြပ်ခိုးများကိုမြင်မက်လျှင် ကောင်းကျိုးပေးအံ့။
၂။ ကြပ်ခိုးစင်ကိုမြင်မက်က အလွန်ကျန်းမာအံ့၊ လူမမာ နာလန်ထူအံ့။
၃။ ကြပ်ခိုးများစားရသည်မက်က ဟင်းကောင်း အစားကောင်းများ စားရအံ့။
(ကြမ်း)
၁။ ကြမ်းခင်းပြင်ရသည်မက်က အလုပ်သစ်၌ အထူးအောင်မြင်အံ့။၏
၂။ ကြမ်းပေါက်ကိုမြင်မက်က ကံဆိုးသည့်နိမိတ်ဖြစ်အံ့။
၃။ ကြမ်းပိုးကိုမြင်မက်က သူတပါးဩဇာလွှမ်းခံရအံ့။
၄။ ကြမ်းပိုးကိုသတ်ရသည်မက်က ရန်သူများကို အောင်နိုင်အံ့။
၅။ ကြမ်းပိုးကိုစားရသည်မက်က အထူးကျော်စောအံ့။
(ကြော်)
၁။ ကြော်ငြာပေးကမ်းရသည်မြင်မက်မူ အသိမိတ်ဆွေတိုးအံ့။
၂။ ကြော်ငြာဖတ်ရသည်မြင်မက်မူ သင့်အတွက် သတင်းကောင်းရအံ့။
၃။ ကြော်ငြာနံရံကပ်မြင်မက်မူ မျှော်လင့်စောင့်စားရအံ့။
(ကျွမ်း)
၁။ ကျွမ်းဘားကစားရသည်မက်က ကိုယ်လက်ထိခိုက်အံ့။
၂။ ကျွမ်းဘားကစားသည်မြင်မက်က စိတ်ပျော်ရွှင်အံ့။
၃။ ကျွမ်းဘားကစားရုံကိုမြင်မက်က မိတ်ဆွေသစ်များရအံ့။
(ကျိန်)
၁။ ကျိန်ဆဲခံရသည်မက်က ဒုက္ခရောက်အံ့။
၂။ ကျိန်တွယ်ပြောဆိုသည်မက်က မကောင်းသတင်းကြားရအံ့။
(ကံ့)
၁။ ကံ့ကော်ပန်းကိုမြင်မက်သော် ငွေဝင်အံ့။
၂။ ကံ့ကော်ပင် နေအိမ်ရှေ့တွင်ပေါက်နေသည်မြင်မက်သော် မကြာမီကောင်းစားအံ့။
၃။ ကံ့ကော်ပင်ပေါ်သို့တက်နေရသည်ဟုမြင်မက်သော် အကြီးအကဲဖြစ်အံ့။
၄။ ကံ့ကော်ပင်ကျိုးကျသည်ဟုမြင်မက်သော် မှီခိုအားထားသူ ပျက်စီးအံ့။
၅။ ကံ့ကော်တစ်ထောင်ဘုရားဖူးရသည်ဟုမြင်မက်သော် ကျက်သရေတိုးအံ့။
(ခ)နှင့်ပတ်သက်သော အိပ်မက်များ
(ခ)
၁။ ခရုသင်းကိုမြင်မက်မူ ဘေးဥပဒ်ပျောက်ကင်းအံ့။
၂။ ခရုသင်းပေးလာသည်ကိုမြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။
၃။ ခရုသင်းမှုတ်ရသည်ဟုမြင်မက်မူ စည်းစိမ်တိုးအံ့။
၄။ ခရီးသွားရသည်ဟုမက်မူ အကြံမြောက်အံ့။
၅။ ခရားပင်များကိုမြင်မက်မူ ရေကြောင်းခရီးဝေးသွားရအံ့။
၆။ ခရားပင်များ ခူးသည်မက်က ခရီးသွားလာဘ်ရအံ့။
၇။ ခရားဆူးများ စူးသည်မက်မူ ခရီးသွားဒုက္ခရောက်အံ့။
၈။ ခရေပွင့်ပန်ရသည်မက်က သူတပါး၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရအံ့၊ အလှတိုးအံ့။
၉။ ခရေပင်အောက် လမ်းလျှောက်ရသည်မက်မူ ပူဆွေးရအံ့၊ ချစ်သူအတွက် သောကမအေးအံ့။
၁၀။ ခရေပန်းကောက်ရသည်မက်မူ မိမိရွေးချယ်ထားသူနှင့် အမှန်တကယ်လက်ထပ်ရအံ့။
၁၁။ ခက်ရင်းခွနှင့် မြေဆွသည်မက်မူ ဆန်ရေစပါး ပေါများအံ့။
၁၂။ ခရာမှုတ်သံကြားရသည်မက်က ရပ်ဝေးမှ သတင်းကောင်းကြားရအံ့။
၁၃။ ခရာသံသာယာသည်ဟုမြင်မက်မူ စစ်ပွဲအောင်အံ့။
၁၄။ ခရာသံဆူညံလှသည်ဟုမက်မူ ရန်သူတို့၏ကြံစည်ခြင်းဘေးရန် ရှိအံ့။
၁၅။ ခရီးဝေးသွားရသည်မက်မူ အလုပ်အကိုင်၌ အခက်အခဲတွေ့ရအံ့။
၁၆။ ခရီးသွားရာ လက်နက်ပါသည်ဟုမက်မူ မုချလက်ထပ်ရအံ့၊ ကံကောင်းအံ့။
၁၇။ ခရီးသွားရာ မိတ်ဆွေများပါသည်ဟုမက်မူ အတင်းပြောခံရအံ့။
၁၈။ ခရီးဝေးမှ မိတ်ဆွေများလာသည်မက်မူ အတင်းပြောခံရအံ့။
၁၉။ ခရီးသည်များကိုမြင်မက်မူ အကြံအစည်ပျက်အံ့။
၂၀။ ခရုခွံကိုမြင်မက်မူ ငွေကုန်ကြေးကျများအံ့၊ ရပ်ဝေးမိတ်ဆွေများ၏ အလှည့်ဖျားခံရအံ့။
၂၁။ ခရုအခွံကိုမက်မူ ဒုက္ခနှင့်ရင်း၍ ငွေများရရှိအံ့။
၂၂။ ခရုစားရသည်မက်မူ ငွေကြေးအလွယ်တကူရရှိအံ့။
၂၃။ ခရုမှ အကောင်ထွက်ခွာသွားသည်မက်က လက်အောက်ငယ်သားများ ရှောင်ပြေးကြအံ့။
၂၄။ ခရုကိုင်ရသည်မက်က ပညာရှိဖြစ်အံ့၊ မြှောက်စားခံရအံ့၊ သူတပါးအထင်ကြီးအံ့။
၂၅။ ခရုလွတ်ကျသည်မက်က အရှက်တကွဲဖြစ်အံ့၊ မင်္ဂလာပွဲပျက်စီးအံ့။
၂၆။ ခရမ်းပင်စိုက်ရသည်မက်က ဒေါသထွက်ရအံ့။
၂၇။ ခရမ်းသီးစားရသည်မက်က ကျန်းမာရေးကောင်းအံ့။
၂၈။ ခရမ်းချဉ်ပင်စိုက်ရသည်မက်က အကြံအောင်ကာနီး၌ နှောင့်ယှက်သူများနှင့် ကြုံရအံ့။
၂၉။ ခရမ်းချဉ်သီးစားရသည်မက်က စည်းစိမ်ချမ်းသာတိုးပွားအံ့၊ ပျော်ရွှင်စွာနေရအံ့။
၃၀။ ခဝါသည်ကိုမြင်မက်က အိမ်ပြောင်းရအံ့။
(ခံ)
၁။ ခံတွင်းသို့ မွှေးကြိုင်သောအနံ့ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာကျမ်းစာ ကျက်မှတ်ရအံ့။
၂။ ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟုမက်မူ သီချင်းကျက်မှတ်ရအံ့။
၃။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟုမက်မူ ယုတ်မာသောစကားကို ဆိုရအံ့။
၄။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟုမြင်မက်မူ ယုတ်မာသောစကားကို ဆိုရအံ့။
၅။ ခံတွင်းက ကောင်းသောအနံ့ထွက်သည်ဟုမြင်မက်မူ ကောင်းသောစကားဆိုရအံ့။
၆။ ခံပွင့်ပန်ရသည်မက်မူ ရာထူးလျှောအံ့၊ အကြံပျက်အံ့။
၇။ ခံပွင့်စားရသည်မက်မူ လက်အောက်ငယ်သား များစွာရှိသောအလုပ်ကို လုပ်ရအံ့။
၈။ ခံတပ်ကိုမြင်မက်မူ အချုပ်အနှောင် အဖမ်းအဆီးခံရအံ့။
၉။ ခံတပ်၌ ကြာရှည်စွာနေရသည်မက်မူ လုပ်ဖော်ကိုင်ဖက်တို့၏ မကောင်းကြံခံရအံ့။
၁၀။ ခံတပ်၌ စစ်ဖြစ်ပွားသည်မက်မူ မိမိလွတ်မြောက်ရက်နီးအံ့။
(ခါ)
၁။ ခါငှက်ကိုမြင်မက်က အခက်အခဲများနှင့်တွေ့ရအံ့။ အိမ်ဘေးမှမိတ်ဆွေများ သစ္စာမဲ့အံ့။
၂။ ခါငှက်အသိုက်အမြုံကို မြင်မက်က တစ်ခုလပ်မိန်းမတစ်ဦး နှောင့်ယှက်အံ့။
၃။ ခါငှက်ပျံသန်းသည်ကို ဖမ်းရသည်မက်က အနှောင့်အယှက်များမှ ကင်းဝေးအံ့။
၄။ ခါချဉ်ကောင်ကိုမြင်မက်က အလုပ်အကိုင် အဆင်ပြေအံ့။
၅။ ခါချဉ်ကောင်များ တန်းစီသွားလာသည်မက်က ရာထူးတိုးမြှင့်ရန် နေရာပြောင်းရအံ့။
၆။ ခါချဉ်ကောင်သားစားရသည်မက်က စိတ်ပျက်ရအံ့။
(ခဲ)
၁။ ခဲမူးစေ့ကိုမြင်မက်က ထီပေါက်အံ့။
၂။ ခဲသီး(သတ္တု)ကိုမြင်မက်က အမွေများရအံ့၊ ရန်ဘက်ဖြစ်ပွားအံ့။
၃။ ခဲပုံ(အုတ်ခဲပုံ)ကိုမြင်မက်က အကြံအောင်အံ့။
၄။ ခဲတံကိုမြင်မက်က မမျှော်လင့်သူတို့ကူညီအံ့၊ ရပ်ဝေးမိတ်ဆွေ ဖျားနာအံ့။
၅။ ခဲတံယူရသည်မက်က သူတပါးက စေတနာမပါဘဲပေးသောပစ္စည်း ရအံ့။
၆။ ခဲဖျက်ကိုမြင်မက်က အလုပ်တစ်ခုအတွက် မတင်မကျဖြစ်နေအံ့။
၇။ ခဲဖျက်နှင့်ဖျက်ရသည်မက်က မကောင်းသတင်းများ အကောင်းသတင်းဖြစ်အံ့။
၈။ ခဲကြိုး၊ ခဲသီးများချည်ထားသောကြိုးတန်းကို မြင်မက်က ခရီးထွက်ရင်း အသက်မွေးမှုပြုက အောင်မြင်အံ့။
၉။ ခဲဖွယ်ဘောဇဉ်ကို စားသုံးရသည်မက်က ရာထူးတိုးအံ့၊ လာဘ်ကြီးရအံ့။
၁၀။ ခဲဖွယ်ဘောဇဉ်ဖြင့် ဧည့်ခံရသည်မက်က ဘုရားဖူးသွားရအံ့၊ သားသမီးရတနာများ ရရှိအံ့။
၁၁။ ခဲပုပ်ပြားအရည် သောက်ရသည်မက်မူ အိမ်ထောင်ရေးကွဲရအံ့၊ အဆင်မပြေဖြစ်အံ့။
(ခင်)
၁။ ခင်ပုတ်ငှက်သံကိုကြားရသည်ဟု မြင်မက်မူ အနာအဖျားသင့်အံ့။
(ခါး)
၁။ ခါးကုန်းသူကိုမြင်မက်မူ ငယ်ရွယ်သောခင်ပွန်း မိန်းမနှင့် လက်ထပ်ရအံ့။
၂။ ခါးကုန်းသူနှင့်အတူတွဲ၍ လမ်းလျှောက်ရသည်မက်မူ အိမ်နီးချင်းတို့ အထင်ကြီးကြအံ့၊ လူရိုသေကြအံ့။
၃။ ခါးပန်း(ထုပ်)ကိုမက်မူ အကြီးအကဲဖြစ်အံ့။
၄။ ခါးပန်း၌ တက်ထိုင်သည်မက်မူ ရာထူးအဆင့်တိုးအံ့၊ မုချစာမေးပွဲအောင်အံ့။
၅။ ခါးပန်းကျိုးကျသည်မက်မူ ရေဘေး၊ လေဘေး၊ မီးဘေးစသည် တစ်ခုခုက နှောင့်ယှက်အံ့။
၆။ ခါးပတ်ကိုမြင်မက်မူ မကြာမီလက်ထပ်ကိန်းကြုံအံ့။
၇။ ခါးပတ်အသစ်ပတ်ရသည်မက်မူ ဂုဏ်သရေရှိလူကြီးဖြစ်အံ့။
၈။ ခါးပတ်အဟောင်းကိုမက်မူ ပင်ပန်းကြီးစွာ အလုပ်လုပ်ရအံ့၊ အပြစ်ဒဏ်ခံရအံ့။
၉။ ခါးပတ်ကို စိန်ဖြင့်ပြုလုပ်ထားသည်မက်မူ ကာမသုခ အထူးချမ်းမြေ့စွာ ခံစားရအံ့။
၁၀။ ခါးပတ်နှင့်အရိုက်ခံရသည်မက်မူ ရိုက်သောသူကိုပြန်လည်၍ ကလဲ့စားချေရအံ့။
၁၁။ ခါးပတ်ချွတ်ထားရသည်မက်မူ စိတ်ဆင်းရဲအံ့။
(ချိုး)
၁။ ချိုးငှက်ကိုမြင်မက်မူ အေးချမ်းသာယာအံ့၊ လောင်းကစား မုချနိုင်အံ့။
၂။ ချိုးသားစားရသည်မက်မူ ဥစ္စာပစ္စည်းများ အနောက်အရပ်မှဝင်အံ့။
၃။ ချိုးကိုသတ်ရသည်မက်မူ အကြံပျက်အံ့။
၄။ ချိုးသေကိုမြင်မက်မူ ဆုံးရှုံးပျက်စီးအံ့။
၅။ ချိုးကိုစီးရသည်မက်မူ လေယာဉ်ဖြင့်ခရီးထွက်၍ ပျော်စရာတွေ့ရအံ့။
၆။ ချိုးလင်းပြာကိုမြင်မက်မူ ဆန်စပါးပေါများအံ့၊ စပါးအရောင်းအဝယ်ကောင်းအံ့။
၇။ ချိုးလည်ပြောက်ကိုမြင်မက်မူ အရောင်းအဝယ်အလွန်ကောင်းသောအချိန် ရောက်အံ့။
(ချီး)
၁။ ချီးမွမ်းခြင်းခံရသည်ဟု မြင်မက်သော် ကဲ့ရဲ့ခံရအံ့။
(ခို)
၁။ ခိုငှက်ကိုမက်က ရပ်ဝေးသတင်းကြားရအံ့။
၂။ ခိုငှက်ကိုမွေးရသည်မက်က ချစ်သူတိုးအံ့။
၃။ ခိုသေများကိုမြင်မက်က ချစ်သူဆုံးရှုံးအံ့၊ အိမ်တွင်းရေးရှုပ်ထွေးလာအံ့။
(ခိုး)
၁။ ခိုးသူကို အရပ်လေးမျက်နှာမှလာသည်ကို ဖမ်းမိသည်ဟုမြင်မက်မူ ချမ်းသာအံ့။
၂။ ခိုးဝှက်သူမြင်မက်က တရားဖြစ်အံ့၊ ရုံးရောက်အံ့။
၃။ ခိုးဝှက်သူဖမ်းရသည်မက်က အကြွေးများပြန်၍ရရှိအံ့။
(ခိုက်)
၁။ ခိုက်ရန်ဖြစ်ပွားသည်မက်က မိတ်ဆွေကောင်းရအံ့။
၂။ ခိုက်ရန်ဖြစ်သော်လည်း မိမိတို့ကနိုင်သည်မက်က ရောဂါပျောက်ကင်း ကျန်းမာလာအံ့။
(ခြ)
၁။ ခြင်္သေ့ကိုစီးသွားရသည်ဟုမြင်မက်မူ ရာထူးကြီးကိုရအံ့။
၂။ ခြအကောင်ကိုမက်မူ ပျက်စီးအံ့။
၃။ ခြကောင်ကိုမြင်မက်မူ တစ်ချက်ကောင်းလျှင် ထောင်၍ တစ်ချက်မှားလျှင် ရေစုန်မျောအံ့။
၄။ ခြင်္သေ့ကိုမြင်မက်မူ တန်ခိုးကြီးသူတို့၏ စောင့်ရှောက်မှုခံရအံ့၊ ဂုဏ်ရှိန်တက်အံ့။
၅။ ခြင်္သေ့ကို လူနှင့်အတူတွေ့ရသည်မက်မူ အလွန်အောင်မြင်အံ့၊ မျက်နှာပွင့်အံ့။
၆။ ခြင်္သေ့ကို တောထဲ၌တွေ့သည်မက်မူ အလုပ်တိုးတက်အံ့။
၇။ ခြင်္သေ့ကို လှောင်ချိုင့်၌မက်မူ အကြံအစည်များကို ရန်သူနှောင့်ယှက်အံ့၊ အကြံနှောင့်နှေးအံ့။
၈။ ခြင်္သေ့အသားစားရသည်မက်မူ ရာထူးကြီးရအံ့၊ စိတ်ပျော်ရွှင်ရအံ့၊ အောင်ပွဲခံရအံ့။
၉။ ခြင်္သေ့သားရေခြုံရသည်မက်မူ အထူးအောင်မြင်အံ့။
၁၀။ ခြင်္သေ့နှင့်တိုက်ခိုက်ရသည်မက်မူ သင့်အနီးမှ မနာလိုဖြစ်အံ့။
၁၁။ ခြင်္သေ့အကိုက်ခံရသည်မက်မူ ဘေးကြီးတွေ့အံ့၊ အထက်လူကြီး၏ အကြိမ်းအမောင်းခံရအံ့။
၁၂။ ခြင်္သေ့ဖိုမ စုံတွဲမက်မူ ချစ်သူနှင့် အပျော်ခရီးထွက်ရအံ့၊ မင်္ဂလာဦးည သစ္စာရှိသောမိတ်ဆွေရအံ့။
၁၃။ ခြင်္သေ့ဟိန်းသံကြားရသည်မက်မူ လူနာများရောဂါတိုးအံ့။
(ခွေး)
၁။ ခွေးကိုက်သည်ဟုမြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။
၂။ ခွေးကိုမြင်မက်က ကံကောင်းအံ့၊ ချစ်သူပေါအံ့။
၃။ ခွေးဟောင်သည်မက်မူ ရန်ဘေးတွေ့အံ့၊ ရန်ဖြစ်အံ့။
၄။ ခွေးကိုက်ခံရသည်မက်မူ သူတစ်ပါးမကောင်းကြံခံရအံ့၊ သစ္စာမဲ့သောမိတ်ဆွေ တွေ့အံ့။
၅။ ခွေးချင်းကိုက်နေသည်မက်မူ သူခိုးခိုးခံရအံ့၊ နှိပ်စက်၍ အလုပ်ခံရအံ့။
၆။ ခွေးအကိုမြင်မက်မူ အနီးရှိသူ၏ ကုန်းတိုက်ပြောဆိုခံရအံ့။
၇။ ခွေးရူးကိုမြင်မက်မူ မိမိအပြစ်များ လုံးဝပေါ်အံ့၊ ပြင်းထန်စွာဖျားနာအံ့။
၈။ ခွေးနာကိုမြင်မက်မူ အကြံအောင်အံ့၊ သူတပါးအား အချစ်ကိစ္စနှင့်ကူညီရအံ့။
၉။ ခွေးသေကိုမြင်မက်မူ စိုးရိမ်မှုကင်းအံ့၊ မျှော်လင့်ချက်ပြည့်စုံအံ့။
၁၀။ ခွေးနှင့်ကြောင်ကိုက်သည်မက်မူ ဧကန်ရန်ဖြစ်အံ့။
၁၁။ ခွေးကို ကြောင်တို့ကကိုက်သည်မြင်မက်မူ ကုန်းတိုက်သူများပျက်စီးအံ့။
၁၂။ ခွေးသန်းကိုက်သည်မက်မူ ဒုက္ခတွေ့ရအံ့။
(ခေါင်း)
၁။ ခေါင်းဖြီးရသည်မြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။
၂။ ခေါင်းကိုမြင်မက်မူ မကောင်းသောနိမိတ်ဖြစ်အံ့။
၃။ ခေါင်းထဲ၌လူသေတွေ့က ရင်းနှီးသောမိတ်ဆွေတစ်ဦး ပြင်းစွာဖျားအံ့။
၄။ ခေါင်းထဲ၌ဝင်အိပ်ရသည်မက်က ရောဂါပျောက်အံ့၊ ကျန်းမာရေးကောင်းအံ့။
၅။ ခေါင်းကို ပြောင်အောင်ရိတ်သည်မက်က နာဖျားရအံ့။
၆။ ခေါင်းကိုက်သည်ဟုမက်က မကြာမီ ရာထူးတိုးအံ့။
၇။ ခေါင်းအနင်းခံရသည်မက်က မိတ်ဆွေသုံးဦးမှ တစ်ဦးက သင့်အား မကောင်းကြံစည်အံ့။
၈။ ခေါင်းလျှော်ရသည်မက်က ခက်ခဲသောကိစ္စများမှ လွတ်မြောက်အံ့။
၉။ ခေါင်းဖြီးပေးရသည်မက်က ယုံကြသည်သူအတွက် နစ်နာဆုံးရှုံးတတ်အံ့၊ လူလိမ်ခံရအံ့။
၁၀။ ခေါင်းပေါင်းထည့်သောဗူး ကိုင်ရသည်မက်က ပျော်ရွှင်ရအံ့။
၁၁။ ခေါင်မိုးကိုမြင်မက်က ဝတ်ကောင်းစားလှများ ရအံ့။
၁၂။ ခေါင်မိုးပေါ်ထိုင်ရသည်မက်က ချစ်ရေးကိစ္စအောင်မြင်အံ့၊ စိတ်ချမ်းသာအံ့။
၁၃။ ခေါင်မိုးပေါ်မှကျသည်မက်က မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်ရအံ့။
၁၄။ ခေါင်းတိုင်(သင်္ဘော)ကိုမက်က သူတပါးကူညီရန် တောင်းခံလာအံ့၊ ငြိမ်းချမ်းမှုပြုလုပ်ရအံ့။
၁၅။ ခေါင်းတိုင်မှ မီးခိုးများထွက်နေသည်မက်က ဝင်ငွေတိုးအံ့၊ အလုပ်တည်မြဲအံ့။
၁၆။ ခေါင်းလောင်းကိုမက်က အတင်းပြောသူ၊ မကောင်းကြံသူတို့ ပြေးကြအံ့။
၁၇။ ခေါင်းလောင်းသံ အက်သံ ကွဲသံပါသည်မက်က သတင်းဆိုးများကြားရအံ့၊ လူအများဆူပူအံ့။
၁၈။ ခေါင်းလောင်းများစွာ ချိတ်ဆွဲထားသည်မက်က အသက်ရှည်အံ့၊ ကျော်စောအံ့။
၁၉။ ခေါင်းလောင်း မိမိထိုးရသည်မက်က ချစ်သူနှင့်တွေ့ရအံ့၊ အကြံအစည်များ ကောင်းအံ့။
၂၀။ ခေါင်းလောင်း အနီးကပ်ဆူညံစွာကြားရသည်မက်က ငွေကြေးဆုံးရှုံးခံရအံ့။
၂၁။ ခေါင်းလောင်းစင်မြင့်ကြီးကိုမြင်မက်က လူအများ၏ချီးမြှောက်ခြင်း ခံရအံ့။
(ချော်)
၁။ ချော်လဲသည်ဟုမြင်မက်သော် ဘေးဖြစ်အံ့။
(ချောင်း)
၁။ ချောင်းရေကြည်၊ ကန်ရေကြည်ကိုမြင်မက်မူ မင်းမှုထမ်းဖြစ်အံ့။
၂။ ချောင်းကြည့်သည်မက်က အမှုဟောင်းများပေါ်အံ့၊ လျှို့ဝှက်သောကိစ္စများ ပေါ်ကုန်အံ့။
၃။ ချောင်းဆိုးသည်မက်မူ အလုပ်အကိုင်၌ နာမည်ကောင်းရအံ့။
၄။ ချောင်းဆိုးသံကျယ်ကျယ်ကြားရသည်မက်မူ ကြံစည်သောအလုပ်များ ခေတ္တရပ်ထားအံ့။
၅။ ချောင်းဆိုးဆေးသောက်ရသည်မက်မူ ရန်အပေါင်းကိုအောင်မြင်၍ ရန်သူတို့ပြေးရအံ့။
၆။ ချောင်းမြောင်းထဲဆင်းရသည်မက်မူ ဥစ္စာရအံ့၊ ရောဂါပျောက်ကင်းအံ့။
၇။ ချောင်း၌ ငါးဖမ်းရသည်မက်မူ မုချထီပေါက်အံ့။
(ခွဲ)
၁။ ခွဲစိတ်ကုသရသည်မက်မူ နှောင့်ယှက်သူများနှင့်ကြုံ၍ မကြာမီအောင်မြင်အံ့။
၂။ ခွဲစိတ်သောကုတင်ကိုမြင်မက်မူ မိတ်ဆွေတစ်ဦးသေအံ့၊ မိမိကျော၌ အနာပေါက်အံ့။
(ခြေ)
၁။ ခြေလက်တိုသည်မက်မူ ဘုန်းကြီးအံ့။
၂။ ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်မက်မူ အသက်ရှည်အံ့။
၃။ ခြေသည်းလက်သည်းလှီးရသည်မက်မူ အကြီးအကဲဖြစ်အံ့။
၄။ ခြေထောက်ကိုမက်မူ ခရီးနီးသွားရအံ့။
၅။ ခြေထောက်နှစ်ချောင်းမက်မူ ခရီးဝေးသွားရအံ့။
၆။ ခြေထောက်ကိုထိခိုက်သည်မက်မူ နာဖျားအံ့၊ အမှုအခင်းဖြစ်အံ့။
၇။ ခြေထောက်ကိုအပူလောင်သည်မက်မူ ပစ္စည်းဥစ္စာကိစ္စနှင့် ဒုက္ခတွေ့ရအံ့။
၈။ ခြေထောက်ကျိုးသွားသည်မက်မူ အရှက်ရအံ့၊ သားသမီးများအတွက် သောကဖြစ်ရအံ့။
၉။ ခြေထောက်ကို နို့နှင့်ဆေးရသည်မက်မူ မိတ်ဆွေများထံမှ တစုံတရာရရှိအံ့၊ ကောက်ပဲသီးနှံ အထွက်ကောင်းအံ့။
၁၀။ ခြေကျင်းဝတ်ရသည်မက်မူ သားသမီးထွန်းကားအံ့။
၁၁။ ခြေကျင်းခတ်ထားရသည်မက်မူ လွတ်လပ်သောနေရာသို့ရောက်အံ့။
၁၂။ ခြေကျင်းဝတ်၍ လျှောက်လည်သည်မက်မူ လိုအင်ဆန္ဒမပြည့်ဘဲရှိ၍ သောကရောက်အံ့။
၁၃။ ခြေချောင်းများပြတ်သည်မက်မူ အကြံပျက်အံ့၊ ရက်စက်သူစကားကို နားထောင်မိအံ့။
၁၄။ ခြေချောင်းအပိုများကို ခြေထောက်၌မြင်မက်မူ ချမ်းသာသုခရအံ့။
၁၅။ ခြေချောင်းများဒဏ်ရာရသည်မက်မူ စိတ်ဆတ်သောခင်ပွန်း မယားကြောင့် စိတ်ပျက်ရအံ့။
၁၆။ ခြေချောင်းတပ်ဆင်ရသည်မက်မူ သားသမီးမွေးစားလျှင် ကောင်းအံ့။
၁၇။ ခြေနင်းပျံစီးရသည်မက်မူ အပူဇော်ခံရအံ့။
၁၈။ ခြေဖဝါးကိုမြင်မက်မူ ခရီးဝေးသွားရအံ့။
၁၉။ ခြေဖဝါးယားသည်မက်မူ မျှော်လင့်သူနှင့်တွေ့ရအံ့။
၂၀။ ခြေဖမိုးအနာရသည်မက်မူ ကျန်းမာရေးမကောင်းအံ့။
၂၁။ ခြေတိုလက်တိုများမြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့။
၂၂။ ခြေဖနောင့်ကိုမက်မူ ဘေးတွေ့အံ့၊ ခရီးပျက်အံ့။
၂၃။ ခြေသလုံးကိုထိခိုက်သည်မက်မူ ဆွေမျိုးများဖျားနာကြအံ့။
၂၄။ ခြေကြွ၍မရ လေးလံနေသည်မက်မူ ဆွေမျိုးတို့ကြီးစွာချမ်းသာအံ့။
၂၅။ ခြေသည်းလှီးရသည်မက်မူ စပ်တူအလုပ်လုပ်သူနှင့် သဘောကွဲလွဲအံ့။
၂၆။ ခြေသည်းတိုသည်မက်မူ ငွေကြေးပျောက်ပျက်အံ့။
၂၇။ ခြေသည်းရှည်သူမက်မူ မေတ္တာရှိသူပေါများအံ့။
၂၈။ ခြေသည်းပွင့်နေသည်မက်မူ လာဘ်ကြီးရအံ့၊ ငယ်ရွယ်သူနှင့် ချစ်ကျွမ်းဝင်ရအံ့။
၂၉။ ခြေသည်းပုပ်နေသည်မက်မူ မိတ်ဆွေများဖယ်ကြဉ်အံ့။
၃၀။ ခြေသည်းနှင့်အကုပ်ခံရသည်မက်မူ နာဖျားအံ့၊ ရန်သူတို့က အောင်နိုင်ချိန်များအံ့။
၃၁။ ခြေသည်းမပါသောခြေထောက်ကိုမြင်မက်မူ ရန်ဖြစ်အံ့၊ တောင်းပန်ဝန်ချရအံ့။
၃၂။ ခြေအိတ်ဝတ်ရသည်မက်မူ အမွေအနှစ်များရအံ့။
၃၃။ ခြေအိတ်ဖာထေးရသည်မက်မူ အသေးအဖွဲကိစ္စတစ်ခုအတွက် အထူးပူပင်ရအံ့။
၃၄။ ခြေအိတ်လျှော်ဖွတ်ရသည်မက်မူ ဝမ်းနည်းစရာကြုံရအံ့။
၃၅။ ခြေအိတ်ပျောက်သည်မက်မူ ချစ်သူ၏အမုန်းခံရအံ့။
(ခြင်)
၁။ ခြင်ကောင်များကိုမက်မူ သူတပါးမနာလိုခံရအံ့။
၂။ ခြင်ကောင်အုပ်လိုက်ပျံသည်မက်မူ အနာရောဂါထူပြောအံ့။
၃။ ခြင်ကောင်အကိုက်ခံရသည်မက်မူ ခဲယဉ်းစွာသောအလုပ်များ အောင်နိုင်အံ့။
၄။ ခြင်ကောင်ကိုသတ်ရသည်မက်မူ ရန်သူတို့မိတ်ဆွေဖြစ်အံ့၊ မယားအချစ်ကိုခံရအံ့။
၅။ ခြင်ကောင်ကို ရေအိုင်အနီးပျံနေသည်မက်မူ တောင်ဘက်အရပ်မှ မ စမည့်သူပေါ်အံ့။
၆။ ခြင်ကောင်များ မီးရောင်အနီး၌မြင်မက်မူ အစော်ကားခံရအံ့၊ ကြိုးစားချက်များ အောင်မြင်မှုနည်းအံ့။
၇။ ခြင်ကောင်ကိုမြင်မက်မူ ယုံကြည်စိတ်ချရသူတွေ့အံ့၊ မိတ်ကောင်းရအံ့။
၈။ ခြင်ကောင်နှင့်အိပ်ရသည်မက်က အသက်ဘေးလုံခြုံအံ့။
(ချွေး)
၁။ ချွေးထွက်သွေးထွက်မြင်မက်မူ ဘုန်းကြီးအံ့။
၂။ ချွေးသုတ်ရသည်မက်မူ အောင်မြင်မှုပန်းတိုင်ရောက်ရန် မဝေးတော့အံ့၊ အကြံအောင်အံ့။
(ချား)
၁။ ချားကိုမြင်မက်သော် ပြဿနာပေါ်အံ့။
၂။ ချားရဟတ်စီးရသည်မက်သော် အမှုအခင်းဖြစ်အံ့။
၃။ ချားရဟတ် မြေပြင်ပေါ်သို့ပြုတ်ကျသည်မြင်မက်သော် ထောင်ကျအံ့။
(ချွန်း)
၁။ ချွန်းတောင်းလက်စွဲရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၂။ ချွန်သောအရာကိုမြင်မက်မူ မကောင်းသောနိမိတ်ဖြစ်အံ့။
၃။ ချွန်းတောင်းနှင့်ထိန်းရသည်မက်မူ အကြီးအကဲဖြစ်အံ့၊ ပူဇော်ခံရအံ့။
(ခူ)
၁။ ခူကောင်ကိုမြင်မက်က ရန်မုန်းအနှောင့်အယှက်ပေးအံ့၊ ကြံစည်သူများရှိတတ်အံ့။
၂။ ခူကောင်များစွာ သစ်ပင်ထက်၌ရှိသည်မက်က အကြီးအကဲငြိုငြင်ခံရအံ့၊ စိတ်ပျက်ဖွယ်ရာတွေ့ရအံ့။
၃။ ခူနာပေါက်သည်မက်က ချစ်သူနှင့်ကွေကွင်းရအံ့၊ ချစ်သူခရီးထွက်အံ့။
(ခုံ)
၁။ ခုံညင်းကစားသည်ဟုမက်မူ တန်ခိုးကြီးအံ့။
၂။ ခုံတန်းလျားကိုမြင်မက်က အကြွေးဆုံးရှုံးတတ်အံ့။
၃။ ခုံပေါ်၌ထိုင်ရသည်၊ အိပ်ရသည်မက်မူ အေးချမ်းအံ့၊ စည်းစိမ်ရအံ့။
၄။ ခုံ၌ ရုပ်ပုံလွှာမြင်မက်မူ ပျောက်သောပစ္စည်းများ ပြန်ရအံ့။
၅။ ခုံတစ်လုံးပိုင်ရသည်မက်မူ အထက်လူကြီးချီးမွမ်းအံ့၊ ရာထူးတိုးအံ့။
၆။ ခုံကျိုးပေါ်၌ထိုင်ရသည်မက်မူ တစ်ခုလပ်နှင့်အိမ်ထောင်ကျအံ့။
၇။ ခုံပေါ်ထိုင်ရင်း ကျိုးကျသည်မက်မူ အိမ်ထောင်ရေး သူတပါးဝင်ရှုပ်အံ့။
၈။ ခုံပေါ်တက်၍ ရပ်ရသည်မက်မူ မိမိနှင့်မဆိုင်သည့်အလုပ်ဝင်ရှုပ်မိ၍ အခက်တွေ့ရအံ့။
၉။ ခုံဖိနပ်စီးရသည်မက်က စိတ်ပျော်ရွှင်အံ့။
၁၀။ ခုံဖိနပ်ပျောက်သည်မက်မူ အသက်မွေးမှုအလုပ်အကိုင် ပင်ပန်းအံ့၊ အခက်အခဲတွေ့အံ့။
၁၁။ ခုံလက်ဆောင်ရသည်မက်မူ ပင်ပန်းသောအကျိုးထူးကို ခံစားရအံ့၊ သတင်းကောင်းကြားရအံ့။
၁၂။ ခုံရုံးကိုမြင်မက်က မှန်သောစကားပြောရအံ့၊ ကံကောင်းအံ့။
၁၃။ ခုံရုံးလူကြီးလုပ်ရသည်မက်က ကွာရှင်းကြမည့်လင်မယားကြား စေ့စပ်ရေးလုပ်ရအံ့။
၁၄။ ခုံရုံးလူကြီးများရှေ့ရောက်နေသည်မက်က သူတစ်ပါးအစွပ်စွဲခံရအံ့။
၁၅။ ခုံညင်းသီးခူးရသည်မက်မူ စစ်ဘက်၌ အကြီးအကဲဖြစ်အံ့။
(ချုပ်)
၁။ ချုပ်နှောင်ခံရသည်ဟုမြင်မက်သော် လာဘ်ကြီးရအံ့။
(ခွန်)
၁။ ခွန်အားပြည့်စုံသည်မက်မူ ကျန်းမာရေးညံ့ဖျင်းအံ့။
၂။ ခွန်အားနှင့်အနိုင်ယူသည်မက်မူ စော်ကားမည့်သူ ပျက်စီးအံ့။
၃။ ခွန်အားဗလလေ့ကျင့်မှု ကစားရသည်မက်မူ မိတ်ဆွေများနှင့်စကားများအံ့။
(ချက်)
၁။ ချက်ပေါ်အနာပေါက်သည်မက်က ရပ်ဝေးနေမိဘများ၏ ကျန်းမာရေးစိုးရိမ်ရအံ့။
၂။ ချက်ကို လက်နှင့်နှိုက်သည်မက်မူ မတည်မြဲသောငွေ အစုလိုက်အပြုံလိုက်ရတတ်အံ့။
၃။ ချက်ပေါ်မှိုပေါက်သည်မက်မူ အစာဥပဒ်ဖြစ်အံ့၊ ဝမ်းဖောဝမ်းရောင်ဖြစ်အံ့။
၄။ ချက်လက်မှတ်ရသည်မက်မူ ငွေကြေးဆုံးရှုံးအံ့။
၅။ ချက်တွင် လက်မှတ်ထိုးရသည်မက်မူ ငွေကြေးအလွယ်တကူရရှိအံ့။
၆။ ချက်ပြုတ်ရန်ပြင်ဆင်နေသည်မက်မူ လင်မယားကွာရှင်းရအံ့။
(ခြင်း)
၁။ ခြင်းတောင်းကိုမြင်မက်မူ ကြိုးစားသမျှ အရာမထင်ဖြစ်အံ့။
၂။ ခြင်းတောင်း၌ သီးနှံအပြည့်နှင့်မြင်မက်က ယာ ကိုင်းလုပ်ငန်းများ အထူးအကျိုးပေးအံ့။
(ခြံ)
၁။ ခြံမြေ၌ လုပ်ကိုင်ရသည်မက်မူ ကောက်ပဲသီးနှံစိုက်ပျိုးမှု အောင်မြင်အံ့။
၂။ ခြံဝယ်ရသည်မက်မူ ချမ်းသာကြီးပွားအံ့၊ ရာထူးကြီးရအံ့။
၃။ ခြံ၌ စိမ်းလန်းသောအပင်များကိုမြင်မက်မူ အိမ်တွင်းသုခရရှိအံ့၊ ကြွေးဟောင်းများ ရရှိအံ့။
၄။ ခြံထဲ၌ ပန်းခင်းများမြင်မက်မူ ရုတ်တရတ်ချမ်းသာအံ့၊ အကြံအစည်ကောင်းအံ့။
၅။ ခြံထဲတိတ်တဆိတ်ဝင်ရသည်မက်မူ ယုတ်ညံ့သောကိစ္စပြုလုပ်ရန် အကြံအစည်ရှိအံ့။
၆။ ခြံထဲ၌ ဆီးပင်ခြောက်များမြင်မက်မူ ရန်သူများနှောင့်ယှက်ခြင်းခံရအံ့၊ အရှက်ကွဲအံ့။
(ချမ်း)
၁။ ချမ်းသာကြွယ်ဝသူကိုမြင်မက်သော် ကောင်းစားအံ့။
၂။ ချမ်းအေးလွန်း၍ စောင်ခြုံထားရသည်မက်သော် စီးပွားဖြစ်အံ့။
(ချောက်)
၁။ ချောက်ကမ်းပါးကိုမက်မူ အခက်အခဲနှင့်ကြုံတွေ့ရအံ့။
၂။ ချောက်ထဲကျသည်မက်က သစ္စာပျက်တွေ့ရအံ့၊ ငွေကြေးဆုံးရှုံးအံ့။
၃။ ချောက်ထဲမှ ပြန်တက်လာရသည်မက်မူ အကြံအောင်အံ့။
၄။ ချောက်အစွန်း၌ နေထိုင်ရသည်မက်မူ အလွန်စဉ်းစားရသောအလုပ်များ လုပ်ရအံ့။
(ခွင့်)
၁။ ခွင့်တိုင်သည်၊ ခွင့်ယူသည်မက်မူ မိမိအပြစ်ကြောင့် ဝန်ချတောင်းပန်ရအံ့။
၂။ ခွင့်ပြုသည်ဟုမက်မူ ကောင်းကျိုးရောက်အံ့၊ စိတ်ပျော်ရွှင်အံ့။
၃။ ခွင့်စာများ အထပ်လိုက်မက်မူ အလုပ်အကိုင်ပျက်လာအံ့၊ ပင်ပန်းနွမ်းနယ်အံ့။
(ခွက်)
၁။ ခွက်နှင့်ရေသောက်သည်မက်က စိတ်ရောကိုယ်ပါ ချမ်းသာသုခရအံ့။
၂။ ခွက်စုတ်ကိုင်၍သုံးရသည်မက်မူ မကြာမီချမ်းသာအံ့။
၃။ ခွက်ကောင်း(ရွှေခွက်)သုံးရသည်မက်မူ သူတပါးအတင်းပြောခံရအံ့၊ မနာလိုသူများအံ့။
၄။ ခွက်နေသောပါးပြင်နှစ်ဖက်ကိုမက်မူ ချစ်သူ၏အနမ်းခံရအံ့။
(ချုံ)
၁။ ချုံပုတ်ကိုမြင်မက်မူ အိုးအိမ်ပြောင်းရအံ့၊ အလုပ်ပြောင်းရအံ့။
၂။ ချုံနွယ်ပိတ်ပေါင်းများ အုပ်ဆိုင်းနေသည်မက်မူ မိမိ၏ပြိုင်ဘက်များ ဆုံးရှုံးကြအံ့။
(ချေး)
၁။ ချေး(မစင်)ပေကျံသည်ဟုမက်က ရောဂါပျောက်ကင်းအံ့။
၂။ ချေးစားရသည်မက်က ဥစ္စာပစ္စည်းများစွာရအံ့။
၃။ ချေးနမ်းမိသည်မက်က ပျောက်သောပစ္စည်း ပြန်၍ရရှိအံ့။
၄။ ချေးပါရသည်မက်က ကျန်းမာရေးအလွန်ညံ့ဖျင်းအံ့။
၅။ ချေးပိုးထိုးကိုမြင်မက်က မိတ်ဆွေသစ်များနှင့် ရန်ဖြစ်အံ့။
(ချယ်)
၁။ ချယ်ရီပန်းခူးရသည်မက်က ချစ်သူနှင့်လက်ထပ်အံ့။
၂။ ချယ်ရီပင်အောက် ပန်းကောက်သည်မက်မူ အကြံပျက်အံ့၊ မပျော်ရွှင်သောလက်ထပ်ပွဲသို့ သွားရအံ့။
(ချင်း)
၁။ ချင်းစားရသည်မြင်မက်သော် ဆရာဖြစ်အံ့။
၂။ ချင်းကိုမြင်မက်မူ လူလိမ်ခံရအံ့။
(ချူ)
၁။ ချူဆည်းလည်းလှုပ်ရသည်ဟုမြင်မက်မူ မကောင်းအံ့။
၂။ ချူသံကိုကြားရသည်မက်မူ စိတ်ချောက်ချားအံ့။
၃။ ချူကိုဆွဲရသည်မက်မူ ဥစ္စာတိုးအံ့။
(ချိ)
၁။ ချိနဲ့သောဒုက္ခိတကိုမြင်က ငွေအကုန်အကျများအံ့။
၂။ ချီးမွမ်းခံရသည်မက်က အထက်လူကြီးက အပြစ်ပြောအံ့။
(ချေ)
၁။ ချေကိုမြင်မက်မူ နာဖျားအံ့။
၂။ ချေကောင် ယာထဲ အိမ်ထဲ ခြံထဲဝင်လာသည်မက်မူ ဓားပြတိုက်ခံရအံ့။
၃။ ချေကောင်ကိုမြင်မက်သော် ကျန်းမာရေးညံ့အံ့။
၄။ ချေကောင် နေအိမ်ပေါ်သို့တက်သည်ဟုမြင်မက်သော် အကုသိုလ်ဝင်အံ့။
၅။ ချေသားစားရသည်ဟုမြင်မက်သော် ကျန်းမာရေးကောင်းအံ့။
(ခု)
၁။ ခုတင်၌အိပ်ရသည်မက်က မကြာမီလက်ထပ်ရအံ့။
၂။ ခုတင်မြင်မက်မူ မင်္ဂလာသတင်းပြောရအံ့။
(ချည်)
၁။ ချည်မျှင်များရစ်ပတ်ရသည်မက်မူ အနှောင်အဖွဲ့မှလွတ်အံ့။
၂။ ချည်ခင်အခွေလိုက်ရသည်မက်က အလုပ်အကိုင် အကြံအစည်အောင်မြင်အံ့၊ အနမ်းခံရအံ့။
၃။ ချည်ခင်ရှင်းရသည်မက်က လင်မယားအရှုပ်အရှင်းကြား၌ ဝင်ရောက်ဖျန်ဖြေရအံ့၊ ဒုက္ခရောက်သူတို့အားကိုးအံ့။
(ချစ်)
၁။ ချစ်သူနှင့်အတူတွဲရသည်မက်မူ ကံကောင်းအံ့။
၂။ ချစ်သူနှင့် ချစ်စကားပြောရသည်မက်မူ အငြင်းအခုံ တရားတပေါင်ဖြစ်ပွားအံ့။
၃။ ချစ်သူနှင့်အတူ သေပွဲဝင်ရသည်မက်မူ ချစ်သူနှင့်မုချ လက်ထပ်ခွင့်ရအံ့။
၄။ ချစ်စနိုးအမည်ခေါ်သံကြားရသည်မက်မူ ကံကောင်းအံ့၊ မျက်နှာပွင့်အံ့။
(ချမ်း)
၁။ ချမ်းသာကြွယ်ဝသည်မက်က မကျန်းမာဖြစ်တတ်အံ့။
၂။ ချမ်းသာသူနှင့် အတူနေရသည်မက်က ပစ္စည်းဥစ္စာရအံ့။
(ချိန်)
၁။ ချိန်ခွင်ကိုမြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၂။ ချိန်ခွင်လျှာတစ်ဖက်ထွက်နေသည်မက်မူ ရက်စက်သူနှင့်တွေ့ကြုံရအံ့။
၃။ ချိန်ခွင်၌ ရွှေချိန်ရသည်မက်က လှေ၊ လှည်းအရောင်းအဝယ်လုပ်က အထူးအောင်မြင်အံ့။
၄။ ချိန်သီးကိုမက်မူ ခရီးထွက်ရအံ့၊ မိမိကြိုက်သောလက်ဆောင်ရအံ့။
(ချို)
၁။ ချိုပေါက်သည်ကိုမြင်မက်မူ မုဆိုးမများ ရန်ဖြစ်အံ့။
၂။ ချိုချဉ်စားရသည်မက်မူ ပန်းပါသောချစ်သူထံမှ ပြန်စာရအံ့။
၃။ ချိုချဉ်နှင့်ဧည့်ခံရသည်မက်မူ အခြေအနေကောင်းလာအံ့။
၄။ ချိုချဉ်ခိုးယူရသည်မက်မူ ချစ်သူကို ရပ်ဝေးခိုးပြေးရအံ့။
၅။ ချိုချဉ်နှင့်အပစ်ခံရသည်မက်မူ အမုန်းပွားရအံ့။
၆။ ချိုချဉ် ကလေးများကို ဝေပေးရသည်မက်မူ မမျှော်လင့်သောပျော်ရွှင်စရာများနှင့် ကြုံရအံ့။
(ချိုင်း)
၁။ ချိုင်းထောက်ကိုမက်မူ ငွေများရအံ့၊ သူတပါးက ကူညီအံ့။
၂။ ချိုင်းထောက်နှင့်ရိုက်ရသည်မက်မူ ငွေကြေးအဆင်မပြေအံ့။
၃။ ချိုင်းထောက်နှင့်လူနာကိုမက်မူ သူများမကူညီသော်လည်း အောင်မြင်အံ့။
၄။ ချိုင်းထောက်ကျိုးနေသည်မက်မူ နာဖျားအံ့၊ စိတ်တိုလွယ်အံ့။
(ဂ)နှင့်ပတ်သက်သောအိပ်မက်များ
(ဂ)
၁။ ဂဏန်း(သင်္ချာ)များ ပေါင်းရသည်၊ မြှောက်ရသည်မက်မူ ဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။
၂။ ဂဏန်း(သင်္ချာ)များ နုတ်ရသည်၊ စားရသည်မက်မူ ကျန်းမာရေးညံ့အံ့၊ လင်မယားကွဲကိန်းကြုံအံ့။
၃။ ဂဏန်း(သင်္ချာ)ငယ်လျှင်ကံကောင်း၍ ကြီးလျှင် ကံဆိုး၏၊ ၇၀ ဂဏန်းအောက်မက်လျှင် ကောင်း၍ ၃၉ ဂဏန်းမှာ အကောင်းဆုံးသောအိပ်မက်ဖြစ်အံ့။
၄။ ဂမုန်းပင်ကိုမြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့၊ စီးပွားဂမုန်း မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောကကင်းဝေးအံ့။
၅။ ဂမုန်းပွင့်ကိုမြင်မက်မူ သေချာသောအလုပ်ရရှိအံ့၊ ကံကောင်းအံ့။
(ဂုံ)
၁။ ဂုန်ညင်းကစားရသည်ဟုမက်သော် အကြီးအကဲဖြစ်အံ့။
၂။ ဂုန်ပင်ကိုမြင်မက်မူ မ စမည့်သူပေါ်အံ့။
၃။ ဂုန်လျှော်ပင်များစိုက်ရသည်မက်မူ သာယာသောအိမ်ထောင်ရေး ဖန်တီးရအံ့။
၄။ ဂုန်လျှော်အခွံနွှာရသည်မက်မူ အလုပ်ကောင်းအံ့၊ အကြံအောင်အံ့။
၅။ ဂုန်အိတ်အခွံကိုမြင်မက်မူ အနှောင့်အယှက်တွေ့ရအံ့။
၆။ ဂုန်အိတ်အပြည့်ပစ္စည်းနှင့်မက်မူ ကံကောင်းအံ့။
၇။ ဂုန်အိတ်အပုံလိုက်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၈။ ဂုန်အိတ်ထမ်းရသည်မက်မူ ဝင်ငွေကောင်းအံ့။
(ဂေါ်)
၁။ ဂေါ်ဖီထုပ်ကိုမြင်မက်မူ သူများအကျိုးထမ်းရအံ့၊ အများအကျိုးဆောင်ရွက်ရအံ့။
၂။ ဂေါ်ဖီပန်းခင်းကိုမက်မူ ကောက်ပဲသီးနှံဖြင့် ကြီးပွားအံ့၊ အောင်မြင်အံ့။
၃။ ဂေါ်ဖီစားရသည်မက်မူ ရာထူးတိုးအံ့။
၄။ ဂေါ်မုတ်ကျောက်ကိုမက်မူ အေးချမ်းသာယာအံ့။
၅။ ဂေါ်မုတ်ကျောက်လက်စွပ်နှင့်မက်မူ စကားပြောတိုင်း အောင်မြင်အံ့။
၆။ ဂေါ်မုတ်ကျောက် အရောင်းအဝယ်လုပ်ရသည်မက်မူ ရန်သူရှိအံ့၊ မင်္ဂလာပြုရအံ့။
၇။ ဂေါ်ြပားကိုမြင်မက်မူ ပင်ပန်းနွမ်းနယ်အံ့။
၈။ ဂေါ်ပြားနှင့်မြေတူးရသည်မက်မူ ဆုံးပြီထင်သော အကြွေးပြန်ရအံ့။
၉။ ဂေါ်ပြားနှင့် လူတစ်ဦးကိုရိုက်ရသည်မက်မူ အလွန်ဆင်းရဲအံ့။
(ဂူ)
၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည်ဟုမက်မူ ချမ်းသာသုခရ၍ ဘေးရန်မရှိတည်မြဲအံ့။
၂။ ဂူထဲဆင်းရသည် လိမ့်ကျသည်မက်မူ အန္တရာယ်နှင့်ရင်ဆိုင်ရမည်။
၃။ ဂူ(လိုဏ်ဂူ)ဝ၌ တစ်ယောက်တည်းထိုင်နေသည်မက်မူ လုပ်မည့်အလုပ် မှားသည် မှန်သည်ကို အလွန်စဉ်းစားအံ့။
၄။ ဂူထဲမှထွက်ခဲ့သည်မက်မူ အကြွေးဟောင်းများပြန်ရအံ့။
၅။ ဂူထဲပိတ်မိနေသည်မက်မူ အကြီးအကျယ်ဒုက္ခရှိအံ့။
၆။ ဂူထဲ၌ အိပ်ပျော်နေသည်ကိုမက်မူ အခွင့်ကောင်းများရအံ့။
၇။ ဂူထဲ၌ ဘုရားစေတီကိုမက်မူ သင့်အတွက် ဘုရားမှတပါး အားကိုးဖွယ်မရှိဖြစ်အံ့။
၈။ ဂူ(သင်္ချိုင်း)ကိုမြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။
(ဂေါက်)
၁။ ဂေါက်သီးလုံးကိုမက်မူ အရောင်းအဝယ်ကောင်းအံ့။
၂။ ဂေါက်သီးကစားရသည်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။
(ဂွမ်း)
၁။ ဂွမ်းကိုမြင်မက်က ဖြူစင်သောချစ်သူနှင့်တွေ့ရအံ့။
၂။ ဂွမ်းလိပ်ကိုမြင်မက်က ခြေလက်၌ ပွန်းပဲ့ဒဏ်ရာရအံ့။
၃။ ဂွမ်းစောင်ကိုမြင်မက်က အိမ်တွင်းရန်အေးအံ့။
၄။ ဂွမ်းများစွာဝေရသည်မက်က စကားကောင်းပြောရအံ့၊ အကြံကောင်းပေးရအံ့။
၅။ ဂွမ်းများဝယ်ရသည်မက်က မုချလက်ထပ်ရအံ့၊ ချစ်သူပေါအံ့။
(ဂီ)
၁။ ဂီတာကိုမြင်မက်မူ အသံကောင်းသူနှင့် ချစ်ကျွမ်းဝင်ရအံ့။
၂။ ဂီတာတီးရသည်မက်မူ အဆိုကျော်ဖြစ်အံ့၊ ကျော်စောအံ့။
၃။ ဂီတာတီးသံကြားရသည်မက်မူ ချစ်သူအလိုလိုက်ရအံ့။
၄။ ဂီတာကြိုးပြတ်နေသည်မြင်မက်မူ ကံဆိုးအံ့။
(ဂျုံ)
၁။ ဂျုံပင်ကိုမက်မူ အလွန်ကံကောင်းအံ့။
၂။ ဂျုံစားရသည်မက်က လုံခြုံအံ့၊ အသက်ရှည်အံ့။
၃။ ဂျုံခင်းထဲ၌သွားရသည်မက်က မြင့်မြတ်သောသူနှင့် လက်ထပ်ရအံ့၊ ချမ်းသာရန် နီးကပ်အံ့။
၄။ ဂျုံစေ့များမှည့်နေသည်ကိုမက်က တရားတပေါင်နိုင်အံ့၊ ခရီးဝေးသွားရအံ့။
၅။ ဂျုံပင်ရိတ်ရသည်မက်က စကားကောင်းပြောရအံ့။
၆။ ဂျုံကြိတ်စက်ကိုမြင်မက်က ပစ္စည်းဥစ္စာချမ်းသာအံ့။
၇။ ဂျုံကြိတ်စက်၌ အလုပ်လုပ်ရသည်မက်က ကောင်းမွန်သောလုပ်ငန်း၌ ကျော်စောအံ့။
(ဂုဏ်)
၁။ ဂုဏ်မြင့်သူမက်မူ သူတပါးအတင်းပြောခံရအံ့။
၂။ ဂုဏ်ပြိုင်သည်မက်က ဆုံးရှုံးအံ့၊ ဖျားနာအံ့။
(ဂုံး)
၁။ ဂုံးခွံ(မုတ်ကောင်)ကိုမြင်မက်မူ မသူတော်နှင့်ပေါင်းမိအံ့။
(င)နှင့်ပတ်သက်သောအိပ်မက်များ
(င)
၁။ ငရုတ်သီးစားရသည်ဟုမြင်မက်မူ အကြီးအကဲဖြစ်အံ့။
၂။ ငရုတ်ပင်ကိုမြင်မက်မူ အများအကျိုးအတွက် ပင်ပန်းရအံ့။
၃။ ငရုတ်ပင်စိုက်သည်ကိုမက်မူ ပရဟိတလုပ်ငန်းတစ်ခုကို အောင်မြင်စွာလုပ်ရအံ့။
၄။ ငရုတ်သီးကောင်းစားရသည်မက်မူ အတားအဆီးမှ ကျော်လွန်နိုင်အံ့။
၅။ ငရုတ်ကောင်းမြင်မက်မူ ပူဆွေးရအံ့။
၆။ ငရုတ်ကောင်းစားရသည်မက်မူ အလိုရမ္မက်များပြားအံ့။
၇။ ငရုတ်ကောင်းစေ့များကိုမြင်မက်က အသားမည်းသူနှင့် စကားများအံ့ (ဝါ) ချစ်ကြိုက်ရအံ့။
၈။ ငရဲကျသည်မက်မူ စိတ်ဒုက္ခရောက်အံ့၊ စိတ်ဆင်းရဲရအံ့။
၉။ ငရဲမှ ပြန်လာရသည်မက်မူ မိမိအမှားကို နောင်တရနေအံ့။
၁၀။ ငရဲသို့ လည်ပတ်ရသည်မက်မူ ဆင်းရဲသူများ စိတ်ချမ်းသာအံ့။
၁၁။ ငလျင်လှုပ်သည်မက်မူ အလုပ်ကိစ္စနှင့်နာမည်ပျက်အံ့။
၁၂။ ငလျင်လှုပ်၍ တော်လည်းသံကြားရသည်မက်မူ အိမ်ရှိအကြီးအကဲ သေဆုံးအံ့။
(ငါး)
၁။ ငါးရသည်ဟုမြင်မက်မူ လာဘ်ရအံ့။
၂။ ငါးရေကူးနေသည်မက်မူ ဥစ္စာများစွာရောက်ရှိအံ့။
၃။ ငါးအသေကိုမက်မူ အငြင်းအခုံဖြစ်ရအံ့။
၄။ ငါးဖမ်းရင်း လွတ်သွားသည်မက်မူ မိမိအတွက်လျာထားသော ရာထူးတစ်နေရာ လက်လွတ်ရအံ့။
၅။ ငါးဟင်းစားရသည်မက်က ဖျားနာအံ့။
၆။ ငါးအစိမ်းစားရသည်မက်မူ ကျန်းမားရေးကောင်းအံ့၊ လက်ရှိရောဂါပျောက်အံ့။
၇။ ငါးမုန့်ကိုမြင်မက်မူ ရောဂါထူပြောအံ့။
၈။ ငါးမြွေထိုးဖမ်းရသည်မက်မူ ယုံကြည်စိတ်ချရသောမိတ်ဆွေ သစ္စာမဲ့အံ့။
၉။ ငါးလင်ပန်းကိုမြင်မက်မူ အလွန်ကံကောင်းအံ့။
၁၀။ ငါးသလောက်များကို လှေ၌မြင်မက်မူ ခရီးသွား၍ လာဘ်ရအံ့၊ ကောင်းသောခရီး ထွက်ရအံ့။
၁၁။ ငါးသေတ္တာစားရသည်မက်မူ ကျန်းမာအံ့။
၁၂။ ငါးပြေမကိုမက်မူ သူတပါးအတင်းပြောခံရအံ့၊ အိမ်နီးချင်း၏ မကောင်းကြံခြင်းကို ခံရအံ့။
၁၃။ ငါးပျံကိုမြင်မက်မူ ကောက်ကျစ်စဉ်းလဲသူကို ယုံစားမိအံ့။
၁၄။ ငါးကို ဘုရားရင်ပြင်၌ရှိသည်မက်မူ သင်္ကန်းဝတ်ရအံ့၊ တရားထိုင်ရအံ့။
၁၅။ ငါးမျှားချိတ်ဖြင့် ငါးဖမ်းရသည်မက်မူ အိမ်သားတစ်ဦး ဖျားနာအံ့။
၁၆။ ငါးရှဉ့်ကိုမက်မူ ပင်ပန်းသောအလုပ်များ လုပ်ရအံ့။
(ငွေ)
၁။ ငွေကိုမြင်မက်မူ မယားကောင်းရအံ့။
၂။ ငွေဆုံးသည်မက်မူ ကံကောင်းအံ့။
၃။ ငွေဖလှယ်ရသည်မက်မူ တရားနိုင်အံ့၊ သားသမီးရရှိအံ့။
၄။ ငွေများစွာ အပုံလိုက်မြင်မက်မူ အလိုကြီး၍ အရနည်းအံ့။
၅။ ငွေဒင်္ဂါးများကိုမက်မူ ဒေါသဖြစ်အံ့၊ တစ်စုံတစ်ဦးက မကောင်းကြံအံ့။
၆။ ငွေလက်စွပ်ဝတ်ရသည်မက်မူ ချမ်းသာသူနှင့် မုချလက်ထပ်ရအံ့။
၇။ ငွေလိမ်ခံရသည်မက်က ကြွေးမြီဟောင်းများ ပြန်ရအံ့၊ ငွေများ ကောက်ရတတ်အံ့။
၈။ ငွေပုံပေါ်ထိုင်ရသည်မက်က ချမ်းသာစည်းစိမ်တိုးအံ့။
၉။ ငွေပျောက်သည်မက်က လိုအင်ဆန္ဒပြည့်စုံအံ့။
၁၀။ ငွေစက္ကူအထပ်လိုက်မက်က လူအများဝိုင်းပယ်အံ့။
၁၁။ ငွေပန်းပင်ကိုမြင်မက်က ဥစ္စာပစ္စည်းတိုးအံ့။
၁၂။ ငွေပန်းပင်ကို ဘုရားတင်ရသည်မက်မူ ဘုရားကု ကုလျှင် ရောဂါပျောက်အံ့၊ ဘုရားဖက်က အသက်ရှည်အံ့။
၁၃။ ငွေပန်းပင် ညှိုးနွမ်းနေသည်မက်က အိမ်နီးချင်းတို့အတင်းပြောအံ့၊ ငွေကြေးကျပ်တည်းအံ့။
(ငတ်)
၁။ ငတ်မွတ်သည်ဟုမြင်မက်မူ မျက်နှာပွင့်လန်းအံ့။
(ငှက်)
၁။ ငှက်ပျောပင်ကိုမြင်မက်မူ ရွာအရပ်ပြောင်းအံ့။
၂။ ငှက်ပျောပင်စိုက်ရသည်ဟုမြင်မက်မူ ဘုန်းကြီးအံ့။
၃။ ငှက်တော်ကိုဖမ်းရသည်ဟုမြင်မက်မူ ရာထူးကြီးရအံ့။
၄။ ငှက်ကိုမြင်မက်က ဥစ္စာရအံ့၊ မိတ်ဆွေတိုးအံ့။
၅။ ငှက်နားသည်မက်က အေးချမ်းစွာနေရအံ့။
၆။ ငှက်တေးဆိုနေသည်မက်က အိမ်တွင်းသာယာအံ့။
၇။ ငှက်ဖမ်းရသည်မက်က သူတပါးမကောင်းကြံအံ့။
၈။ ငှက်သားစားရသည်မက်က အကြံအစည်အောင်အံ့၊ လုပ်ငန်းတိုးပွားအံ့။
၉။ ငှက်ဆိုးထိုးသည်မက်က သေပျောက်အံ့။
၁၀။ ငှက်ကဲ့သို့ ပျံသွားရသည်မက်က ဒုက္ခအပေါင်းမှ ကင်းဝေးအံ့၊ မင်္ဂလာပြုရအံ့။
၁၁။ ငှက်ကို အရှင်မိသည်မက်က ငွေများစွာရအံ့။
၁၂။ ငှက်ကုလားအုတ်မက်မူ စိတ်ကူးယဉ်၍ အကောင်အထည်မဖော်နိုင်ဘဲရှိအံ့။
၁၃။ ငှက်သိုက်ကိုမြင်မက်က ဥစ္စာပစ္စည်းတိုးပွားအံ့။
၁၄။ ငှက်အိမ်ကိုမြင်မက်က စိတ်အကျဉ်းအကျပ်တွေ့အံ့။
၁၅။ ငှက်အိမ်ကိုရသည်မက်က စိတ်လွတ်လက်လွတ်ပြုမိ၍ အမှားတွေ့ရအံ့။
၁၆။ ငှက်အိမ်၌ ငှက်တစ်ကောင်တွေ့ရက တစ်ခုလပ်တို့က စောင်မကြည့်ရှုအံ့။
၁၇။ ငှက်အိမ်ထဲမှငှက်ကို လွှတ်ရသည်မက်က သီးနှံပေါများ၍ စိုက်ပျိုးရေးအောင်မြင်အံ့။
၁၈။ ငှက်ဥများကိုမြင်မူ အရောင်းအဝယ်ကောင်းအံ့၊ စိတ်ချမ်းသာအံ့။
၁၉။ ငှက်မွှေးကိုမြင်မက်က အကြံအစည်အောင်အံ့။
၂၀။ ငှက်ပျောပင်ကိုမြင်မက်က အလုပ်အကိုင်ပြောင်းရအံ့။
၂၁။ ငှက်ပျောပင်ကိုခုတ်လှဲရသည်မက်က မကောင်းသတင်းကြားရအံ့၊ ပင်ပန်းနွမ်းနယ်အံ့။
၂၂။ ငှက်ပျောသီးစားရသည်မက်က ချစ်သူသစ္စာမဲ့အံ့။
၂၃။ ငှက်ပျောရွက်ပေါ်ထိုင်ရသည်မက်က အမှုဖြစ်အံ့၊ ထင်ပေါ်ကျော်စောအံ့။
၂၄။ ငှက်ပျောဖက်နှင့်စားရသည်မက်က အလှူကြီးပေးရအံ့။
၂၅။ ငှက်ဖျားရောဂါသည်ကိုမြင်မက်က လင်မယားရန်ဖြစ်အံ့။
၂၆။ ငှက်ဖျားမိသည်မက်က အိမ်ထောင်ရေးအရှုပ်အရှင်းဖြစ်အံ့၊ ကွာရှင်းရအံ့။
၂၇။ ငှက်ပျောတုံးရေ၌မျောနေသည်မက်က ချစ်သူ၏လက်ထပ်ပွဲသွားရအံ့၊ စိတ်ပျက်ရအံ့။
(ငို)
၁။ ငိုကြွေးရသည်ဟုမြင်မက်မူ လာဘ်ရအံ့။
၂။ ငိုကြွေးရသည်မက်မူ သားသမီးတို့ပျော်ရွှင်အံ့၊ ရန်သူတို့ဆုံးရှုံးအံ့။
၃။ ငိုသံကြားရသည်မက်မူ ကျန်းမာရေးမကောင်းအံ့။
(ငန်း)
၁။ ငန်းကိုမြင်မက်မူ စိတ်ထားဖြူစင်သူနှင့် အလုပ်လုပ်ရအံ့။
၂။ ငန်းဖိုမကိုမြင်မက်မူ သဘောထားကောင်းသူနှင့် လက်ထပ်ရအံ့။
(ငုံ့)
၁။ ငုံ့ကြည့်ရသည်မက်မူ သားသမီးတို့ပျော်ရွှင်အံ့၊ မကောင်းပြောခံရအံ့။
(ငုံး)
၁။ ငုံးငှက်ကိုမြင်မက်မူ မကောင်းသောမိတ်ဆွေကြောင့် ချစ်သူနှင့်ကွဲရအံ့။
၂။ ငုံးမိသားစုကိုမြင်မက်မူ ဘေးတွေ့အံ့။
၃။ ငုံးသားစားရသည်မက်မူ ကာမစိတ်၌ အထူးဆန္ဒပြည့်အံ့။
(စ)နှင့်ပတ်သက်သောအိပ်မက်များ
(စ)
၁။ စပါးကိုမြင်မက်မူ စကားဟောင်းဖြစ်ပေါ်အံ့။
၂။ စကားပြောရသည်မက်က အကြံပျက်အံ့။
၃။ စကားထစ်နေသည်မက်က အလုပ်ပြောင်းလျှင် အဆင်ပြေအံ့။
၄။ စကားတီးတိုးပြောရသည်မက်က အနှောင့်အယှက်ကင်းဝေးအံ့၊ အိမ်ထောင်ရေး သာယာအံ့။
၅။ စကားဝှက်သုံးရသည်မက်က ဒေါသဖြစ်လွယ်အံ့၊ ဆုံးရှုံးအံ့။
၆။ စကားထာဝှက်ရသည်မက်က မိတ်ဆွေများကူညီအံ့၊ မမျှော်လင့်ဘဲတိုးတက်ရအံ့။
၇။ စကားဝိုင်းဖွဲ့၍ စကားထာဝှက်သည်မြင်မက်က နာဖျားအံ့။
၈။ စပါးစေ့များ ပြန့်ကျဲနေသည်မက်က သာယာသောအိမ်ထောင်ရေးဖန်တီးအံ့။
၉။ စပါးကျီထဲ၌ မြင်မက်က မိုးကောင်းအံ့၊ ဆန်စပါးများ ပေါများအံ့။
၁၀။ စပါးကြီးမြွေကိုမြင်မက်က အသက်ပေးချစ်သူနှင့် တွေ့ရအံ့။
၁၁။ စပါးကြီးမြွေကို ဖမ်းရသည်မက်က ချစ်သူရအံ့၊ မင်္ဂလာပြုရအံ့။
၁၂။ စပါးကြီးမြွေအသေကိုမြင်မက်က ချစ်သူစွန့်ပစ်ခံရအံ့။
၁၃။ စပယ်ချုံကိုမြင်မက်က အထူးကံကောင်းအံ့၊ နာမည်လူသိများလာအံ့။
၁၄။ စပယ်ပန်းမြင်မက်က ရာထူးတိုးတက်အံ့၊ အကြံအောင်မြင်အံ့။
၁၅။ စလင်းကျောက်ကိုမြင်မက်မူ မျက်စိနာအံ့၊ မျက်စိထိခိုက်အံ့။
၁၆။ စလင်းကျောက်ကြယ်သီးဝတ်ရသည်မြင်မက်မူ မျက်စိအတွက် ဆေးစွမ်းကောင်းများတွေ့ရအံ့။
၁၇။ စပျစ်သီးစားရသည်မက်မူ အမွေရအံ့၊ ကလေးများအံ့၊ ကံကောင်းအံ့။
၁၈။ စပျစ်သီးခြောက်စားရသည်မက်မူ ပင်ပန်းသမျှ အကျိုးခံစားရအံ့၊ အလုပ်ကောင်းအံ့။
၁၉။ စပျစ်သီးခြံကြီးကိုမြင်မက်မူ သူတပါးမနာလိုခံရအံ့၊ အောင်မြင်သောအလုပ်ကို လုပ်ရအံ့။
၂၀။ စပျစ်ကိုင်းချိုးရသည်မက်မူ သားသမီးနာဖျားအံ့။
၂၁။ စပျစ်သီးရရှိသည်မက်မူ အထူးကံကောင်းအံ့။
၂၂။ စပျစ်ရည်သောက်ရသည်မက်မူ ကျန်းမာရေးကောင်းအံ့၊ စိတ်ချမ်းသာအံ့။
၂၃။ စပျစ်နှင့်ဧည့်ခံရသည်မက်မူ ချမ်းသာသုခဖြစ်အံ့။
၂၄။ စပျစ်များမှောက်ကျသည်မက်က အရောင်းအဝယ် အဆင်မပြေဖြစ်အံ့၊ စကားအပြောမှားအံ့။
၂၅။ စင်္ကြံလမ်းလျှောက်ရသည်မက်က အလုပ်အတွက် အခက်အခဲဖြစ်အံ့။
၂၆။ စပယ်ပင်ကိုမြင်မက်က ကံကောင်းအံ့။
၂၇။ စံပယ်ချုံကိုမြင်မက်သော် အထူးကံကောင်းအံ့။
၂၈။ စံပယ်ပန်းကိုမြင်မက်သော် အကြံအစည်များအောင်မြင်အံ့။
၂၉။ စံပယ်ပန်းပန်ရသည်မြင်မက်က ထီပေါက်အံ့။
၃၀။ စံပယ်ပန်းဘုရားတင်ရသည်ဟုမက်သော် ကျက်သရေတိုးအံ့။
၃၁။ စံပယ်ပန်းခြောက်များကိုမြင်မက်က စိတ်သောကရောက်အံ့။
(စေတီ)
၁။ စေတီပုထိုးကိုမြင်မက်က အမွေအနှစ်ရအံ့၊ ထီပေါက်အံ့။
၂။ စေတီပျက်ကိုမြင်မက်က အလွန်ဝမ်းနည်းရအံ့။
၃။ စေတီတည်ရသည်မက်က ပဉ္စင်းခံရအံ့၊ ရှင်ပြုရအံ့။
၄။ စေတီဖူးရသည်မက်က မမျှော်လင့်သူနှင့်တွေ့ရအံ့။
(စမ်းချောင်း)
၁။ စမ်းချောင်းရေစီးနေသံ ကြားနေရသည်မက်က ပျော်ရွှင်အံ့၊ ချစ်သူထံမှ မေတ္တာပြန်စာရအံ့။
၂။ စမ်းချောင်းရေသောက်ရသည်မက်က ကိုယ်ဝန်ရှိအံ့၊ စိတ်ဆင်းရဲအံ့။
(စစ်)
၁။ စစ်သည်အများလာသည်ဟုမြင်မက်မူ အနာရောဂါဖြစ်အံ့။
၂။ စစ်သည်ဗိုလ်ပါကိုမြင်မက်မူ ချမ်းသာသုခတိုးအံ့။
၃။ စစ်သားများစွာကိုမြင်မက်က မြို့ပြသာယာအေးချမ်းအံ့။
၄။ စစ်သည်မ(ရဲမေ)ကိုမက်က လင်မယားရန်ဖြစ်အံ့။
၅။ စစ်ဗိုလ်ကိုမြင်မက်က မိတ်ဆွေသစ်ရအံ့။
၆။ စစ်ခရာသံကြားသည်မက်က အလုပ်အောင်မြင်အံ့။
၇။ စစ်တုရင်ကစားသည်မက်က စစ်အောင်အံ့။
၈။ စစ်တုရင်နိုင်သည်မက်က အလုပ်အကိုင်အောင်မြင်အံ့။
(စောင်)
၁။ စောင်ခြုံရသည်ဟုမြင်မက်သော် ဘေးကင်းအံ့။
(စောင်း)
၁။ စောင်းတီးရသည်ဟုမက်မူ စည်းစိမ်တိုးအံ့။
၂။ စောင်းမှတပါး အခြားတူရိယာကိုတီးရသည်၊ သီချင်းဆိုရသည်ဟုမက်က မကောင်းအံ့။
၃။ စောင်းကိုမက်က အလှူပေးရအံ့၊ ဥစ္စာပစ္စည်းလုံခြုံအံ့။
၄။ စောင်းကောက်ကိုမြင်မက်က အကြံအောင်အံ့၊ စိတ်ပျော်အံ့။
၅။ စောင်းတီးရသည်မက်က ချစ်သူနှင့်လက်ထပ်ရအံ့၊ အချစ်တိုးအံ့။
၆။ စောင်းတီးခတ်သံကြားရသည်မက်က ရာထူးကြီးအံ့၊ သတ္တိရှိအံ့။
(စည်)
၁။ စည်ကြီး၊ ကြေးနင်း၊ မောင်း၊ ခွက်ခွင်း၊ ပတ်သာ၊ နရည်၊ ခေါင်းလောင်းသံစသည်တို့ကို ကြားရသည်မက်မူ ဘုန်းကျက်သရေတိုးအံ့၊ စိတ်ချမ်းသာအံ့။
၂။ စည်ဗျောသံကြားရသည်မက်မူ ချစ်သူထံမှ သတင်းကောင်းကြားရအံ့။
၃။ စည်သံဖြင့်ထွန်းရသည်မက်မူ ဘုန်းကြီးဖြစ်အံ့၊ ဓမ္မစာပေများ၌ ထူးချွန်အံ့။
၄။ စည်ထဲဝင်ရသည်မက်မူ တရားရုံး၌ မျက်နှာစုံညီရှင်းရအံ့။
၅။ စည်ထဲရေဖြည့်ရသည်မက်မူ ဥစ္စာတိုးပွားအကြံအောင်အံ့။
(စာ)
၁။ စာကိုမြင်မက်က ခရီးဝေးသွားရအံ့။
၂။ စာဖတ်ရသည်မက်က ကျန်းမာသုခရအံ့၊ အချစ်အောင်မြင်အံ့။
၃။ စာရေးရသည်မက်က အကြံအစည်အောင်အံ့။
၄။ စာပျောက်ဆုံးသည်မက်က အနုပညာဖြင့်အကျိုးပေးအံ့။
၅။ စာမီးရှို့ ရေမျှောပစ်ရသည်မက်မူ ချစ်သူမုန်းအံ့၊ မုန်းသူနာကြည်းအံ့။
၆။ စာစီကုံးရသည်မက်က ပညာရှိသော အဆွေခင်ပွန်းရအံ့၊ ပျော်ရွှင်ရအံ့။
၇။ စာရေးဆရာကိုမြင်မက်က အကြံကောင်းဉာဏ်ကောင်းများ သူတပါးထံမှရအံ့။
၈။ စာရေးဆရာမ မိမိဖြစ်နေသည်ဟုမက်က အနုပညာတွင် ထင်ပေါ်ကျော်စောသူဖြစ်အံ့။
၉။ စာကလေးငှက်ကိုမြင်မက်က ကာမစည်းစိမ်ရှိအံ့၊ ဥစ္စာပစ္စည်းတိုးပွားအံ့။
၁၀။ စာကလေးဖမ်းရသည်မက်က ဆင်းရဲဒုက္ခရောက်အံ့။
၁၁။ စာကလေးစုံတွဲမက်က မင်္ဂလာဆောင်ရအံ့၊ ချစ်သူနှင့်လည်ပတ်ရအံ့။
၁၂။ စာကလေးသေကိုမက်က မိတ်ဆွေများမကောင်းကြံအံ့၊ ချောက်တွန်းခံရအံ့။
၁၃။ စာတည်းလုပ်ရသည်မက်က ပညာတိုးအံ့၊ ဂုဏ်ထူးများရအံ့။
၁၄။ စာတိုက်မြင်မက်က မမျှော်လင့်သောကိစ္စရပ်များ ဖြစ်ပေါ်လာအံ့။
၁၅။ စာတိုက်သို့သွားရသည်မက်က အလုပ်အတွက်အကြံပေးသူ အနီးအနား၌ရှိအံ့။
၁၆။ စာပို့လုလင်ကိုမြင်မက်က ပြန်စာရအံ့၊ မျှော်သူထံမှ စာရအံ့။
၁၇။ စာဘူးတောင်းငှက်ကိုမြင်မက်က အလုပ်များအံ့။
၁၈။ စာဘူးတောင်းသိုက်ကိုမက်က လုံခြုံစွာနေရအံ့၊ အသက်စည်းစိမ်လုံခြုံအံ့။
၁၉။ စာပုံနှိပ်စက်ကိုမြင်မက်က အကြံကောင်းအံ့၊ အထက်လူကြီးငြိုငြင်အံ့။
၂၀။ စာပုံနှိပ်စက် အလုပ်လုပ်နေသည်မက်က ဝင်ငွေတိုးအံ့၊ မိတ်ဆွေတစ်ဦးအတွက် စိတ်မချမ်းမသာဖြစ်အံ့။
၂၁။ စာမေးပွဲဖြေရန်ခက်သည်မက်က ငွေကြေးအခက်အခဲဖြစ်နေအံ့၊ အကြံမအောင်ဘဲရှိအံ့။
၂၂။ စာမေးပွဲမဖြေနိုင်ဟုမက်က မမျှော်လင့်သောသူက ကူညီအံ့။
၂၃။ စာမေးပွဲအောင်သည်မက်က မထင်သူ ချစ်ရေးဆိုလာအံ့။
၂၄။ စာမေးပွဲကျသည်မက်က အိမ်တွင်းဆူပူအံ့၊ ကလေးဖျားနာအံ့။
၂၅။ စာချုပ်စာတမ်းပြုလုပ်ရသည်မက်က မှန်းချက်ကွဲလွဲအံ့။
၂၆။ စာချုပ်စာတမ်း၌ လက်မှတ်မထိုးဟုမြင်မက်က မကျွမ်းသောအလုပ်ကို လုပ်မိအံ့။
၂၇။ စာချုပ်စာတမ်းနှင့် လက်ထပ်ရသည်မက်မူ အဖိုးတန်အချိန်များ ဆုံးရှုံးအံ့၊ အလုပ်နှောင့်နှေးအံ့။
၂၈။ စာရင်းအင်းများမက်မူ ဩဇာရှိအံ့။
၂၉။ စာရင်းအင်းမှားနေသည်မက်မူ ကံကောင်းအံ့။
၃၀။ စာရင်းအင်းရှုပ်ထွေးနေသည်မက်မူ ချမ်းသာသူနှင့်တွေ့ရအံ့။
၃၁။ စာရင်းကိုင်လုပ်ရသည်မက်မူ ရာထူးတိုးအံ့၊ အလုပ်အကိုင် အရောင်းအဝယ်ကောင်းအံ့။
၃၂။ စာသင်ရသည်မက်မူ ကိစ္စအသေးအဖွဲအား စိတ်ဝင်စားနေရအံ့။
၃၃။ စာသင်ကျောင်းကိုမက်မူ အများရိုသေအံ့။
၃၄။ စာအိတ်အထပ်လိုက်မက်မူ အထူးကျော်စောအံ့။
၃၅။ စာအိတ်ဖွင့်နေသည်မက်မူ လျှို့ဝှက်ချက်များကို မိတ်ဆွေများကဖော်အံ့။
၃၆။ စာအိတ်ပိတ်နေသည်မက်မူ ခက်ခဲသောအကြံဉာဏ်ပေးသူနှင့်တွေ့ရအံ့။
၃၇။ စာအုပ်ကိုမြင်မက်မူ ပညာရှိဖြစ်အံ့။
၃၈။ စာအုပ်ဝယ်ရသည်မက်မူ နေရာကောင်းရအံ့၊ ပညာထူးအံ့။
၃၉။ စာအုပ်အပြာကိုဖတ်ရသည်မက်မူ အရှက်ရအံ့၊ အကျိုးပျက်စီးအံ့။
၄၀။ စာအုပ်လက်ဆောင်ရသည်ဟုမက်မူ အကြံကောင်းရသော်လည်း မလုပ်မကိုင်နိုင်ဘဲ နှောင့်နှေးအံ့။
၄၁။ စာအုပ်ဗီရိုကိုမက်မူ မုချစာမေးပွဲအောင်အံ့။
၄၂။ စာအုပ်ဗီရို၌ စာအုပ်မရှိဟုမက်မူ မုချစာမေးပွဲကျအံ့။
(စိန်)
၁။ စိန်ကိုမြင်မက်မူ ပျော်ရွှင်စရာများတွေ့ရအံ့။
၂။ စိန်ဝတ်ရသည်မက်မူ ဒုက္ခအပေါင်းရင်ဆိုင်ရအံ့။
၃။ စိန်နှင့်မြလက်စွပ်ကိုဝတ်ရသည်မက်မူ အေးချမ်းအံ့၊ ဆန်စပါးသီးနှံ များစွာထွက်အံ့။
၄။ စိန်ရောင်းဝယ်ရသည်မက်မူ ကောင်းအံ့။
၅။ စိန်ပျောက်သည်မက်မူ ငွေကြေးဆုံးရှုံးအံ့၊ သောကတွေ့အံ့။
(စား)
၁။ စားသောက်ဆိုင်ကိုမြင်မက်မူ လူလိမ်ခံရအံ့၊ ငွေကုန်များအံ့။
၂။ စားသောက်ဆိုင်၌ မိတ်ဆွေများနှင့်စားရသည်မက်မူ ခေတ္တအခက်အခဲ တွေ့ရအံ့။
၃။ စားသောက်ဆိုင်ဖွင့်ရသည်မက်မူ အလုပ်များအံ့၊ ပင်ပန်းအံ့။
၄။ စားသောက်ဆိုင်၌ တစ်ယောက်တည်းစားရသည်မက်မူ လင်မယားကွာရှင်းရအံ့၊ ချစ်သူစွန့်ခွာအံ့။
၅။ စားပွဲ၌ထိုင်ရသည်မက်မူ ဒုက္ခရောက်အံ့။
၆။ စားပွဲပေါ်၌ စာရေးရသည်မက်မူ ပေါများကြွယ်ဝအံ့။
၇။ စားပွဲကျိုး ခုံကျိုးများမြင်မက်မူ ရာထူးလျော့အံ့။
၈။ စားပွဲခင်းလှလှကိုမြင်မက်မူ အလွန်ကံကောင်းအံ့။
၉။ စားပွဲခင်းအစုတ်အပြဲကိုမက်မူ ဆင်းရဲအံ့၊ မိမိအတွက် သူတစ်ဦး နစ်နာဆုံးရှုံးအံ့။
၁၀။ စားပွဲပေါ်၌ မိန်းမရုပ်မက်မူ မိန်းမအတွက် ထိခိုက်ဒဏ်ရာရအံ့။
(စွယ်)
၁။ စွယ်စုံကျမ်းဖတ်ရသည်မက်က ပညာဉာဏ်တိုးပွားအံ့၊ အမြော်အမြင်အကြီးအံ့။
၂။ စွယ်စုံဆင်ကြီးကိုမြင်မက်က စစ်အကြီးအကဲဖြစ်အံ့၊ အကြီးအကဲတို့မြောက်စားအံ့။
၃။ စွယ်တော်ပင်ကိုမြင်မက်က မိတ်ဆွေသစ်များရအံ့။
၄။ စွယ်တော်ပွင့်ရွက်ကိုမြင်မက်က ချစ်သူပေါများအံ့၊ မင်္ဂလာပြုရအံ့။
၅။ စွယ်တော်မြတ်ဘုရားကို ဖူးမြော်ရသည်မက်က ဂုဏ်ကျက်သရေတိုးအံ့၊ အကြံအောင်အံ့၊ ခရီးကောင်းထွက်ရအံ့။
(စဉ့်)
၁။ စဉ့်အိုးကိုမြင်မက်သော် ကောင်းစားအံ့။
၂။ စဉ့်အိုးတွင် ရေများပြည့်လျှံနေသည်ဟုမြင်မက်က ဆန်ရေစပါးပေါများအံ့။
၃။ စဉ့်အိုးတွင် ရေများခန်းခြောက်နေသည်ဟုမြင်မက်က စီးပွားဆုတ်ယုတ်အံ့။
၄။ စဉ့်အိုးကွဲသွားသည်ဟု အိပ်မက်မက်သော် ဆင်းရဲအံ့။
၅။ စဉ့်အိုးတွင် မြွေဝင်ခွေနေသည်ဟုမြင်မက်က ထီပေါက်အံ့၊ စီးပွားတက်အံ့။
၆။ စဉ့်အိုးလုပ်ရသည်ဟုမြင်မက်က အကြံအစည်အောင်မြင်အံ့။
၇။ စဉ့်တီတုံးကိုမက်သော် စားဝတ်နေရေး အဆင်ပြေအံ့။
(စိတ်)
၁။ စိတ်ပျက်သည်မက်မူ စိတ်ညစ်ရအံ့။
၂။ စိတ်ညှို့ခံရသည်မက်မူ မိတ်ဆွေရင်းသစ္စာပျက်အံ့။
၃။ စိတ်တိုရသည်မက်မူ ဩဇာအာဏာကြီးမားအံ့။
၄။ စိတ်ဆိုးရသည်မက်မူ စိတ်ဆိုးသူနှင့် ဖက်စပ်လုပ်ရအံ့။
၅။ စိတ်ကောက်၍ ချော့မော့ရသည်မက်မူ အချစ်တိုးအံ့၊ လူလိမ်ခံရအံ့။
၆။ စိတ်ဆိုးနေသောသူကိုမြင်မက်မူ မကောင်းသောနိမိတ်ဖြစ်အံ့။
၇။ စိတ်ဆင်းရဲသည်မက်မူ အုံ့ပုန်းချစ်ကြောင့် စိတ်ညစ်ရအံ့။
(စေ့)
၁။ စေ့စပ်ကြောင်းလမ်းသည်မက်က (မိန်းမ)လက်ထပ်ရအံ့၊ ယောက်ျားသောကဖြစ်အံ့။
(စွန်)
၁။ စွန်(သတ္တဝါ)ကိုမြင်မက်မူ အမှုအခင်းဖြစ်ပွားအံ့၊ စိတ်ပျက်အံ့။
၂။ စွန်ကုတ်ခံရသည်မက်မူ မုချသေအံ့။
၃။ စွန် ညာလက်မောင်း၌နားသည်မက်မူ ထီပေါက်အံ့၊ ကံကောင်းအံ့။
၄။ စွန်ကိုသတ်ရသည်မက်မူ မနာလိုသူပေါများအံ့၊ ဒေါသကြီးအံ့။
၅။ စွန်(စက္ကူစွန်)လွှတ်နေသည်မက်မူ အရိုအသေခံရအံ့၊ ဂုဏ်တိုးအံ့။
၆။ စွန်ဖမ်းမိသည်၊ မိမိအိမ်ထဲရောက်သည်မက်မူ ကောင်းအံ့၊ တဖြည်းဖြည်း စီးပွားတိုးတက်အံ့။
၇။ စွန်ကောင်းကင်၌ဖြတ်နေသည်မက်က လင်မယားရန်ဖြစ်အံ့၊ မိဘတို့အချင်းများအံ့။
၈။ စွန်ပလွံယိုစားရသည်မက်က ဒုက္ခအပေါင်းတွေ့ကြုံပြီးမှ သာယာသောအိမ်ထောင် ထူထောင်ရအံ့။
၉။ စွန်ပလွံသီးကိုမြင်မက်က မင်္ဂလာပွဲသွားရအံ့၊ အောင်မြင်ကျော်စောအံ့။
၁၀။ စွန်ပလွံပင်များကိုမြင်မက်က ဥစ္စာစီးပွားတိုးအံ့၊ လုပ်ငန်းကောင်းအံ့။
(စုံ)
၁။ စုံမဝှက်ရသည်မက်မူ လျှို့ဝှက်သောအလုပ်များ အောင်မြင်ရအံ့။
၂။ စုံထောက်ဖြစ်ရသည်မက်မူ သူတပါးအပြောခံရအံ့။ စိတ်ပျက်အံ့။
၃။ စုံထောက်ဝတ္ထုစာအုပ်ဖတ်ရသည်မက်မူ အကြံအောင်အံ့၊ ဆုလာဘ်ကြီးရအံ့။
၄။ စုံစမ်းစစ်ဆေးရသည်မက်မူ သူတပါးကိစ္စဝင်စွက်မိ၍ ဒုက္ခရောက်အံ့။
(စို့)
၁။ စို့ကိုမြင်မက်မူ လင်မယားအရှုပ်အရှင်းကြား ဝင်ရအံ့။
၂။ စို့ကိုအသုံးပြုနေသည်မက်မူ အကြံပျက်အံ့။ စိတ်ဆင်းရဲအံ့။
(စက္ကူ)
၁။ စက္ကူမဲကိုမြင်မက်က သစ္စာပျက်အံ့။
၂။ စက္ကူဖြူကိုမြင်မက်က မယားသစ္စာရှိအံ့၊ ဒုက္ခကင်းဝေးအံ့။
၃။ စက္ကူကြေမွနေသည်မက်က မင်္ဂလာပျက်အံ့၊ အရှက်ရအံ့။
၄။ စက္ကူစုတ်ပြဲရသည်မက်က မိန်းကလေးများ အ သောသူနှင့်ရအံ့။ ယောက်ျားများ ငွေကုန်ကျများအံ့။
၅။ စက္ကူရောင်းဝယ်ရသည်မက်က ရောဂါအမြစ်မပြတ်သေးအံ့။
၆။ စက္ကူထုပ်များကို မြင်မက်က ထူးခြားသောအလုပ်တစ်ခုသို့ပြောင်းရအံ့။
၇။ စက္ကူအရောင်နှင့်မြင်မက်က ကြိုးစားချက်များအောင်မြင်အံ့။
၈။ စက္ကူအပါးစားမက်မူ အလွန်ကံကောင်းအံ့။
(စူး)
၁။ စူး၊ ဆောက်တို့မြင်မက်က ဥစ္စာတိုးအံ့။
၂။ စူး၊ ဆောက်ကိုကိုင်ရသည်မက်က အလုပ်ရအံ့။
(စက်)
၁။ စက်တိုင်(ကြိုးစင်)မြင်မက်က အကြံကောင်း ဉာဏ်ကောင်းရအံ့၊ ကျန်းမာရေးကောင်းအံ့။
၂။ စက်ရုံကိုမြင်မက်က ချမ်းသာအံ့။
၃။ စက်ရုံ၌ လူများစွာကိုမြင်မက်က တရားတပေါင်ဖြစ်အံ့၊ စိတ်ပျက်အံ့။
၄။ စက်ရုံသွားရသည်မက်က အလုပ်အကိုင်ကောင်းအံ့၊ ပင်ပန်းအံ့။
၅။ စက်ရုံပျက်နေသည်မက်က ငွေကုန်များအံ့၊ ရာထူးလျော့အံ့။
၆။ စက်ဘီးမြင်မက်က အနာတရဖြစ်အံ့၊ အကြံအောင်အံ့၊ ပျော်ရွှင်အံ့။
(စင်)
၁။ စင်ကြယ်သောကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်းကောင်း၊ ယာဉ်၊ သစ်ပင်ကိုလည်းကောင်း၊ အစွယ်ရှိသောသစ်ပင်ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း မြင်မက်မူ ချမ်းသာကြီးပွားအံ့။
၂။ စင်ကြယ်သောနွားကို ဖွားမြင်သည်ဟုမြင်မက်မူ ကောင်းကျိုးချမ်းသာရအံ့။
၃။ စင်မြင့်ပေါ်တက်ရသည်မက်က အသံကောင်းအံ့။
၄။ စင်မြင့်ပေါ်စကားပြောရသည်မက်က စာရေးဆရာ အနုပညာရှင်ဖြစ်အံ့။
(စန္ဒရား)
၁။ စန္ဒရားမြင်မက်က ဧည့်ခံမင်္ဂလာပွဲ ကျင်းပရအံ့။
၂။ စန္ဒရားတီးရသည်မက်က အကြံအောင်အံ့။
၃။ စန္ဒရားသံကြားရသည်မက်မူ အိမ်ထောင်သာယာအံ့၊ စိတ်ချမ်းသာအံ့။
၄။ စဏ္ဍာလကိုမြင်မက်က ကူညီမည့်သူများ အလည်အပတ်ရောက်လာအံ့။
(စွပ်)
၁။ စွပ်ကျယ်ကိုမြင်မက်မူ အနီးရန်သူများ လုပ်ကြံအံ့။
၂။ စွပ်စွဲခံရသည်မက်မူ မမျှော်လင့်သောရွှေငွေများ ရရှိအံ့။
၃။ စွပ်ပြုတ်သောက်ရသည်မက်မူ ကံကောင်းအံ့။ အလှတိုးအံ့။ ကျန်းမာအံ့။
(စော်)
၁။ စော်ကားခံရသည်မက်က လူအများရိုသေခံရအံ့၊ စိတ်ဆင်းရဲအံ့။
(စည်း)
၁။ စည်းကမ်းနှင့်နေရသည်မက်က လူတန်းစားတစ်မျိုးနှင့် ပေါင်းရအံ့။
၂။ စည်းကမ်းကြီးသည်မက်က လူအများအပေါ် ဩဇာညောင်းအံ့။ စိတ်ကျဉ်းကျပ်အံ့။
၃။ စည်းစိမ်ခံစားရသည်မက်က စိတ်ပျက်စရာများနှင့် ကြုံရအံ့။ ဝမ်းနည်းရအံ့။
(ဆ)နှင့်ပတ်သက်သောအိပ်မက်များ
(ဆ)
၁။ ဆရာကိုမြင်မက်က အများတကာယုံကြည်အံ့၊ အားကိုးလေးစားအံ့။
၂။ ဆရာလုပ်ရသည်မက်က အနှောင့်အယှက်များရှိအံ့၊ မင်္ဂလာပွဲနှေးကွေးအံ့။
၃။ ဆရာ့ထံမှ နည်းနာယူရသည်မက်က ထိုအလုပ်လုံးဝအောင်မြင်အံ့။ ထင်ပေါ်ကျော်စောအံ့။
၄။ ဆရာဝန်ကိုမြင်မက်က ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းအံ့၊ မိတ်ပေါအံ့။
၅။ ဆရာဝန်လုပ်ရသည်မက်က အထူးကံကောင်းအံ့၊ ကျန်းမာအံ့၊ ဂုဏ်ထူးဖြင့် စာမေးပွဲအောင်အံ့။
၆။ ဆရာဝန် မိမိအိမ်လာသည်မက်က ရှယ်ယာလုပ်ငန်းဖြင့် ကြီးပွားအံ့၊ အစုစပ်လုပ်ရအံ့။
၇။ ဆရာဝန်ဆေးကုနေသည်မက်က ငွေများရအံ့။
၈။ ဆရာဝန်၏ဆေးလွယ်အိတ်ကို ကိုင်ရသည်မက်က စိတ်ပျက်စရာကြုံအံ့။
၉။ ဆရာဝန်များနှင့်တိုင်ပင်ရသည်မက်က အရောင်းအဝယ်အထူးကောင်းမွန်အံ့။
၁၀။ ဆလပ်ပင်ကိုမြင်မက်က သူတပါးတို့ မကောင်းကြံအံ့၊ အိမ်နီးနားချင်းတို့ ကဲ့ရဲ့အံ့။
၁၁။ ဆလပ်ပင်ကိုစားရသည်မက်က ကံကောင်းအံ့၊ ရောဂါကင်းအံ့။
(ဆံ)
၁။ ဆံပင်ရှည်သည်မြင်မက်က တန်ခိုးကြီးအံ့။
၂။ ဆံပင်ဖြူသည်မြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲဖြစ်အံ့။
၃။ ဆံပင်ဖြေသည်မက်မူ ဥစ္စာလျောအံ့။
၄။ ဆံပင်ရှည်မက်မူ အသက်ရှည်အံ့၊ အကြံအောင်အံ့၊ ဘုန်းတန်ခိုးကြီးအံ့။
၅။ ဆံပင်ဖြူကိုမက်မူ မိတ်ဆွေသစ်များရအံ့။
၆။ ဆံပင်ဖြူနှင့်အမဲများ ရောနေသည်ဟုမက်မူ လင်မယားကွာရှင်းအံ့၊ သားသမီးများ ဖျားနာအံ့။
၇။ ဆံပင်အနီထွက်နေသည်မက်မူ စိတ်ပျက်စရာကြုံအံ့။
၈။ ဆံပင်နီများနှင့်မိန်းမကိုမြင်မက်မူ အစော်ကားခံရအံ့၊ သူတပါးအတင်းပြောအံ့။
၉။ ဆံပင်ရိတ်ရသည်မက်မူ ဥစ္စာပစ္စည်းဆုံးရှုံးအံ့။ အရှက်တကွဲဖြစ်ရအံ့။
၁၀။ ဆံပင်သူတပါးအား ညှပ်ပေးရသည်မက်မူ ကံဆိုးအံ့။
၁၁။ ဆံပင်များကို ကိုင်ထားရသည်မက်မူ ကလဲ့စားချေရအံ့၊ ဒေါသကြီးအံ့။
၁၂။ ဆံပင်အတုကိုမြင်မက်မူ သူတပါးစကားကိုယုံမိ၍ မှားအံ့။
၁၃။ ဆံပင်များ မြေကြီးကပေါက်နေသည်မြင်မက်မူ ဆန်ရေစပါးကြွယ်ဝအံ့၊ သီးနှံများထွန်းကားအံ့။
၁၄။ ဆံပင်အရှုပ်အထွေးကို ရှင်းရသည်မက်မူ တရားတပေါင်တွေ့ရအံ့။
၁၅။ ဆံပင်အဆွဲခံရသည်မက်မူ ဆင်းရဲဒုက္ခတွေ့ရအံ့။
၁၆။ ဆံပင် မိမိကဖြီးပေးရသည်မက်မူ သူတပါးအားကူညီရအံ့၊ အကြံကောင်းများရအံ့။
၁၇။ ဆံပင် မိမိကိုဖြီးပေးရသည်မက်မူ အလုပ်အကိုင်အဆင်ပြေအံ့၊ မင်္ဂလာပွဲသွားရအံ့။
၁၈။ ဆံပင်များမီးလောင်နေသည်မက်မူ မုချသေအံ့။
၁၉။ ဆံပင်ဖြတ်ရန် ကြံစည်ရသည်မက်မူ အလုပ်အကိုင် အခက်အခဲတွေ့ရအံ့။
၂၀။ ဆံပင်ဖွတ်မြီးထိုးရသည်မက်မူ ငွေလိမ်ခံရအံ့။
၂၁။ ဆံပင်ဆီလူးရသည်မက်မူ မိတ်ကောင်းများရအံ့။ ကျန်းမာရေးကောင်းအံ့၊ အကြီးအကဲဖြစ်အံ့။
၂၂။ ဆံပင်ကိုဖြတ်၍ ဘုရား၌လှူရသည်မက်မူ အတတ်ပညာ သင်လွယ်တတ်လွယ်အံ့၊ ဉာဏ်ပညာအထူးကောင်းအံ့၊ သိပ္ပံပညာထွန်းကားအံ့။
၂၃။ ဆံပင်ဘုရားရှေ့၌ ဖြန့်ထားရသည်မက်မူ ပညာရှိသောလင်ကောင်း ရအံ့။
၂၄။ ဆံပင်များကို ခိုးယူရောင်းဝယ်ရသည်မက်မူ စိတ်ဖောက်ပြန်အံ့၊ စိတ်မမှန်ရှိအံ့၊ ရူးတတ်အံ့။
၂၅။ ဆံပင်ရိတ်သူကိုမြင်မက်မူ အခက်အခဲများကြုံရအံ့။
၂၆။ ဆံပင်များ ပန်းကန်ထဲ၌တွေ့ရမူ အစားမှားအံ့၊ အိမ်နီးချင်းတို့ မကောင်းကြံအံ့။
၂၇။ ဆံပင်များအန်ချရသည်မက်မူ အပြင်းဖျားအံ့၊ နာတာရှည်ရောဂါရအံ့။
၂၈။ ဆံပင်ဖားလျားနှင့်မိန်းမကိုမြင်မက်မူ ခင်ပွန်းသစ္စာမဲ့အံ့။
၂၉။ ဆံပင်ဖားလျားမိန်းမကိုယူသည်မက်မူ အများအထင်ကြီးအံ့၊ စိတ်ပျော်ရွှင်အံ့။
၃၀။ ဆံထုံးနှင့်မိန်းမကိုမြင်မက်မူ ကောင်းမွန်သောနိမိတ်။
၃၁။ ဆံထုံးနှင့်ယောက်ျားကိုမြင်မက်မူ လက်ထပ်ရအံ့။
၃၂။ ဆံထုံးထုံးနေသည်မြင်မက်မူ မုချလက်ထပ်ရအံ့။
၃၃။ ဆံထုံးလက်ဆောင်ရသည်မက်မူ ချစ်သူနှင့်ကွဲအံ့၊ ခရီးဝေးထွက်ရအံ့။
၃၄။ ဆံထိုးလှလှကိုမြင်မက်မူ အရုပ်ဆိုးသောမိန်းမနှင့်ရအံ့။
၃၅။ ဆံထိုးကိုယ်တိုင်ထိုးပေးရသည်မက်မူ ပျော်ရွှင်အံ့၊ အများပူဇော်ခံရအံ့။
(ဆာ)
၁။ ဆာသည်ဟုမက်မူ အစားကောင်းစားရအံ့။
(ဆင်)
၁။ ဆင်၊ မြင်း၊ ဗိုလ်ပါကိုမြင်မက်မူ ချမ်းသာအံ့။
၂။ ဆင်ပေါက်ကိုမြင်မက်မူ သူတပါးတို့၏ ကိုးကွယ်ရာဖြစ်အံ့။
၃။ ဆင်၊ မြင်း၊ နွားမတို့ကိုမြင်မက်မူ ကောင်းစားအံ့။
၄။ ဆင်ဖြူစီး၍ ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါးအပြင် ကပ်လျက်တည်သည်မက်မူ တန်ခိုးကြီးသူဖြစ်အံ့။
၅။ ဆင်ဖြူစီးရသည်မက်မူ အကြီးအကဲဖြစ်အံ့။
၆။ ဆင်စွယ်နှစ်ချောင်း ဆွဲသည်မက်မူ ထင်ရှားကျော်စောအံ့။
၇။ ဆင်ဖြူချွန်းတင်မက်မူ သူကောင်းပြုခံရအံ့။
၈။ ဆင်ကိုမြင်မက်က အကြံအောင်အံ့၊ ကျော်စောအံ့၊ ကြီးပွားအံ့၊ ဂုဏ်ထူးများရအံ့၊ ကူညီသူပေါ်အံ့။
၉။ ဆင်စီးရသည်မက်က လာဘ်ရအံ့၊ ရာထူးတိုးအံ့၊ အကြီးအကဲတို့ ချစ်ခင်မ စအံ့။
၁၀။ ဆင်ကိုချုပ်နှောင်ထားသည်မက်က အကျပ်အတည်းအတွင်းမှ အောင်မြင်အံ့။
၁၁။ ဆင်မိသားစုကိုမြင်မက်က ပျော်ရွှင်သောအိမ်ထောင်ရေး ဖန်တီးရအံ့၊ ကလေးများ ကျန်းမာအံ့။
၁၂။ ဆင်နှာမောင်းကို ဆုပ်ကိုင်ရသည်မက်က ရန်အများကို အောင်မြင်အံ့၊ ရန်သူတို့ကြောက်လန့်အံ့။
၁၃။ ဆင်အံ ဆေးလိမ်းရသည်မက်က ချစ်သူနှင့်တွေ့ရအံ့၊ အလှတိုးအံ့။
၁၄။ ဆင်ပေါက်မြင်မက်က မိမိထက်ငယ်ရွယ်သူနှင့် လက်ထပ်ရအံ့၊ အိမ်ထောင်ရေးအဆင်ပြေအံ့။
၁၅။ ဆင်ပေါက်ပေါ်မှကျသည်မက်က ရောဂါကြီးစွာရအံ့။
၁၆။ ဆင်ဦးကင်းပေါ်မှကျသည်မက်က ဥစ္စာပစ္စည်းအခိုးခံရအံ့၊ တရားအမှုရှုံးအံ့၊ စိတ်ဆင်းရဲအံ့။
၁၇။ ဆင်ကို အိမ်၌မွေးရသည်မက်က ရွှေငွေဥစ္စာများရရှိအံ့၊ လာဘ်ကြီးရအံ့။
၁၈။ ဆင်ကလေးမွေးဖွားနေသည်မက်က ပညာရှိသောသားသမီးများ ရရှိအံ့၊ သားသမီးငယ်သားတို့က အထူးကူညီအံ့။
၁၉။ ဆင်ချွန်းကိုမြင်မက်က နှောင့်ယှက်သူများပျက်စီးအံ့၊ အကြံအစည်များအောင်မြင်အံ့။
၂၀။ ဆင်ဖြူစီးရသည်မက်က အများပူဇော်ခံရအံ့၊ အထွတ်အထိပ်ရောက်အံ့၊ မင်းစည်းစိမ်ရရှိအံ့။
၂၁။ ဆင်ကိုသတ်ရသည်မက်က အကြံအစည်ပျက်အံ့။ မကောင်းကြံသူများ အနီး၌ရှိအံ့၊ ယုတ်ညံ့သောကိစ္စပြုအံ့။
၂၂။ ဆင်သင်္ချိုင်းကိုမြင်မက်က ဥစ္စာပစ္စည်းများစွာကောက်ရအံ့၊ ထီပေါက်အံ့၊ အမွေရရှိအံ့။
၂၃။ ဆင်ဘေးမှ ခြေကျင်လိုက်ရသည်မက်က အများကိစ္စ၌ နာမည်ကျော်အံ့၊ မယားချစ်အံ့။
၂၄။ ဆင်မုန်ယိုနေသည်မက်က ဒေါသကြီးသူနှင့်တွေ့ရအံ့၊ သင့်အတွက် အကူအညီများရရှိအံ့။
၂၅။ ဆင်ရုပ်တုကိုမြင်မက်က ဝီရိယစိုက်၍လုပ်ရသောအလုပ်များ အထူးအကျိုးပေးအံ့။
၂၆။ ဆင်ရုပ်တုအသက်ဝင်သည်မက်က အကြွေးများပြန်လည်ရရှိအံ့၊ ကွဲကွာနေသောချစ်သူနှင့် ပြန်လည်တွေ့ရအံ့၊ စိတ်ပျော်အံ့။
၂၇။ ဆင်မြီးကိုမြင်မက်က အကြံကောင်းများရှိသော်လည်း လုပ်ကိုင်ရန်နှောင့်နှေးနေအံ့။
၂၈။ ဆင်မြင်းစစ်သည်များကိုမြင်မက်က လာဘ်ကြီးရမည်၊ ခရီးသွားရအံ့၊ ရပ်ဝေး၌ မင်္ဂလာပြုရအံ့။
၂၉။ ဆင်စွယ်ဖြူဆွတ်နေသည်ကိုမြင်မက်က မင်္ဂလာကိစ္စ၌ အကြီးအကဲလုပ်ရအံ့၊ အလုပ်အကိုင်တိုးအံ့၊ ရာထူးကြီးအံ့။
၃၀။ ဆင်စွယ်ဘီးကိုမြင်မက်မူ ဆင်းတုတော်ပင့်ရအံ့၊ ဘုရားတည်ရအံ့။
၃၁။ ဆင်စွယ်နှင့်ထုထားသောရုပ်ထုကိုမြင်မက်မူ ခရီးဝေးသွားရအံ့၊ အမွေရအံ့၊ ထွန်းထွန်းတောက်တောက်နေရအံ့။
၃၂။ ဆင်စွယ်အကျိုးအပိုင်းကိုမြင်မက်မူ လုပ်ငန်းများ တဝက်တပျက်သာအောင်မြင်အံ့၊ အလုပ်၌ စကားပြောရအံ့။
၃၃။ ဆင်စွယ်ရှင်သီဝလိကိုယ်တော်အားမြင်မက်မူ ဂုဏ်ထူးရအံ့၊ စာမေးပွဲအောင်အံ့။ စန်းပွင့်အံ့။
(ဆင်း)
၁။ ဆင်းရဲသည်ဟုမက်မူ ကံကောင်းအံ့၊ ချမ်းသာအံ့။
၂။ ဆင်းရဲသူမြင်မက်မူ အချစ်ရေး၊ အိမ်ထောင်ရေးများအတွက် အထူးပူပင်ရသည်ဖြစ်အံ့။
၃။ ဆင်းရဲသူများစွာကိုမြင်မက်မူ အရှုတ်ချခံရအံ့၊ ဂုဏ်သိက္ခာကျရအံ့၊ စိတ်ပင်ပန်းအံ့။
၄။ ဆင်းတုတော်ကို ဆေးခြယ်ရသည်မက်က ရောဂါပျောက်ကင်းအံ့။
(ဆန်)
၁။ ဆန်များကိုမြင်မက်မူ ငွေကြေးချမ်းသာအံ့။
၂။ ဆန်ခါကိုမြင်မက်မူ စိတ်ပျက်စရာကြုံရအံ့။
၃။ ဆန်ပြုတ်သောက်ရသည်မက်မူ အခွင့်အရေးတစ်ရပ် ဆုံးရှုံးအံ့။
၄။ ဆန်ပြုတ်ဖြင့်ဧည့်ခံရသည်မက်မူ အများအကျိုးဆောင်ရအံ့၊ အပူဇော်ခံရအံ့၊ ဂုဏ်သတင်းကြီးအံ့။
၅။ ဆန်စက်ကိုမက်မူ အလုပ်အကိုင်ကောင်းအံ့။
၆။ ဆန်စက်ပိုင်ရှင်ဖြစ်သည်မက်မူ အမွေအနှစ်များရအံ့။
၇။ ဆန်စက်ရောင်းရသည်မက်မူ ယုတ်ညံ့သောကိစ္စ ပြုမိအံ့။
၈။ ဆန်ခါကိုမြင်မက်မူ ကပ်စေးနဲသူနှင့်တွေ့ရအံ့။
၉။ ဆန်ခါရရှိသည်မက်မူ ကပ်စေးနဲသူကို လင်ပြုရအံ့။
(ဆပ်)
၁။ ဆပ်ကပ်ပွဲကိုမြင်မက်မူ မိတ်ဆွေတိုးပွားအံ့။ မျှော်လင့်သောငွေရအံ့။
၂။ ဆပ်ပြာကိုမြင်မက်မူ ဒုက္ခရောက်သူများကို ကူညီရအံ့။
(ဆူး)
၁။ ဆူးစူးသည်မက်မူ ရန်တွေ့အံ့။
၂။ ဆူးကိုမြင်မက်က သောကများစွာတွေ့ရအံ့၊ နာဖျားအံ့။
၃။ ဆူးစူးသည်မက်က ချစ်သူနှင့်ရန်ဖြစ်အံ့။ အလုပ်အကိုင်၌ မကောင်းပြောခံရအံ့။
၄။ ဆူးများကို ဖိနပ်နှင့်နင်းသည်ဟုမက်က အရာရာအောင်မြင်အံ့။
၅။ ဆူးခက်နှင့်ခိုက်မိသည်ဟုမက်က အလွန်ကံဆိုးအံ့။
(ဆွဲ)
၁။ ဆွဲကြိုးမြင်မက်မူ မုန်းသူရှိအံ့၊ ချစ်သူမုန်းအံ့။
၂။ ဆွဲကြိုးဆွဲရသည်မက်မူ ပညာရှိသူနှင့် မင်္ဂလာပြုရအံ့။
(ဆီ)
၁။ ဆီကိုမြင်မက်က ချမ်းသာကြွယ်ဝအံ့။
၂။ ဆီရောင်းရသည်မြင်မက်က အလုပ်အကိုင်ပြောင်းအံ့၊ ရာထူးတက်အံ့။
၃။ ဆီဝယ်သည်မြင်မက်မူ မိမိနှင့်ပတ်သက်သော သတင်းကောင်းကြားရအံ့။
၄။ ဆီမီးပူဇော်ရသည်မက်မူ ထင်ရှားကျော်ကြားအံ့။ အလွန်ကံကောင်းအံ့။
(ဆီး)
၁။ ဆီးသီးကိုမြင်မက်မူ နယ်ခြားသွားရအံ့။
၂။ ဆီးပင်များစိုက်ရသည်မက်က အလွန်ကံကောင်းအံ့။
၃။ ဆီးသီးအခြောက်မြင်မက်က ဒုက္ခတွေ့အံ့။
၄။ ဆီးသီးအချိုစားရသည်မက်က ပူဇော်ပသမည့်သူများရောက်အံ့။ ကူညီသူပေါအံ့။
၅။ ဆီးဖြူသီးပင်မြင်မက်က ဆေးကောင်းတွေ့အံ့၊ ရောဂါပျောက်ကင်းအံ့။
၆။ ဆီးဖြူသီးဆေးဖော်ရသည်မက်က ကြိုးစားသမျှ အရာမထင်ဘဲရှိအံ့။
၇။ ဆီးဖြူသီးအကိုင်းကျိုးသည်မက်က သားသမီးများဖျားနာအံ့။
၈။ ဆီးနှင်းများကျနေသည်မက်က မရေရာသောအလုပ်များကို စတင်ရအံ့၊ နှောင့်ယှက်သူများပေါအံ့။
၉။ ဆီးနှင်းများကြား တစ်ယောက်တည်းသွားရသည်မက်မူ လင်မယားကွဲအံ့၊ ချစ်သူဆုံးရှုံးအံ့။
(ဆေး)
၁။ ဆေးကြောသည်မက်က ဝတ်ကောင်းစားလှများရအံ့။
၂။ ဆေးပေးဆေးယူလုပ်ရသည်မက်က သူတပါးအားကူညီမိသဖြင့် အပြစ်ပြောခံရအံ့။
၃။ ဆေးသောက်ရသည်မက်က စိတ်ဆင်းရဲအံ့။
၄။ ဆေးပေးရသည်မက်က အကျိုးများစွာဖြစ်ထွန်းအံ့၊ စေတနာပါသောအလုပ် လုပ်ရအံ့။
၅။ ဆေးကို မသောက်ဘဲသွန်ပစ်သည်မက်က ဖုံးကွယ်ထားသောကိစ္စများပေါ်အံ့၊ သောကများအံ့။
၆။ ဆေးချိုကိုသောက်ရသည်မက်က ကာမစည်းစိမ်အထူးခံစားရအံ့၊ ပျော်ရွှင်ရအံ့။
၇။ ဆေးခါးသောက်ရသည်မက်က အိမ်တွင်းရေးအဆင်မပြေဖြစ်တတ်အံ့၊ အစားမှားအံ့။
၈။ ဆေးဖော်စပ်နည်း သင်မှတ်ရသည်မက်က စိတ်ချမ်းသာအံ့။
၉။ ဆေးပင်စိုက်ရသည်မက်က နှလုံးအားနည်းအံ့၊ စိတ်ချောက်ချားရအံ့။
၁၀။ ဆေးကိုကြိတ်ရသည်မက်က ထိုးထွင်းဉာဏ်သုံး၍ သူတစ်ပါးအားနှိပ်စက်ခြင်း ပြုရအံ့။
၁၁။ ဆေးကို ပဉ္စငါးပါးစလုံး စားရသည်မက်က ကျန်းမာအံ့၊ အံ့ဩဖွယ်ကောင်းသော နိမိတ်ကောင်းများတွေ့ရအံ့။
၁၂။ ဆေးရွက်ပင်ကိုမြင်မက်က စိတ်ပျော်ရွှင်အံ့။
၁၃။ ဆေးလိပ်များကိုမြင်မက်က သူတပါးကိုကူညီရအံ့။ စိတ်ပျော်ရွှင်အံ့။
၁၄။ ဆေးလိပ်မီးညှိသည်မက်က စိတ်ဆင်းရဲအံ့၊ ငွေကြေးအလွန်ကျပ်တည်းအံ့။
၁၅။ ဆေးလိပ်ရောင်းဝယ်ရသည်မက်က အကြံအောင်အံ့၊ ချမ်းသာသုခဖြစ်အံ့။
၁၆။ ဆေးလိပ်သောက်သည်ကိုမက်က မိတ်ဆွေ၏ကျန်းမာရေးအတွက် စိတ်အေးရအံ့။
၁၇။ ဆေးတံမီးညှိရသည်မက်က အိမ်နီးချင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်အံ့၊ အတင်းပြောအံ့။
၁၈။ ဆေးတံလက်ဆောင်ရသည်မက်က ခရီးဝေးမှ လက်ဆောင်ကောင်းရအံ့၊ ရွှေထည်ပစ္စည်းဝင်အံ့။
၁၉။ ဆေးတံမီးသေသွားသည်မက်က အကြံပျက်အံ့၊ အကြွေးဆုံးရှုံးအံ့။
၂၀။ ဆေးတံကျိုးသွားသည်မက်က မိတ်ဆွေရင်းများနှင့် အချေအတင်စကားပြောရအံ့။
၂၁။ ဆေးတံကိုင်၍ မှိန်းနေသည်မက်က တည်ကြည်သောစိတ်ရှိအံ့၊ ကိစ္စတစ်ခုအတွက် အထူးနှောင့်နှေးနေရအံ့။
၂၂။ ဆေးပန်းချီခြယ်သရသည်မက်က အနီးဆုံးမိတ်ဆွေ၏ မင်္ဂလာပွဲသွားရအံ့ (ဝါ) လက်ထပ်ရအံ့။
၂၃။ ဆေးပေကျံနေသောအဝတ်ကို ဝတ်ရသည်မက်က အရေပြားရောဂါရရှိအံ့၊ စိတ်ပျက်အံ့။
၂၄။ ဆေးဆိုးထားသောဆံပင်ကိုမက်က သုခချမ်းသာဖြစ်အံ့၊ ကံကောင်းအံ့။
၂၅။ ဆေး မိမိလက်၌ပေကျံနေသည်မက်က ရက်စက်သူနှင့်ကြုံရအံ့၊ မိတ်ဆွေများနှင့် ရန်ဖြစ်အံ့။
၂၆။ ဆေးဖြင့် မိန်းမလှကိုသုတ်လိမ်းရသည်မြင်မက်က ၎င်းမိန်းမလှက သင့်အပေါ်လိမ်လည်အံ့၊ အကောက်ဉာဏ်ရှိအံ့။
၂၇။ ဆေးရောင်စုံပုံးများမှောက်နေသည်မက်က အစားအသောက်မှား၍ ဝမ်းရောင်အံ့။
၂၈။ ဆေးကျမ်းများစွာကိုမြင်မက်က ရောဂါတိုးအံ့။
၂၉။ ဆေးကျမ်းပြုစုရသည်မက်က စေတနာနှင့်ဆေးကုသူ တွေ့ရအံ့။
၃၀။ ဆေးကြောသုတ်သင်ရသည်မက်က အလုပ်အကိုင်ပြောင်းရအံ့၊ အိမ်ယာရွှေ့ပြောင်းရအံ့။
၃၁။ ဆေးခြောက်ရှူ၍ မူးနေသည်မက်က အိမ်နီးချင်းတို့ အကူအညီတောင်းခံအံ့၊ စိတ်ပျက်အံ့။
၃၂။ ဆေးခြောက်ရောင်းဝယ်သည်မက်က စိတ်ချောက်ချားအံ့၊ မေ့လွယ်ပျောက်လွယ်အံ့။
၃၃။ ဆေးခြောက်ဖမ်းဆည်း သိမ်းဆည်းရသည်မက်က ဘုန်းတန်ခိုးကြီးအံ့၊ အသက်ရှည်အံ့၊ ရာထူးတိုးအံ့။
(ဆား)
၁။ ဆား၊ ဆီ၌ကိုင်ရသည်ဟုမက်မူ မကောင်း။
၂။ ဆားလျက်ရသည်ဟုမြင်မက်မူ သူတပါးမှီခိုရာဖြစ်အံ့။
၃။ ဆားကိုမြင်မက်မူ ကျန်းမာရေးကောင်းအံ့။
၄။ ဆားငန်သီးစားရသည်မက်မူ အနာတရဖြစ်အံ့။
(ဆတ်)
၁။ ဆတ်ကိုမြင်မက်မူ တရားရှုံးအံ့၊ ကျန်းမာရေးထိခိုက်အံ့၊အကြံအစည်ပျက်အံ့။
၂။ ဆတ်ဖမ်းရသည်မက်မူ အကြံအစည်အောင်အံ့။
၃။ ဆတ်သေကိုမြင်မက်မူ ငွေရအံ့။
(ဆက်)
၁။ ဆက်ရက်ကိုမြင်မက်က မိမိအား အုံ့ပုန်းချစ်သူရှိနေအံ့။
၂။ ဆက်ရက်သံကြားရသည်မက်က မကောင်းသောနိမိတ်ဖြစ်အံ့။
(ဆိတ်)
၁။ ဆိတ်ကိုမြင်မက်မူ အလုပ်အကိုင်ကောင်းအံ့။
၂။ ဆိတ်ထီးကိုမြင်မက်မူ ခွန်အားဗလကောင်းအံ့။
၃။ ဆိတ်မကိုမြင်မက်မူ သားသမီးရရှိအံ့။
၄။ ဆိတ်ချိုကိုမြင်မက်က ဘေးတွေ့အံ့။ မိတ်ဆွေများ ရန်သူဖြစ်အံ့။
၅။ ဆိတ်နက်ကိုမြင်မက်မူ ရန်သူများတိတ်တဆိတ်ကြံစည်အံ့။
၆။ ဆိတ်ဖြူကိုမြင်မက်မူ မမျှော်လင့်သောဥစ္စာများ ရရှိအံ့။
၇။ ဆိတ်သားရေကိုမြင်မက်က ကြိုးစားချက်များ အထူးအောင်မြင်အံ့။
၈။ ဆိတ်ကိုစီးရသည်မက်မူ အစော်ကားခံရအံ့၊ အရှက်ရအံ့။
၉။ ဆိတ်နို့သောက်ရသည်မက်မူ အားကိုးသူများပေါ်အံ့၊ ဦးဆောင်မှုပြုရအံ့၊ အချစ်တိုးအံ့။
၁၀။ ဆိတ်မွေးမြူရသည်မက်မူ အလုပ်အကိုင်ကောင်းမွန်အံ့၊ မွေးမြူရေးကိစ္စ အကြံပေးရအံ့။
၁၁။ ဆိတ်နှစ်ကောင်တိုက်ခိုက်နေသည်မက်မူ ရန်မက်ဖြစ်ပွားအံ့၊ အပူဖြစ်အံ့။
၁၂။ ဆိတ်ဝှေ့ခံရသည်မက်မူ ကံမကောင်း။
(ဆည်း)
၁။ ဆည်းလည်းကိုမြင်မက်မူ သတင်းကောင်းကြားရအံ့။
၂။ ဆည်းလည်းလှူရသည်မက်မူ အထွတ်အထိပ်ရောက်အံ့၊ ကြီးပွားအံ့။
၃။ ဆည်းလည်းသံသာယာစွာကြားရသည်မက်မူ အနုပညာ၌ကျော်စောအံ့၊ ဂုဏ်သိက္ခာရှိသူဖြစ်အံ့။
(ဆွေ)
၁။ ဆွေမျိုးများကိုမြင်မက်မူ အခြွေအရံပေါအံ့၊ ကူညီသူများ ပေါ်ပေါက်အံ့။
၂။ ဆွေမျိုးများကို ကူညီရသည်မက်က ၎င်းတို့ကျန်းမာရေးချို့တဲ့အံ့။
၃။ ဆွေမျိုး၏အကူအညီကိုယူရသည်မက်က ခေတ္တစိတ်ဆင်းရဲရအံ့။
၄။ ဆွေမျိုးများ ဘုရားဖူးလာကြသည်မက်မူ စိတ်ချမ်းသာအံ့၊ ရပ်ဝေးသတင်းကောင်းကြားရအံ့။
(ဆွေး)
၁။ ဆွေးမြည့်နေသောသစ်ပင်ကိုမြင်မက်က စိတ်ဆင်းရဲအံ့၊ အကြံအစည်မအောင်မြင်ဘဲရှိအံ့။
၂။ ဆွေးမြည့်နေသောလူရိုးများမြင်မက်က လာဘ်ကြီးရအံ့။ စိတ်ပျော်ရွှင်အံ့။
၃။ ဆွေးမြည့်နေသောစာပေများ ရေးရသည်မက်က ချစ်သူအချစ်တိုးအံ့၊ အိမ်ထောင်ရေးအဆင်ပြေအံ့။
(ဆိုင်)
၁။ ဆိုင်ထိုင်ရသည်မက်မူ ပျော်ပွဲရွှင်ပွဲသို့သွားရအံ့။
၂။ ဆိုင်ပေါ်မှလိမ့်ကျသည်မက်မူ ဆုံးရှုံးအံ့၊ ကံမကောင်းအံ့။
(ဆိုင်း)
၁။ ဆိုင်းဘုတ်ကိုမြင်မက်သော် လူချစ်လူခင်များအံ့။
၂။ ဆိုင်းဝိုင်းကိုမြင်မက်သော် စိတ်ပျော်ရွှင်ရအံ့။
၃။ ဆိုင်းဝိုင်းတီးသံကြားရသည်ဟုမြင်မက်က သတင်းကောင်းကြားရအံ့။
(ဆဲ)
၁။ ဆဲရေးတိုင်းထွာခံရသည်မက်မူ အလုပ်အတွက် သတင်းကောင်းကြားရအံ့။ ဝင်ငွေများအံ့။
၂။ ဆဲရေးတိုင်းထွာရသည်မက်မူ ပင်ပန်းသောအလုပ်များနှင့်ကြုံရအံ့၊ ကျန်းမာရေးညံ့ဖျင်းအံ့။
၃။ ဆဲရေးနေကြသည်ဟုမြင်မက်မူ အိမ်နီးချင်းတို့ ရန်မက်ဖြစ်ပွားအံ့၊ စိတ်မချမ်းသာဖွယ်ဖြစ်ရအံ့။
(ဆောင်း)
၁။ ဆောင်းဥတုကိုမြင်မက်မူ ချစ်သူနှင့်မကြာမီတွေ့ရအံ့။
၂။ ဆောင်းတွင်း၌ လည်ပတ်ရသည်မက်မူ အဝတ်အစားကောင်းများရအံ့၊ စိတ်ချမ်းသာအံ့။
(ဆွံ့)
၁။ ဆွံ့အသူကိုမြင်မက်မူ သစ္စာရှိသောမိတ်ဆွေများ တွေ့ရအံ့။
(ဆု)
၁။ ဆုရသည်မက်က အကြံကောင်းပေါ်အံ့။
၂။ ဆုတောင်းမေတ္တာပို့သရသည်မက်က လိုအင်ဆန္ဒပြည့်စုံအံ့။
၃။ ဆုပေးရသည်မက်က ဂုဏ်ထူးများရအံ့။ စာမေးပွဲအောင်အံ့။
(ဆူ)
၁။ ဆူပူကြိမ်းမောင်းခံရသည်မက်က သောကတွေ့အံ့။
၂။ ဆူပူကြိမ်းမောင်းရသည်မက်မူ သူတပါးမနာလိုဖြစ်အံ့။ အများအကျိုးထမ်းရွက်ရအံ့။
၃။ ဆူပူဆဲရေးသံများကြားသည်မက်က နေအိမ်ပြောင်းရွှေ့ရအံ့။ ခရီးထွက်ရအံ့။
(ဆောက်)
၁။ ဆောက်သွားကိုမြင်မက်မူ စိတ်ပင်ပန်းအံ့။
၂။ ဆောက်ကျိုးသည်ကိုမက်မူ လက်၌ထိခိုက်ဒဏ်ရာရအံ့။
(ဆွတ်)
၁။ ဆွတ်ဆွတ်ဖြူနေသောအရောင်ကို မြင်မက်မူ မျက်စိကျိန်းအံ့။ ဥပဒ်ပေးအံ့။
(ဆိုး)
၁။ ဆိုးသွမ်းသောကလေးများအားမြင်မက်မူ လင်ချစ်အံ့၊ လင်သားသစ္စာရှိအံ့။
(ဇ)နှင့်ပတ်သက်သောအိပ်မက်များ
(ဇ)
၁။ ဇရစ်ရိုးပင်ကိုမြင်မက်မူ ရာထူးမတိုးဘဲရှိအံ့။
၂။ ဇရပ်ကိုမြင်မက်မူ ခရီးပင်ပန်းစွာသော ခရီးဝေးသွားရအံ့။
၃။ ဇရပ်ဆောက်လုပ်ရသည်မက်မူ ရပ်ရေးရွာရေးများ၌ အထူးကူညီရအံ့။
၄။ ဇရပ်ပေါ်၌အိပ်ရသည်မက်မူ အဖမ်းအဆီးခံရအံ့။
၅။ ဇရပ်အောက်၌ဝင်၍အိပ်ရသည်မက်မူ မုချသေကြေအံ့။
၆။ ဇဝက်သားစားရသည်မက်မူ စိတ်ညစ်ရအံ့။ သွေးလေချောက်ချားအံ့။
၇။ ဇဝက်သားတုံးကိုမြင်မက်မူ စိတ်ထိခိုက်လွယ်အံ့။
(ဇာ)
၁။ ဇာကိုမြင်မက်မူ ငွေကုန်များအံ့။
၂။ ဇာခန်းဆီးကိုမြင်မက်မူ အနှိပ်အစက်ခံရအံ့။
၃။ ဇာထိုးရသည်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။
၄။ ဇာကနာကိုမြင်မက်မူ စိုးရိမ်သောကရောက်ရအံ့။
၅။ ဇာကနာနှင့်အသုံးပြုရသည်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၆။ ဇာတိပ္ပိုလ်သီးကိုမြင်မက်မူ ပူဆွေးရအံ့၊ ကိုယ်ဝန်ဆောင်ရအံ့။
၇။ ဇာတာလုပ်ရသည်မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။
(ဇီး)
၁။ ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအံ့။
၂။ ဇီးကွက်ကို ညအခါမြင်မက်မူ အိမ်နီးချင်းတို့ကြံစည်အံ့။ မိတ်ရင်းများ မိတ်ပျက်ရအံ့။
၃။ ဇီးကွက်အော်သံကြားရသည်မက်က အတင်းပြောသူတို့တိတ်ဆိတ်အံ့၊ ကောင်းမွန်သောနည်းလမ်းများ ရအံ့၊ အလုပ်အကိုင်အကြံပေးသူများ ပေါများအံ့။
၄။ ဇီးကွက်များ ဝိုင်းဝန်းထိုးဆိတ်ခံရသည်မက်မူ မုချသေပျောက်အံ့။
(ဇောင်း)
၁။ ဇောင်းကားသီးစားရသည်ဟုမြင်မက်သော် ကျန်းမာရေးညံ့အံ့။
(ဇော်)
၁။ ဇော်ဂျီကိုမြင်မက်မူ ကျန်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊ ထင်ပေါ်ကျော်စောအံ့။
၂။ ဇော်က ကရသည်မက်မူ အချစ်ရေးစိတ်ကူးအောင်မြင်အံ့။
၃။ ဇော်ရုပ်ကိုမြင်မက်မူ ကံကောင်းအံ့။
(ဇာတ်)
၁။ ဇာတ်ပွဲများကပြနေသည်ကိုမက်က ဆွေမျိုးထဲမှတစ်စုံတစ်ဦး မုချသေပျောက်အံ့။
၂။ ဇာတ်ပွဲ၌ မိမိပါဝင်သည်ဟုမက်မူ ခရီးသွားလျှင် ဖျားနာအံ့။ သောကရှိအံ့။
(ဇွဲ)
၁။ ဇွဲဝီရိယစိုက်၍ အလုပ်လုပ်ရသည်မက်မူ မနာလိုသူတို့ တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။
(ဈ)နှင့်ပတ်သက်သောအိပ်မက်များ
(ဈ)
၁။ ဈေးကိုမြင်မက်မူ ငွေကုန်ကြေးကျများအံ့၊ ခြေထောက်ထိခိုက်အံ့။
၂။ ဈေးရောင်းရသည်မက်မူ ငွေကြေးအခက်အခဲတွေ့ရအံ့။
၃။ ဈေးကောက်ကောက်ရသည်မက်မူ သူများအလုပ်၌ဝင်ထွက်မိ၍ အပြောခံရအံ့။
၄။ ဈေးဆိုင်များစွာမြင်မက်မူ အမြတ်အစွန်းများရအံ့။
၅။ ဈေးဝယ်နေသည်မက်မူ ကံကောင်းအံ့။
၆။ ဈေးဝယ်၍မရဟုမက်မူ စိတ်ညစ်စရာများတွေ့ရအံ့။
၇။ ဈေးသည်မိမိအိမ်သို့ခေါ်သည်မက်က ဝင်ငွေတိုးကာ လာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်အံ့။
(ဈာန်)
၁။ ဈာန်ရသည့်လူများစွာကို မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၂။ ဈာန်ပျံရသည်မက်မူ အကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့။
၃။ ဈာန်ရသောဘုန်းတော်ကြီးများကိုမြင်မက်မူ အထူးကံကောင်းအံ့၊ မျက်နှာပွင့်အံ့။
၄။ ဈာန်ပျံရထားယာဉ်ကိုမြင်မက်မူ ဆွေမျိုးများထဲမှဘုန်းကြီး ပျံလွန်တော်မူအံ့။
၅။ ဈာန်ပျံရထားစီးရသည်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ်ကျော်စောအံ့။
(ည)နှင့်ပတ်သက်သောအိပ်မက်များ
(ည)
၁။ ည၌ ခရီးသွားရသည်မက်မူ ကြမ္မာဆိုးတွေ့ရအံ့၊ ပစ္စည်းဆုံးရှုံးအံ့။
၂။ ည၌ အချိန်းအချက်လုပ်ရသည်မက်မူ လျှို့ဝှက်ကြံစည်သမျှပေါ်အံ့။
၃။ ည၌ လမ်းလျှောက်ရသည်မက်မူ အချုပ်အနှောင်ခံရအံ့၊ အမှုအခင်းဖြစ်အံ့။
၄။ ညမှောင်ပြီးမှ အလင်းရောင်ပေါ်သည်မြင်မက်မူ ကံကောင်းချိန်ရောက်ပြီဟု မှတ်ယူပါ။
၅။ ည၌ ကစားခုန်စားပြုရသည်မက်မူ ခြေလက်တို့၌ အနာပေါက်အံ့။
၆။ ညစာစားရသည်မက်မူ အိမ်တွင်းရေးအေးအံ့၊ ချစ်သူခင်သူ ပေါများအံ့။
၇။ ညငှက်ကိုမြင်မက်မူ မကောင်းမှု၌ ပျော်မွေ့ရအံ့။
၈။ ညငှက်သံသာယာစွာကြားက ချမ်းသာသုခဖြစ်အံ့၊ မိမိလိုအင်ဆန္ဒပြည့်အံ့။
(ညောင်)
၁။ ညောင်ရေအိုးမြင်မက်မူ သားသမီးရတနာများ ထွန်းကားအံ့။
၂။ ညောင်ရေသွန်းရသည်မက်မူ မုချလက်ထပ်ရအံ့၊ ပျားရည်ဆမ်းချစ်ခရီး ထွက်ရအံ့။
၃။ ညောင်ပင်ကိုမြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာပစ္စည်းတိုးတက်အံ့။
၄။ ညောင်ရွက်ကိုမြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊ အလွန်ကံကောင်းအံ့။
၅။ ညောင်ရွက်အိမ်ဦးခန်းကျသည်မက်မူ ရွှေဆင်းတုတော်ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့။
(ညီ)
၁။ ညီညာသောလူအရုပ်အရွယ်များကို မက်မူ အလုပ်အကိုင်၌ ရာထူးမတိုးသေးဘဲရှိအံ့။
၂။ ညီညာစွာစွမ်းဆောင်ရသည်မက်မူ အထင်ကြီးခံရအံ့။
၃။ ညီအစ်ကိုမောင်နှမများကိုမြင်မက်မူ ကျန်းမာအံ့၊ ရောဂါအနာကင်းအံ့။
(ညစ်)
၁။ ညစ်ပတ်သောကလေးကိုမြင်မက်မူ သောကရောက်ရအံ့၊ ငယ်ရွယ်သူများနှင့် ခင်မင်ရအံ့။
(ညည်း)
၁။ ညည်းညူသံကြားရသည်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများ ဒုက္ခရောက်အံ့။
(တ)နှင့်ပတ်သက်သောအိပ်မက်များ
(တ)
၁။ တညင်းလုံးချည်ခင်ရစ်ရသည်မက်မူ သံယောဇဉ်တွယ်တာရမည့်သူ ရရှိအံ့။
၂။ တလင်း၌ စပါးပုံမြင်မက်က ချမ်းသာကြွယ်ဝအံ့။
၃။ တံတောင်ဆစ်တွင် ထိခိုက်မိသည်မြင်မက်လျှင် ရှုပ်ထွေးသောပြဿနာနှင့် ရင်ဆိုင်ရအံ့။
၄။ တရားနာရသည်မြင်မက်မူ သောကကင်းဝေးအံ့။
၅။ တရားဟောရသည်မြင်မက်မူ ဝန်တိုသူပေါအံ့။
၆။ တယောကိုမြင်မက်မူ ပျော်ပွဲရွှင်ပွဲပြုလုပ်ရအံ့။
၇။ တယောထိုးရသည်မြင်မက်မူ အိုးအိမ်ပြောင်းရွှေ့ရအံ့။
၈။ တယောကြိုးပြတ်သည်ဟုမက်မူ အိမ်ထောင်ဘက်နှင့် သဘောကွဲလွဲအံ့။
၉။ တရားရုံးတော်ကိုမြင်မက်မူ ရန်သူများရှိအံ့၊ သူတပါးမကောင်းကြံခံရအံ့။
၁၀။ တရားသူကြီးဖြစ်ရသည်မက်မူ ဒုက္ခအပေါင်းနှင့်ရင်ဆိုင်ရအံ့။
၁၁။ တရားစွဲခံရသည်မက်မူ မိဘမောင်ဖွားတို့ အပြစ်တင်ခြင်းခံရအံ့။
၁၂။ တရားရှုံးသည်ဟုမြင်မက်က အကျပ်အတည်းအခက်အခဲများ တွေ့ရအံ့။
၁၃။ တရားနိုင်သည်ဟုမက်က မျှော်လင့်တောင့်တနေသော သတင်းကောင်းကြားရအံ့။
၁၄။ တလားဖြင့် ဧယဉ်ကြူးသည်ကိုမြင်မက်မူ ခရီးဝေးသွားရအံ့၊ မင်္ဂလာပွဲကျင်းပရအံ့။
၁၅။ တက္ကသိုလ်ကိုမြင်မက်က ပညာတိုးပွားအံ့၊ မိတ်ကောင်းဆွေကောင်းများ ရရှိအံ့။
(တံ)
၁။ တံခါးကိုမြင်မက်မူ ဘေးဒုက္ခတွေ့အံ့။
၂။ တံခါးသော့ခတ်ထားသည်မြင်မက်မူ ဆုံးရှုံးအံ့။
၃။ တံခါးကို မိမိကိုယ်တိုင်ပိတ်ရသည်မြင်မက်က မိမိကဦးဆောင်၍ လုပ်ကိုင်ရအံ့။
၄။ တံခွန်တိုင်စိုက်ထူရသည်မက်မူ စည်းစိမ်တိုးအံ့။
၅။ တံစဉ်ကိုမြင်မက်မူ မိတ်ဆွေလျော့ပါးအံ့။
၆။ တံစဉ်ဖြင့် ကောက်ရိတ်ရသည်မက်မူ စိတ်ကြည်နူးအံ့။
၇။ တံစိုးလက်ဆောင်ပစ္စည်းရသည်မက်မူ စိတ်ကြည်နူးအံ့၊ ရိုးသားဖြောင့်မတ်သူ ဖြစ်အံ့။
၈။ တံဆိပ်များကိုမြင်မက်မူ ချစ်သူပေါများအံ့။
၉။ တံဆိပ်ခေါင်းများမြင်မက်မူ အထက်လူကြီးနှင့် ပေါင်းသင်းရအံ့။
၁၀။ တံတားကိုမြင်မက်မူ စိုးရိမ်ပူပန်ရအံ့။
၁၁။ တံတိုင်းကိုမြင်မက်မူ အလုပ်အကိုင် အနှောင့်အယှက်တွေ့အံ့။
၁၂။ တံတိုင်းပေါ်၌ ချစ်သူနှင့်လက်တွဲ၍ လျှောက်ရသည်မက်မူ ဆုံးဖြတ်ချက်ချရန် အခက်အခဲတွေ့ရအံ့။
၁၃။ တံတိုင်းကျိုးပဲ့နေသည်မြင်မက်မူ ရန်အပေါင်းနှင့်ရင်ဆိုင်ရအံ့၊ ဘေးဒုက္ခများ တွေ့ရအံ့။
၁၄။ တံမြက်စည်းကိုမြင်မက်က မင်္ဂလာပြုအံ့၊ သစ္စာမရှိသောမိတ်ဆွေများနှင့် ကွဲကွာရအံ့။
၁၅။ တံမြက်စည်းလှဲရသည်မက်က ချမ်းသာသုခပြည့်အံ့၊ လိုအင်ဆန္ဒပြည့်စုံအံ့။
၁၆။ တံမြက်စည်းပင်တောကိုမြင်မက်မူ အရောင်းအဝယ်တိုးတက်ကောင်းမွန်အံ့။
၁၇။ တံလျှပ်ကိုမြင်မက်မူ အဝေးမှမိမိအားထောက်ပံ့သူ စိတ်ဆိုးနေအံ့။
၁၈။ တံတားပေါ်လျှောက်ရသည်မြင်မက်မူ သောကရှိလျက် အလိုပြည့်အံ့။
၁၉။ တံစက်မြိတ်အောက်၌ ထိုင်နေသည်မက်က စိတ်အေးချမ်းသာယာအံ့၊ ပျော်ရွှင်အံ့။
၂၀။ တံခွန်လွှားသည်ကိုမြင်မက်မူ ရာထူးတိုးအံ့၊ ကြံရာမရဖြစ်နေရအံ့။
(တီ)
၁။ တီကောင်ကိုမြင်မက်သော် စိတ်သောကရောက်အံ့။
(တိမ်)
၁။ တိမ်တိုက်ကိုမြင်မက်မူ ကောင်းစားအံ့။
(တော)
၁။ တောနက်ထဲသွားရသည်မက်မူ အေးချမ်းအံ့။
၂။ တောမီးတောက်ကိုမြင်မက်က ဘေးဒုက္ခတွေ့အံ့၊ အကြံပျက်အံ့။
၃။ တောကြောင်ကိုမြင်မက်က ရန်သူလုပ်ကြံခံရအံ့။
၄။ တောခွေးကိုမြင်မက်က ဖျားနာအံ့။
၅။ တောလိုက်ရသည်မက်က အငြင်းအခုံဖြစ်ရအံ့။
(တောင်)
၁။ တောင်ပို့ထက် ခေါင်းဖြီးရသည်မက်မူ သူတပါးကိုးကွယ်ရာဖြစ်အံ့။
၂။ တောင်ထိပ်၌နေရသည်ဟူ၍မြင်မက်မူ မင်းစိုးရာဇာဖြစ်အံ့။
၃။ တောင်တက်နေရသည်ဟုမြင်မက်မူ ရာထူးရာခံရအံ့။
၄။ တောင်အရပ်သို့သွားရသည်မက်မူ ရောဂါရအံ့။
၅။ တောင်ကိုမြင်မက်က အလုပ်အကိုင်တိုးတက်အံ့။
၆။ တောင်ပေါ်မှလိမ့်ကျသည်ဟုမြင်မက်မူ စီးပွားရေးကျဆင်းအံ့။
၇။ တောင်ထိပ်၌ တရားကျင့်ရသည်မြင်မက်က အကြီးအကဲဖြစ်အံ့၊ ဩဇာအာဏာ ကြီးမားအံ့။
၈။ တောင်ပြိုကျသည်မက်က ဆုံးရှုံးအံ့။
၉။ တောင်ပူစာကိုမြင်မက်က နာမည်ကြီးအံ့၊ ရာထူးတိုးတက်အံ့။
၁၀။ တောင်ပို့တွင်းကိုမြင်မက်မူ ဘေးဒုက္ခတွေ့ရအံ့။
၁၁။ တောင်ဝှေးကိုမြင်မက်မူ ကူညီစောင့်ရှောက်မည့်သူ ပေါ်ပေါက်အံ့။
(တောင်း)
၁။ တောင်းစားရသည်မြင်မက်မူ ဥစ္စာပစ္စည်းပေါအံ့။
(တူ)
၁။ တူရိယာအမျိုးမျိုးတို့တွင် စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်မက်မူ မကောင်း။
၂။ တူထုသည်ကိုမြင်မက်မူ ဆင်းရဲပင်ပန်းအံ့။
၃။ တူထုရသည်မက်မူ အောင်မြင်အံ့၊ တက်လမ်းရှိအံ့။
၄။ တူဖြင့်စားရသည်မက်မူ ချစ်သူတွေ့အံ့။
၅။ တူရွင်းကိုမြင်မက်မူ သာယာမှုနှင့်ပြည့်စုံအံ့။
(တင်း)
၁။ တင်းတောင်းကိုမက်မူ အရောင်းအဝယ်မကောင်းအံ့။
၂။ တင်းတောင်းကို ရွက်သွားရသည်ဟုမြင်မက်မူ ဥစ္စာပစ္စည်းများရရှိအံ့၊ ဝင်ငွေတိုးအံ့၊ ဈေးရောင်းသူနှင့်လက်ထပ်ရအံ့။
၃။ တင်းတောင်းအသစ်များစွာဝယ်ရသည်ဟုမြင်မက်မူ အလုပ်အကိုင်တိုးချဲ့အံ့၊ ဝင်ငွေကောင်းရအံ့။
၄။ တင်းနစ်ရိုက်တံကိုမြင်မက်မူ အကြီးအကဲအငြိုအငြင်ခံရအံ့၊ ရန်ဘက်ဖြစ်ပွားအံ့။
၅။ တင်းနစ်ကစားကွင်းကိုသာမြင်မက်က ပင်ပန်းသောအလုပ်များ လုပ်ရကျိုးနပ်အံ့။
၆။ တင်းပုတ်ကိုမြင်မက်မူ အမှုအခင်းဖြစ်ရအံ့။
၇။ တင်းပုတ်ကိုင်ရသည်မက်မူ အငြင်းအခုံများပြုရအံ့။
၈။ တင်းကုပ်ကိုမြင်မက်မူ ကြီးပွားအံ့။
(တိုင်)
၁။ တိုင်ကပ်နာရီကိုမြင်မက်မူ အကျိုးဖြစ်ထွန်းမည့်နိမိတ်တည်း။
၂။ တိုင်စိုက်ထူရသည်မက်မူ မွန်မြတ်သောအကျိုးဆောင်ရွက်ရအံ့။
၃။ တိုင်ကျိုးသည်မြင်မက်က ဘေးဒုက္ခအန္တရာယ် ကြုံတွေ့ရအံ့။
(တိုင်း)
၁။ တိုင်းတာ၊ တိုင်းထွာရသည်ကိုမြင်မက်မူ ငွေကြေးချွေတာစွာ သုံးစွဲရအံ့။
၂။ တိုင်းတပါးသို့သွားရသည်မြင်မက်မူ ထိုသူသည် ဖောက်ပြန်အံ့၊ သစ္စာမဲ့အံ့။
၃။ တိုင်းဗုံးဖောက်ခွဲရသည်မက်မူ ရန်သူ၏အကြံကို စောစွာသိရှိရအံ့။
(တွင်း)
၁။ တွင်းကိုမြင်မက်မူ မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရအံ့။
၂။ တွင်းတူးရသည်မြင်မက်မူ သောကဖြစ်အံ့။
၃။ တွင်းထဲဆင်းရသည်မြင်မက်က ကိုယ့်ရှူးကိုယ်ပြန်ပက်အံ့၊ ကိုယ့်အပြစ်နှင့်ကိုယ် ခံရအံ့။
၄။ တွင်းထဲလိမ့်ကျသည်မက်က အလွန်ကံဆိုးအံ့။
၅။ တွင်းပေါ်သို့တက်ရသည်မက်မူ မျှော်လင့်ထားသူနှင့် တွေ့ဆုံရအံ့။
(တိပ်)
၁။ တိပ်ခွေကိုမြင်မက်က သတင်းကောင်းကြားရအံ့။
၂။ တိပ်ရီကော်ဒါကိုမြင်မက်က စည်းစိမ်ခံစားရအံ့။
၃။ တိတ်တဆိတ်ချောင်းကြည့်ရသည်မက်က မမျှော်လင့်သူထံမှ လက်ဆောင်ရအံ့။
၄။ တိတ်ဆိတ်သောနေရာရသည်မြင်မက်က တရားထူးတရားမြတ် နာကြားရအံ့။
(တန်)
၁။ တန်ခိုးအာဏာကြီးသည်မက်က မမျှော်လင့်သောကိစ္စများ၌ ကူညီရအံ့။
၂။ တန်ခူးလနှင့်ပတ်သက်၍ ရေကစားရသည်မက်က အေးချမ်းအံ့၊ စိတ်ပြောင်းစိတ်လွဲ မြန်ရအံ့။
၃။ တန်ဆာဆင်ရသည်ဟုမက်က သူတပါးရှိခိုးခံရအံ့။
(တာ)
၁။ တာပေါ်လင်စကိုချုပ်ဝတ်ရသည်မက်မူ အကူအညီရအံ့။
၂။ တာအိုးကိုမြင်မက်က သာယာရွှင်လန်းနိုင်အံ့။
(တပ်)
၁။ တပ်ဖွဲ့တစ်ခုခုထဲဝင်ရသည်မက်က အများကိစ္စအတွက် စိတ်ပါဝင်စားအံ့၊ ကူညီမှုပေးရအံ့။
(တစ်)
၁။ တစ်ဂဏန်းကိုမြင်မက်က ထင်ပေါ်ကျော်စောအံ့၊ လောင်းကစားနိုင်အံ့၊ ချစ်သူအချစ်တိုးအံ့၊ အကြီးအကဲ၏ စောင့်ရှောက်ကူညီခြင်းခံရအံ့။
၂။ တစ်တီတူးငှက်ကိုမြင်မက်မူ ခရီးထွက်ရအံ့။
၃။ တစ်တီတူးအော်သံ နေ့အခါကြားရသည်မက်မူ ရပ်ဝေးမှသတင်းကောင်းများ ကြားရအံ့။
၄။ တစ်တီတူးအော်သံ ညအခါကြားရသည်မက်မူ ရပ်ဝေးမှသတင်းကောင်းများ ကြားရအံ့။
၅။ တစ်တီတူးအဆိတ်ခံရသည်မက်မူ ခြေလက်များကျိုးလောက်သောအန္တရာယ် တွေ့ကြုံရအံ့။
(တယ်)
၁။ တယ်လီဖုန်းကိုမြင်မက်မူ သွေးဆောင်ခြင်းခံရအံ့။
၂။ တယ်လီဖုန်းပြောရသည်မက်မူ အရေးကြီးကိစ္စပေါ်အပေါက်အံ့။
(တွယ်)
၁။ တွယ်ချိတ်ကိုမြင်မက်မူ စွန့်ပယ်ခြင်းခံရအံ့။
(တွဲ)
၁။ တွဲလောင်းခိုစီးရသည်မြင်မက်မူ ပူပင်ကြောင့်ကြစိတ် များရအံ့။
(တင်)
၁။ တင်လဲကိုစားသောက်ရသည်မက်မူ ကျန်းမာရေးကောင်းမွန်လာအံ့၊ ဆေးစွမ်းကောင်းများတွေ့အံ့။
(တဲ)
၁။ တဲအိမ်ကိုမြင်မက်မူ အလုပ်အကိုင်ရရှိအံ့။
၂။ တဲအပျက်အစီးကိုမြင်မက်မူ ကံဆိုးအံ့၊ စီးပွားပျက်အံ့။
(တန်း)
၁။ တန်း၌ ကြွက်လျှောက်နေသည်မြင်မက်က မင်္ဂလာဆောင်ပြီး ဝင်ငွေများတိုးအံ့။
၂။ တန်းပေါ်တက်ရသည်မက်မူ မမာမကျန်းဖြစ်အံ့၊ ကြောင့်ကြရအံ့။
(တိုက်)
၁။ တိုက်ခိုက်ရသည်မက်က ယှဉ်ပြိုင်ခြင်းခံရအံ့။
၂။ တိုက်ခိုက်ခြင်းခံရသည်မက်မူ သင့်မိတ်ဆွေ သစ္စာပျက်အံ့။
၃။ တိုက်ပွဲတိုက်နေသည်မြင်မက်မူ အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံရအံ့။
(ထ)နှင့်ပတ်သက်သောအိပ်မက်များ
(ထ)
၁။ ထမင်းစားရသည်မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရှိအံ့။
၂။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်မြင်မက်မူ လာဘ်ရအံ့။
၃။ ထနောင်းပင်ကိုမြင်မက်မူ ကြံ့ကြံ့ခံနိုင်အံ့၊ မိမိစိတ်ကို စိုးမိုးနိုင်သူပေါ်အံ့။
၄။ ထနောင်းခေါက်ခွာရသည်မက်က ထီပေါက်အံ့၊ အလုပ်အကိုင်များ တိုးတက်ကြီးပွားအံ့။
၅။ ထကြွပုန်ကန်သည်မက်မူ မနာလိုသူများ ရန်ငြိုးထားအံ့။
၆။ ထမင်းကိုမြင်မက်မူ မိတ်ဆွေသစ်များရအံ့။
၇။ ထမင်းဖိတ်ကျွေးရသည်မက်မူ ခင်မင်သူတစ်ဦး သေပျောက်အံ့။
၈။ ထမင်းဖိတ်ကျွေး၍ စားရသည်မက်မူ ငွေကုန်ကြေးကျများအံ့။
၉။ ထမင်းအိုးကိုဆေးရသည်မက်မူ အစေအပါးဖြစ်အံ့။
၁၀။ ထမင်းကြမ်းစားရသည်မက်မူ အလွန်ဆင်းရဲအံ့။
၁၁။ ထမင်းချက်ရသည်မက်မူ အခိုင်းအစေဖြစ်အံ့။
၁၂။ ထမင်းခူးရသည်မက်မူ ကုသိုလ်သဒ္ဓါပွားများအံ့။
၁၃။ ထမင်းခွံ့ကျွေးရသည်မက်မူ ကြွေးဟောင်းဆပ်ရအံ့။
၁၄။ ထမင်းဆိုင်မြင်မက်မူ စီးပွားရေးကောင်းအံ့။
၁၅။ ထမင်းဆိုင်၌စားရသည်မက်မူ ပေါများကြွယ်ဝအံ့။
၁၆။ ထမင်းခြောက်လှန်းရသည်မက်မူ ရေရှည်စီမံကိန်း လုပ်ကိုင်ရအံ့။
၁၇။ ထမင်းခြောက်ကြော်စားရသည်မက်မူ ယခင်ကြွေးများရရှိအံ့။
၁၈။ ထဘီ(ထမိန်)ကိုမြင်မက်မူ ကောက်ကျစ်သူ၏ လှည့်ဖျားခြင်းခံရအံ့။
၁၉။ ထဘီချုပ်သည်ကိုမြင်မက်မူ ပျော်ရွှင်ရအံ့၊ စိတ်ချမ်းသာအံ့။
၂၀။ ထဘီသစ်ဝတ်ရသည်မက်မူ စီးပွားရေးတိုးတက်ကောင်းမွန်အံ့။
၂၁။ ထရံရက်ရသည်မက်က ရန်အပေါင်းမှ လုံခြုံကင်းဝေးအံ့။
၂၂။ ထရံကာသည်မက်မူ ဆွေမျိုးများ၏ပစ်ပယ်ခြင်းခံရအံ့။
(ထီ)
၁။ ထီလက်မှတ်ကိုမြင်မက်မူ အကြံကြီးအံ့။
၂။ ထီထိုးရသည်ဟုမက်မူ စွန့်စားရအံ့။
၃။ ထီပေါက်သည်မြင်မက်မူ သားသမီးရတနာရအံ့။
(ထီး)
၁။ ထီးကိုမြင်မက်မူ အေးချမ်းသာယာအံ့။
၂။ ထီးသစ်ကိုမြင်မက်က ကောင်းသောနိမိတ်တည်း။
၃။ ထီးဟောင်းကိုမြင်မက်မူ မိတ်ဆွေဟောင်းနှင့်တွေ့ရအံ့။
၄။ ထီးငှားရသည်မြင်မက်မူ အိမ်နီးချင်းနှင့် စကားများရအံ့။
၅။ ထီးရိုးကျိုးသည်မြင်မက်မူ အိမ်ထောင်ဘက်သေဆုံးအံ့။
၆။ ထီးတင်ပွဲသွားသည်မက်မူ မင်္ဂလာပွဲပြုလုပ်ရအံ့။
၇။ ထီးနှင့်ရိုက်ရသည်မက်မူ ဒုက္ခအပေါင်းမှ ကင်းလွတ်အံ့။
၈။ ထီးဝယ်ရသည်မက်မူ အိမ်ထောင်ပြုရအံ့။
၉။ ထီးရောင်းရသည်မက်မူ ချစ်သူသစ္စာဖောက်အံ့။
၁၀။ ထီးဆောင်းရသည်မက်မူ စိတ်အေးမြအံ့။
(ထမ်း)
၁။ ထမ်းစင်ထက် ကျီးနားသည်ဟုမြင်မက်မူ နာဖျားပျက်စီးအံ့။
၂။ ထမ်းစင်စီးရသည်မက်မူ လာဘ်ရအံ့။
၃။ ထမ်းစင်ကိုမြင်မက်မူ ချီးမြှောက်ခံရအံ့။
(ထန်း)
၁။ ထန်းပင်ကိုမြင်မက်မူ ချမ်းသာကြီးပွားအံ့၊ စုတ်ကောင်း လာဘ်ကောင်းဝင်အံ့။
၂။ ထန်းရည်သောက်ရသည်မက်မူ အများအထင်အမြင်သေးအံ့။ အရှက်ရအံ့။
၃။ ထန်းတက်သမားဖြစ်ရသည်ဟုမြင်မက်သော် အောင်မြင်မည့်အရာများ တွေ့ရအံ့၊ ချမ်းသာကိန်းကြုံရအံ့။
၄။ ထန်းသီးစားရသည်ဟု မိန်းမမြင်မက်မူ ထန်းရည်မူးသမားနှင့် လက်ထပ်ရအံ့၊ ယောက်ျားမက်မူ ဖျားနာအံ့။
၅။ ထန်းရွက်များကိုမိုး၍ နေရသည်မက်မူ ရာထူးကြီးအံ့၊ အလုပ်အကိုင်တိုးတက်အံ့။
၆။ ထန်းရည် ကစော်နံ့များ မွှန်နေသည်ဟုမက်မူ ကျန်းမာရေးမကောင်း၊ ဆီးစပ်နှင့်မျက်စိတို့ ဥပဒ်ပေးအံ့။
(ထင်း)
၁။ ထင်းပုံပြိုကျသည်မက်မူ မကောင်း။
၂။ ထင်းတုံးကိုမြင်မက်မူ သူတစိမ်းအား အကူအညီပေးအံ့။
၃။ ထင်းစည်းများမြင်မက်မူ သူတပါး၏ အတင်းပြောခံရအံ့၊ ပင်ပန်းနွမ်းနယ်အံ့။
၄။ ထင်းလှည်းများ ရှည်လျားစွာကိုမြင်မက်မူ အိုးအိမ်များအတွက် မီးဘေးသတိပေးသောနိမိတ်ဖြစ်အံ့။
၅။ ထင်းရှူးပင် စိမ်းလန်းမြင့်မားစွာမြင်မက်မူ အကျိုးရှိသောအလုပ်တစ်ခုအတွက် လူပင်ပန်းအံ့၊ ဝင်ငွေတိုးအံ့။
၆။ ထင်းရှူးပင် ခြောက်သွေ့လဲပြိုနေသည်မက်မူ ပူဆွေးသောကရအံ့။
၇။ ထင်းရှူးပင်များကို တောင်ပေါ်၌တွေ့ရက ယာလုပ်ငန်းဖြင့် အကျိုးပေးအံ့၊ သီးနှံအထွက်ကောင်းအံ့။
(ထိတ်)
၁။ ထိတ်လန့်စွာနေရသည်ဟုမြင်မက်မူ အလွန်ညံ့အံ့။
၂။ ထိတ်ထိတ်ပျာပျာနှင့် သွားလာနေထိုင်ရသည်ဟုမြင်မက်မူ နှောင့်နှေးအံ့။
(ထောင်)
၁။ ထောင်ကိုမြင်မက်မူ ကံဆိုးသောနိမိတ်တည်း။
၂။ ထောင်ထဲ၌နေရသည်မက်မူ လူအများကြည်ညိုခံရအံ့၊ အခက်အခဲကြားမှ ကင်းလွတ်အံ့။
၃။ ထောင်မှအကျဉ်းသားကိုမြင်မက်မူ မိမိကံကောင်းလျှင် မိမိအားဒုက္ခအပေါင်းမှ ကယ်နိုင်အံ့။
၄။ ထောင်ထဲ၌ မိမိချစ်သူကိုမြင်ရသည်မက်မူ လွတ်လပ်သောအချစ်ကိစ္စကို ဆွေးနွေးအံ့၊ အချစ်ရေးလွတ်လပ်ရအံ့။
၅။ ထောင်လုပ်သားများကိုမြင်မက်မူ ရန်မက်စစ်ပွားတိုးအံ့၊ တရားတပေါင်ဖြစ်က အနိုင်ရအံ့။
၆။ ထောင်ထမင်းစားရသည်မက်မူ အရေးကိစ္စများအောင်မြင်အံ့။
၇။ ထောင်မှလွတ်သောအချိန်ကိုမြင်မက်မူ အခက်အခဲကြားမှ အောင်မြင်အံ့။
၈။ ထောင်ကို အပြင်မှမြင်မက်မူ စည်းကမ်းတကျစောင့်ရှောက်ထိန်းသိမ်းသူ၊ ကွပ်ကဲတတ်သူများ၏လက်အောက်၌ နေရအံ့။
၉။ ထောင်တွင်းရှိ(အုတ်တိုက်ခေါ်)တိုက်၌နေရသည်မက်မူ အထူးကံကောင်းအံ့၊ စိတ်ချမ်းသာဖွယ်များနှင့် ကြုံရအံ့။
၁၀။ ထောင်အကြီးအကဲကိုမြင်မက်မူ မကြာမီ အားလပ်ခွင့်ရရှိအံ့။
၁၁။ ထောင်ချောက်ကိုမြင်မက်မူ မကောင်းကြံစည်သူများလက်မှ လက်မတင်လေးလွတ်မြောက်ရအံ့။
၁၂။ ထောင်ချောက်ကို မိမိ မိနေသည်မက်မူ မကောင်းသောနိမိတ်ဖြစ်အံ့။
၁၃။ ထောင်ချောက်ကို မိမိထောင်ရသည်မက်မူ ရက်စက်ကြမ်းကြုတ်သူများကို အောင်နိုင်အံ့။
(ထော)
၁။ ထောပတ်စားရသည်ဟုမြင်မက်မူ ကျန်းမာရေးကောင်းအံ့။
၂။ ထောပတ်ထမင်းစားရသည်မက်မူ စည်းစိမ်နှင့်နေရအံ့။
၃။ ထောပတ်ဝယ်ရသည်မက်မူ အလုပ်သစ် အကိုင်သစ်များ တိုးချဲ့ရအံ့။
၄။ ထောပတ်ရောင်းသည်မက်မူ အလုပ်အကိုင်အောင်မြင်အံ့။
၅။ ထောပတ်ကို ပေါင်မုန့်သုတ်စားရသည်မက်မူ ကောင်းမြတ်သောအကျိုးထူး ခံစားရအံ့။
၆။ ထောပတ်လိမ်းရသည်မက်မူ ရောဂါဖြစ်အံ့။
၇။ ထောပတ်နံ့ရသည်မက်မူ ချစ်သူထံမှ သတင်းကောင်းရအံ့။ လှပသောမိန်းကလေးနှင့် မိတ်ဆွေဖြစ်အံ့။
၈။ ထောပတ်ပျားရည်တို့ကို နှစ်နှစ်သက်သက်မြင်မက်မူ ချမ်းသာတိုးအံ့။
၉။ ထောပတ်နို့ရည်ကို ရွံရှာစွာမြင်မက်မူ ငတ်မွတ်သောဘေး၊ နာဖျားသောဘေး တွေ့ရအံ့။
(ထုံး)
၁။ ထုံးဖြူကိုမြင်မက်မူ ခိုက်ရန်ဖြစ်ပွားအံ့။ သူတပါးတိတ်တဆိတ်ကြံစည်နေအံ့။
၂။ ထုံးပုံးများကိုမြင်မက်မူ ကဲ့ရဲ့ခံရအံ့၊ အစေခံမိန်းမနှင့်ပတ်သက်၍ အရှက်ရတတ်အံ့။
၃။ ထုံးကျောက်တောင် ထုံးခဲအတုံးများကိုမြင်မက်မူ မကျန်းမာသူများကို ပြုစုရအံ့၊ သူတပါးအား တပင်တပန်းကူညီရအံ့။
(ထွန်)
၁။ ထွန်တုံးကိုမြင်မက်မူ ဆန်ရေစပါးပေါများမည့်နိမိတ်ဖြစ်အံ့။
၂။ ထွန်တုံးကို နွားနှင့်ထွန်ရသည်မက်မူ ဝင်ငွေများရရှိအံ့။
၃။ ထွန်တုံးကို ထောင်ထားသည်မက်မူ စိတ်ညစ်ပြေပျောက်အံ့။
၄။ ထွန်ခြစ်ကိုမြင်မက်မူ ချမ်းသာအံ့၊ လုပ်ဖော်ကိုင်ဖက်များအကြား မိမိကနာမည်ရအံ့။
(ထပ်)
၁။ ထပ်ခိုးမှဆင်းရသည်မက်မူ ရန်အပေါင်းမှကျော်လွှားနိုင်အံ့။
၂။ ထပ်ခိုးပေါ်တက်ရသည်မက်မူ အယောင်ဆောင်မိတ်ဆွေတုများ တွေ့ရအံ့။
(ထုပ်)
၁။ ထုပ်တန်းကိုမြင်မက်မူ ကူညီမစမည့်သူပေါ်အံ့။
၂။ ထုပ်ကျိုးကျသည်ဟုမက်မူ မကောင်း။
၃။ ထုပ်ပိုးချည်နှောင်ရသည်ဟုမက်မူ ခရီးသွားလိုစိတ်များဖြစ်အံ့။
(ထွက်)
၁။ ထွက်ရပ်ပေါက်ကိုယ်တော်ကိုမြင်မက်မူ မိမိအကြံအစည်များ အောင်ရအံ့၊ မျှော်လင့်သူနှင့် မကြာမီတွေ့ရအံ့။
၂။ ထွက်ပြေးတိမ်းရှောင်နေသူကိုမြင်မက်မူ ကံဆိုးသောရန်ပွဲဖြစ်အံ့၊ အကြံမအောင်သေးဘဲရှိအံ့။
၃။ ထွက်ပြေးရသည်မြင်မက်မူ သူတပါး၏ အစွပ်စွဲခံရအံ့။ အတင်းပြောခံရအံ့။ (ထိန်း) ၁။ ထိန်းသိမ်းစောင့်ရှောက်ရသည်ဟုမက်မူ သူတပါးအား အကူအညီပေးရအံ့။ လူအများချစ်ခင်အံ့။ (ထောင်း) ၁။ ထောင်းထုသည်မက်မူ လာဘ်ကြီးရအံ့။ ၂။ ထောင်းထုခံရသည်မက်မူ သောကကင်းဝေးအံ့။ (ထိုး) ၁။ ထိုးဆေးများစွာကိုမြင်မက်မူ ကျန်းမာရေး၌ များစွာတိုးတက်လာအံ့၊ ရန်အပေါင်းတို့မှ အောင်မြင်အံ့။ ၂။ ထိုးကွင်းမိမိပေါင်၌မြင်မက်မူ အထူးကောင်းမွန်အံ့။ (ထူး) ၁။ ထူးကဲခြားနားသော ရေကိုမြင်မက်မူ အမွေရအံ့။ ၂။ ထူးခြားသောအပြုအမူများကိုမြင်မက်မူ ဆန်းကြယ်သောအဖြစ်များနှင့် ကြုံရအံ့။ (ဒ)နှင့်ပတ်သက်သောအိပ်မက်များ (ဒ) ၁။ ဒရယ်သတ္တဝါကိုမြင်မက်မူ ချစ်သူကအားကိုးအံ့။ ၂။ ဒရယ်ပြေးနေသည်ကိုမြင်မက်မူ အားနွဲ့သူများမှီခိုရန် ရောက်လာကြအံ့။ ၃။ ဒရယ်ကိုဖမ်းရသည်မက်မူ ပင်ပန်းသောအလုပ်များမှ အောင်ပန်းဆွတ်ခူးရအံ့။ ၄။ ဒဏ္ဍာရီပုံပြင်များ ဖတ်ရသည်မက်မူ ဗဟုသုတပေါများကြွယ်ဝအံ့၊ ပညာတိုးပွားအံ့။ ၅။ ဒင်္ဂါးအသံများကြားရသည်မက်မူ ငွေကြေးကိစ္စအဆင်ပြေအံ့၊ ဝင်ငွေကောင်းအံ့။ ၆။ ဒင်္ဂါးအတုကိုသုံးစွဲရသည်မက်မူ လောင်းကစားလျှင်နိုင်အံ့။ ၇။ ဒင်္ဂါးအတုကိုမြင်မက်မူ အရှက်ရအံ့။ ၈။ ဒင်္ဂါးများကို စုဆောင်းရသည်မက်မူ အလုပ်အကိုင်များ ပြောင်းရွှေ့ရအံ့။ ခရီးထွက်ရအံ့။ ၉။ ဒင်္ဂါးများ မြေကြီးထဲမှတူးဖော်ရရှိသည်ဟုမက်မူ အမွေရအံ့။ မမျှော်လင့်ဘဲ ငွေများရရှိအံ့။ (ဒယ်) ၁။ ဒယ်အိုးကိုမြင်မက်မူ ပင်ပန်းကြီးစွာလုပ်ကိုင်ရအံ့။ စိတ်ချမ်းသာအံ့။ ၂။ ဒယ်အိုးပေါက်နေသည်မြင်မက်မူ စီးပွားကျအံ့။ ပင်ပန်းသောအလုပ်အကိုင်များ လုပ်ကိုင်ရအံ့။ ၃။ ဒယ်အိုးလက်ဆောင်ရသည်မက်မူ မစားဖူးသောအသီးအနှံမျာကို မှီဝဲစားသောက်ရအံ့။ (ဒါ) ၁။ ဒါနအလှူပြုရသည်ဟုမြင်မက်မူ လာဘ်ကြီးဝင်အံ့။ ၂။ ဒါနပြုရသည်မက်မူ ရာထူးတိုးအံ့။ စန်းပွင့်အံ့။ စကားကောင်းရအံ့။ (ဒိုး) ၁။ ဒိုးပတ်တီးရသည်ဟုမြင်မက်သော် ဆရာဖြစ်အံ့။ (ဒွန်း) ၁။ ဒွန်းစဏ္ဍား၏အထက်ကနေရသည်ဟုမက်မူ မကောင်း။ (ဒိန်) ၁။ ဒိန်ခဲကိုမြင်မက်မူ ဇနီးမယားသစ္စာရှိအံ့၊ ဒေါသဖြစ်ရအံ့။ ၂။ ဒိန်ခဲစားရသည်မက်မူ အမှားလုပ်ကိုင်မိအံ့။ ၃။ ဒိန်ချဉ်ကိုမြင်မက်က ဒုက္ခတွေ့အံ့။ ၄။ ဒိန်ချဉ်သောက်ရသည်မက်မူ ကျော်ကြားထင်ရှားအံ့။ ၅။ ဒိန်ချဉ်ရောင်းရသည်မက်မူ တိုးတက်အံ့။ (ဒေါင်း) ၁။ ဒေါင်းကိုမြင်မက်မူ ကောင်းသောအကျိုးရအံ့။ ၂။ ဒေါင်းများကနေသည်ကိုမြင်မက်မူ မိတ်များပျက်အံ့။ အများကဲ့ရဲ့ခံရအံ့။ ၃။ ဒေါင်းတွန်သံကြားရက ရပ်ဝေး၌ သတင်းထူးကြားရအံ့။ ၄။ ဒေါင်းမွေးမြူရသည်မက်မူ အိမ်ကျက်သရေတိုးအံ့။ (ဒီး) ၁။ ဒီးဒုတ်ငှက်ကိုမြင်မက်မူ ဆုံးရှုံးအံ့။ ပူဆွေးရအံ့။ (ဒီ) ၁။ ဒီရေတက်လာသည်ကိုမြင်မက်မူ စိတ်ဆင်းရဲရအံ့။ လောင်းကစားလျှင် ရှုံးရအံ့။ ၂။ ဒီရေအကျကိုမြင်မက်မူ အလုပ်အကိုင်၌ အစွပ်အစွဲခံရအံ့။ ၃။ ဒီရေနှင့်လကိုပြိုင်တူတွဲ၍ မြင်မက်မူ စိတ်ချောက်ချား၍ အရူးဝေဒနာကို ခံစားရအံ့။ (ဒေ) ၁။ ဒေလီယာပန်းပွင့်ကြီးကိုမြင်မက်မူ အခြွေအရံအသင်းအပင်းများ ပေါများအံ့။ ၂။ ဒေလီယာပန်းကြီးပန်ရသည်ဟုမြင်မက်မူ မုချလက်ထပ်ရအံ့။ စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။ ၃။ ဒေဝါလီ(မီးထွန်းပွဲ)ကိုမြင်မက်မူ အခက်အခဲအပေါင်းတို့မှ လွတ်ကင်းနိုင်အံ့။ (ဒန်) ၁။ ဒန်အိုး ဒန်ခွက်များကိုမြင်မက်မူ အိမ်တွင်းသုခရအံ့။ ၂။ ဒန်အိုး ဒန်ခွက်နှင့် ချက်ပြုတ်စားသောက်ရသည်မက်မူ အိမ်နီးချင်းအလှူအတန်းပွဲတော်သို့ သွားရအံ့။ (ဒန်း) ၁။ ဒန်းပင်ကိုမြင်မက်မူ ဝတ်စားတန်ဆာများ အသစ်ရရှိအံ့။ စိတ်ပျော်ရွှင်အံ့။ ၂။ ဒန်းပွင့်ပန်ရသည်မက်မူ ချစ်သူရှောင်ပြေးအံ့။ ၃။ ဒန်းရွက်လက်၌ဆိုးရသည်မက်မူ မုချလက်ထပ်ရ (ဝါ) ညီအစ်ကိုမောင်နှမထဲမှ မင်္ဂလာပြုရအံ့။ (ဒန့်) ၁။ ဒန့်ကျွဲပင်ကိုမြင်မက်မူ အကြီးအကဲအငြိုအငြင်ခံရအံ့။ ၂။ ဒန့်ကျွဲရွက်စားရသည်မက်မူ ချစ်သူပေါများအံ့၊ မင်္ဂလာစကားများ ပြောဆိုရအံ့။ (ဒဏ်) ၁။ ဒဏ်ရာမှ သွေးများထွက်နေသည်မက်မူ ရဲစွမ်းသတ္တိရှိအံ့။ ရဲလျှင် မင်းဖြစ်အံ့။ ၂။ ဒဏ်ရာကြီးစွာကိုတွေ့မြင်ရက စိတ်ဆင်းရဲအံ့။ ကံမကောင်းအံ့။ ၃။ ဒဏ်ပေးခံရသည်မက်မူ ဖျားနာအံ့။ (ဒက်) ၁။ ဒက်ပွေးများ ဦးခေါင်း၌မြင်မက်မူ နတ်ကြီးတို့စောင့်ရှောက်အံ့။ လိမ္မာရေးခြားရှိအံ့။ (ဒေါ) ၁။ ဒေါနပန်းကိုမြင်မက်မူ ချစ်သူပေါအံ့။ မင်္ဂလာစကားကောင်းများ ပြောဆိုရအံ့။ ၂။ ဒေါနပန်းလှူရသည်မက်မူ ဘုရားပန်းအိုးအသစ်ရရှိအံ့။ သတင်းကောင်းကြားရအံ့။ ၃။ ဒေါသထွက်ရသည်မက်မူ ထိုသူနှင့် မိတ်ဘက်ဖြစ်အံ့။ ၄။ ဒေါသဖြင့်ဆူပူခံရသည်မက်မူ အပြင်းဖျားအံ့။ (ဒု) ၁။ ဒုစရိုက်သမားများကိုမြင်မက်မူ စိတ်ဆင်းရဲရအံ့။ လောင်းကစားလျှင် ရှုံးအံ့။ ၂။ ဒုစရိုက်ပြုလုပ်ရသည်မက်မူ ဒုက္ခအပေါင်းမှ ကင်းရအံ့။ ၃။ ဒုစရိုက်များ ရှောင်ရှားရသည်မက်မူ အကြွေငွေများ မစမည့်သူရှိတတ်အံ့။ (ဒုံး) ၁။ ဒုံးလှေကိုမြင်မက်မူ စိတ်ပျော်ရွှင်အံ့။ ၂။ ဒုံးလှေကိုစီးရသည်မက်မူ စိတ်လက်လျင်မြန်အံ့။ ၃။ ဒုံးလှေနှင့် ရေနစ်မြုပ်သည်မက်မူ ပင်ပန်းသမျှ အကျိုးမဲ့ဖြစ်အံ့။ (ဒုတ်) ၁။ ဒုက္ခနှင့်ရင်ဆိုင်ရသည်မက်မူ ရာထူးတက်အံ့။ ၂။ ဒုက္ခရောက်နေသူကို ကူညီရသည်ဟုမက်မူ မိဘမဲ့ကလေး မွေးစားရအံ့။ ၃။ ဒုက္ခိတကိုမြင်မက်မူ စီးပွားပျက်အံ့။ ၄။ ဒုက္ခဖြစ်ရသည်ကိုမြင်မက်မူ ကူညီမည့်သူရရှိအံ့။ (ဒူး) ၁။ ဒူးဆစ်ကိုမြင်မက်မူ မိန်းမရအံ့။ မိန်းမမြင်မက်မူ ချစ်သူနှင့်ဝေးရာသွားရအံ့။ ၂။ ဒူးထောက်တောင်းပန်ရသည်မက်မူ ထိုသူအား သင်အလွန်မုန်းအံ့။ (ဓ)နှင့်ပတ်သက်သောအိပ်မက်များ (ဓ) ၁။ ဓနိပင်ကိုမြင်မက်မူ မျှော်လင့်ချက်အောင်မြင်အံ့။ ၂။ ဓနိနှင့်အိမ်မိုးရသည်မက်မူ အိမ်ထောင်ကျအံ့။ ၃။ ဓနိနှင့်ကာရသည်မက်မူ ရှေ့အဖို့ ကံကောင်းအံ့။ (ဓား) ၁။ ဓားကိုမြင်မက်မူ ရန်ငြိုးထားသူရှိအံ့။ ၂။ ဓားရှည်ကိုမြင်မက်မူ အပြစ်ဒဏ်ခံရအံ့။ ၃။ ဓားသွေးရသည်ဟုမြင်မက်မူ ကြွေးများရရှိအံ့။ ၄။ ဓားသွေးကျောက်ကိုမြင်မက်မူ အကြံအစည်များရှိနေအံ့။ ၅။ ဓားနှင့်ခုတ်ပိုင်းရသည်မြင်မက်မူ အိမ်ထောင်ရေးပျက်စီးအံ့။ ၆။ ဓားခုတ်ခံရသည်မက်မူ ဂုဏ်သတ္တိကျဆင်းအံ့။ ၇။ ဓားခုတ်ဒဏ်ရာမြင်မက်မူ ရာဇဝတ်မှုကျူးလွန်မိအံ့။ ၈။ ဓားမြောင်ကိုမြင်မက်မူ မိမိတန်ဖိုးထားသောပစ္စည်း ပျောက်ပျက်အံ့။ ၉။ ဓားမြောင်ဖြင့်ထိုးရသည်မက်မူ အငြင်းအခုံဖြစ်အံ့။ ၁၀။ ဓားမြောင်ကိုဆောင်၍ ခုခံတိုက်ခိုက်ရသည်မက်မူ အနှောင့်အယှက်များ တွေ့ရအံ့။ ၁၁။ ဓားလွယ်ကိုမြင်မက်မူ ထိတ်လန့်စရာသတင်းကြားရအံ့။ ရန်စကားများရအံ့။ ၁၂။ ဓားလွယ်ထားသည်ကိုမြင်မက်မူ ကိုယ်လေးလက်ဝန်ဖြစ်အံ့။ ကလေးရအံ့။ ၁၃။ ဓားကို နံရံတွင်ချိတ်ဆွဲထားသည်မြင်မက်မူ စိတ်အေးချမ်းသာယာအံ့။ ၁၄။ ဓားနှစ်လက်ကြက်ခြေခတ်မြင်မက်မူ အရှက်ရအံ့။ စိတ်ညစ်ကြေကွဲစရာ ကြုံရအံ့။ ၁၅။ ဓားပြတိုက်၍ လုယက်ခြင်းခံရသည်မြင်မက်မူ ရုတ်တရက်ပူဆွေးရအံ့။ ၁၆။ ဓားပြများကိုမြင်မက်မူ မကောင်းသောနိမိတ်တည်း။ ၁၇။ ဓားပြတိုက်ခံရသည်မြင်မက်မူ လောင်းကစားရှုံးအံ့။ ၁၈။ ဓား၊ လှံ အရောင်တောက်သည်မြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့။ ၁၉။ ဓား၊ လှံစွဲကိုင်ရသည်မက်မူ အသက်ရှည်အံ့။ (ဓာတ်) ၁။ ဓာတ်ခဲကိုမြင်မက်မူ အခက်အခဲတို့ကို ဖြေရှင်းနိုင်အံ့။ ၂။ ဓာတ်စက်ကိုမြင်မက်မူ မမျှော်လင့်သောငွေရရှိအံ့။ ၃။ ဓာတ်ဆီကိုမြင်မက်မူ မီးသွေးတွေ့အံ့။ ၄။ ဓာတ်ဆီနံ့ရှူရသည်မက်မူ သတင်းကောင်းကြားရအံ့။ ၅။ ဓာတ်ပြားမက်မူ အဆိုတော်များနှင့် ရင်းနှီးရအံ့။ ၆။ ဓာတ်တော်ပူဇော်ရသည်မြင်မက်မူ ဘုန်းကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံအံ့။ ၇။ ဓာတ်တော်ပျံကိုမြင်မက်မူ အလွန်ကောင်းသော ရှေ့ပြေးနိမိတ်တည်း။ ၈။ ဓာတ်ပုံကိုမြင်မက်မူ ကံကောင်းအံ့။ ၉။ ဓာတ်ပုံကိုမြင်မက်မူ သူတစိမ်းကလာရောက်၍ မိတ်ဆွေဖွဲ့အံ့။ ၁၀။ ဓာတ်ပုံရိုက်ခံရသည်မြင်မက်မူ ရောဂါဘယဖြစ်အံ့။ ၁၁။ ဓာတ်မီးကိုမြင်မက်မူ မိမိအိမ်ကို ခေါင်မိုးအသစ်မိုးရအံ့။ ဦးခေါင်းပြောင်အောင် ရိတ်ရအံ့။ ၁၂။ ဓာတ်မီးရုတ်တရတ်မီးငြိမ်းသွားသည်မက်မူ မိန်းမကိစ္စနှင့် အရှက်တကွဲဖြစ်ရအံ့။ စိတ်ပျက်ရအံ့။ ၁၃။ ဓာတ်မီးဆွဲ၍ လမ်းလျောက်ရသည်မက်မူ ဂုဏ်ထူးများရရှိအံ့။ စာမေးပွဲအောင်အံ့။ ပညာရေးထင်ပေါ်အံ့။ ၁၄။ ဓာတ်လုံးတပ်ထားသောလက်စွပ်ဝတ်ရသည်မက်မူ အထက်လူကြီးတို့က စောင်မကြည့်ရှုအံ့။ ၁၅။ ဓာတ်လုံးကို မြင့်မြတ်သူကပေးသည်ဟုမက်မူ သတင်းကောင်းကြားရအံ့။ မြေသစ်၌ လယ်ယာလုပ်ကိုင်က အထူးကြီးပွားအံ့။ မြေယာဝင်အံ့။ ၁၆။ ဓာတ်လုံးကို ပါးစပ်၌ငုံရသည်မက်မူ ကျော်စောအံ့။ မင်္ဂလာရှိသောစကားများကို ဆိုရအံ့။ ၁၇။ ဓာတ်လုံးရရှိရန် ဖိုထိုးနေသည်ကိုမြင်မက်မူ စိန်ကောင်း ကျောက်ကောင်းရတနာများကို ဝတ်ဆင်ရအံ့။ ကံကောင်းအံ့။ ၁၈။ ဓာတ်လုံးနှင့်ပေါက်ရသည် ပစ်ရသည်မက်မူ ရန်သူအပေါင်းကို အလွယ်တကူနိုင်အံ့။ ၁၉။ ဓာတ်တိုင်ကိုမြင်မက်မူ စိတ်ပင်ပန်းအံ့။ ၂၀။ ဓာတ်တိုင်ပေါ်တက်နေသည်ကိုမြင်မက်မူ အလုပ်အကိုင်အတွက် စရန်ပေးသူများ လာရောက်အံ့။ ၂၁။ ဓာတ်အားရှိသောဝါယာကြိုးများကိုမြင်မက်မူ ချစ်သူနှင့်ရန်ဖြစ်အံ့။ ကြောက်စရာသတင်းများ ကြားရအံ့။ ၂၂။ ဓာတ်လိုက်သည်ဟုမက်မူ ကျန်းမာရေးမကောင်း၊ ကိုယ်လက်များကိုက်ခဲအံ့။ (ဓူ) ၁။ ဓူဝံကြယ်ကိုမြင်မက်မူ အကြံအောင်အံ့။ ၂။ ဓူဝံကြယ်ကို ဆွတ်ခူးရသည်ဟုမြင်မက်မူ မိမိထက်သာသောသူနှင့် လက်ထပ်ရအံ့။ ၃။ ဓူဝံကြယ်ရွေ့လျားသည်ကိုမြင်မက်မူ အလုပ်အကိုင်တိုးတက်အံ့။ (န)နှင့်ပတ်သက်သောအိပ်မက်များ (န) ၁။ နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟုမြင်မက်မူ လာဘ်ရအံ့။ ၂။ နဂါးကိုမြင်မက်မူ ဥပဒ်တွေ့အံ့။ ဒုက္ခတွေ့ရအံ့။ ၃။ နဂါးကိုဖမ်းရသည်မက်မူ ပြောင်းလဲမှုမြန်ဆန်တတ်အံ့။ စိတ်ချမ်းသာမှု ရရှိတတ်အံ့။ ၄။ နဂါးနှင့်ဂဠုန်ကိုမြင်မက်မူ အိမ်တွင်းရန်မက် ကြီးကျယ်စွာဖြစ်ပွားအံ့။ တရားတပေါင်ဖြစ်ရအံ့။ ၅။ နကျယ်ကောင်ကိုမြင်မက်မူ မိန်းမတစ်ဦး၏ရန်တွေ့ခြင်းခံရအံ့။ မိန်းမကို ရှောင်ရှားရအံ့။ ၆။ နပန်းသမားကိုမြင်မက်မူ စိတ်ချမ်းသာအံ့။ ကျန်းမာရေးကောင်းအံ့။ ၇။ နပန်းလုံးနေသည်မက်မူ နှောင့်ယှက်သူများနှင့်တွေ့ရအံ့။ မကောင်းကြံခံရအံ့။ ၈။ နဖားပေါက်ဖောက်ရသည်မြင်မက်မူ နွားတစ်ကောင်ရရှိအံ့။ ခြေလေးချောင်းဝင်လျှင် ကောင်းစားအံ့။ ၉။ နဖူးပေါ်၌ ဆံမွေးများကျနေသည်မက်မူ မနာလိုသူများပေါ်တတ်အံ့။ အလုပ်အကိုင်၌ နှောင့်ယှက်သူပေါ်အံ့။ ၁၀။ နဖူးပြောင်သောသူကိုမြင်မက်မူ ဂုဏ်ကျက်သရေတိုးပွားအံ့။ ၁၁။ နလင်ကျော်မြစ်ကိုမြင်မက်မူ အနာရောဂါကင်းအံ့။ ဆရာကောင်းကို ပူဇော်ရအံ့။ ၁၂။ နဘူးခြုံကိုမြင်မက်မူ ကံဆိုးအံ့။ မြွေဆိုးရန်ရှိအံ့။ (နာ) ၁။ နာနတ်ပင်ကိုမြင်မက်မူ ခြံလုပ်ငန်း ဥယျာဉ်လုပ်ငန်းလုပ်က အောင်မြင်အံ့။ ကြီးပွားအံ့။ ၂။ နာနတ်သီးစားရသည်ဟုမက်မူ ခင်ပွန်းဖြစ်သူလိမ်ခြင်း ခံရအံ့။ ၃။ နာနတ်ပင်စိုက်ရသည်ဟုမြင်မက်မူ လှူဒါန်းဒါနပြုရအံ့။ စိတ်ပျော်ရွှင်အံ့။ ၄။ နာရီထိုးသံကြားရသည်မက်မူ လက်ထပ်ချိန်စောင့်ဆိုင်းရအံ့။ အမွေများရရှိအံ့။ ၅။ နာရီချိန်သီးကိုမြင်မက်မူ ခရီးထွက်ရအံ့။ မမျှော်လင့်သူထံမှ စာရအံ့။ ၆။ နာရီပျက်ကိုမြင်မက်မူ ရေကြောင်းခရီးကိုသွားလျှင် အန္တရာယ်တွေ့အံ့။ ၇။ နာရီဝယ်ရသည်မြင်မက်မူ စီးပွားရေးလာဘ်ကောင်းအံ့။ ၈။ နာမည်ခေါ်သံကြားရသည်မက်မူ သတင်းကောင်းကြားရအံ့။ ၉။ နာရီရောင်းရသည်မက်မူ နှစ်သက်ဖွယ်သောစကား ကြားရအံ့။ ၁၀။ နာမည်ပြောင်းရသည်မက်မူ အလုပ်အကိုင်ပြောင်းရအံ့၊ နေအိမ်ပြောင်းရအံ့။ ၁၁။ နာမည်ကောင်းလက်မှတ်ရသည်ဟုမြင်မက်မူ ကြံစည်ထားသောအလုပ်အကိုင် နှောင့်နှေးအံ့။ ၁၂။ နာဖျားသည်ဟုမြင်မက်မူ ကျန်းမာရေးကောင်းအံ့။ ၁၃။ နာဖျားနေသူကိုမြင်မက်မူ ကံဆိုးအံ့။ ၁၄။ နာရေးကိစ္စ ကူညီဆောင်ရွက်ရသည်မက်မူ မိမိ၏ ကျက်သရေဂုဏ်သတင်း ပျံ့နှံ့အံ့။ (နံ့) ၁။ နံ့သာနီတုံးကိုမြင်မက်မူ စန်းပွင့်အံ့။ ချစ်သူပေါအံ့။ ၂။ နံ့သာတောကသွားရသည်မြင်မက်မူ ပစ္စည်းဥစ္စာရတနာ မုချရရှိအံ့။ ၃။ နံ့သာမျိုးငါးပါးအနံ့ ရှူရသည်မြင်မက်မူ ကျန်းမာပျော်ရွှင်အံ့။ တစ်နေ့တခြား ကျော်စောအံ့။ ၄။ နံ့သာငါးမျိုးငါးပါး တစ်ပါးပါးကိုရှူရသည်ဟုမြင်မက်မူ တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။ (နူ) ၁။ နူနေသောလူကိုမြင်သည်ဟုမြင်မက်မူ လာဘ်ရအံ့။ ၂။ နူနာရောဂါစွဲကပ်နေသည်ဟုမြင်မက်မူ လာဘ်ကြီးဝင်အံ့။ ၃။ နူနေသောရောဂါသည်ကိုမြင်မက်မူ ဒုက္ခတွေ့အံ့။ ရန်သူများပေါ်အံ့။ ၄။ နူသောရောဂါ မိမိ၌ရှိသည်ဟုမြင်မက်မူ ကျန်းမာရေးကောင်းအံ့။ ဘုန်းကြီးအံ့။ ပူဇော်ခံရအံ့။ (နှဲ) ၁။ နှဲသံကြားရသည်ဟုမြင်မက်မူ အကြီးအကဲဖြစ်အံ့။ ၂။ နှဲကျိုးသည်ဟုမြင်မက်မူ စီးပွားရေးပျက်အံ့။ (နှင်း) ၁။ နှင်းသီးကိုမြင်မက်မူ သာယာအေးချမ်းအံ့။ ၂။ နှင်းသီးစားရသည်မြင်မက်မူ အထူးတလည် အထမြောက်အောင်မြင်အံ့။ ၃။ နှင်းများအုံ့ဆိုင်းနေသည်မက်မူ အောင်မြင်မှုလမ်းတွေ့ရအံ့။ ၄။ နှင်းပန်းကိုမြင်မက်မူ ချစ်ခင်သူပေါအံ့။ ၅။ နှင်းဆီပန်းကိုမြင်မက်မူ တင့်တောင့်တင့်တယ်နေထိုင်ရအံ့။ (နီ) ၁။ နီလာကျောက်ကိုမြင်မက်မူ ကံကောင်းသောနိမိတ်များတွေ့ရအံ့။ ၂။ နီလာကျောက်ဝတ်ဆင်ရသည်ကိုမြင်မက်မူ အင်္ဂါသားသမီးတို့စိုးမိုးအံ့။ ၎င်း၏ဩဇာညောင်းအံ့။ ၃။ နီလာကျောက်ပျောက်ဆုံးသည်ဟုမက်မူ သောကြာသားသမီးတို့ ပျက်စီးအံ့။ (နက်) ၁။ နက်သောအရောင်ကိုမက်သော် ဘေးဒုက္ခရောက်အံ့။ ၂။ နက်သောအင်္ကျီကိုဝတ်ရသည်မက်သော် သေကျေပျက်စီးအံ့။ (နေ) ၁။ နေဗိမာန်သည် ကြယ်အပေါင်းခြံရံလျက် မြေမှကောင်းသူတို့ ပျံတက်သည်ဟုမက်မူ ဘုန်းကံသေးငယ်သောသူတို့ အတုမရှိဘုန်းကြီးအံ့။ ၂။ နေ လကြတ်သည်ကိုမြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။ ၃။ နေ လတို့ မွန်းတည့်သည်ကိုမြင်မက်မူ ကြီးစွာသောချမ်းသာသုခရအံ့။ ၄။ နေ လတို့မွန်းတည့်သည်ကိုမြင်မက်မူ အမျိုး ၇ဆက်တို့မပျက်နိုင်သော စည်းစိမ်သုခကိုရအံ့။ ၅။ နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟုမက်မူ ဘုန်းကြီးသောသားကို ရအံ့။ ၆။ နေအိမ် လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟုမြင်မက်မူ ကောင်းစားအံ့။ ၇။ နေစာပန်းပန်၍ စည်တီးရသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။ ၈။ နေ လ ကြယ်တို့ကိုမြင်မက်မူ သူတပါးထက် မြင့်မားသူဖြစ်အံ့။ ၉။ နေသည် အရှေ့ဘက်မှထွက်၍ အနောက်သို့ဝင်သည်မြင်မက်မူ ဘုန်းကြီးသူနှင့်တွေ့ရအံ့။ ၁၀။ နေ လတို့ကိုဖက်ရသည်ဟုမြင်မက်မူ ကြွယ်ဝအံ့။ ၁၁။ နေသည် ဝမ်းတွင်းသို့ဝင်သည်ဟုမြင်မက်မူ သားကောင်းမွေးဖွားအံ့။ ၁၂။ နေဝင်ဆည်းဆာကိုမြင်မက်မူ မျက်စိရောဂါရှိလျှင် မုချပျောက်ကင်းအံ့။ ၁၃။ နေကြာပွင့်ကိုမြင်မက်မူ ပညာတိုးအံ့။ ဥစ္စာပစ္စည်းဝင်အံ့။ စန်းပွင့်အံ့။ ချစ်သူခင်သူပေါများအံ့။ ၁၄။ နေကြာပန်းပန်ရသည်မက်မူ သိုသိုသိပ်သိပ် မင်္ဂလာပြုရအံ့။ ၁၅။ နေကြာပင်များကိုမြင်မက်မူ အနှောင့်အယှက်မကင်းသော ဥစ္စာပစ္စည်းဝင်အံ့။ အရောင်းအဝယ်လုပ်ရအံ့။ ၁၆။ နေကြတ်သည်ကိုမြင်မက်မူ အကြံအစည်ပျက်အံ့။ ၁၇။ နေကြတ်ချိန်၌ မှောင်ရာမှလင်းလာသည်မက်မူ မူလရာထူးစည်းစိမ် ပြန်လည်ရရှိအံ့။ (နတ်) ၁။ နတ်ရုပ်၊ ဗိဿနိုးရုပ်တို့ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။ ၂။ နတ်တို့စကားပြောသည်ကိုမြင်မက်မူ တုန်လှုပ်ပျက်စီးအံ့။ (နှုတ်) ၁။ နှုတ်ခမ်းကိုမြင်မက်မူ သူတပါးအတင်းပြောအံ့။ ၂။ နှုတ်ခမ်းနီဆိုးရသည်မက်မူ သူတပါးစကား မိမိစကားဖြစ်ရအံ့။ ၃။ နှုတ်ခမ်းမွေးပေါက်သည်ဟုမြင်မက်မူ ဒေါသမီးတောက်လောင်အံ့။ ၄။ နှုတ်ခမ်းမွေးရိတ်ရသည်မက်မူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ရအံ့။ ၅။ နှုတ်ဆက်စကား ပြောကြားရသည်မြင်မက်မူ အသိမိတ်ဆွေတိုးအံ့။ (နှမ်း) ၁။ နှမ်းခင်းကိုမြင်မက်မူ စိုက်ပျိုးရေးအောင်မြင်အံ့။ ၂။ နှမ်းကိုဆီကြိတ်ရသည်မြင်မက်မူ အထူးကောင်းမွန်အံ့။ ၃။ နှမ်းဆီကိုသောက်ရသည်မက်မူ စိုးရိမ်သောကဝေးအံ့။ (နန်း) ၁။ နန်းတော်အိမ်ကို မီးလောင်ဟုမက်မူ ရန်ကိုအောင်၍ အနာပျက်စီးအံ့။ (နှာ) ၁။ နှာခေါင်းပဲ့ဟုမက်မူ စီးပွားပျက်စီးအံ့။ ၂။ နှာခေါင်းတွင်းသို့ မကောင်းသောအနံ့ဝင်သည်မက်မူ မကောင်းသောအကြံကို ကြံသည်။ ၃။ နှာခေါင်းတွင်းသို့ ကောင်းသောအနံ့ဝင်သည်မက်မူ ကောင်းသောအကြံကြံသည်။ ၄။ နှာချေသည်မက်မူ ထင်ရှားကျော်စောသည်။ ၅။ နှာရှူရသည်မက်မူ ပူဆွေးရသည်။ ၆။ နှာခေါင်းသွေးယိုသည်မက်မူ သူတပါးတို့မှီခိုမည်။ (နို့) ၁။ နို့အမျိုးမျိုးသောက်ရသည်မက်မူ အကြီးအကဲဖြစ်သည်။ ၂။ နို့စို့ရသည်မြင်မက်မူ သူတပါးက ပညာပေးသည်။ ၃။ နို့ညှစ်ရသည်မြင်မက်မူ ကြွယ်ဝသည်။ ၄။ နို့ကို ရွှေခွက်နှင့်ထည့်သောက်ရသည်မက်မူ လာဘ်ရသည်။ ၅။ နို့နာပေါက်သည်မြင်မက်မူ မိမိအိမ်သားတစ်ဦးအတွက် ဒုက္ခတွေ့မည်။ (နွား) ၁။ နွားချေးကိုမြင်မက်မူ စိုက်ပျိုးလုပ်ကိုင်ရသည်။ ၂။ နွားငယ်ကိုမက်မူ သမီးရမည်။ ၃။ နွားငယ်ခုန်ပေါက်မြူးနေသည်မြင်မက်မူ အကောင်းဆုံးနိမိတ်တည်း။ ၄။ နွားစီးသည်ကိုမက်မူ ချမ်းသာမည်။ ၅။ နွားကျောင်းဟုမက်မူ အကြီးအကဲဖြစ်မည်။ ၆။ နွားချေးရေချိုးသည်မြင်မက်မူ လာဘ်ရသည်။ ၇။ နွားဖမ်းသည်မက်မူ ရပ်ရွာအကြီးအကဲဖြစ်မည်။ ၈။ နွားရသည်မက်မူ ပစ္စည်းဥစ္စာတိုးတက်မည်။ ၉။ နွားရေချိုးသည်မက်မူ မကောင်းပါ။ ၁၀။ နွားနို့သောက်ရသည်မက်မူ သူတပါးထက်ပိုပြီး ကျော်စောမည်။ (နိုင်) ၁။ နိုင်ငံခြားသွားသင်္ဘောကိုမြင်မက်မူ အကျိုးစီးပွားဖြစ်ပွားမည်။ ၂။ နိုင်ငံခြားကူးလေယာဉ်မက်မူ အထွတ်အထိပ်ရောက်မည်။ ၃။ နိုင်ငံခြားသွားရသည်မက်မူ စိတ်ချမ်းသာမည်။ ၄။ နိုင်ငံရေးသမားကိုမက်မူ အကျိုးမရှိသောစကားများ ငြင်းခုံရမည်။ ၅။ နိုင်လွန်ကြိုးကိုမက်မူ အကျိုးအမြတ်များစွာရမည်။ ၆။ နိုင်လွန်ဆွယ်တာဝတ်ရသည်မက်မူ ဖျားနာမည်။ (နား) ၁။ နားတွင်းသို့ ရေဝင်သည်ဟုမက်မူ လာဘ်ရအံ့။ ၂။ နားပင်းသည်ဟုမြင်မက်မူ သူတပါးအတင်းပြောအံ့။ ၃။ နားတွင်းသို့ ဆီသန့်ဝင်သည်ဟုမြင်မက်မူ နှစ်သက်ဖွယ်သောစကားကို ကြားရသည်။ ၄။ နားပင်သည်ဟုမက်မူ သူတပါးအတင်းပြောခံရသည်။ သစ္စာမဲ့သူနှင့် မေတ္တာမျှရသည်။ ၅။ နားသမင်္ဂလာပြုရသည်ဟုမက်မူ အများရိုသေလေးစားသည်။ ၆။ နားဖောက်သည်မက်မူ နှစ်သက်ဖွယ်သောစကားများ ကြားရသည်။ ၇။ နားကိုက်ခဲသည်ကိုမြင်မက်မူ နာရေးသတင်းကိုကြားရသည်။ အထက်လူကြီး ငြိုငြင်ကြိမ်းမောင်းခံရမည်။ ၈။ နားကင်းကိုမြင်မက်မူ အကြံအစည်များအောင်မြင်မည်။ အလှူအတန်း ကြီးကျယ်စွာပြုရသည်။ စိတ်ချမ်းသာမည်။ ၉။ နားကပ်ဝတ်ဆင်ပေးရသည်ဟုမြင်မက်မူ ဝတ်ဆင်သူနှင့် အချင်းဖြစ်ပွားမည်။ ၁၀။ နားတောင်းဝတ်ဆင်ရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့။ ရာထူးတိုးအံ့။ မိန်းမကမြင်မက်မူ ချမ်းသာသူနှင့် မင်္ဂလာပြုရအံ့။ ၁၁။ နားဆွဲဝတ်ရသည်မက်မူ မနာလိုဝန်တိုသူများ အနီးအနား၌ရှိသည်။ ၁၂။ နားပန်းဆံကိုမြင်မက်မူ အလှကျက်သရေတိုးအံ့။ စိတ်ချမ်းသာအံ့။ (နံ) ၁။ နံနံပင်ကိုမြင်မက်မူ အိမ်တွင်းရန်မက်ဖြစ်ပွား၏။ ၂။ နံနံပင်စားရသည်မြင်မက်မူ ဥစ္စာပစ္စည်းရတနာများ မုချရရှိသည်။ ၃။ နံနတ်ခင်းများကိုမြင်မက်မူ အကြံအစည်များ မုချအောင်မြင်သည်။ (နှီး) ၁။ နှီးပြားကိုမြင်မက်မူ အကြံအောင်မည်။ (နွယ်) ၁။ နွယ်ပင်ကိုမြင်မက်မူ မိမိကိုမှီခိုမည့်သူ ပေါ်လာအံ့။ ၂။ နွယ်ပင်ပေါ်တက်ရသည်မက်မူ ခက်ခဲသောလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်သည်။ ၃။ နွယ်ကြိုးပျက်ကျသည်မက်မူ ခက်ခဲသောလုပ်ငန်းများ ပျက်စီးဆုံးရှုံးတတ်သည်။ (နှ) ၁။ နှလုံးသားအပြင်ထွက်သည်ဟုမြင်မက်မူ သားသမီးတို့ အရပ်တပါးသို့ ပြောင်းသွားရသည်။ ၂။ နှလုံးသားကိုမြင်မက်မူ မိမိနှစ်သက်သူနှင့် အိမ်ထောင်ကျသည်။ ၃။ နှလုံးခုန်သည်ကိုမြင်မက်မူ ကျန်းမာရေးကောင်းသည်။ (နုံး) ၁။ နုံးမြေနှင့်စိုက်ခင်းများကိုမက်မူ အထူးကံကောင်းသည်။ ဥစ္စာပစ္စည်းတိုးပွားမည်။ ၂။ နုံးမြေ၌ ပင်ပန်းစွာသွားလာရသည်မက်မူ ကြိုးစားသလောက် အောင်မြင်မှုတွေရသည်။ စိုက်ပျိုးပြုလုပ်ပါက အထူးအောင်မြင်သည်။ (နေ့) ၁။ နေ့စွဲ ရက်စွဲကြည့်ရသည်ဟုမြင်မက်မူ အရောင်းအဝယ်အတွက် အချိန်းအချက်ပြုလုပ်က အောင်မြင်မည်။ (နွံ) ၁။ နွံဗွက်တွင်ကျွံကျသည်မြင်မက်မူ မမျှော်လင့်သောကြမ္မာဆိုးတွေ့ရသည်။ (နှံ) ၁။ နှံကောင်ကိုမက်မူ အကျိုးစီးပွားဖျက်ဆီးခံရသည်။ ၂။ နှံပြည်စုတ်ကိုမက်မူ လူကြီးနှင့်မိတ်ဆွေဖြစ်သည်။ (နှင်) ၁။ နှင်တံကိုမြင်မက်မူ အောင်မြင်မှုလမ်းတွေ့ရအံ့။ (နောက်) ၁။ နောက်သောရေကိုမက်မူ သောကကြုံရသည်။ ၂။ နောက်ပိုးရသည်မြင်မက်မူ ဇနီးမောင်နှံကွေကွင်းရသည်။ ၃။ နောက်ပိုးခံသည်မက်မူ မင်္ဂလာပွဲပျက်စီးသည်။ ၄။ နောက်ပိတ်ဖိနပ်ကိုမြင်မက်မူ အတင်းပြောခံရသည်။ သိက္ခာပျက်သည်။ ၅။ နောက်ပိတ်ဖိနပ်စီးရသည်မက်မူ ခရီးဝေးသွားရသည်။ ၆။ နောက်ပိတ်ပါသောကားကိုမြင်မက်မူ ငွေကုန်ကြေးကျများသည်။ ၇။ နောက်ပိတ်ပါသောမြင်းလှည်းကိုမြင်မက်မူ စိတ်ဆင်းရဲရသည်။ ထိခိုက်နာကျင်သည်။ ၈။ နောက်ဖေးတံခါးပေါက်မြင်မက်မူ စိတ်ဆင်းရဲသည်။ (နှောင့်) ၁။ နှောင့်ယှက်ရသည်မြင်မက်မူ မိမိလင် တခြားမိန်းမကို ချစ်ကြိုက်နေသည်။ (ပ)နှင့်ပတ်သက်သောအိပ်မက်များ (ပ) ၁။ ပတ္တမြားရသည်ဟုမြင်မက်မူ သားကောင်းရသည်။ ၂။ ပဆစ်တုပ်ထိုင်သည်မက်မူ ကျွန်ဖြစ်အံ့။ ၃။ ပဆုပ်ပနီကောင်ကိုမြင်မက်မူ မကောင်းကြမ္မာကြုံရသည်။ ၄။ ပဆုပ်ပနီတုပ်ခံရသည်မက်မူ ကျက်သရေမင်္ဂလာရှိသည်။ ၅။ ပဋိသန္ဓေရှိသည်မက်မူ ကျက်သရေမင်္ဂလာရှိသည်။ ၆။ ပဒုမ္မာကြာကိုမြင်မက်မူ မင်္ဂလာသတင်းကြားရသည်။ ၇။ ပယင်းကိုမြင်မက်မူ မာနကြီးသည်။ ၈။ ပရုတ်လုံးကိုမြင်မက်မူ သတင်းကောင်းကြားရသည်။ ၉။ ပလောင်လူမျိုးမြင်မက်သော် မိတ်ဆွေသစ်ရသည်။ ၁၀။ ပုရစ်ကိုမြင်မက်သော် လိမ်ညာတတ်သည်။ ၁၁။ ပုရစ်စားရသည်မြင်မက်မူ မြှောက်ပင့်သူပေါသည်။ ၁၂။ ပရိက္ခရာကိုမြင်မက်မူ ကုသိုလ်ဘာဝနာပွားများသည်။ ၁၃။ ပရိတ်ရွတ်ဆိုရသည်မက်မူ ရန်အပေါင်းကင်းဝေးသည်။ ၁၄။ ပရိတ်ရွတ်ဆိုသံမက်မူ မိမိအတွက် ကောင်းသောသတင်းထူးကြားရသည်။ ၁၅။ ပရိသတ်ရှေ့မှောက်၌ တေးဆိုသည်မက်မူ ကျော်ကြားသည်။ ၁၆။ ပလိပ်ရောဂါဖြစ်သည်မက်မူ သင်တိုက်ခိုက်စရာပေါ်သည်။ ၁၇။ ပလိပ်ရောဂါဖြစ်၍ သေသည်မြင်မက်မူ မူလရောဂါပျောက်ကင်း၍ အသက်ရှည်သည်။ ၁၈။ ပလွေကိုမက်မူ ချမ်းသာစွာနေထိုင်ရသည်။ ၁၉။ ပလွေမှုတ်သံကြားရသည်မက်မူ အပူအပင်ကင်းသည်။ ၂၀။ ပသပူဇော်ရသည်မက်မူ အကြီးအကဲဖြစ်သည်။ ၂၁။ ပသပူဇော်ခြင်းခံရသည်မက်မူ လာဘ်ရသည်။ ၂၂။ ပဟေဠိမေးခွန်းဖြေရသည်မက်မူ ခက်ခက်ခဲခဲနှင့်အောင်မြင်မည်။ ၂၃။ ပအိုဝ့်လူမျိုးများမြင်မက်မူ မိတ်ဆွေသစ်များရသည်။ ၂၄။ ပဒူကောင်ကိုမြင်မက်မူ ပျက်စီးဆုံးရှုံးသည်။ ၂၅။ ပဒူအိမ်ကိုမြင်မက်မူ ငွေကြေးစုဆောင်းရသည်။ အလုပ်အကိုင်ကောင်းမွန်သည်။ ၂၆။ ပတ္တာကိုမြင်မက်မူ အချစ်ရေးတွင် ခိုင်မြဲသည်။ ၂၇။ ပတ္တမြားကိုမြင်မက်မူ ချမ်းသာမည်။ ထီပေါက်မည်။ ၂၈။ ပလ္လင်ကိုမြင်မက်မူ ရာထူးတိုးတက်မည်။ (ပိ) ၁။ ပိတုန်းတုပ်သည်ဟုမြင်မက်မူ ချမ်းသာသည်။ စိတ်ကြည်နူးသည်။ ၂။ ပိတုန်းကောင်များမြင်မက်မူ လာဘ်ပေါများသည်။ (ပင်) ၁။ ပင်စိမ်းကိုမက်မူ ဆေးကောင်းတွေ့မည်။ ၂။ ပင်စိမ်းရွက် ဟင်းခတ်စားရသည်မက်မူ ရောဂါကင်းသည်။ ၃။ ပင်ပန်းဆင်းရဲစွာနေထိုင်ရသည်မက်မူ ချမ်းသာစွာနေရသည်။ ၄။ ပင်စင်ရသည်မက်မူ အလုပ်အကိုင်ပြောင်းလဲရသည်။ ၅။ ပင်လယ်ကိုမြင်မက်မူ စိတ်ဓာတ်ခိုင်မာသည်။ ၆။ ပင်လယ်ကမ်းခြေကိုမြင်မက်မူ စိတ်သုခရသည်။ (ပြာ) ၁။ ပြဿဒ်မှာနေ၍ အစားအစာကိုစားရသည်မက်မူ အထူးကောင်းမွန်သည်။ ၂။ ပြဿဒ်ထက်နေ၍ အရသာအဖျော်ကို သောက်ရသည်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးသည်။ ၃။ ပြဿဒ်၊ တောင်၊ တောစိုးသစ်ပင် အထိကရသစ်ပင်၊ တောင်ထိပ်တို့ကို တက်ရောက်ရသည်ဟုမက်မူ ချမ်းသာစီးပွားများမည်။ ၄။ ပြာကိုမြင်မက်မူ သောကမီးတောက်လောင်သည်။ ၅။ ပြာလျက်စားရသည်မက်သော် လင်မယားကွဲသည်။ ၆။ ပြဿဒ်တန်ဆောင်းများကို မြင်မက်မူ ရင်းနှီးသူ၏ဖျက်ဆီးခြင်းခံရသည်။ ၇။ ပြဿဒ်ပေါ်တက်ရသည်မက်သော် အကြီးအကဲဖြစ်သည်။ (ပျား) ၁။ ပျားတုပ်ခံရသည်မက်သော် ရန်တွေ့တတ်သည်။ ၂။ ပျားအုံကိုမြင်မက်သော် လုပ်ငန်းတိုးချဲ့ရသည်။ ၃။ ပျားများကိုမြင်မက်မူ ချမ်းသာမည်။ ၄။ ပျား အိမ်ရှေ့၌စွဲသည်မက်မူ အလုပ်တိုးချဲ့ရသည်။ ၅။ ပျားရည်သောက်ရသည်မက်မူ ကြံသမျှပြီးစီး၍ လာဘ်ရသည်။ (ပန်) ၁။ ပန်ကာကိုမြင်မက်မူ လူလိမ်လူညာဖြစ်သည်။ (ပန်း) ၁။ ပန်းစည်းကိုမြင်မက်မူ ရာထူးကြီးကိုရသည်။ ၂။ ပန်းအမျိုးမျိုးတို့တွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကိုနမ်းရသည်ဟုမြင်မက်မူ ကျက်သရေဂုဏ်သတင်း ပျံ့နှံ့သည်။ ၃။ ပန်းဖြူဆင်ရသည်မြင်မက်မူ မင်းမှုထမ်းဖြစ်သည်။ ၄။ ပန်းစည်းဆောင်းရသည်မက်မူ ကျော်စောသည်။ ၅။ ပန်းနီပန်၍ ဖန်ရေစွန်းသောအဝတ်ကို ဝတ်ရသည်မက်သော် ဘေးထိတတ်သည်။ ၆။ ပန်း၊ ကြာပန်းရသည်မက်သော် အလိုရှိသောစကားကို မပြောနိုင်ဘဲ ဆွံ့အနေသည်။ ၇။ ပန်းကိုမြင်မက်မူ ရည်းစားရသည်။ ၈။ ပန်းပန်ရသည်မက်သော် လက်ထပ်ရသည်။ ၉။ ပန်းသီးကိုမက်မူ ကံကောင်းသည်။ ၁၀။ ပန်းသီးဆွတ်ခူးသည်မက်မူ မိမိချစ်သူနှင့် လက်ထပ်ရသည်။ ၁၁။ ပန်းကန်ကိုမက်သော် ဆွေမျိုးများနှင့်တွေ့ဆုံရသည်။ ၁၂။ ပန်းချီပြခန်းမက်သော် စိတ်ကူးယဉ်သည်။ ၁၃။ ပန်းချီကားချပ်များမက်မူ ပျော်ရွှင်ရသည်။ ၁၄။ ပန်းချီစုတ်တံမြင်မက်မူ ကြိုးစားရသည်။ ၁၅။ ပန်းခြံမြင်မက်မူ ကြွယ်ဝချမ်းသာသည်။ ၁၆။ ပန်းခြံတွင်း ပျော်ပွဲစားရသည်မက်မူ ပျော်ရွှင်ပွဲပြုလုပ်ရသည်။ ၁၇။ ပန်းတိမ်ဆိုင်ကိုမက်မူ ရွှေလိမ်ခံရသည်။ ရွှေပျောက်သည်။ ၁၈။ ပန်းထိုးနေသည်မက်သော် မိမိယုံကြည်ရသူ သစ္စာဖောက်သည်။ ၁၉။ ပန်းနာသည်မက်မူ ခင်မင်ရင်းနှီးသူ၏ကျန်းမာရေး စိတ်ပူရသည်။ ၂၀။ ပန်းများကို စောင်းကောက်၌မြင်မက်သော် ကျော်စောထင်ပေါ်မည်။ ၂၁။ ပန်းများကိုမြင်မက်မူ ပျော်ရွှင်စရာလက်ဆောင်များရမည်။ ၂၂။ ပန်းပဲဖိုကိုမက်မူ စိတ်သောကရောက်သည်။ ၂၃။ ပန်းပဲဖို၌ အလုပ်လုပ်ရသည်မက်မူ ပင်ပန်းစွာလုပ်၍ ချမ်းသာမည်။ ၂၄။ ပန်းရန်သည်များမက်မူ လက်မှုပညာ၊ အနုပညာသည်ကောင်းဖြစ်ရသည်။ ၂၅။ ပန်းချုံနွယ်များမက်သော် စိတ်ညစ်ညူးရသည်။ ၂၆။ ပန်းချုံအနီး ချစ်သူနှင့်ထိုင်ရသည်မက်မူ ချစ်သူနှင့်ပေါင်းသင်းရသည်။ အချစ်ရေး အဆင်ပြေမည်။ (ပျဉ်) ၁။ ပျဉ်ပြားကိုမြင်မက်မူ ဆွေမျိုးများကို ကူညီရမည်။ ၂။ ပျဉ်တလားအတွင်းသို့ဝင်သည်ဟုမက်သော် မကောင်း။ (ပိုး) ၁။ ပိုးအဝတ်အထည်ကိုမက်သော် ကံကောင်းသည်။ ၂။ ပိုးစ ရောင်းဝယ်ရသည်မက်မူ အရောင်းအဝယ် တိုးတက်ကောင်းမွန်သည်။ ၃။ ပိုးစုန်းကြူးကိုမြင်မက်မူ ကူညီသူတွေ့ရမည်။ ၄။ ပိုးစုန်းကြူးဖမ်းရသည်မက်မူ အများကဲ့ရဲ့ခံရမည်။ ၅။ ပိုးဖလံကိုမက်မူ ပျက်စီးမည်။ ရန်သူတို့လုပ်ကြံမည်။ ၆။ ပိုးဖလံများစွာသေနေသည်ကိုမက်သော် အကြံဉာဏ်ကောင်းများ ရသည်။ ၇။ ပိုးမွှားကိုက်ခံရသည်မက်မူ ဥစ္စာရမည်။ ၈။ ပိုးပန်းရသည်မက်က သူများနောက်လိုက်ရမည်။ သူများစကား နားယောင်မိမည်။ ၉။ ပိုးဟပ်ကိုမြင်မက်မူ အခက်အခဲများရှိနေသော်လည်း မညည်းညူရသည်။ ၁၀။ ပိုးသတ်ဆေးသုံးရသည်မက်မူ လောင်းကစားလျှင်ရှုံးမည်။ (ပု) ၁။ ပုဆိုးသစ် လုံချည်သစ်ကိုမက်မူ ဘုန်းကျက်သရေတိုးသည်။ ၂။ ပုဏ္ဏားရေသွန်း၍ စကားပြောသံကြားရသည်ဟုမက်သော် ရန်သူလက်မှလွတ်မည်။ ၃။ ပုခက်စီးရသည်ဟုမက်မူ ထင်ရှားကျော်စောမည်။ ၄။ ပုဆိုးဖြူဝတ်ရသည်ဟုမက်သော် အကြီးအကဲဖြစ်မည်။ ၅။ ပုရစ်ကိုမြင်မက်မူ လိမ်ညာတတ်သည်။ ၆။ ပုရစ်စားရသည်မက်မူ မြှောက်ပင့်သူပေါသည်။ ၇။ ပုရွက်ဆိတ်အုံကိုမြင်မက်မူ အကျိုးစီးပွားတိုးတက်မည်။ ၈။ ပုရွက်ပျံများကိုမြင်မက်မူ ခရီးသွားရာတွင် ဒုက္ခတွေ့မည်။ ၉။ ပုခက်ကိုမြင်မက်မူ သားသမီးများရရှိမည်။ ၁၀။ ပုခက်ကြိုးပျက်ကျသည်ကိုမြင်မက်မူ ကလေးသေပျောက်မည်။ ၁၁။ ပုစွန်ဆိတ်များကိုမြင်မက်မူ စိတ်သောကရောက်အံ့။ ၁၂။ ပုစွန်ခြောက်ကိုမက်သော် များစွာကောင်းသည်။ ၁၃။ ပုဆိုးဝတ်သည်မက်မူ ဂုဏ်ရှိသောရာထူးရမည်။ ၁၄။ ပုဆိုးသစ်ဝတ်ရသည်မက်မူ လူကြီးလူကောင်းဖြစ်သည်။ ၁၅။ ပုဆိန်ကိုမြင်မက်မူ ကံဆိုးသည်။ ၁၆။ ပုဆိန်ကိုင်ရသည်မက်သော် လူသတ်မှုကျူးလွန်ရသည်။ ၁၇။ ပုဆိန်ရိုးကိုမြင်မက်မူ တရားရှုံးသည်။ ၁၈။ ပုတီးကိုမက်သော် ဖြောင့်မတ်တည်ကြည်သည်။ ၁၉။ ပုတီးစိတ်ရသည်မက်မူ ရှေ့ဆက်၍ ကံကောင်းသည်။ ၂၀။ ပုတီးပြတ်သည်ဟုမက်မူ သောကကြုံရသည်။ ၂၁။ ပုလဲလုံးများကိုမြင်မက်သော် ချမ်းသာကြွယ်ဝသည်။ ထီပေါက်သည်။ ၂၂။ ပုလဲများပျောက်သည်ဟုမက်မူ အလုပ်အကိုင်ပျက်စီးတတ်သည်။ ၂၃။ ပုလင်းကိုမက်မူ အထူးအောင်မြင်မည်။ ၂၄။ ပုလင်းကို ကိုင်ထားရသည်မက်သော် ကြီးပွားသည်။ ၂၅။ ပုလင်းလွတ်ကျသည်မက်သော် ဆုံးရှုံးသည်။ ၂၆။ ပုလင်းကွဲသည်မက်သော် အလုပ်ပျက်သည်။ ၂၇။ ပုဏ္ဏားမကိုမြင်မက်မူ အကြံသစ်ဉာဏ်သစ်များ ထွန်းကားသည်။ ပျော်ရွှင်ဖွယ်စကားများ ဆိုရသည်။ ဆံပင်ကောင်းသည်။ ၂၈။ ပုဏ္ဏားကိုမြင်မက်မူ ချမ်းသာကြီးပွားသည်။ (ပွဲ) ၁။ ပွဲခံသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း မြင်မက်မူ မကောင်းပါ၊ သေပျောက်တတ်သည်။ ၂။ ပွဲအငြိမ့်ခံရသည်မက်မူ သေပျောက်တတ်သည်။ ၃။ ပွဲလန့်သည်မက်မူ ရောဂါရှိသူများကျန်းမာမည်။ နာလန်ထစလူ ချမ်းသာမည်။ ၄။ ပွဲစားများကိုမြင်မက်မူ ကံဆိုးသည်။ ၅။ ပွဲစားနှင့်ဆက်ဆံရသည်မက်မူ အောင်သွယ်နှင့်ညားတတ်သည်။ စိတ်ပျက်ဖွယ်သတင်းကြားရတတ်သည်။ ၆။ ပွဲသဘင်ကိုမြင်မက်မူ ငွေကြေးကိစ္စအဆင်ပြေမည်။ ၇။ ပွဲသဘင်၌ ဝင်၍ကရသည်မက်သော် ချစ်သူရသည်။ (ပွေး) ၁။ ပွေးသတ္တဝါကိုမြင်မက်မူ ဥစ္စာပစ္စည်းအဖိုးတန်ကောက်ရသည်။ ၂။ ပွေးဝဲတစ်ကိုယ်လုံးပေါက်နေသည်ဟုမက်သော် ထင်ပေါ်ကျော်စောမည်။ ပူဇော်ခံရသည်။ (ပိုက်) ၁။ ပိုက်ကွန်ကိုမြင်မက်မူ ငွေကြေးများရရှိသည်။ ၂။ ပိုက်ဆံကိုမြင်မက်မူ မယားကောင်းရရှိသည်။ ၃။ ပိုက်ဆံရသည်မြင်မက်မူ ငွေကြေးကုန်ကျသည်။ ၄။ ပိုက်(ရေပိုက်)ကိုမြင်မက်မူ စီးပွားရေးတိုးတက်သည်။ ၅။ ပိုက်ခေါင်းမြင်မက်မူ သွေးဆောင်ခြင်းခံရသည်။ ၆။ ပိုက်စေ့များကိုမြင်မက်မူ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲတတ်သည်။ မိတ်ဆွေနှင့်ရန်ဖြစ်တတ်သည်။ (ပေါင်) ၁။ ပေါင်နှံရသည်မက်မူ မကြာမီ ဆင်းရဲတွင်းမှလွတ်ကင်းသည်။ ၂။ ပေါင်ရင်း၌အနာပေါက်သည်မြင်မက်မူ ခရီးသွားအစီအစဉ်ဖျက်ရသည်။ ၃။ ပေါင်မုန့်ကိုမြင်မက်မူ မိတ်သစ်ရသည်။ အထည်ကောင်းများရသည်။ (ပေါင်း) ၁။ ပေါင်းကူးတံတားကိုမြင်မက်မူ ရန်သူနှင့် မိတ်ဖြစ်ရသည်။ ၂။ ပေါင်းမြက်များမြင်မက်သော် ရန်သူရှိသည်။ ၃။ ပေါင်းမြက်သုတ်သင်ရသည်မက်သော် အိမ်တွင်းရန်ဖြေရှင်းရသည်။ ၄။ ပေါင်းအိုးကိုမြင်မက်မူ တဆင့်စကားနားထောင်မိသည်။ (ပေါက်) ၁။ ပေါက်ကွဲသံကြားရသည်မြင်မက်မူ အလုပ်အကိုင်အဆင်မပြေဖြစ်မည်။ အိမ်တွင်းမှ သေပျောက်နိုင်သောရောဂါရရှိသူဖြစ်မည်။ ၂။ ပေါက်ပင်ကိုရေစပ်၌မြင်မက်မူ ငါးဖမ်းလျှင် ငါးကြီးရသည်။ ရာထူးတက်မည်။ ၃။ ပေါက်ပန်းဖြူရွက်ကိုစားရသည်မက်မူ ဆေးဝါးကောင်းမှီဝဲရသည်။ ၄။ ပေါက်ပေါက်ဆုပ်ကိုမြင်မက်မူ အလှူအတန်းပြုရသည်။ ၅။ ပေါက်တူးကိုမြင်မက်မူ ယခုပင်ပန်းသမျှ နောင်အကျိုးခံစားရသည်။ ၆။ ပေါက်တူပေါက်ရသည်မက်မူ မကြာမီရာထူးတိုးမည်။ (ပုံ) ၁။ ပုံဆွဲသူ(ပန်းချီဆရာ)ကို မြင်မက်မူ စိတ်ကူးယဉ်သည်။ ၂။ ပုံနှိပ်နေသည်မြင်မက်မူ အကြံအောင်မည်။ မိမိကြံထားသောအလုပ်အကိုင်အတွက် အကြံပေးသူနှင့်တွေ့ရသည်။ (ပုံး) ၁။ ပုံးထဲတွင် ရေများပြည့်နေသည်မြင်မက်မူ ဆန်ရေစပါးပေါများမည်။ ၂။ ပုံးထဲတွင် မြွေဝင်နေသည်ဟုမြင်မက်မူ ငွေများ အစုလိုက်အပုံလိုက်ဝင်လာမည်။ ၃။ ပုံးပေါက်နေသည်မြင်မက်မူ စီးပွားရေးကျဆင်းသည်။ (ပုန်း) ၁။ ပုန်းအောင်းတမ်းကစားရသည်မက်မူ ဘေးရန်ကင်းသည်။ ချစ်သူနှင့် တိတ်တဆိတ်တွေ့ရသည်။ ၂။ ပုန်းကျင်းကိုမြင်မက်မူ ရန်သူလုပ်ကြံတတ်သည်။ ၃။ ပုန်းညက်ကိုမြင်မက်မူ ငွေများစုဆောင်းမိသည်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ရသည်။ ၄။ ပုန်းရည်ကြည်ကိုမြင်မက်မူ အစော်ကားခံရသည်။ စိတ်ပျက်သည်။ (ပုတ်) ၁။ ပုတ်ထဲ၌ စပါးများကိုမြင်မက်မူ ဆန်ရေစပါးအထွက်ကောင်းမည်။ အန္တရာယ် လုံးဝကင်းစင်သည်။ ၂။ ပုတ်သင်ညိုကိုမြင်မက်မူ ကာမကိစ္စ၌ အထူးစိတ်ချမ်းသာမည်။ လူလိမ်ခံရမည်။ ၃။ ပုတ်သင်ညိုကိုသတ်သည်မက်မူ လူအများချစ်ခင်မှုကို ခံရသည်။ (ပုပ်) ၁။ ပုပ်သောဆီ၊ ရေ နားတွင်းသို့ဝင်သည်ဟုမြင်မက်မူ ဒုစရိုက်နှင့်ဆက်စပ်သော မနှစ်သက်ဖွယ်ကို ကြားရသည်။ (ပဲ) ၁။ ပဲပင်များကိုမြင်မက်မူ စိုက်ပျိုးရေးအောင်သည်။ ၂။ ပဲ(မြေပဲ)ကောက်ရသည်မြင်မက်မူ အစားအစာပေါများသည်။ ၃။ ပဲစေ့များကိုမြင်မက်မူ အနာရောဂါနာအံ့။ ၄။ ပဲသီးမြင်မက်သော် သားသမီးရတနာရအံ့။ (ပင့်) ၁။ ပင့်ကူကိုမြင်မက်မူ တွယ်တာမက်မောသည်။ ၂။ ပင့်ကူသတ်ရသည်မြင်မက်သော် မမျှော်လင့်သောခရီးသွားရသည်။ ၃။ ပင့်ကူစားရသည်မက်မူ အတွင်းရန်ဖြစ်ပေါ်သည်။ (ပြောင်) ၁။ ပြောင်ချောသောအခင်းကို မြင်မက်သော် မင်္ဂလာပြုရသည်။ ၂။ ပြောင်ချောသောအခင်း၌အိပ်ရသည်မက်မူ အပူဇော်ခံရသည်။ ၃။ ပြောင်လှောင်ရသည်မက်သော် သူတပါးအားကူညီရသည်။ ၄။ ပြောင်လှောင်ခံရသည်မက်သော် သူတပါးအထင်ကြီးသည်။ အဝတ်အထည်သစ်များရရှိသည်။ စိတ်ပျော်ရွှင်သည်။ (ပေ) ၁။ ပေစာရေးရသည်မြင်မက်မူ ချစ်သူထံမှ စာရရှိသည်။ ၂။ ပေစာဖတ်ရသည်မြင်မက်မူ ပညာတိုးသည်။ ၃။ ပေတံကိုမြင်မက်မူ အတားအဆီးများရှိသည်။ ၄။ ပေပင်ကိုမြင်မက်မူ ကောင်းကျိုးဆောင်ရွက်ရသည်။ ၅။ ပေတစ်ရာလမ်းမကြီးကိုမြင်မက်မူ အတွေးအခေါ်ရင့်ကျက်သည်။ (ပါ) ၁။ ပါဆယ်ထုပ်ပို့ရသည်မြင်မက်မူ အမြတ်နိုးဆုံးပစ္စည်းပျောက်သည်။ ၂။ ပါဆယ်ထုပ်ရသည်မက်မူ ရွှေငွေစုဆောင်းရသည်။ ၃။ ပါတီကပွဲသွားရသည်မက်မူ စိတ်လွတ်ကိုယ်လွတ်အပျော်ကျူးရသည်။ (ပါး) ၁။ ပါးစပ်ပဲ့သည်ဟုမြင်မက်မူ အလိုရှိသောစကားကိုမပြောနိုင်ဘဲ ဆွံ့အနေသည်။ ၂။ ပါးကွက်ကျားနှင့်သူကိုမြင်မက်မူ တည်တည်တံ့တံ့နေရသည်။ ၃။ ပါးကွက်ကွက်သည်မက်သော် အိမ်ထောင်ရေးခိုင်မြဲသည်။ ၄။ ပါးရေများတွန့်နေသည်မက်သော် မိမိအတင်းပြောခံရသည်။ (ပိန်း) ၁။ ပိန်းပင်ကိုမက်မူ အလုပ်ကြိုးစားသော်လည်း မတိုးတတ်ဘဲရှိသည်။ စိတ်ပင်ပန်းသည်။ ၂။ ပိန္နဲသီးကိုမက်မူ မိမိလုပ်ဆောင်ချက်များကို သူတပါးမကောင်းပြောသော်လည်း အကျိုးမဲ့သည်။ (ပိန်) ၁။ ပိန်လှီနေသူမိန်းမကိုမက်မူ သူများစော်ကားခံရသည်။ ၂။ ပိန်လှီနေသောယောက်ျားကိုမြင်မက်မူ ရန်သူအနီး၌ရှိနေသည်။ (ပူ) ၁။ ပူပင်ရသည်မက်သော် အရေးကြီးသောသတင်းကြားရသည်။ ၂။ ပူစပ်သောအစာစားရသည်မက်သော် စွန့်စားရသောအလုပ် လုပ်ရသည်။ ၃။ ပူတင်းမုန့်ကိုမက်သော် အစားကောင်းစားရသည်။ ၄။ ပူဖောင်းများကိုမြင်မက်မူ အလှူမင်္ဂလာပွဲကျင်းပရသည်။ ၅။ ပူဖောင်းပေါက်ကွဲသည်မြင်မက်မူ စေ့စပ်ကြောင်းလမ်းခြင်းပျက်သည်။ (ပူး) ၁။ ပူးကိုမြင်မက်မူ ဆွေမျိုးများနှင့်နေထိုင်ရသည်။ (ပြ) ၁။ ပြတိုက်ကိုမြင်မက်မူ ထီပေါက်သည်။ ၂။ ပြဒါးကိုမြင်မက်မူ ပူလောင်ပြင်းထန်သည်။ ၃။ ပြဒါးတိုင်ကိုမြင်မက်မူ မကောင်းကြံခံရသည်။ ၄။ ပြပွဲသွားရသည်မက်မူ ဘေးဒုက္ခကြုံသည်။ ၅။ ပြပွဲမှ ပစ္စည်းဝယ်ရသည်မက်မူ ယခုထက်ပို၍ လာဘ်ကောင်းသည်။ ၆။ ပြက္ခဒိန်ကိုမြင်မက်မူ သောကများသည်။ လူလိမ်ခံရသည်။ ၇။ ပြက္ခဒိန်ရက်စွဲကြည့်ရသည်မက်မူ စကားအချေအတင်ပြောဆိုရသည်။ အိမ်နီးချင်းတို့ အတင်းပြောသည်။ ၈။ ပြတင်းပေါက်ကိုမြင်မက်မူ ရပ်ဝေးမိတ်ဆွေ ဆွေမျိုးများအတွက် စိတ်ပူပင်သောကရောက်ရသည်။ (ပြုံး) ၁။ ပြုံးနေသည်ကိုမြင်မက်မူ စိတ်ချမ်းသာသည်။ (ပြို) ၁။ ပြိုကျပျက်စီးနေသည့်အရာများကိုမြင်မက်မူ စိတ်သောကပူဆွေးစရာများနှင့် ကြုံတွေ့ရသည်။ (ပြား) ၁။ ပြားစေ့ကိုမြင်မက်မူ မျက်စိနာသည်။ မကောင်းကြံခံရသည်။ (ပြည့်) ၁။ ပြည့်တန်ဆာမကိုမြင်မက်မူ လာဘ်ကောင်းရသည်။ (ပျင်း) ၁။ ပျင်းရိနေသည်မက်သော် ဝီရိယလုံ့လစိုက်ထုတ်ရသည်။ (ပျံ) ၁။ ပျံလွှားငှက်ကိုမြင်မက်မူ ခရီးဝေးသွားရသည်။ ၂။ ပျံလွှားငှက်ကိုသတ်ရသည်မက်မူ နိုင်ငံခြားခရီးထွက်ရသည်။ (ပျော်) ၁။ ပျော်ပွဲရွှင်ပွဲသို့သွားရသည်မက်မူ အကြီးအကျယ်ဖျားနာသည်။ (ပျောက်) ၁။ ပျောက်ဆုံးနေသောလူကိုတွေ့သည်မက်မူ အိမ်မှထွက်သွားသူ ပြန်လာသည်။ ခြေနှစ်ချောင်းဝင်သည်။ (ပျို) ၁။ ပျိုမျစ်နုနယ်သောမိန်းကလေးများအားမြင်မက်က သူတပါးအစော်ကားခံရသည်။ (ပျိုး) ၁။ ပျိုးပင်များကိုမြင်မက်မူ သောကကင်းသည်။ ပညာဉာဏ်ကောင်းသော သားသမီးများကိုရသည်။ ၂။ ပျိုးနှုတ်ရသည်မက်မူ နေရာထိုင်ခင်းပြောင်းရသည်။ ၃။ ပျိုးကြဲနေသည်ကိုမြင်မက်မူ ဆန်ရေစပါးပေါများသည်။ စိတ်ပျော်ရွှင်သည်။ ကျန်းမာရေးကောင်းသည်။ (ပျို့) ၁။ ပျို့အန်ရသည်မက်မူ ကျန်းမာရေးကောင်းသည်။ ၂။ ပျို့နေသူကိုမက်မူ မိမိရင်ဝမ်း၌ ဥပဒ်ပေးသည်။ ၃။ ပျို့အန်နေသည်ကိုမြင်မက်မူ အနှောင့်အယှက်ပေါ်သော်လည်း အောင်မြင်ရန် တဖက်မှကူညီသူပေါ်သည်။ ၄။ ပျို့ကဗျာလင်္ကာရေးရသည်မက်မူ လက်ဆောင်ကောင်းတစ်ခု ချစ်သူထံမှ ရရှိသည်။ (ပွေ့) ၁။ ပွေ့ပိုက်ရသည်မက်မူ သစ္စာမဲ့သည်။ နာမည်ပျက်သည်။ (ပြည်) ၁။ ပြည်(အနာ)ကိုမြင်မက်မူ ရောဂါထူပြောသည်။ ၂။ ပြည်စားရသည်မက်မူ အနာရောဂါပျောက်ကင်းသည်။ ၃။ ပြည်ထောင်စုအလံကိုမြင်မက်မူ ခရီးဝေးသွားရသည်။ ဆန်ရေစပါးပေါများသည်။ စိတ်ချမ်းသာသည်။ ၄။ ပြည်သူကိုအလုပ်အကျွေးပြုရသည်မက်မူ လူအများရိုသေလေးစားသည်။ ကောင်းသောအလုပ်အကိုင်ဖြင့် အသက်မွေးရသည်။ (ပြန်) ၁။ ပြန်ပေးဆွဲနေသည်ကိုမြင်မက်မူ ငွေကုန်ကြေးကျများသည်။ အကူအညီတောင်းခံသူနှင့် တွေ့ရသည်။ ၂။ ပြန်ပေးဆွဲခံရသည်မက်မူ စွန့်စားသောကိစ္စများတွင် လုပ်ကိုင်ရန် စိတ်ထက်သန်သည်။ (ပြောက်) ၁။ ပြောက်ကျားစစ်သည်ကိုမြင်မက်မူ သောကတွေ့သည်။ ၂။ ပြောက်ကျားများ ဝိုင်းမိနေသည်မြင်မက်မူ ဖျက်ဆီးမှုရှိသော်လည်း အကြီးအကျယ်အောင်မြင်မည်။ (ဖ)နှင့်ပတ်သက်သောအိပ်မက်များ (ဖ) ၁။ ဖရုံသီး(ကျောက်)ကိုမြင်မက်မူ သောကများသည်။ ၂။ ဖရုံသီးကို စိုက်ပျိုးရသည်မက်မူ ယခုလုပ်သောအလုပ်သည် သူများပြောစရာဖြစ်သည်။ ၃။ ဖရုံသီး(ရွှေ)ကိုမြင်မက်မူ အခက်အခဲတို့ ဖြေရှင်းနိုင်သည်။ ၄။ ဖယောင်းတိုင်ကိုမြင်မက်က စိတ်ချမ်းသာသည်။ ကျန်းမာရေးညံ့သည်။ ၅။ ဖယောင်းတိုင်မီးလင်းနေသည်ကိုမြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မစသည်။ ၆။ ဖရဲသီးမြင်မက်မူ သားကောင်းရသည်။ ၇။ ဖရဲသီးစားရသည်မက်မူ ရောဂါဝေဒနာကင်းရှင်းသည်။ ၈။ ဖခင်ကိုမြင်မက်မူ ကောင်းကျိုးပေးသည်။ ၉။ ဖခင်သေပြီးသော်လည်း ဖခင်နှင့်စကားပြောရသည်မက်မူ အမွေရသည်။ အမှုနိုင်သည်။ (ဖဲ) ၁။ ဖဲကစားရသည်မက်မူ အငြင်းအခုံပြုရသည်။ စိုးရိမ်ပူပန်ရသည်။ (ဖျား) ၁။ ဖျားနာနေသည်မက်သော် ချစ်သူကိစ္စအတွက် ကူညီရသည်။ ကံကောင်းသည်။ ၂။ ဖျားနာနေသူကို ဆေးကျွေးရသည်မက်က စီးပွားရေး၊ ပညာရေး၌ အများအတွက် အကူအညီပေးရသည်။ (ဖျာ) ၁။ ဖျာလိပ်ရသည်မက်မူ လာဘ်ရသည်။ ၂။ ဖျာမြင်မက်မူ အနှောင့်အယှက်တွေ့ရသည်။ ဟုတ်တိုင်းမှန်ရာ ပြောဆိုရသည်။ ၃။ ဖျာစုတ် ဖျာဟောင်းများကိုမြင်မက်မူ ပစ္စည်းပျောက်သည်။ (ဖိ) ၁။ ဖိနပ်စီးရသည်မြင်မက်က အသရေတိုးသည်။ ၂။ ဖိနပ်ချုပ်သူကိုမြင်မက်မူ ခရီးသွားချစ်သူ တွေ့ရသည်။ ခရီးသွားစဉ် အကူအညီပေးသူပေါ်သည်။ (ဖွဲ) ၁။ ဖွဲမီးတငွေ့ငွေ့ကိုမြင်မက်မူ အလွန်ပူရသည်။ ၂။ ဖွဲကိုမြင်မက်မူ အကြံအစည်ပျက်သည်။ (ဖာ) ၁။ ဖာ(ထန်းခေါက်ဖာ)ကိုမြင်မက်မူ ကျေးတောရွာ၌ ကြီးပွားသည်။ ၂။ ဖာထေးနေရသည်မြင်မက်မူ အပြောအဆိုခံရသည်။ (ဖား) ၁။ ဖားကိုမြင်မက်မူ မိုးလေဝသကောင်းသည်။ ၂။ ဖားရိုက်သည်မြင်မက်မူ ဆင်းရဲဒုက္ခကြုံရသည်။ ၃။ ဖားခုန်သွားနေသည်ကိုမြင်မက်မူ ခက်ခက်ခဲခဲနှင့် အောင်မြင်နိုင်သည်။ ၄။ ဖားသားဟင်းချက်စားရသည်မက်မူ အကြီးအကဲတင်မြောက်ခြင်းခံရသည်။ ၅။ ဖားပြုတ်ကိုမြင်မက်မူ ပြိုင်ဘက်များရှိသည်။ (ဖင်) ၁။ ဖင်ကိုမြင်မက်မူ အများအထင်သေးသည်။ (ဖက်) ၁။ ဖက်ရွက်ကိုမြင်မက်မူ အရောင်းအဝယ်ကောင်းသည်။ စီးပွားရေးတိုးချဲ့ရသည်။ (ဖမ်း) ၁။ ဖမ်းဆီးချုပ်နှောင်ခံရသည်မက်မူ တရားတပေါင်နိုင်မည်။ မနာလိုသူများပျက်မည်။ (ဖန်) ၁။ ဖန်သောအရသာကိုစားရသည်မက်မူ မမျှော်လင့်သောသူများ ရန်ပြုတတ်သည်။ ၂။ ဖန်ခါးသီးကိုမြင်မက်မူ လုပ်ကြံသူအနီး၌ရှိနေသည်။ ၃။ ဖန်ခါးပင်အောက်၌ နေရသည်မက်မူ ရန်သူ့လက်တွင်းကျရောက်သည်။ ၄။ ဖန်ထည်များကိုမြင်မက်မူ ယခုမှ နောင်တကြီးစွာရနေသည်။ တရားလက်လွတ် ပြုမိသည်။ ၅။ ဖန်ခွက်ကို ရေအပြည့်နှင့်မက်သော် မင်္ဂလာပွဲများခင်းကျင်းရသည်။ ၆။ ဖန်ခွက်ကျကွဲသည်မက်မူ လျှို့ဝှက်သောကိစ္စများ ပေါ်ကုန်သည်။ ၇။ ဖန်ပေါင်းချောင်ကိုမြင်မက်မူ တီထွင်ဖန်တီးရသည့်အသစ်အဆန်းများ ပြုလုပ်ရသည်။ ၈။ ဖန်ချိုင့်ကိုမြင်မက်က အလှူအတန်းကြီးစွာပြုလုပ်ရသည်။ (ဖေး) ၁။ ဖေးမကူညီရသည်ကိုမက်မူ လူအများပူဇော်ခံရသည်။ ၂။ ဖေးမကူညီခံရသည်မက်မူ ရှုပ်ထွေးသောကိစ္စထဲ၌ မိမိပါဝင်ရသည်။ ဓားခုတ်ရာ လက်ဝင်လျှိုရသည်။ (ဖော) ၁။ ဖောရောင်နေသူကိုမြင်မက်မူ ငယ်သားများ သစ္စာမဲ့ပြုရသည်။ စိတ်ငြိုငြင်ရသည်။ (ဖော့) ၁။ ဖော့(အပိတ်)ကိုမြင်မက်မူ မမျှော်လင့်သောဧည့်ကောင်း ခြေနှစ်ချောင်းဝင်သည်။ (ဖော်) ၁။ ဖော်ကောင်ကိုမြင်မက်မူ အပြောင်းအလဲရှိသည်။ ၂။ ဖော်ကောင်လုပ်ရသည်မက်မူ စကားအခြေအတင်ပြောရသည်။ အိမ်နီးချင်းတို့နှင့် ခိုက်ရန်ဖြစ်ပွားသည်။ (ဖောင်) ၁။ ဖောင်ကိုမြင်မက်မူ အလုပ်အကိုင်မျိုးစုံလုပ်ရသည်။ ၂။ ဖောင်စီးရသည်မက်မူ အကျပ်အတည်းကြားမှ လွတ်မြောက်သည်။ ၃။ ဖောင်တိန်ကိုမြင်မက်မူ စာပေ၌ကျော်စောသည်။ ၄။ ဖောင်တိန်လက်ဆောင်ရသည်မက်မူ စာပေ၌ အထူးအောင်မြင်ကျော်စောသည်။ (ဖုံ) ၁။ ဖုံကို သုတ်သင်ရှင်းလင်းရသည်မက်မူ အများတကာချီးကျူးသည်။ (ဖု) ၁။ ဖုထစ်များကိုမြင်မက်မူ အခက်အခဲရှိသည်။ ၂။ ဖုထစ်များကို ညှိရသည်မက်မူ အကြံအစည်အောင်မြင်သည်။ (ဖို) ၁။ ဖိုထိုးရသည်မက်မူ မိမိအထင်၌ မိမိသာအတော်ဆုံးထင်နေသည်။ မော်ကြွားနေသည်။ လူအများ မရိုမသေဖြစ်တတ်သည်။ ၂။ ဖိုထိုးနေသောလူကိုမြင်မက်မူ စေတနာကောင်းသူနှင့် တွေ့ရသည်။ ရောဂါကင်းသည်။ (ဖိုင်) ၁။ ဖိုင်တွဲများကိုမြင်မက်မူ အလုပ်အကိုင်အောင်မြင်သည်။ (ဖြူ) ၁။ ဖြူသောအရောင်ကိုမြင်မက်မူ လူမျိုးမရွေး တပြေးညီ ပေါင်းသင်းဆက်ဆံရသည်။ ၂။ ဖြူသတ္တဝါကိုမြင်မက်မူ မိတ်ဟောင်းများနှင့် ပြန်လည်တွေ့ရသည်။ ရန်သူကိုနိုင်သည်။ (ဖျံ) ၁။ ဖျံသတ္တဝါကိုမြင်မက်မူ မင်္ဂလာပြုရသည်။ ၂။ ဖျံသိုကိုမြင်မက်မူ မိတ်ဆွေများသစ္စာမဲ့သည်။ (ဖျောက်) ၁။ ဖျောက်ဆိပ်ပင်ကိုမြင်မက်မူ ထိတ်ထိတ်လန့်လန့်နှင့်ပင် အကြံအစည်များ အောင်မြင်သည်။ ၂။ ဖျောက်ဆိပ်ကြယ်ကိုမြင်မက်မူ စုစုဝေးဝေး တိုင်တိုင်ပင်ပင်လုပ်မှ အောင်မြင်ရသည်။ (ဖွတ်) ၁။ ဖွတ်ကိုမြင်မက်မူ ဆင်းရဲသည်။ ၂။ ဖွတ်ဥစားရသည်မက်မူ ချမ်းသာကြွယ်ဝသည်။ (ဗ)နှင့်ပတ်သက်သောအိပ်မက်များ (ဗ) ၁။ ဗလကြီးသူကိုမြင်မက်မူ အကြွင်းမဲ့ယုံကြည်သူ တွေ့ရသည်။ (ဗိ) ၁။ ဗိသုကာအတတ်ပညာရှင်ကိုမြင်မက်မူ အခြေအနေများ သိသာစွာ တိုးတတ်ကောင်းမွန်သည်။ (ဗာ) ၁။ ဗာဒံပင်ကိုမြင်မက်မူ အိမ်တွင်းရေး အဆင်မပြေဖြစ်သည်။ ၂။ ဗာဒံသီးစားရသည်ကိုမက်မူ စိတ်လေးလံသည်။ ဦးခေါင်းကိုက်ခဲကာ သွေးတိုးရောဂါစသည်။ (ဗြ) ၁။ ဗြဟ္မာမင်းကိုမြင်မက်မူ လာဘ်ကြီးသည်။ (ဗေ) ၁။ ဗေဒါပင်ကိုမြင်မက်မူ စိတ်လေလွင့်ရသည်။ ၂။ ဗေဒါပန်းကိုမြင်မက်မူ အကြံကောင်းရသည်။ ၃။ ဗေဒါဟောသည်မြင်မက်မူ လိုအပ်သောအကူအညီများ ပေးစွမ်းနိုင်သူပေါ်သည်။ (ဗျက်) ၁။ ဗျက်ကိုမြင်မက်မူ ဆန်ရေစပါးကြွယ်ဝသည်။ (ဗျစ်) ၁။ ဗျစ်ရည်သောက်ရသည်မက်မူ လက်ထပ်ပွဲကျင်းပရသည်။ ငွေကုန်ကြေးကျများသည်။ လူကြီးများ စိုးရိမ်ပူပန်ရသည်။ (ဗျိုင်း) ၁။ ဗျိုင်းငှက်ကိုမြင်မက်မူ ဇနီးကောင်းရသည်။ (ဗုံ) ၁။ ဗုံတီးရသည်မက်မူ နာဖျားသည်။ ၂။ ဗုံတီးသံကြား၍ကရသည်မက်မူ အတင်းပြောခံရသည်။ စိတ်ညစ်နွမ်းသည်။ ၃။ ဗုံလုံသီးကိုမြင်မက်က အလုပ်အကိုင်မတတ်သေးဘဲရှိသည်။ (ဗုံး) ၁။ ဗုံးကိုမြင်မက်မူ စိတ်သောကတွေ့ရသည်။ ၂။ ဗုံးပေါက်ကွဲသည်မက်မူ တစ်ချိန်ကမပြောခဲ့သောစကားများ အားပါးတရပြောရသည်။ (ဗျောက်) ၁။ ဗျောက်အိုးကိုမြင်မက်မူ သောကကြီးသည်။ ၂။ ဗျောက်အိုးကိုပေါက်ကွဲသည်မြင်မက်မူ ငယ်ရွယ်သူအတွက် ပူဆွေးရသည်။ (ဗိုက်) ၁။ ဗိုက်ပူနေသူကိုမြင်မက်မူ ဥစ္စာပစ္စည်းရရှိသည်။ ၂။ ဗိုက်နာနေသည်ဟုမြင်မက်မူ ကျန်းမာရေးကောင်းသည်။ (ဗိုင်း) ၁။ ဗိုင်းငင်နေသည်မက်မူ သောကများသည်။ (ဗိုလ်) ၁။ ဗိုလ်ချုပ်ကြေးရုပ်ကိုမြင်မက်မူ ရာထူးတိုးသည်။ သားကောင်းရတနာရသည်။ (ဗန်း) ၁။ ဗန်း(လင်ဗန်း)ကိုမြင်မက်မူ စီးပွားဖြစ်သည်။ ၂။ ဗန်း(လင်ဗန်း)ကျကွဲသည်ဟုမြင်မက်မူ စီးပွားပျက်တတ်သည်။ (ဗြော) ၁။ ဗြောသံကြားရသည်မက်မူ ရာထူးတိုးသည်။ (ဘ)နှင့်ပတ်သက်သောအိပ်မက်များ (ဘ) ၁။ ဘယက်ကိုမြင်မက်မူ ကျော်စောသည်။ နာမည်ကြီးသည်။ ၂။ ဘယက်ကို ဒေါင်းရုပ်နှင့်မြင်မက်မူ ပညာရေးတွင် အလွန်အောင်မြင်သည်။ အချစ်ရေး စွန့်လွှတ်ရသည်။ ၃။ ဘယဆေးကိုမြင်မက်မူ ရောဂါသက်သာရာရသည်။ ငွေကုန်များသည်။ ၄။ ဘယဆေးအရောင်းဆိုင်ကိုမြင်မက်မူ ဆရာကောင်းနှင့် မကြာမီတွေ့ရသည်။ (ဘု) ၁။ ဘုရားရုပ်ပွားတော် မိမိဦးခေါင်း၌တည်ရှိသည်ဟုမြင်မက်မူ အကြီးအကဲတို့ ချီးမြောက်သည်။ ၂။ ဘုရားရုပ်တုတော် မိမိလက်ဝဲလက်ယာတို့၌ တည်ရှိသည်ဟုမြင်မက်မူ ကြီးမြင့်သော အခြွေအရံပရိသတ်ရသည်။ ၃။ ဘုရားရုပ်တုတော် မိမိခြေရင်း၌ တည်ရှိသည်ဟုမြင်မက်မူ ရှိပြီးအကြီးအကဲသည် ရာထူးသက်လျော၍ မိမိသည်ပင် အကြီးအကဲဖြစ်သည်။ ၄။ ဘုရားရုပ်ပွားတော် ကြွသွားတော်မူသည်ဟုမြင်မက်မူ တစ်နေ့တခြား ကျော်စောသည်။ ၅။ ဘုရားရုပ်ပွားတော်တွေ့ရသည်ဟုမြင်မက်မူ တစ်နေ့တခြားကျော်စောသည်။ ၆။ ဘုရားရုပ်ပွားတော်၊ စေတီတော်၊ ပုထိုးတော်တို့ကိုမြင်မက်မူ ဘုန်းကျက်သရေတိုးသည်။ ၇။ ဘုရားရုပ်တုတော် မကောင်းသောအခြင်းအရာဖြင့် ကြွသွားသည်ဟုမြင်မက်မူ ဘုန်းကျက်သရေတို့မှ ဆုတ်ယုတ်သည်။ ၈။ ဘုရားရုပ်ပွားတော် စေတီပုထိုးတို့ မကောင်းသောအခြင်းအရာဖြင့်မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မချစ်မခင်သဖြင့် ဥပဒ်ရောက်သည်။ ၉။ ဘုရားရုပ်ပွားတော် ဆင်းတုတော်က တရားဟောသည်မြင်မက်မူ ကျော်စောသည်။ ၁၀။ ဘုရားရုပ်ပွားတော် ဆင်းတုတော်က တရားဟောသည်၊ စကားပြောသည်ကို ကြားရသည်မြင်မက်မူ ကျော်စောသည်။ ၁၁။ ဘုရားရှိခိုးရသည်ဟုမြင်မက်မူ ချမ်းသာသုခတိုးတက်သည်။ ရန်အပေါင်းချုပ်ငြိမ်းသည်။ ၁၂။ ဘုရားရုပ်တုတော်ကို ဖက်ရသည်ဟုမြင်မက်မူ ချမ်းသာသုခများသည်။ ၁၃။ ဘုရားဓာတ်တော်ကိုရသည်ဟု မြင်မက်မူ ကျက်သရေတိုးတက်သည်။ ၁၄။ ဘုရားသခင်ကိုမြင်မက်မူ မင်္ဂလာရှိသည်။ စိတ်ချမ်းသာသည်။ ၁၅။ ဘုရားပုထိုးစေတီများကိုမြင်မက်မူ အကြီးအကဲဖြစ်သည်။ ရာထူးတိုးတက်သည်။ ၁၆။ ဘုရားဆင်းတုကိုမြင်မက်မူ အမှုနိုင်သည်။ ရောဂါကင်းသည်။ ပျော်ရွှင်ဖွယ်များနှင့် ကြုံရသည်။ (ဘာ) ၁။ ဘာသာရေးကိစ္စဆောင်ရွက်ရသည်မက်မူ ဂုဏ်ကျက်သရေရှိသည်။ ထင်ပေါ်သည်။ ၂။ ဘာသာရေးဆွေးနွေးရသည်မက်မူ အခက်အခဲများကို ကျော်လွှားနိုင်သည်။ (ဘိ) ၁။ ဘိလပ်သို့သွားရသည်မက်မူ နေရာထိုင်ခင်းအသစ်သို့ ပြောင်းရွှေ့ရသည်။ ၂။ ဘိလိယက်ခုံကိုမြင်မက်မူ ပူဆွေးသောကများသည်။ ၃။ ဘိလပ်မြေကိုမြင်မက်မူ မိမိအားပြိုင်ဘက်များပေါ်သည်။ ၄။ ဘိလိယက်မိမိကစားရသည်မက်မူ အခက်အခဲများစွာတွေ့ပြီးမှ အောင်မြင်သည်။ ၅။ ဘိသိတ်မြှောက်ခံရသည်မက်မူ မုချလက်ထပ်ရသည်။ မင်္ဂလာစကားပြောရသည်။ ကံကောင်းသည်။ (ဘဲ) ၁။ ဘဲဥကိုမြင်မက်မူ ဥစ္စာပစ္စည်းတိုးမည်။ ၂။ ဘဲကိုရေကန်ထဲ၌မြင်မက်မူ အရောင်းအဝယ်များ တိုးတက်သည်။ ၃။ ဘဲငန်းကိုမြင်မက်မူ ကံကောင်းသည်။ ဥစ္စာပစ္စည်းရသည်။ ၄။ ဘဲသားကိုချက်စားရသည်မြင်မက်မူ ဥစ္စာပစ္စည်းဝင်သည်။ (ဘင်) ၁။ ဘင်ခရာသံကြားရသည်မက်မူ သတင်းကောင်းကြားရသည်။ ၂။ ဘင်ခရာတီးမှုတ်ရသည်မက်မူ မိမိကုသိုလ်နှင့် အကျိုးပေးသည်။ ၃။ ဘင်ဂျိုကိုမြင်မက်မူ ကောင်းသောနိမိတ်ဖြစ်သည်။ ၄။ ဘင်ဂျိုမိမိတီးရသည်မြင်မက်မူ ဥစ္စာရသည်။ (ဘဏ်) ၁။ ဘဏ်တိုက်မှ ငွေထုတ်ရသည်မြင်မက်မူ ဆုံးရှုံးပျက်စီးရသည်။ ၂။ ဘဏ်တိုက်သို့ ငွေသွင်းရသည်မက်မူ မှန်းထားသောပန်းတိုင်ရောက်သည်။ (ဘမ်း) ၁။ ဘမ်းများမြင်မက်မူ မိတ်ဆွေရသည်။ ဂုဏ်ကြီးမြင့်သည်။ (ဘူ) ၁။ ဘူတာကိုမြင်မက်မူ ခရီးကြန့်ကြာသည်။ ၂။ ဘူတာရုံမှ ဧည့်သည်ကြိုရသည်မက်မူ ရပ်ဝေးမိတ်ဆွေထံမှ စာရသည်။ (ဘူး) ၁။ ဘူးကိုမြင်မက်မူ အခြေအနေတိုးတက်သည်။ ၂။ ဘူးစင်ကိုမြင်မက်မူ သာယာအေးချမ်းသည်။ ၃။ ဘူးသီးဟင်းချက်စားရသည်မြင်မက်မူ ရောဂါဝေဒနာပျောက်ကင်းသည်။ ၄။ ဘူးသီးကြော်စားရသည်မက်မူ ဆင်းရဲသည်။ (ဘိုး) ၁။ ဘိုးဘွားကိုမြင်မက်မူ အမွေစကားပြောရသည်။ (ဘော) ၁။ ဘောလုံးကိုမြင်မက်မူ စိတ်ကြည်လင်သည်။ ၂။ ဘောလုံးကိုကစားရသည်မြင်မက်မူ ပျော်ရွှင်ရသည်။ သာယာမှုတွေ့ရသည်။ (ဘော်) ၁။ ဘော်တွင်းတူးရသည်မြင်မက်မူ ရတနာပျောက်ဆုံးသည်။ (ဘွတ်) ၁။ ဘွတ်ဖိနပ်ကိုမြင်မက်မူ ငွေကြေးခက်ခဲသည်။ (ဘောင်း) ၁။ ဘောင်းဘီကိုမြင်မက်မူ ဆင်းရဲမွဲတေသည်။ (ဘွဲ့) ၁။ ဘွဲ့တံဆိပ်လက်မှတ်ရသည်မက်မူ အထွတ်အမြတ်သို့ရောက်သည်။ ၂။ ဘွဲ့ဝတ်စုံကိုမြင်မက်မူ အလုပ်အောင်မြင်သည်။ ၃။ ဘွဲ့ဝတ်စုံဝတ်ရသည်မြင်မက်မူ တက်လမ်းရှိသည်။ (ဘိုင်) ၁။ ဘိုင်စကယ်ကိုမြင်မက်မူ အန္တရာယ်တွေ့ရသည်။ ၂။ ဘိုင်စကယ်စီးရသည်မြင်မက်မူ ခရီးဝေးသွားရသည်။ (ဘုန်း) ၁။ ဘုန်းကြီးကိုမြင်မက်မူ ကုသိုလ်ကံကောင်းသည်။ ၂။ ဘုန်းကြီးနေအိမ်သို့ကြွလာသည်မြင်မက်မူ ကောင်းစားသည်။ ၃။ ဘုန်းကြီးဆွမ်းစားသည်ဟုမက်မူ စီးပွားတိုးသည်။ ၄။ ဘုန်းကြီးပျံကိုမြင်မက်မူ လာဘ်ရသည်။ ၅။ ဘုန်းကြီးပျံကိုလိုက်ပို့ရသည်ဟုမက်မူ အလွန်ကောင်းစားသည်။ (မ)နှင့်ပတ်သက်သောအိပ်မက်များ (မ) ၁။ မစင်လိမ်းကျံသည်ဟုမြင်မက်မူ ယုတ်သောသူ၌လာဘ်ရသည်။ မြတ်သောသူ၌ ဥယျာဉ်ခြံမြေ အပိုင်စားရသည်။ ၂။ မကောင်းသောရေ သွန်လာရသည်ဟုမက်မူ ပျက်စီးသည်။ ၃။ မကောင်းဆိုးဝါးများကိုမြင်မက်မူ သောကတွေ့သည်။ ၄။ မကောင်းဆိုးဝါးများလက်မှ လွတ်မြောက်ရသည်မြင်မက်မူ ပြိုင်သူများနိုင်သည်။ ၅။ မကောင်းကြံစည်ခြင်းခံရသည်မြင်မက်မူ အနှောင့်အယှက်တို့မှ ကင်းလွတ်သည်။ ၆။ မကျန်းမာသောသူများမြင်မက်မူ အကျိုးယုတ်သည်။ ၇။ မကျန်းမာဖြစ်သည်မက်မူ ဒုက္ခတွေ့သည်။ ၈။ မဆလာစားရသည်မက်မူ အများကိစ္စ၌ ဝိုင်းဝန်းကူညီမှုပေးရသည်။ ၉။ မဆလာနံ့မွှေးသည်မက်မူ လူအများစောင့်ရှောက်သည်။ ၁၀။ မထီမဲ့မြင်ပြုခံရသည်မက်မူ အရှက်တကွဲဖြစ်သည်။ သူများအပြောအဆိုခံရသည်။ ၁၁။ မယားပြိုင်ထားရသည်မက်မူ ကောင်းကျိုးပေးသည်။ ၁၂။ မယား၏နှိပ်စက်ခံရသည်မက်မူ အကျင့်ပျက်ပြားသည်။ စိတ်လေသည်။ ၁၃။ မလိုင်စားရသည်မက်မူ စည်းစိမ်တိုးသည်။ ကျော်စောသည်။ ၁၄။ မလွယ်ပေါက်ကိုမြင်မက်မူ ကြံရည်ဖန်ရည်ဖြင့် အလုပ်အကိုင်များကောင်းမွန်သည်။ ၁၅။ မသာ(အသုဘ)အခမ်းအနားကိုမြင်မက်မူ မုချလက်ထပ်ရသည်။ ကလေးအမြွှာပူးမွေးသည်။ ၁၆။ မသာအိမ်သို့သွားရသည်မက်မူ အမိဘက်မှ အမွေအနှစ်များရသည်။ စေ့စပ်ကြောင်းလမ်းသူ အိမ်သို့လာသည်။ ၁၇။ မင်္ဂလာပြုရသည်မက်မူ ချစ်သူစွန့်ခွာသည်။ နာဖျားသေပျောက်သည်။ ၁၈။ မင်္ဂလာလပ်စွပ်ဝတ်ဆင်ရသည်မက်မူ မုချ မင်္ဂလာပြုရသည်။ (မိ) ၁။ မိမိရူးသည်မက်မူ လာဘ်ရသည်။ ၂။ မိကျောင်းဖမ်းရသည်မက်သော် လာဘ်ရသည်။ ၃။ မိကျောင်းစီးရသည်မက်မူ ရန်သူကိုနိုင်သည်။ ၄။ မိမိအူကိုထုတ်၍ ပတ်ရသည်မက်မူ တန်ခိုးကြီးသည်။ ၅။ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၆။ မိဘဆရာသမားကိုမြင်မက်မူ လာဘ်ရွှင်သည်။ ၇။ မိဘသေဆုံးသည်မက်သော် စီးပွားရေးဆုံးရှုံးသည်။ ၈။ မိဘမေတ္တာကို ရယူသည်မက်သော် စိတ်ရောဂါတိုးသည်။ စိတ်နှင့်ပတ်သက်သော ဝေဒနာများ ခံစားရသည်။ ၉။ မိဘကိုအာခံရသည်မက်မူ အပေါင်းအသင်းဆုံးရှုံးသည်။ စီးပွားရေးပျက်သည်။ ၁၀။ မိဘအမွေများရရှိသည်မက်မူ စီးပွားရေးမုချအောင်မြင်သည်။ ထီပေါက်သည်။ မမျှော်လင့်သော ငွေကြေးများရရှိသည်။ ၁၁။ မိဘမဲ့ကလေးများကိုမြင်မက်မူ အမွေအနှစ်များရရှိသည်။ ၁၂။ မိလ္လာသိမ်းသူကိုမြင်မက်မူ အနှောင့်အယှက်ကြားမှ အောင်မြင်မှုတွေ့ရသည်။ (မီး) ၁။ မီးပုံမှ အခိုးလျှံထွက်သောမီးကိုမြင်မက်မူ ပညာရှိပေါ်ထွက်သည်။ ၂။ မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်မြင်မက်မူ ရပ်ရွာအကြီးအကဲဖြစ်သည်။ ၃။ မီးတန်ဆောင်ညှိထွန်းရသည်ဟုမက်မူ ပညာတတ်သည်။ ၄။ မီးကိုမြင်မက်မူ စိတ်ချမ်းသာသည်။ ကျော်စောသည်။ ၅။ မီးရဲရဲကိုမြင်မက်မူ ကောင်းကျိုးချမ်းသာရှိသည်။ ပညာဉာဏ်ထွန်းလင်းသည်။ ပညာအရာ၌ ကျော်စောသည်။ ၆။ မီးခိုးများကိုသာမြင်မက်မူ ရည်ရွယ်ချက်များဆုံးရှုံးသည်။ ၇။ မီးခိုးမွှန်သည်ဟုမက်မူ ဝမ်းနည်းကြေကွဲစရာ ကြားရသည်။ ခိုက်ရန်ဖြစ်သည်။ ၈။ မီးခိုးခေါင်းတိုင်ကို မြင့်မားစွာထူရသည်မက်မူ ထူးကဲသောအကူအညီကိုပေးရသည်။ သူတပါးအရှက်ကို မိမိကကာကွယ်ပေးရသည်။ ၉။ မီးခွက်ထွန်းရသည်မက်မူ ကံကောင်းသည်။ ၁၀။ မီးခြစ်ကိုမြင်မက်မူ လူလိမ်လူကောက်များနှင့် ကြုံရသည်။ ၁၁။ မီးစာအသစ်လဲရသည်မက်မူ ချစ်သူထံမှ လက်ဆောင်မွန်ရသည်။ မုန်းမည့်သူ ပြန်လည်၍မေတ္တာရှိသည်။ ၁၂။ မီးနင်းပွဲသို့သွားရသည်မက်မူ အကြံအစည်အောင်မြင်သည်။ ခရီးသွားသူနှင့် ချစ်ကြိုက်ရသည်။ ခရီးဝေးသွားရသည်။ ၁၃။ မီးထွန်းပွဲတော်ကိုမြင်မက်မူ ချစ်သူအတွက် စိတ်အေးရသည်။ ၁၄။ မီးထွန်းပွဲသို့ လည်ပတ်ရသည်မြင်မက်မူ ချစ်သူအထင်လွဲသည်။ ဝင်ငွေများရသည်။ ၁၅။ မီးပန်းရှို့ရသည်မက်မူ အောင်မြင်သည်။ အလုပ်အကိုင်တိုးတက်သည်။ ၁၆။ မီးပူတိုက်ရသည်မက်မူ အိမ်တွင်း၌ မိမိလုပ်ကိုင်လိုသည်ကို အောင်မြင်သည်။ ၁၇။ မီးပူတိုက်ရင်း အဝတ်ကျွမ်းသွားသည်မက်မူ အိမ်တွင်းပဋိပက္ခဖြစ်သည်။ စကားများပြောရသည်။ ၁၈။ မီးပုံးပျံတွေ့သည်မြင်မက်မူ ချမ်းသာသုခဖြစ်သည်။ ၁၉။ မီးပုံးပျံစီးရသည်မက်မူ မိမိစိတ်ကူးများ မကြာမီ အကောင်အထည်ဖော်နိုင်ရသည်။ ခိုးရာလိုက်ပြေးရသည်။ ခိုးယူပေါင်းသင်းရသည်။ ၂၀။ မီးကိုမြင်မက်မူ အိမ်တွင်းရေးတည်ငြိမ်သွားသည်။ ၂၁။ မီးဖိုပြင်ဆင်ရသည်မက်မူ မင်္ဂလာပွဲပြုလုပ်ရသည်။ ၂၂။ မီးဖိုချောင်မီးလောင်နေသည်မက်မူ အိမ်ဖော်များထွက်ပြေးသွားသည်။ အိမ်ဖော်အတွက် လုံးဝစိတ်ညစ်ရသည်။ ၂၃။ မီးဖိုထဲ၌ ထမင်းဟင်းကို ဝိုင်းဝန်းချက်ပြုတ်နေသည်မက်မူ အလှူအတန်းပြုရသည်။ ၂၄။ မီးရထားကိုမြင်မက်မူ အပျော်ခရီးထွက်ရသည်။ ၂၅။ မီးရထားစီးရသည်မက်မူ မယားငယ်၊ မယားပြိုင်များ ထားရသည်။ ၂၆။ မီးသင်္ဂြိုဟ်နေသည်ကိုမြင်မက်မူ မကောင်းကြံသောသူများနှင့်တွေ့ရသည်။ ၂၇။ မီးသင်္ဂြိုဟ်ခံရသည်မက်မူ သူတပါးအတင်းပြောခံရသည်။ ၂၈။ မီးသင်္ဂြိုဟ်သောဖို၌ ဆင်းရသည်မက်မူ တစ်ခုလပ်နှင့်လက်ထပ်ရသည်။ ၂၉။ မီးလုံးမြင်မက်မူ အပျော်ခရီးသွားရန် ကြံစည်ရသည်။ ၃၀။ မီးအိမ်ဖြင့်လမ်းလျှောက်ရသည်မက်မူ မရေရာသောအလုပ်ကို ဆက်၍လုပ်ရသည်။ (မင်) ၁။ မင်ပုလင်းကိုမြင်မက်မူ ချစ်သူအထင်လွဲသည်။ ၂။ မင်များဖိတ်စင်ကုန်သည်မက်မူ အခက်အခဲများတွေ့ကြုံရသည်။ အကြံပျက်သည်။ (မင်း) ၁။ မင်းတုံးကိုမြင်မက်မူ အလုပ်အကိုင်ပြောင်းရွှေ့ရသည်။ (မိတ်) ၁။ မိတ်ဆွေများနှင့် အတူနေရသည်မက်မူ အများတကာနှင့်မိမိ သဘောကွဲလွဲမှုများ ကြုံရသည်။ ၂။ မိတ်ဆွေတစ်ဦးသေဆုံးရသည်မက်မူ ငွေရေးကြေးရေး၌ စိတ်သောကတွေ့ရသည်။ ၃။ မိတ်ဖွဲ့စာများရသည်မက်မူ ချမ်းသာသုခနှင့်ကြုံရသည်။ စကားပြော အဆင်ပြေသည်။ (မဲ) ၁။ မဲပေးရသည်မက်မူ အလုပ်အကိုင် နေရာတကျဖြစ်သည်။ ၂။ မဲပေးခံရသည်မက်မူ အများအကျိုး၌ စိတ်ဝင်စားရသည်။ စိတ်ကူးယဉ်တတ်သည်။ (မက်) ၁။ မက်မန်းသီးစားရသည်မက်မူ အချစ်ရေး မပြေလည်ဘဲရှိသည်။ (မြင့်) ၁။ မြင့်ရာမှကျသည်ဟုမြင်မက်မူ မကောင်းပါ။ ၂။ မြင့်မြတ်သောအရပ်သို့တက်ရသည်ဟုမြင်မက်မူ လူတကာတို့ထက် မြတ်သည်။ ၃။ မြင့်မိုရ်တောင်ကိုတက်ရသည်မက်မူ အကြီးအကဲဖြစ်သည်။ လူချစ်လူခင်များသည်။ ၄။ မြင့်မိုရ်တောင်ကို ခေါင်းအုံးရသည်ဟုမက်မူ ကမ္ဘာကျော်သူဖြစ်သည်။ (မြ) ၁။ မြစိမ်း(ကျောက်)ကိုမြင်မက်မူ စိတ်ချမ်းသာသည်။ အလုပ်အကိုင်အောင်မြင်သည်။ ထီပေါက်သည်။ ၂။ မြစိမ်းလည်ဆွဲဝတ်ဆင်ရသည်မက်မူ လက်ထပ်မင်္ဂလာပြုလုပ်လျှင် စီးပွားရေးလာဘ်ကြီးနှင့် ကြုံရသည်။ ၃။ မြသပိတ်ကိုလွယ်ရသည်မက်မူ စားဖွယ်သောက်ဖွယ်များ ပေါများသည်။ ဂုဏ်သရေတိုးသည်။ ထီပေါက်သည်။ (မြက်) ၁။ မြက်ခင်းစိမ်းစိုစွာမြင်မက်မူ ချစ်သူနှင့် အပျော်ထွက်ရသည်။ ခရီးထွက်စဉ် ချစ်သူနှင့်တွေ့ရသည်။ ချစ်သူရှိရာ အလည်အပတ်သွားရသည်။ ၂။ မြက်ခြောက်ပုံကိုမြင်မက်မူ ကျန်းမာရေးကောင်းသည်။ ချမ်းသာသည်။ ၃။ မြက်ပင်ရိတ်ရသည်မက်မူ သူတပါးမလိမ်မီ ကြိုတင်သိရှိရသည်။ ၄။ မြက်ပင်များစိုက်ပျိုးရသည်မက်မူ သီးနှံပေါသည်။ ဆန်ရေစပါး အထွက်ကောင်းသည်။ (မြင်း) ၁။ မြင်းကိုမြင်မက်မူ ဆွေမျိုးများအလည်လာသည်။ ခရီးထွက်ရသည်။ ၂။ မြင်းများကိုမက်မူ သိကျွမ်းသူတစ်ဦးက အကြံဉာဏ်ဖြင့် ကူညီသည်။ (မြစ်) ၁။ မြစ်ရေကိုသောက်ရသည်ဟုမြင်မက်မူ သူတပါးတို့ထက် ကျော်စောထင်ရှားသည်။ ပူဇော်ခံရသည်။ မိတ်ဖွဲ့လိုသူများနှင့် တွေ့ရသည်။ ၂။ မြစ်ရေကြည်ကိုမက်မူ ချမ်းသာသောသူနှင့် လက်ထပ်ရသည်။ ၃။ မြစ်ရေနောက်ကိုမက်မူ သောကတွေ့သည်။ ၄။ မြစ်ထဲမှရေကူး၍ ကမ်းပေါ်ရောက်သည်မက်သော် အကြံအစည်အောင်မြင်သည်။ (မြား) ၁။ မြားတံကိုမြင်မက်မူ အတိဒုက္ခရောက်သည်။ ၂။ မြားချွန်ရသည်မြင်မက်မူ အိမ်တွင်းရေးရှုပ်ထွေးသည်။ (မြူ၊ မြှူ) ၁။ မြူမှုန်များ အုံ့ဆိုင်းနေသည်ကိုမြင်မက်မူ ခက်ခဲစွာနှင့်အောင်မြင်သည်။ ၂။ မြှူချော့ရသည်မက်မူ ရန်သူ၏ သွေးဆောင်ခြင်းကိုခံရသည်။ ၃။ မြှူဆွယ်နေသည်ကိုမြင်မက်မူ အကြံအောင်မြင်သည်။ ဇနီးကောင်းရသည်။ (မြူး) ၁။ မြူးကြွသူများကိုမြင်မက်မူ တရားတပေါင်ဖြစ်ပွားလျှင် နိုင်သည်။ (မြှုံး) ၁။ မြှုံးထောင်ရသည်မက်မူ အလုပ်အကိုင်တိုးတက်သည်။ ရာထူးတိုးတက်သည်။ ၂။ မြှုံး၌ငါးမိနေသည်မက်မူ ထီပေါက်သည်။ ငွေများစွာရရှိသည်။ (မျက်) ၁။ မျက်ကန်းကိုမြင်မက်မူ မိတ်ဆွေများကူညီရသည်။ ၂။ မျက်ခုံးများထင်ပေါ်စွာမြင်မက်မူ ဖူးစာရှင် မိမိအနီးဆုံးနေရာ၌ရှိသည်။ ၃။ မျက်လုံးကြည်လင်သူကိုမြင်မက်မူ ဆွဲဆောင်မှုအပြည့်ရှိသည်။ ၄။ မျက်လုံးနီရဲ၍ ဒေါသဖြစ်နေသူကိုမြင်မက်မူ ပြေပြစ်သောစကားကိုဆိုရသည်။ ၅။ မျက်နှာ၌ အမာရွတ်နှင့်မြင်မက်မူ မိတ်ဆွေတုများဖျက်ဆီးသည်။ သူခိုးဖမ်းမိရသည်။ ၆။ မျက်နှာကြက်ကိုမြင်မက်မူ ကံကောင်းသည်။ ရာထူးတိုးသည်။ ၇။ မျက်နှာကိုဆေးကြောရသည်မက်မူ ရောဂါပျောက်ကင်းသည်။ ၈။ မျက်မမြင်များနှင့် စကားပြောရသည်မက်မူ အသက်အန္တရာယ် စိုးရိမ်ရသည်။ ၉။ မျက်မှန်တပ်ဆင်ရသည်မက်မူ ဆွေမျိုးချင်းစိတ်ဝမ်းကွဲသည်။ ၁၀။ မျက်မှန်လက်ဆောင်ရသည်မက်မူ ကိုယ့်ရှူးကိုယ်ပတ်သည်။ အကြံမအောင်ဘဲရှိသည်။ ၁၁။ မျက်ရည်ကိုလျှာဖြင့်လျက်ရသည်မက်မူ ပြောစကားများအောင်မြင်သည်။ ခရီးသွားလာဘ်ရသည်။ ၁၂။ မျက်ရည်ကျသည်မက်မူ အကြံအစည်များအောင်မြင်သည်။ ၁၃။ မျက်လှည့်ဝိုင်းကိုမြင်မက်မူ ကောက်ကျစ်သောမိန်းမများနှင့် ကြုံတွေ့ရသည်။ ၁၄။ မျက်လှည့်ပြသူကိုမြင်မက်မူ မိတ်ဆွေများမကောင်းကြံသည်။ ၁၅။ မျက်စိမှိတ်သည်ဟုမြင်မက်က အရမ်းကာရောပြုမိတတ်သည်။ ၁၆။ မျက်စိဖွင့်သည်မက်မူ ကောင်းကျိုး မကောင်းကျိုးကိုမြင်သည်။ ၁၇။ မျက်စိကြည်လင်သည်ဟုမြင်မက်မူ မကောင်းသောဉာဏ်တိုးသည်။ ၁၈။ မျက်စိ၌ အမှိုက်ဝင်သည်ဟုမြင်မက်မူ အနိဌာရုံကိုရသည်။ ၁၉။ မျက်စိ၌ တိမ်သလ္လာကျသည်ဟုမြင်မက်မူ အသိဉာဏ်နည်းပါးရသည်။ ၂၀။ မျက်စိ၌ မျက်ချေးများသည်ဟုမြင်မက်မူ အရှိန်အစော်မဲ့သည်။ ၂၁။ မျက်စိပျက်သည်ဟုမြင်မက်မူ သားသမီးတို့ထွက်ပြေးသည်။ ၂၂။ မျက်စိထွက်သည်ဟုမြင်မက်မူ သားသမီးတို့ထွက်ပြေးသည်။ (မြည်း) ၁။ မြည်းကိုမြင်မက်မူ အကြီးအကဲစိတ်တိုရသည်။ ၂။ မြည်းကိုဝန်တင်လျက်မြင်မက်မူ ခရီးသွားလာဘ်ရသည်။ (မန်) ၁။ မန်ကျည်းသီးစားရသည်ဟုမြင်မက်မူ သူကောင်းဖြစ်သည်။ ဝမ်းဖောဝမ်းယောင်ဖြစ်သည်။ ၂။ မန်ကျည်းရွက်နုခူးရသည်မက်မူ လူပေါ်လူဇော်လုပ်ရသည်။ လူတွင်ကျယ်ဖြစ်သည်။ (မု) ၁။ မုဆိုးကိုမြင်မက်မူ လိမ်လည်သူ မိမိအနီး၌ရှိနေသည်။ ၂။ မုဆိုးနှင့်တောလည်ရသည်မက်မူ အိမ်နီးချင်းတို့၏ အတင်းပြောကဲ့ရဲ့ခံရသည်။ (မူ) ၁။ မူယာမာယာများသူကိုမြင်မက်မူ မိန်းမတို့အလိမ်ခံရသည်။ မိန်းမထောင်ချောက်၌ မိတတ်သည်။ (မူး) ၁။ မူးယစ်ရသည်မက်မူ စကားကောင်းပြောရသည်။ ၂။ မူးယစ်၍ ရမ်းကားနေသူကိုမြင်မက်မူ စိတ်ဒုက္ခတွေ့ရသည်။ အပြစ်ဒဏ်ခံရသည်။ (မိန်း) ၁။ မိန်းမကိုဆွဲရသည်မက်မူ ချမ်းသာကြွယ်ဝသည်။ ၂။ မိန်းမနှင့်အတူအိပ်ရသည်မက်မူ လာဘ်ရသည်။ ၃။ မိန်းမကိုနားထွင်းရသည်မက်မူ ရွှေငွေရသည်။ ၄။ မိန်းမအမွှေးအမျှင်ရှည်သည်ကိုမြင်မက်မူ ချမ်းသာသည်။ ၅။ မိန်းမနားထွင်းသည်ကိုမြင်မက်မူ လာဘ်ရသည်။ ၆။ မိန်းမကိုမြင်မက်မူ မကောင်းကြံစည်ခံရသည်။ (မှို) ၁။ မှိုရသည်မက်မူ စွန့်စားချက်အောင်မြင်သည်။ ၂။ မှိုဟင်းချက်စားရသည်မက်မူ ရောဂါကင်းသည်။ လာဘ်ရွှင်သည်။ (မှဲ့) ၁။ မှဲ့ကိုမြင်မက်မူ သွေးလေချောက်ခြားသည်။ (မှန်) ၁။ မှန်ကိုမြင်မက်မူ ချစ်သူနှင့်စိတ်ဝမ်းကွဲသည်။ အကြံအောင်သည်။ မိမိကြိုးစားသည့်အလုပ် မကြာမီခံစားရသည်။ ၂။ မှန်၌ ကိုယ်လုံးပေါ်သည်ကိုမြင်မက်မူ သူတပါးအကူအညီဖြင့် အောင်မြင်သည်။ မိတ်ဆွေသစ်တိုးသည်။ (မှိန်း) ၁။ မှိန်းကိုမြင်မက်မူ ရန်သူ၏ လုပ်ကြံမှုခံရသည်။ (မုန်) ၁။ မုန်တိုင်းလေပွေလာသည်ကိုမြင်မက်မူ စိုးရိမ်ရသည်။ ၂။ မုန်တိုင်းထသည်ဟုမြင်မက်မူ ကြောင့်ကြများသည်။ စိုးရိမ်သောကများသည်။ ၃။ မုန်ညင်းပင်ကိုမြင်မက်မူ ရာထူးတက်သည်။ ၄။ မုန်ညင်းရွက်ကိုမြင်မက်မူ ချမ်းသာသောလင်ရသည်။ ၅။ မုန်တိုင်းတိုက်ခတ်သည်ကိုမက်မူ ကိုယ်လက်ထိခိုက်ဒဏ်ရာရရှိတတ်သည်။ မိတ်ဆွေရောဂါကူးစက်သည်။ ၆။ မုန်လာပင်များမြင်မက်မူ ရောဂါထူပြောသည်။ ၇။ မုန်လာဥကိုမြင်မက်မူ အိမ်တွင်းရန်ဖြစ်ပွားရသည်။ ငွေကုန်သည်။ (မုန့်) ၁။ မုန့်မျိုးစုံအမည်များကိုမြင်မက်မူ မင်္ဂလာဆောင်သို့သွားရသည်။ ၂။ မုန့်ဆီကြော်စားရသည်မက်မူ အမွေအနှစ်များရသည်။ ၃။ မုန့်တီမုန့်ဟင်းခါးစားရသည်မက်မူ သူတပါးအား စိတ်ဓာတ်ထက်သန်စွာ ကူညီပေးရသည်။ (မိုး) ၁။ မိုးရေထဲပျော်ပါးရသည်မက်မူ ဥစ္စာစီးပွားများပြားသည်။ ၂။ မိုးရွာသည်ကိုမက်မူ စိတ်သောကရောက်သည်။ ၃။ မိုးကြိုးပစ်ခံရသည်မက်မူ ပျက်စီးဆုံးရှုံးသည်။ အသက်အန္တရာယ်ရှိသည်။ ၄။ မိုးကြိုးပစ်ခတ်ရာမှ လွတ်မြောက်သည်မက်မူ ရာထူးကြီးရရှိသည်။ ဥစ္စာစည်းစိမ် ဖွံ့ဖြိုးသည်။ ၅။ မိုးစွေငှက်ကိုမြင်မက်မူ ကံကောင်းသူတစ်ဦးဖြစ်သည်။ ၆။ မိုးစွေငှက်တေးသံကြားရသည်မက်မူ ရပ်ဝေးမှ အချစ်ကိစ္စသတင်းကောင်းများ ကြားရသည်။ (မုတ်) ၁။ မုတ်ဆိတ်မွေးပေါက်သည်ဟုမြင်မက်မူ ခေတ္တအခက်အခဲတွေ့ရသည်။ ၂။ မုတ်ကောင်ကိုမြင်မက်မူ ကြီးပွားချမ်းသာသည်။ ၃။ မုတ်ကောင်ကိုဖမ်းရသည်မက်မူ စီးပွားတိုးတက်အောင်မြင်သည်။ ၄။ မုတ်ဆိတ်ကျင်စွယ်ဖြူသည်ကိုမြင်မက်မူ ကျော်စောသည်။ (မုခ်) ၁။ မုခ်ပေါက်ဝကိုမြင်မက်မူ ဥပဒ်တွေ့သည်။ ၂။ မုခ်ဝတွင်ရပ်နေသည်မြင်မက်မူ စိတ်ညစ်ညမ်းမိသည်။ (မေ့) ၁။ မေ့မျောနေသောသူကိုမြင်မက်မူ မမျှော်လင့်သောအောင်မြင်မှုကိုရသည်။ ၂။ မေ့နေသူကိုပြုစုရသည်မက်မူ မိမိကြိုက်နှစ်သက်သူနှင့် လက်ထပ်ရသည်။ (မော) ၁။ မောပန်းနွမ်းလျနေသည်မက်သော် အကြံကောင်းများ ရုတ်တရက်ရှိသည်။ ၂။ မောပန်းနေသူကို ကူညီပြုစုသည်မက်မူ မိတ်ဆွေများအတွက် ငွေကြေးတို့ဖြင့် ကူညီရသည်။ (မော်) ၁။ မော်တော်ကားစီးရသည်မက်မူ မိန်းမကောင်းတစ်ဦးကိုကူညီရသည်။ (မောက်) ၁။ မောက်မာရင့်သီးသူကိုမြင်မက်မူ ပင်ပန်းဆင်းရဲသည်။ စိတ်သောကတွေ့ရသည်။ ထိုသူပျက်စီးသည်။ ၂။ မောက်တိုဆောင်းရသည်မက်မူ အကြီးအကဲဖြစ်သည်။ (မောင်း) ၁။ မောင်းချဓားကိုမြင်မက်မူ ရန်သူများအနီးအပါး၌ ရှိနေသည်။ ၂။ မောင်းတီးသံကိုကြားရသည်မက်မူ သတင်းကောင်းများကြားရသည်။ (မွေ့) ၁။ မွေ့ရာကိုမြင်မက်မူ မုချလက်ထပ်ရသည်။ ၂။ မွေ့ရာအသစ်နှင့်အိပ်စက်ရသည်မက်မူ ရောဂါတိုးသည်။ (မွေး) ၁။ မွေးနေ့ကျင်းပရသည်မက်မူ အလုပ်အကိုင်၌ စကားပြောစရာများ ပေါ်ပေါက်သည်။ (မှော်) ၁။ မှော်ပင်များမြင်မက်မူ အကြံမအောင်ဘဲ ရှိသေးသည်။ စိတ်လေလွင့်ရသည်။ ၂။ မှော်ဆရာကိုမြင်မက်မူ မိတ်ဆွေများနှင့် သဘောထားကွဲလွဲသည်။ (မြေ) ၁။ မြေကြီးကို ဖျာလိုအိပ်ရသည်ဟုမြင်မက်မူ အကြီးအကဲဖြစ်သည်။ ၂။ မြေတူးရသည်ဟုမြင်မက်မူ မကောင်းပါ။ ၃။ မြေစာပန်းပန်ရသည်မြင်မက်မူ ပညာရှိတစ်ဆူဖြစ်သည်။ ၄။ မြေခဲစားရသည်မြင်မက်မူ လာဘ်ကြီးရသည်။ ၅။ မြေမှုန့်များသုတ်လိမ်းရသည်ဟုမက်မူ အဆင်းအင်္ဂါလှပသူဖြစ်သည်။ ၆။ မြေမှုန့်စားရသည်မက်မူ ကိုယ်ဝန်ဆောင်ရသည်။ ၇။ မြေဩဇာကိုမြင်မက်မူ ငွေကြေးကိစ္စအဆင်ပြေသည်။ ၈။ မြေကြီးစားရသည်မက်မူ ရောဂါရသည်။ ၉။ မြေကြီးထဲ၌ အရှင်လတ်လတ်အမြှုပ်ခံရသည်မက်မူ ဒုက္ခကြီးစွာတွေ့ရသည်။ ၁၀။ မြေခွေးကိုမြင်မက်မူ ယှဉ်ပြိုင်သူရှိသည်။ အကြံသမားနှင့် တွေ့ကြုံရသည်။ ၁၁။ မြေခွေးကိုမွေးမြူရသည်မက်မူ အကြံကြီး ရမ္မက်ကြီးသောမိန်းမနှင့် လက်ထပ်ရသည်။ ၁၂။ မြေပိုင်သည်မက်မူ လောဘရမ္မက်ကြီးသူဖြစ်သည်။ အလိုမပြည့်ဖြစ်သည်။ ၁၃။ မြေပိုင်ဝယ်ရသည်မက်သော် လူလိမ်များနှင့် ကြုံတွေ့ရသည်။ ၁၄။ မြေပုံကားချပ်ကိုမြင်မက်မူ ခရီးဝေးသွားရသည်။ ၁၅။ မြေပုံကားချပ်ကို ရှာဖွေကြည့်ရှုနေသည်မက်မူ အလုပ်အကိုင်၊ နေရာထိုင်ခင်း ပြောင်းလဲရသည်။ (မြွေ) ၁။ မြွေစိမ်းလိုက်သည်ဟုမြင်မက်မူ လူလိမ်တွေ့ရသည်။ ၂။ မြွေပွေး မြွေဟောက်တို့လိုက်သည်ဟုမြင်မက်မူ လူဆိုးတို့ လိမ်ရန်လာကုန်သည်။ ၃။ မြွေကိုက်သည်ဟုမြင်မက်မူ လူလိမ်ခံရသည်။ ၄။ မြွေကို ခါးပိုက်ပိုက်ရသည်ဟုမြင်မက်မူ အတွင်းရန်ဖြစ်ပေါ်သည်။ ၅။ မြွေကိုမြင်မက်မူ အကြံအစည်ပျက်သည်။ မိန်းမ သစ္စာမဲ့ပြုကျင့်သည်။ ၆။ မြွေပွေးကိုမြင်မက်မူ အလုပ်များလုပ်ရန် မေ့တတ်သည်။ ၇။ မြွေပါကိုမြင်မက်မူ ရန်သူကိုနိုင်သည်။ ၈။ မြွေခဲသည်မြင်မက်မူ သားသမီးရ၍ အစွဲရှိသည်။ ချမ်းသာကြွယ်ဝသည်။ (မြောင်း) ၁။ မြောင်း(တူးမြောင်း)ကိုမြင်မက်မူ အချုပ်အနှောင်ခံရသည်။ ဆင်းရဲဒုက္ခဖြစ်သည်။ သူတပါးအတင်းပြောခံရသည်။ (မြောက်) ၁။ မြောက်အရပ်သို့သွားရသည်မက်မူ ကိုယ်ဝန်ဆောင်များ အလည်ရောက်သည်။ (မျှော့) ၁။ မျှော့ကြိုးကိုမြင်မက်မူ စိတ်ရှည်စွာ အလုပ်လုပ်ရသည်။ ၂။ မျှော့ကိုမြင်မက်မူ နာမည်ကြီးသည်။ ပူဇော်ခံရသည်။ ၃။ မျှော့တွယ်ခံရသည်မက်သော် ရန်သူများကို အောင်မြင်သည်။ အတင်းပြောသူ ပျက်စီးသည်။ ၄။ မျှော့တွယ်သည်ကိုမြင်မက်မူ အကြီးအကဲဖြစ်သည်။ (မျှော်) ၁။ မျှော်စင်ကိုမြင်မက်မူ ခရီးဝေးသွားရသည်။ အကြံအစည်ရှိလျှင် ဆက်လုပ်ရသည်။ (မျောက်) ၁။ မျောက်ကိုမြင်မက်မူ ဥစ္စာပစ္စည်းကို သူခိုးလူလိမ်တို့ ရန်ပြုသည်။ ၂။ မျောက်မွေးရသည်မက်မူ အခိုင်းစေများရသည်။ (ယ)နှင့်ပတ်သက်သောအိပ်မက်များ (ယ) ၁။ ယမင်းကိုမြင်မက်မူ အသက်ရှည်သည်။ ၂။ ယမင်းရုပ်ကိုမြင်မက်မူ အိမ်တွင်းအေးချမ်းသည်။ မိမိအား စောင့်ရှောက်သူကို ကျေနပ်ဖွယ်တွေ့ရသည်။ (ယင်) ၁။ ယင်ကောင်ကိုမြင်မက်မူ အိမ်နီးချင်းတို့ စွပ်စွဲခံရသည်။ နာဖျားသူများ ရောဂါပျောက်ကင်းသည်။ (ယာ) ၁။ ယာဂုစားရသည်မက်မူ ရောဂါသက်သာလာသည်။ စိတ်ချောက်ချားသည်။ (ယား) ၁။ ယားယံသည်ဟုမြင်မက်မူ ဘေးဒုက္ခဖြစ်သည်။ ၂။ ယားနာများ ကိုယ်တွင်ပေါက်နေသည်ဟုမြင်မက်မူ ငွေဝင်သည်။ (ယပ်) ၁။ ယပ်တောင်ကိုမြင်မက်မူ အသုဘကိစ္စတစ်ခု၌ ဦးဆောင်၍လုပ်ရသည်။ (ယမ်း) ၁။ ယမ်းမှုန့်ကိုမြင်မက်မူ အကျိုးရှိသောအလုပ်များ လုပ်ရသည်။ ၂။ ယမ်းမှုန့်ပေါက်ကွဲသည်မြင်မက်မူ မကြာမီလက်ထပ်ရသည်။ မိတ်ဖွဲ့လိုသူတစ်ဦးနှင့် ကြုံတွေ့စကားပြောရသည်။ (ယော) ၁။ ယောက်ျားချင်းသင့်မြတ်၍ ကိုယ်ဝန်ရှိသည်မက်မူ မကောင်းပါ။ ၂။ ယောက္ခမကိုမြင်မက်မူ ရန်မက်ဖြစ်ပွားသည်။ တရားဖြစ်ပွားသည်။ ဝင်ငွေကောင်းသည်။ (ယောက်) ၁။ ယောက်မကိုမြင်မက်မူ ဧည့်ထူးဧည့်မြတ်များ ညအိပ်လာသည်။ ၂။ ယောက်ဖတော်စပ်ရသည်မက်မူ ချစ်သူဆုံးရှုံးသည်။ ချစ်သူနှင့်ဝေးရာသို့ သွားရသည်။ (ယို) ၁။ ယိုစားသုံးရသည်မက်မူ အကြံအောင်သည်။ သွေးထွက်သံယို ဖြစ်ပွားသည်။ (ယိုး) ၁။ ယိုးစွပ်ခံရသည်မက်က အကြံအောင်သည်။ မကောင်းပြောသူများ ပျက်စီးသည်။ အနီးဆုံးရန်သူများ ဘေးတွေ့ကြသည်။ (ရ)နှင့်ပတ်သက်သောအိပ်မက်များ (ရ) ၁။ ရဟန်း၊ သာမဏေ၊ ရသေ့တို့၏ မကောင်းသောအရာမြင်မက်မူ ဥပဒ်ရောက်သည်။ ၂။ ရဟတ်ကိုမြင်မက်မူ မကောင်းပါ။ ၃။ ရထားစီးရသည်မြင်မက်က မယားကောင်းရသည်။ ၄။ ရထားကိုမြင်မက်မူ ဥစ္စာငွေများ ဝင်သည်။ ရောဂါသက်သာသည်။ ၅။ ရသေ့ ရဟန်း ဈာန်နှင့်ကြွလာသည်မြင်မက်မူ ကောက်ပဲသီးနှံဖွံ့ဖြိုးသည်။ သားဦးရတနာဖွားမြင်သည်။ (ရူး) ၁။ ရူးသွပ်သည်ကိုမြင်မက်မူ အရောင်းအဝယ်ကောင်းသည်။ စကားအဆင်ပြေသည်။ ၂။ ရူးသွပ်သူကို လက်ထပ်ရသည်မက်မူ စကားနားမထောင်သူကို လက်ထပ်ရသည်။ (ရုပ်) ၁။ ရုပ်တုကိုမြင်မက်မူ သောကကြုံသည်။ ပြိုင်ဘက်ရှိသည်။ ၂။ ရုပ်ပွားတော်ကိုမြင်မက်မူ အေးချမ်းသာယာဆုံးတရားတွေ့ရသည်။ ၃။ ရုပ်ပွားတော်ကို ကန်တော့နေသည်မြင်မက်မူ အလုပ်အကိုင်အောင်မြင်သည်။ ၄။ ရုပ်ရှင်ကြည့်ရသည်မြင်မက်မူ ပူဆွေးရသည်။ (ရုံး) ၁။ ရုံးတော်သို့တက်ရသည်မက်သော် အနှောင့်အယှက်များရှိနေသည်။ (ရှင်) ၁။ ရှင်ပြုမင်္ဂလာ ပြုလုပ်ရသည်မက်သော် စည်းစိမ်ခံစားရသည်။ ကြီးပွားရသည်။ ၂။ ရှင်ဘုရင်ကိုမြင်မက်မူ မိမိထက် အဆင့်မြင့်သူနှင့် လက်ထပ်ရသည်။ ၃။ ရှင်ဘုရင်လုပ်ရသည်မက်မူ မြောက်ပင့်ခြင်းခံရသည်။ ၄။ ရှင်သီဝလိကိုးကွယ်ရသည်မက်မူ ဥစ္စာပေါများသည်။ အလုပ်အကိုင် တိုးချဲ့ရသည်။ ဝင်ငွေကောင်းသည်။ စုတ်ကြီးလာဘ်ကြီးများ ဝင်သည်။ (ရှဉ့်) ၁။ ရှဉ့်ကိုမြင်မက်မူ အတင်းပြောသည်ကိုသိလျက်နှင့် ငြိမ်နေရသည်။ ၂။ ရှဉ့်ဖမ်းရသည်မက်သော် စိတ်ချမ်းသာမှုများ ဆက်တိုက်ပေါ်သည်။ (ရွှံ့) ၁။ ရွှံ့ညွန်ထူထပ်စွာမြင်မက်မူ ရောဂါထူပြောသည်။ (ရှင်း) ၁။ ရှင်းလင်းရသည် အပြောင်ရှင်းရသည်မက်မူ မိမိကြိုက်ရာမိန်းမကို ရွေးချယ်ယူရသည်။ (ရွာ) ၁။ ရွာရိုးလျှောက်ရသည်မက်မူ စိုက်ပျိုးရေးအောင်မြင်သည်။ (ရိုက်) ၁။ ရိုက်နှက်နေသည်မြင်မက်မူ ပျက်စီးသည်။ (ရဲ) ၁။ ရဲကိုမြင်မက်မူ ယုံကြည်စိတ်ချရသည်။ (ရိပ်) ၁။ ရိပ်သာကိုမြင်မက်မူ အေးချမ်းသာယာ စိုပြည်လာသည်။ ၂။ ရိပ်သာ၌ နားနားနေနေ တရားအားထုတ်ရသည်မက်မူ စိတ်ဝယ် ချမ်းသာခြင်းနှင့် ပြည့်စုံသည်။ (ရန်) ၁။ ရန်သူနှင့် ရန်ဖြစ်သည်မက်မူ အမှုအခင်းဖြစ်ပွားသည်။ ၂။ ရန်သူက ဝန်ချတောင်းပန်ရသည်မက်မူ အကြံအစည်များအောင်မြင်အံ့။ (ရယ်) ၁။ ရယ်မောရသည်မက်မူ သတင်းဆိုးများကြားရသည်။ (ရည်း) ၁။ ရည်းစားကိုမြင်မက်မူ သုခချမ်းသာဖြစ်သည်။ ၂။ ရည်းစားထားရသည်မက်မူ အငြင်းအခုံကြောင့် မိတ်ပျက်ရသည်။ (ရေ) ၁။ ရေကြည်ကိုမြင်မက်မူ အလွန်စိတ်ချမ်းသာသည်။ ၂။ ရေနောက်ကိုမြင်မက်မူ ဘေးဥပဒ်ရောက်သည်။ ၃။ ရေထဲ၌ မြွေ၊ ကင်းတို့ကိုမြင်မက်မူ ချမ်းသာရောက်သည်။ ၄။ ရေကန်၏အလယ် ကြာထက်၌ နို့ဃနာစားရသည်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၅။ ရေသောက်ရသည်မြင်မက်မူ ဂုဏ်သတင်းတိုးတက်သည်။ ၆။ ရေဆာ၍သောက်ရသည်မက်မူ ကျယ်သောအိပ်ခန်းသို့ ပြောင်းရွှေ့ရသည်။ ၇။ ရေအေးသောက်ရသည်မက်မူ ဥစ္စာပေါများသည်။ ရန်အောင်သည်။ ၈။ ရေကာတာကိုမြင်မက်မူ လွန်စွာကဲ့ရဲ့ခံရသည်။ ပူဆွေးသောကကို မျိုသိပ်ထားနိုင်သည်။ ၉။ ရေကာတာကျိုးပျက်သည်မက်မူ အကြံအစည်ကောင်းများ ချက်ချင်းရရှိသည်။ ၁၀။ ရေကာတာ ပြုပြင်ဆောက်လုပ်ရသည်မက်မူ သူတပါးအား ကူညီရသည်။ ၁၁။ ရေကူးရသည်မက်မူ ပင်ပန်းကြီးစွာ လုပ်ကိုင်ရသည်။ ၁၂။ ရေကန်ကိုမြင်မက်မူ အလိုပြည့်သည်။ ပျော်ရွှင်ရသည်။ ၁၃။ ရေကြီး၍ အိမ်ယာများပျက်စီးသည်ဟုမြင်မက်က ရောဂါစွဲကပ်သည်။ စိတ်သောကရောက်သည်။ ၁၄။ ရေလမ်းကြောင်းဖြင့် ခရီးသွားရသည်မြင်မက်မူ ငွေကြေးဆုံးရှုံးသည်။ အကြွေးတင်သည်။ ၁၅။ ရေခဲပြင်ကိုမြင်မက်မူ အလိမ်ပေါ်သည်။ ၁၆။ ရေခဲခြစ်ကိုရောင်းရသည်မြင်မက်မူ ပြဿနာများရှိသည်။ ၁၇။ ရေခဲမုန့်စားရသည်မြင်မက်မူ ချစ်ကံကောင်းသည်။ ၁၈။ ရေချိုးရသည်မြင်မက်မူ ကျန်းမာရေးကောင်းသည်။ ၁၉။ ရေငုပ်ရသည်မြင်မက်မူ အညှဉ်းပန်းအနှိပ်စက်ခံရသည်။ ၂၀။ ရေငုပ်သင်္ဘောကိုမြင်မက်မူ မိမိအကြံအစည်များ ဖော်ထုတ်မည့်သူတွေ့သည်။ ၂၁။ ရေငတ်သည်မက်မူ ဆီးချိုရောဂါရှိသည်။ ညောင်းကျရောဂါများ ဖြစ်တတ်သည်။ ၂၂။ ရေညှိတွယ်ကပ်နေသည်မြင်မက်မူ ထိုအရာဝတ္ထုများ ရောင်းဝယ်လျှင်ကောင်းသည်။ ၂၃။ ရေတကောင်းကိုမြင်မက်မူ အကြံအစည်များခက်ခဲနေသည်။ ၂၄။ ရေတံခွန်ကိုမြင်မက်မူ ဘေးဥပဒ်များတွေ့ကြုံရသည်။ သူများအတင်းပြောခံရသည်။ ၂၅။ ရေတွင်းကိုမက်မူ ပစ္စည်းကြွယ်ဝသည်။ ၂၆။ ရေတွင်းထဲလိမ့်ကျသည်မက်မူ ဦးခေါင်း၌ အနာတရ ရရှိသည်။ ၂၇။ ရေနံစိမ်းကိုမြင်မက်မူ အလုပ်သစ်ပြောင်းရွှေ့ရသည်။ ၂၈။ ရေနံတွင်းကိုမြင်မက်မူ ခရီးသွားရသည်။ အလုပ်အကိုင်ပြောင်းလျှင် ကောင်းသည်။ ၂၉။ ရေနစ်နေသည်မက်မူ ငွေကုန်များသည်။ အဖက်မတင်ဘဲရှိသည်။ ၃၀။ ရေနစ်သည်ကိုကယ်ရသည်မက်မူ မိတ်ဆွေတစ်ဦး၏ စောင့်ရှောက်ခြင်းခံရသည်။ ၃၁။ ရေပိုက်ကိုမြင်မက်မူ အိမ်သစ်၌နေရသည်။ ၃၂။ ရေမွှေးရှူရသည်မက်မူ ချစ်သူထံမှ လက်ဆောင်တစ်ခုခုရသည်။ ၃၃။ ရေသူမကိုမြင်မက်မူ ရေဘေးအန္တရာယ်နှင့်ကြုံရသည်။ ၃၄။ ရေသူမနှင့်ပျော်ရသည်မက်မူ သွေးလေချောက်ချားသောရောဂါရသည်။ ၃၅။ ရေအိုင်ထဲ၌ ရေချိုးသည်မက်မူ လူမျိုးခြားနှင့်လက်ထပ်ရသည်။ ၃၆။ ရေအိုးကွဲသည်မြင်မက်မူ လူလိမ်ခံရသည်။ သူခိုးခိုးခံရသည်။ (ရှေ့) ၁။ ရှေ့ထိုးဖိနပ်စီးရသည်မက်မူ ယာဉ်ပစ္စည်းများဝင်သည်။ ၂။ ရှေ့နေကိုမြင်မက်မူ ရန်များသည်။ ဒုက္ခတွေ့သည်။ ၃။ ရှေ့နေလိုက်ရသည်မက်မူ ဖြေရှင်းပေးရသည်။ (ရှေး) ၁။ ရှေးဟောင်းပစ္စည်းများကိုမြင်မက်မူ အမွေအနှစ်ရရှိသည်။ (ရွှေ) ၁။ ရွှေကိုမြင်မက်မူ ဆွေမျိုးများနှင့်အတူ နေထိုင်ရသည်။ ၂။ ရွှေဟင်္သာငှက်ကိုမြင်မှတ်မူ သူတပါးထက်သာလွန်သော အလုပ်မျိုးလုပ်ကိုင်ရသည်။ ကျော်စောသည်။ ၃။ ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်ရသည်မြင်မက်သော် ယောက်ျားမှာ မယားကောင်းရသည်။ မိန်းမမှာ လင်ကောင်းရသည်။ ၄။ ရွှေရတနာ၊ ပတ္တမြားစသောရတနာကိုမြင်မက်မူ ကောင်းကျိုးရောက်သည်။ ၅။ ရွှေလက်ဖွဲ့ဝတ်ရသည်မြင်မက်မူ ယောက်ျား၌ မယားရသည်။ မိန်းမ၌ လင်ရသည်။ ၆။ ရွှေဟင်္သာကတရားဟောသည်ကို နာကြားရသည်မြင်မက်သော် ဘုန်းကျက်သရေတိုးသည်။ စိတ်ချမ်းသာသည်။ ၇။ ရွှေခွက်နှင့်ထည့်၍ ထမင်းစားရသည်မြင်မက်မူ ထီပေါက်သည် (သို့မဟုတ်) ကြီးကျယ်သောလာဘ်ရသည်။ (ရှောက်) ၁။ ရှောက်သီး၊ သံပုရာသီးစားရသည်မက်မူ လာဘ်ရသည်။ ၂။ ရှောက်ပင်(ရှောက်သီး)ကိုမြင်မက်မူ နာကြည်းစရာများ တဖွားဖွားတွေ့ရသည်။ ၃။ ရှောက်ချိုသီးစားရသည်မက်မူ လာဘ်ရသည်။ (ရွှေ့) ၁။ ရွှေ့ပြောင်းရသည်မက်မူ ရာထူးတိုးတက်သည်။ (ရောင်) ၁။ ရောင်ခြည်တော်ကိုမြင်မက်မူ ဒုက္ခမှကင်း၍ ချမ်းသာသုခနှင့်ပြည့်စုံသည်။ ၂။ ရောင်ထုံးနှင့်လူကိုမြင်မက်မူ ရိုးသားတည်ကြည်သည်။ (လ)နှင့်ပတ်သက်သောအိပ်မက်များ (လ) ၁။ လကိုမြင်မက်မူ အနာရောဂါပျောက်ကင်းသည်။ စိတ်ကောင်းစေတနာ ထားရသည်။ အချုပ်အနှောင်လွတ်ကင်းသည်။ ၂။ လခစားလုပ်ရသည်မက်မူ စိတ်ကူးသာရှိ၍ အကောင်အထည်မဖော်နိုင်ဘဲရှိသည်။ ၃။ လခအလျှော့ခံရသည်မက်မူ တိုး၍ရသည်။ ၄။ လသာဆောင်၌ တွေဝေနေသည်မက်မူ ဥစ္စာပစ္စည်းဆုံးပါးသည်။ အကြွေးဆုံးရှုံးသည်။ ၅။ လသာဆောင်၌ ချစ်တင်းနှောရသည်မက်မူ ချစ်သူနှင့်ကွဲသည်။ ၆။ လဟာပြင်၌လမ်းလျှောက်ရသည်မက်မူ အောင်မြင်မှုများ ဆက်တိုက်တွေ့ရသည်။ ၇။ လထီးဆောင်းသည်မက်မူ ဆန်ရေစပါး ပေါများကြွယ်ဝသည်။ ကြီးပွားချမ်းသာသည်။ (လဲ) ၁။ လဲကျသည်ဟုမြင်မက်က တရားရှုံးသည်။ (လေ) ၁။ လေပြည်လေညင်းတိုက်သည်မက်မူ အလိုရှိသောသတင်းများ ကြားရသည်။ ၂။ လေပြင်းတိုက်သည်မြင်မက်မူ အခက်အခဲများစွာကြုံ၍ အောင်မြင်သည်။ ၃။ လေနီကြမ်းကိုမြင်မက်မူ ဒေါသကြီးသူများနှင့် မိတ်ဖက်ရသည်။ ၄။ လေယာဉ်ပျံကိုမြင်မက်မူ ဝင်ငွေကောင်းသည်။ ဒုက္ခအပေါင်းမှ လွတ်ကင်းသည်။ ၅။ လေလံတင်နေသည်ကိုမြင်မက်မူ ငွေကြေးဆုံးသည်။ ၆။ လေမုန်တိုင်းကျ၍ မိုးမှောင်သည်မက်မူ အလုအယက်ခံရသည်။ သူခိုး ခိုးခံရသည်။ ၇။ လေညင်းခံသွားရသည်မက်မူ ချစ်ရေးစိတ်အေးရသည်။ ၈။ လေယာဉ်ပျံပျက်ကျသည်မက်မူ စိတ်ပျက်ဖွယ်ရာများ တွေ့ကြုံရသည်။ (လေး) ၁။ လေးသည်တော်မြင်မက်မူ လက်ဆက်လိုသူ မကြာမီရောက်လာသည်။ ၂။ လေးနှင့်မြားကိုမက်သော် နှစ်ဦးအစုစပ် လုပ်ကိုင်ရသည်။ (လား) ၁။ လားကိုမြင်မက်မူ အခက်အခဲများ၍ ကြိုးစားမှုများဆုံးရှုံးသည်။ ၂။ လားစီးရသည်မက်သော် အများပူဇော်ခံရသည်။ (လု) ၁။ လုယက်တိုက်ခိုက်ရသည်မက်မူ တစ်ဦးတစ်ယောက်အပေါ် ဒေါသမပြေနိုင်ဘဲရှိသည်။ ၂။ လုယက်ခံရသည်မြင်မက်မူ မိတ်ဆွေများကြောင့် အပြောခံရသည်။ အများမေးငေါ့သည်။ ၃။ လုယက်နေသည်ကိုမက်မူ ခရီးထွက်လျှင် စိတ်ညစ်ဖွယ်ရာဖြစ်သည်။ (လူ) ၁။ လူသေကိုမြင်မက်မူ ကြံသမျှအပြီးသို့ရောက်သည်။ ၂။ လူသေသည်ကိုမြင်မက်မူ စကားဟောင်းပေါ်သည်။ ၃။ လူဦးခေါင်းပြတ်သည်ကိုမြင်မက်မူ ရန်အောင်သည်။ ၄။ လူသားကိုစားရသည်မက်မူ ဥစ္စာပေါများသည်။ ၅။ လူတို့၏ အူ၊ အချင်းကိုစားရသည်မြင်မက်မူ ကြွယ်ဝချမ်းသာသည်။ ၆။ လူ၏ဦးခေါင်းကိုစားရသည်မြင်မက်သော် အကြီးအကဲဖြစ်သည်။ ၇။ လူအိုရုံကိုမြင်မက်မူ အသက်ရှည်၍ အနာကင်းသည်။ ၈။ လူဆိုးများကိုမြင်မက်မူ ရန်ပုန်းရှိသည်။ မထင်သူနှင့်ရန်ဖြစ်သည်။ ၉။ လူဆိုးကိုတိုက်ခိုက်ရသည်မက်မူ ကိုယ်ခန္ဓာထိခိုက်သည်။ ၁၀။ လူရိုင်းများကိုမြင်မက်မူ မိတ်ဆွေကောင်းများရသည်။ ၁၁။ လူရိုင်းများကလိုက်သည်ဟုမြင်မက်မူ ပျက်စီးဆုံးရှုံးသည်။ ၁၂။ လူအုပ်ထဲရောက်နေသည်မက်မူ သောကကြုံရသည်။ ၁၃။ လူပြက်ကိုမြင်မက်မူ မိန်းမသစ္စာမဲ့သည်။ စိတ်ပျက်ရသည်။ ၁၄။ လူပြက်အဝတ်ဝတ်ရသည်မက်မူ စိတ်မပါသောပျော်ရွှင်ဖွယ်ရာများနှင့် ကြုံတွေ့ရသည်။ ၁၅။ လူပြန်ပေးဆွဲခံရသည်မက်မူ ထိမ်းမြားလိုသူ လာရောက်စကားကမ်းလှမ်းသည်။ ၁၆။ လူဖျင်းလူညံ့ဖြစ်ရသည်မက်မူ စိတ်ဆင်းရဲသည်။ ၁၇။ လူသေနှင့်စကားပြောရသည်မက်မူ အထူးကံကောင်းသည်။ မိမိစကားအောင်မြင်သည်။ ၁၈။ လူသေလိုက်၍ပြေးရသည်မက်မူ ပျက်စီးသည်။ ၁၉။ လူသေကိုမြှုပ်နှံရသည်မက်မူ နာတာရှည်ရောဂါ ပျောက်ကင်းသည်။ ၂၀။ လူသေနောက်မှ လိုက်သွားရသည်မက်မူ သေသည်။ ၂၁။ လူသားစားနေသောလူများကိုမြင်မက်မူ စိတ်ပူဆွေးဖွယ်ရာကိစ္စများ မျက်မြင်တွေ့ကြုံရသည်။ အခက်အခဲများကြုံရသည်။ ၂၂။ လူသားမီးကင်ရသည်မက်က ပညာထွန်းကားသည်။ ၂၃။ လူအုပ်နှင့်သွားလာရသည်မက်မူ အမှုပွေသည်။ တရားဖြစ်သည်။ အရှက်ကွဲဖြစ်သည်။ (လူး) ၁။ လူးလှိမ့်နေသည်မက်မူ ကလေးအသက်စိုးရိမ်ရသည်။ (လက်) ၁။ လက်နက်ကိုင်ဖက်ရသည်မြင်မက်မူ ချမ်းသာသည်။ ၂။ လက်ကတီးတိုင်လဲသည်မြင်မက်မူ မယားသေသည်။ ၃။ လက်ကတုံးတိုင်လဲသည်မြင်မက်မူ ကိုးကွယ်ထားသောအကြီးအကဲသေသည်။ ၄။ လက်ကောက်၊ လက်စွပ်၊ ခြေချင်းဝတ်ရသည်မြင်မက်မူ သားကောင်းရသည်။ ၅။ လက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ ရင်ကိုလည်းကောင်း ကျော့ကွင်းဖွဲ့သည်မက်မူ သားသမီးရသည်။ ၆။ လက်ယာအံသွားကျိုးသွားဟုမြင်မက်မူ အမျိုးယောက်ျားတို့ ဥပဒ်ဖြစ်သည်။ ၇။ လက်ဝဲအံသွားကျိုးသည်မက်မူ အမျိုးမိန်းမတို့ ဥပဒ်ဖြစ်သည်။ ၈။ လက်ကောက်၊ နားတောင်း၊ ဆံကျစ်ဝတ်ရသည်မက်မူ အကြီးအကဲဖြစ်သည်။ ၉။ လက်ဝါး၌ ကြာပန်းရောက်သည်မက်မူ ကျော်စောသည်။ ၁၀။ လက်ယာခြေချောင်းတို့ကြီးသည်မက်မူ အမျိုးသား၊ အမျိုးသမီးတို့ ကြီးပွားသည်။ ၁၁။ လက်ဝဲခြေချောင်းကြီးသည်မက်မူ အမျိုးမိန်းမ သားသမီးတို့ကြီးပွားသည်။ ၁၂။ လက်ယာလက်သည်းပုပ်သည်မက်မူ သားနာဖျားသည်။ ၁၃။ လက်ဝဲလက်သည်းပုပ်သည်မက်မူ သမီးနာဖျားသည်။ ၁၄။ လက်သည်းရှည်မက်မူ အသက်ရှည်သည်။ ၁၅။ လက်ယာလက်သည်းပွင့်သည်မက်မူ သား၌လာဘ်ရသည်။ ၁၆။ လက်ဝဲလက်သည်းပွင့်သည်မက်မူ သမီး၌လာဘ်ရသည်။ ၁၇။ လက်ယာခြေသည်းပုပ်သည်မက်မူ အမျိုးသမီးနာဖျားသည်။ ၁၈။ လက်ယာခြေသည်းပွင့်သည်မက်မူ အမျိုးသားလာဘ်ရသည်။ ၁၉။ လက်ဝဲခြေသည်းပွင့်သည်မက်က အမျိုးသမီးလာဘ်ရသည်။ ၂၀။ လက်ယာပေါင်ကြီးသည်မက်မူ ကိုယ့်အောက်နိမ့်သူတို့ ကြီးပွားသည်။ ၂၁။ လက်ဝဲပေါင်ကြီးသည်မက်မူ ဆွေမျိုးမိန်းမတို့ကြီးပွားသည်။ ၂၂။ လက်ယာပေါင်ကြုံလှီသည်မက်က ကိုယ့်အောက်ငယ်သူ အမျိုးယောက်ျားတို့ ညှိုးနွမ်းသည်။ ၂၃။ လက်ဝဲပေါင်ကြုံလှီသည်မက်မူ ဆွေမျိုးမိန်းမတို့ ညှိုးနွမ်းသည်။ ၂၄။ လက်ဝဲပေါင်မည်းသည်မက်မူ အမျိုးမိန်းမတို့ နာဖျားသည်။ ၂၅။ လက်ယာခြေသလုံးကြီးသည်မက်မူ အမျိုးယောက်ျားငယ်ကြီးပွားသည်။ ၂၆။ လက်ယာခြေသလုံးကြုံလှီသည်မက်မူ အမျိုးယောက်ျားတို့ နွမ်းနယ်သည်။ ၂၇။ လက်ဝဲခြေသလုံးကြုံလှီသည်မက်မူ အမျိုးမိန်းမတို့ နွမ်းနယ်သည်။ ၂၈။ လက်ယာခြေသလုံးပဲ့သည်မက်မူ အမျိုးယောက်ျားတို့ဖျားနာသည်။ ၂၉။ လက်ဝဲခြေသလုံးပဲ့သည်မက်မူ အမျိုးသမီးတို့နာဖျားသည်။ ၃၀။ လက်ယာလက်မောင်းကြီးသည်မက်မူ သားသမီးတို့ ကြီးပွားချမ်းသာသည်။ မြင်မက်သူကမိန်းမဖြစ်မူ သားအကြီး မောင်အကြီးတို့ကြီးပွားသည်။ ၃၁။ လက်ဝဲလက်မောင်းကြီးသည်မက်မူ သမီး၊ နှမတို့ ကြီးပွားသည်။ ၃၂။ လက်ယာလက်မောင်းကြုံလှီသည်မက်မူ မောင်နှင့်သားတို့နာဖျားသည်။ ၃၃။ လက်ယာလက်ရုံးပွန်းပဲ့သည်မက်မူ ညီ၊ သားတို့နာဖျားသည်။ မိန်းမဘက်က မောင်နှင့်သားတို့နာဖျားသည်။ ၃၄။ လက်ဝဲလက်ရုံးပွန်းပဲ့သည်မက်မူ နှမ၊ သားသမီးတို့ နာဖျားသည်။ မိန်းမကမက်မူ ညီမ၊ သမီးတို့နာဖျားသည်။ ၃၅။ လက်ယာလက်မောင်း သွေးယိုစီးသည်မက်မူ ညီ၊ သားတို့ တရပ်တပါးသို့ ပြောင်းရွှေ့သွားသည်။ ၃၆။ လက်ဝဲလက်မောင်း သွေးယိုစီးသည်မက်မူ နှမ၊ သမီးတို့ တရပ်တပါးပြောင်းရွှေ့ရသည်။ မိန်းမဘက်က ညီ၊ သားသမီးတို့ တရပ်တပါးသို့သွားရသည်။ ၃၇။ လက်ယာလက်ရှိ လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည်မက်မူ သား၊ ညီတို့၏ သားသမီးများကြီးပွားသည်။ ၃၈။ လက်ဝဲရှိလက်ငါးချောင်းတွင် တစ်ချောင်းချောင်းကြီးသည်မက်မူ သမီး၊ ညီမတို့သားသမီးတို့ ကြီးပွားသည်။ ၃၉။ လက်ယာလက်ချောင်းပွန်းပဲ့သည်မက်မူ နှမသား၊ ညီတို့သားသမီးများ နာဖျားမည်။ ၄၀။ လက်ဝဲလက်ချောင်းပွန်းပဲ့သည်မက်မူ နှမတို့၏ သားသမီးနာဖျားမည်။ ၄၁။ လက်ယာလက်ချောင်းပြတ်သည်မက်မူ သား၊ ညီတို့၏သားသမီးများ ပျက်စီးသည်။ ၄၂။ လက်ဝဲလက်ချောင်းပြတ်သည်မက်မူ သမီး၊ နှမတို့၏သားသမီးများ ပျက်စီးသည်။ ၄၃။ လက်ယာနားကြီးသည်မက်မူ ဆွေရင်းမျိုးရင်းမိတ်ဆွေတို့ ကြီးပွားသည်။ ၄၄။ လက်ဝဲနားကြီးသည်မက်မူ မိတ်ဆွေတို့ညှိုးနွမ်းသည်။ ၄၅။ လက်ဝတ်တန်ဆာဝတ်ဆင်သည်မက်မူ အချုပ်အနှောင်ခံရသည် (ဝါ) ဝတ်ကောင်းတန်ဆာများ ဝတ်ဆင်ရသည်။ ၄၆။ လက်ကောက်(ရွှေ)ဝတ်ရသည်မက်မူ အမွေအနှစ်များရသည်။ ၄၇။ လက်ကောက်ပျောက်သည် ကျွတ်ကျသည်မက်မူ အကြွေးဆုံးသည်။ ၄၈။ လက်ကိုင်ပုဝါပျောက်ဆုံးသည်မက်မူ ချစ်သူစွန့်ပစ်ခံရသည်။ ၄၉။ လက်ကိုင်ပုဝါလက်ဆောင်ရသည်မက်မူ မေတ္တာဝိုင်းဝိုင်းလည်နေသည်။ ၅၀။ လက်ချောင်းများ နဂိုထက်ပိုသည်မြင်မက်မူ မုချလက်ထပ်ရသည်။ ၅၁။ လက်စွပ်ကိုမြင်မက်မူ ကြွယ်ဝချမ်းသာသည်။ ၅၂။ လက်စွပ်လက်ဆောင်ရသည်မက်မူ မင်္ဂလာစကားကြောင်းလမ်းရသည်။ ၅၃။ လက်ဆေးကန်ကိုမက်မူ လိုလားချက်များ ပြည့်စုံသည်။ ၅၄။ လက်ဖွဲ့ပေးရသည်မက်သော် စိတ်သောကတွေ့ကြုံရသည်။ ၅၅။ လက်ဆွဲမီးကိုမက်မူ နေရာရွှေ့ပြောင်း၍ ပညာသင်လျှင် ကောင်းမွန်သည်။ ၅၆။ လက်ထပ်လက်စွပ်ကိုမက်မူ လင်မယားအဆင်မပြေရှိသည်။ ၅၇။ လက်ထိပ်ကိုမက်မူ စွပ်စွဲခံရသည်။ အရှက်ကွဲသည်။ ၅၈။ လက်နက်တန်ဆာပလာတစ်ခုခုကိုမက်မူ စိတ်ဆင်းရဲ၊ လူဆင်းရဲသည်။ ၅၉။ လက်နက်ဖြင့် ဒဏ်ရာရသည်မက်မူ ချမ်းသာကြီးပွားသည်။ စိတ်ပျော်သည်။ ၆၀။ လက်နှိပ်ဓာတ်မီးကိုမက်မူ စိတ်ပင်ပန်းသည်။ ၆၁။ လက်နှိပ်စက်ကိုမက်မူ အလုပ်အကိုင်တိုးချဲ့ရသည်။ ၆၂။ လက်နှိပ်စက်ရိုက်ရသည်မက်မူ အလွန်ဆူညံသောနေရာ၌ နေရသည်။ ၆၃။ လက်ပြန်ကြိုးတုပ်ထားသည်မက်မူ ဆင်းရဲဒုက္ခများကြုံရသည်။ ၆၄။ လက်ဖက်စားရသည်မက်မူ ချီးမြောက်ခံရသည်။ ကျော်စောသည်။ ၆၅။ လက်ဖက်ရည်ကြမ်းမက်မူ သူအများရှေ့၌ နှစ်လိုဖွယ်စကားဆိုရသည်။ ၆၆။ လက်မောင်းသေးသိမ်နေသည်မက်မူ ဆွေမျိုးတို့ထောက်ပံ့ရသည်။ ၆၇။ လက်မှတ်ထိုးရသည်မက်မူ မိမိကိုယ်တိုင်မိမိ မတရားအထင်ကြီးနေသည်။ ၆၈။ လက်ရေးလှပစွာမက်မူ အမှုကိစ္စ၌ မရှင်းနိုင်ပါ။ ၆၉။ လက်ဝါးကပ်တိုင်ကိုမြင်မက်မူ အပြစ်အားလုံးမှ ကင်းလွတ်သည်။ မ စသူရှိသည်။ ၇၀။ လက်ဝှေ့ပွဲကိုမက်မူ အရေးကြီးသောခရီးထွက်ရသည်။ ၇၁။ လက်သမားကိုမက်မူ စိတ်ကူးကောင်းသည်၊ အခက်အခဲကျော်နိုင်သည်။ ၇၂။ လက်သည်းရှည်သည်ကိုမက်မူ အနာရောဂါကင်းသည်။ ၇၃။ လက်သည်းပွင့်သည်ကိုမက်မူ စန်းပွင့်သည်။ လက်ထပ်လိုသူရောက်လာသည်။ ၇၄။ လက်အိတ်ကိုမက်မူ သိုသိုသိပ်သိပ်လုပ်ဆောင်ရသည်။ ၇၅။ လက်သေးသိမ်သည်ကိုမက်မူ ပစ္စည်းပျက်သည်။ လူလိမ်ခံရသည်။ ၇၆။ လက်ဖြူဖွေးစွာမက်မူ ဉာဏ်ပညာကောင်းသည်။ စာမေးပွဲအောင်သည်။ ၇၇။ လက်မည်းညစ်နေသည်ကိုမက်မူ မိတ်ဆွေရင်းများကိုပင် စိတ်မချရပါ။ သစ္စာမရှိသောအလုပ်ကို ကျူးလွန်သည်။ ၇၈။ လက်မီးလောင်ခံရသည်ကို ယောက်ျားမက်သော် မိတ်ဆွေရင်းဆုံးပါးသည်။ မိန်းမမက်လျှင် ခင်ပွန်းသေဆုံးသည်။ ၇၉။ လက်ထဲတွင် စားသုံးသီးနှံပင်များနှင့်မက်မူ ငွေကြေးကိစ္စအဆင်ပြေသည်။ ငွေရလွယ်သည်။ ၈၀။ လက်ဖြင့် မီးကိုမပူဘဲကိုင်ထားရသည်မက်မူ ပညာထူးချွန်သော သားသမီးရသည်။ အကြံအစည်များ ဖျက်သူမရှိအောင်မြင်သည်။ ၈၁။ လက်ဆွဲနှုတ်ဆက်ရသည်မက်မူ အထူးပင်ကံကောင်းသည်။ မိတ်ဖွဲ့လိုသူ လာရောက်မိတ်ဖွဲ့သည်။ ၈၂။ လက်ချောင်းပြတ်သည်ဟုမက်မူ အိမ်သားစုမှာ တစ်ဦးသေသည်။ ၈၃။ လက်ချောင်းကို ပါးစပ်နှင့်စုပ်ရသည်မက်မူ မင်္ဂလာသတင်းများကြားရသည်။ ၈၄။ လက်ချောင်းများပေါ်တွင် မှဲ့၊ ကြွက်နို့များ များစွာမြင်မက်မူ စိန်သီး ရွှေသီး ငွေသီးသည်။ အထူးချမ်းသာသည်။ ၈၅။ လက်ဖက်ရည်မကြာခဏသောက်ရသည်မက်မူ ဆီးချိုရောဂါစွဲကပ်သည်။ သွေးစုနာပေါက်သည်။ ၈၆။ လက်သုပ်ပုဝါနှင့်သုပ်ရသည်မက်မူ အမှု၌ သက်သေလိုက်ရသည်။ ၈၇။ လက်အမွေးအမျှင်များမက်မူ တရားဖြစ်လျှင် ရှုံးသည်။ (လိမ့်) ၁။ လိမ့်ကျသည်မက်မူ ကံနိမ့်နေသည်။ (လိမ်) ၁။ လိမ်လည်ပြောဆိုရသည်မက်မူ မိမိအပြစ်နှင့် ဒုက္ခတွေ့ရသည်။ (လိပ်) ၁။ လိပ်သတ္တဝါကိုမက်မူ ရန်ငြိုးထားသူရှိသည်။ ၂။ လိပ်ဥပြုတ်စားရသည်မက်မူ ကူညီ မ စမည့်သူများပေါသည်။ ၃။ လိပ်စာရေးသည်မက်မူ အလုပ်အကိုင်ရှာဖွေရသည်။ ၄။ လိပ်၊ ငါးဖမ်းရသည်မက်မူ ဆန်ရေစပါးရသည်။ ၅။ လိပ်၊ ငါးစားရသည်မက်မူ စပါးဆန်ရေပေါသည်။ အစားအစာပေါများသည်။ (လိင်) ၁။ လိင်ရှည်သည်မက်မူ တန်ခိုးကြီးသည်။ မယားကောင်းရသည်။ ၂။ လိင်တိုသည်မက်မူ မယားအနိုင်ကျင့်ခံရသည်။ (လယ်) ၁။ လယ်၌ ကြာရောက်သည်၊ ကြာပေါက်သည်ဟု ဆင်းရဲသားမက်မူ တရားသူကြီးဖြစ်သည်။ ၂။ လယ်မြေစိမ်းလန်းစွာမက်မူ ချမ်းသာကြွယ်ဝသည်။ ၃။ လယ်ယာမြေထွန်ရသည်မက်မူ လက်ထပ်ရသည်။ လက်ထပ်လိုသူ လာရောက်စကားကမ်းလှမ်းသည်။ ၄။ လယ်မြေ၌ အိပ်နေရသည်မက်မူ ခင်မင်သူများ ပေါများသည်။ အလုပ်အကိုင် စိတ်တိုင်းကျဖြစ်သည်။ ၅။ လယ်မြေ၌ ငါး ပုစွန်လုံးဖမ်းရသည်မက်မူ စိတ်သောကရောက်သည်။ အကြံကြီးလျှင် ပျက်စီးသည်။ ၆။ လက်မြေလက်ဆောင်ရသည်မက်မူ ဇနီး၏အမွေများ ရရှိသည်။ (လင်) ၁။ လင်သေသည်မက်မူ အကျင့်ပျက်သည်။ ကဲ့ရဲ့ခံရသည်။ ၂။ လင်ကွာရသည်မက်မူ အိမ်တွင်းသုခဖြစ်သည်။ (လည်) ၁။ လည်တို၍ ဦးသျှောင်လှီးရသည်မက်မူ နာဖျားတတ်သည်။ ၂။ လည်ပင်းရှည်သူကိုမက်မူ စကားများရသည်။ မိတ်ပျက်သည်။ ၃။ လည်ပင်းကြီးရောဂါစွဲကပ်သည်ဟုမက်မူ ချောင်းဆိုးရောဂါနှင့်ယှဉ်သော အဆုတ်နာစွဲကပ်သည်။ စိန်လည်ဆွဲဝတ်ရသည်။ ၄။ လည်ပင်းတိုသည်မက်မူ အနာရောဂါရသည်။ (လင်း) ၁။ လင်းတငှက်ကိုမက်မူ လူအများမုန်းတီးခြင်းခံရသည်။ ၂။ လင်းတအစာစားနေသည်မက်မူ ခက်ခဲစွာနှင့် အောင်မြင်သည်။ ၃။ လင်းနို့အကိုက်ခံရသည်မက်မူ ပစ္စည်းပျက်သည်။ ရုတ်တရက်သေဆုံးသည်။ ၄။ လင်းနို့ပျံသန်းသည်မက်မူ ခရီးထွက်လျှင် ပစ္စည်းအတွက် ဒုက္ခရှိသည်။ ၅။ လင်းနို့ကိုမက်မူ သစ္စာပျက်သူများနှင့် မိတ်ဖက်ရသည်။ ငွေအကုန်များသည်။ ၆။ လင်းယုန်ငှက်ကိုမက်မူ အလုပ်အကိုင် ပြောင်းရွှေ့လျှင်ကောင်းသည်။ ၇။ လင်းယုန်ငှက်ကိုသတ်ရသည်မက်မူ ငွေဝင်ကောင်းသည်။ ဂုဏ်သတင်းထင်ပေါ်သည်။ (လှည်း) ၁။ လှည်းဘီးကိုမက်မူ ရာထူးကြီးရသည်။ ၂။ လှည်းကိုမက်မူ ဒုက္ခတွေ့ကြုံရသည်။ ၃။ လှည်းစီးရသည်မက်မူ ကောင်းကျိုးချမ်းသာရသည်။ (လမ်း) ၁။ လမ်းညွှန်ရသည်မက်မူ ကူညီသူပေါသည်။ အရောင်းအဝယ်ကောင်းသည်။ ၂။ လမ်းကျဉ်းကိုမက်မူ တိုးတက်မှုကို တားဆီးသူရှိသည်။ ၃။ လမ်းကျယ်ကိုမက်မူ အလုပ်အကိုင်ကောင်းသည်။ ဝင်ငွေတိုးသည်။ (လေ့) ၁။ လေ့လာရေးခရီးထွက်ရသည်မက်မူ ရန်သူများပျက်စီးသည်။ ချစ်သူနှင့် ကိစ္စတစ်ရပ် တိုင်ပင်ရသည်။ (လော်) ၁။ လော်စပီကာ(အသံချဲ့စက်)မက်မူ ရပ်ဝေးမှ ပူဆွေးဖွယ်သတင်းကြားရသည်။ ၂။ လော်လီကားကိုမက်မူ မိမိပြုသောကိစ္စ၌ ကိုယ့်ရှူးကိုယ်ပတ်ခံရသည်။ (လိ) ၁။ လိမ္မော်သီးကိုမက်မူ နာမည်ပျက်သည်။ ၂။ လိမ္မော်သီးစားရသည်မက်မူ ကြီးပွားသည်။ (လန့်) ၁။ ထိတ်လန့်ရင်ဖိုရသည်မက်မူ ခက်ခက်ခဲခဲနှင့် ကြီးစွာသောအောင်မြင်မှုရသည်။ (လှံ) ၁။ လှံတံကိုမက်မူ ဒုက္ခတွေ့ကြုံရသည်။ ၂။ လှံကိုင်ပစ်ရသည်မက်မူ အာဏာတည်သည်။ ၃။ လှံစွပ်ကိုမက်က အကြီးအကျယ်ရန်ဖြစ်သည်။ (လာဘ်) ၁။ လာဘ်ယူရသည်မက်မူ စိတ်ငြိမ်သည်။ တည်ကြည်ရိုးသားသူဟု အထင်ခံရသည်။ အလုပ်တစ်ခုကိုလုပ်ရန် အထူးစဉ်းစားနေရသည်။ (လွယ်) ၁။ လွယ်အိတ်ကိုမက်မူ ငွေကြေးရသည်။ (လှ) ၁။ လှပသူကိုမက်မူ ၎င်းလူဖျားနာသည်။ (လွတ်) ၁။ လွတ်လပ်ရေးပွဲချီတက်ရသည်မက်မူ မြူးကြွရသည်။ ၂။ လွတ်လပ်ရေးကျောက်တိုင်မက်မူ ဆုရသည်။ (လှိုင်း) ၁။ လှိုင်းလုံးကြီးကိုမက်မူ ခရီးဝေးသွားရသည်။ (လိုဏ်) ၁။ လိုဏ်ဂူကိုမြင်မက်မူ သောကကြုံသည်။ ၂။ လိုဏ်ဂူတွင်းဝင်ရသည်မက်မူ အကျပ်အတည်းတွေ့ရသည်။ (လောက်) ၁။ လောက်ကောင်များကိုမြင်မက်မူ အိမ်တွင်းရေးအဆင်မပြေဖြစ်သည်။ ၂။ လောက်ဖမ်းရသည်မက်မူ ထီပေါက်သည်။ ၃။ လောက်စာလုံးများမက်မူ ငွေရွှင်သည်။ (လောင်) ၁။ လောင်စာများကိုမက်မူ စိတ်သောကရောက်သည်။ (လောင်း) ၁။ လောင်းကစားရသည်မက်မူ အခက်အခဲများတွေ့ကြုံရသည်။ (လှေ) ၁။ လှေစီးရသည်မက်မူ ချမ်းသာတိုးသည်။ အေးချမ်းသာယာစွာ နေထိုင်ရသည်။ ၂။ လှေစီးစဉ် ရေနစ်သည်မက်မူ ပစ္စည်းဥစ္စာပျက်စီးရသည်။ ၃။ လှေစီးလျက် မြစ်ကို ပင်ပန်းစွာကူးရသည်မက်မူ အရပ်တပါးသို့ ပြောင်းပြီးပြန်ရသည်။ ၄။ လှေကိုမက်မူ ရပ်ဝေးမိတ်ဆွေနှင့် တွေ့ရသည်။ ၅။ လှေကားကိုမက်က အောင်မြင်ရေးလမ်းစ တွေ့မြင်သည်။ ၆။ လှေကားပေါ်သို့တက်ရသည်မက်မူ ရာထူးတက်သည်။ ၇။ လှေကားပေါ်မှလိမ့်ကျသည်မက်မူ မိမိချွင်းချက်ဖြင့် အခွင့်အရေးဆုံးရှုံးသည်။ (လျှာ) ၁။ လျှာကိုမက်က အတင်းပြောခံရသည်။ (လျှပ်) ၁။ လျှပ်စစ်ကိုမက်က မိတ်ဆွေတစ်ဦးနှင့် ရန်ဖြစ်သည်။ ၂။ လျှပ်စစ်မီးများကိုမက်က အကြံအောင်မည်။ (လျှို့) ၁။ လျှို့ဝှက်ရသည်မက်မူ အကြံအောင်သည်။ ၂။ လျှို့ဝှက်ချက်များပြောရသည်မက်မူ ရန်သူရှိသည်။ ၃။ လျှို့ဝှက်စကားပြောနေသံကြားရသည်မက်မူ ဉာဏ်ကြီးသည်၊ ဂုဏ်ရှိသည်။ (လှောင်) ၁။ လှောင်အိမ်တွင်းမှ ငှက်များလွှတ်ရသည်မက်မူ အလုပ်အကိုင်အောင်မြင်သည်။ ၂။ လှောင်အိမ်ကို လက်မှဆွဲရ ကိုင်ရသည်မက်မူ မကြာမီအိမ်ထောင်ပြုရသည်။ ၃။ လှောင်အိမ်ထဲတွင် ငှက်တစ်ကောင်ရှိသည်မက်မူ ချစ်သူနှင့်လက်ထပ်ရသည်။ ၄။ လှောင်အိမ်ထဲမှငှက်ကို ကြည့်ရှုရသည်မက်မူ အိမ်ထောင်ဖက်ရွေးချယ်ခံရသည်။ ၅။ လှောင်အိမ်တွင်းမှငှက်များ မြူးကြွနေသည်မက်မူ ချမ်းသာသုခနှင့် ပြည့်စုံရသည်။ (ဝ)နှင့်ပတ်သက်သောအိပ်မက်များ (ဝ) ၁။ ဝလုံးများကိုမက်မူ ဆုံးရှုံးသည်။ ၂။ ဝသည်ဟုမက်မူ သွေးဆောင်ခံရသည်။ ၃။ ဝရံတာပေါ်ထိုင်ရသည်မက်မူ စိတ်ညစ်ညူးသည်။ ၄။ ဝရံတာမှ ငုံကြည့်သည်မက်မူ စိုးရိမ်စရာဖြစ်သည်။ ၅။ ဝင်္ကပါကိုမက်မူ အရှုပ်ထွေးများသည်။ (ဝံ) ၁။ ဝံပုလွေကိုမက်မူ မကောင်းကြံခံရသည်။ ၂။ ဝံပုလွေကိုဖမ်းရသည်မက်မူ ရန်ကိုနိုင်သည်။ ၃။ ဝံပုလွေအလိုက်ခံရသည်မက်မူ အဆိပ်သောက်မိသည်။ ၄။ ဝံပုလွေကိုသတ်ရသည်မက်မူ ရန်သူများကြေအေးသည်။ ၅။ ဝံလိုငှက်ကိုမက်မူ တိုးတက်အောင်မြင်သည်။ (ဝဲ) ၁။ ဝဲဩဃကိုမက်မူ မကောင်းကြံခံရသည်။ ၂။ ဝဲနာပေါက်သည်မက်မူ ထီပေါက်သည်။ (ဝယ်) ၁။ ဝယ်ရသည်မက်မူ ငွေလျှော့ရသည်။ (ဝန်) ၁။ ဝန်စည်စလှယ် အထုပ်အပိုးများကိုမက်မူ အလုပ်အကိုင်နှင့်ပတ်သက်၍ စိတ်ညစ်ရသည်။ ၂။ ဝန်စည်စလှယ်များ သယ်ပိုးရသည်မက်မူ သူတပါး၏ အစေအပါးဖြစ်သည်။ (ဝီ) ၁။ ဝီစီမှုတ်သည်ကိုမက်မူ ဒုက္ခကြုံရသည်။ ၂။ ဝီစီမှုတ်သံကြားရသည်မက်မူ ကဲ့ရဲ့ခံရသည်။ ၃။ ဝီစကီ(အရက်)သောက်ရသည်မက်မူ အကြွေးဆုံးသည်။ ရောဂါရသည်။ (ဝတ်) ၁။ ဝတ်လုံ(ရှေ့နေ)ကိုမက်မူ သူတပါးအကူအညီဖြင့် အောင်မြင်နိုင်သည်။ ၂။ ဝတ်လုံအင်္ကျီဝတ်ဆင်ရသည်မက်မူ မြှောက်ပင့်ခြင်းခံရသည်။ ၃။ ဝတ်ဖြူစင်ကြယ်ဝတ်ရသည်မက်မူ ကောင်းမွန်သောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုရသည်။ လုပ်ငန်းအောင်မြင်သည်။ ၄။ ဝတ်အသင်းကိုဝင်ရသည်မြင်မက်မူ သူကောင်းပြုခြင်းခံရသည်။ ၅။ ဝတ်ကြီးဝတ်ငယ်ပြုစုရသည်မက်မူ လူချစ်လူခင်ပေါများသည်။ (ဝက်) ၁။ ဝက်သစ်ချပင်ကိုမြင်မက်မူ မမျှော်လင့်သော သတင်းထူးကြားရသည်။ သားသမီးများရရှိသည်။ ၂။ ဝက်သစ်ချသီးကိုမြင်မက်မူ စိတ်ပျက်စရာတွေ့ရသည်။ ၃။ ဝက်သစ်ချသီးစားရသည်မက်မူ ချီးမြှင့်ခြင်းခံရသည်။ ၄။ ဝက်ကိုမြင်မက်မူ ဝင်ငွေကောင်းသည်။ ၅။ ဝက်မကိုမြင်မက်မူ သားသမီးကောင်းကျိုး ခံစားရသည်။ ၆။ ဝက်အုပ်စုကိုမြင်မက်မူ ကူညီ မ စမည့်သူပေါ်သည်။ ၇။ ဝက်ငယ်များကိုမြင်မက်မူ လှည့်စားခြင်းခံရသည်။ ၈။ ဝက်လိုက်ခံရသည်မက်မူ ဒုက္ခကြုံသည်။ ၉။ ဝက်ပက်ခံရသည်မက်မူ မကောင်းမှုများ ကျူးလွန်ရသည်၊ လုပ်ကိုင်ရသည်။ ၁၀။ ဝက်သတ်သည်ကိုမြင်မက်မူ အကြံပျက်သည်။ ၁၁။ ဝက်သားတုံးများမြင်မက်မူ စိတ်ဆင်းရဲစရာ ကြုံရသည်။ ၁၂။ ဝက်သားဟင်းစားရသည်မြင်မက်မူ ကျွေးမွေးမင်္ဂလာပြုရသည်။ ၁၃။ ဝက်အစာကျွေးသည်မက်မူ အလှူဒါနပေးကမ်းရသည်။ ၁၄။ ဝက်အူချောင်းစားရသည်မက်မူ အယောင်ဆောင်တွေ့ရသည်။ ၁၅။ ဝက်အူ(သံ)များမြင်မက်မူ ကြိုးစားသမျှအောင်မြင်သည်။ ၁၆။ ဝက်မှင်ဘီးအသုံးပြုရသည်မက်မူ ရည်မှန်းချက်အောင်မြင်သည်။ ၁၇။ ဝက်ဝံကိုမြင်မက်က ဘေးဥပဒ်တွေ့ရသည်။ ၁၈။ ဝက်ဝံအလိုက်ခံရသည်မက်မူ ရောဂါစွဲကပ်သည်။ ၁၉။ ဝက်ဝံကိုက်ခံရသည်မက်မူ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည်။ ၂၀။ ဝက်နှင့်နပန်းသတ်ရသည်မက်မူ သေပျောက်သည်။ ၂၁။ ဝက်ဝံလွတ်ပြေးသည်မြင်မက်မူ အထူးအောင်မြင်သည်။ ၂၂။ ဝက်သက်ပေါက်သည်ကိုမြင်မက်မူ အနာရောဂါပျောက်ကင်းသည်။ (၀ါး) ၁။ ဝါးကိုမြင်မက်မူ ဆင်းရဲသည်။ ၂။ ဝါးခြမ်းကိုမြင်မက်မူ ချစ်သူနှင့်သဘောကွဲလွဲသည်။ ၃။ ဝါးပင်ကိုမြင်မက်မူ ကောင်းကျိုးခံစားရသည်။ ၄။ ဝါးဖောင်ကိုမြင်မက်မူ ဒုက္ခကြုံတွေ့ရသည်။ (ဝါ) ၁။ ဝါကိုမြင်မက်မူ အသက်ဆုံးရှုံးရသည်။ ၂။ ဝါစေ့ကိုမြင်မက်မူ ကုသိုလ်ကံနိမ့်သည်။ ၃။ ဝါဂွမ်းကိုမြင်မက်မူ ကြီးပွားချမ်းသာသည်။ (ဝမ်း) ၁။ ဝမ်းဆွဲဆရာမကိုမြင်မက်မူ လျှို့ဝှက်သောအရာပေါ်သည်။ ၂။ ဝမ်းသွားသည်ဟုမြင်မက်မူ အသက်ရှည်သည်။ ချမ်းသာသည်။ (ဝန်း) ၁။ ဝန်းခတ်ထားရသည်မြင်မက်မူ စုဆောင်းမိရသည်။ ၂။ ဝန်းထရံပေါ်ကျော်တက်ရသည်မြင်မက်မူ အခက်အခဲဖြေရှင်းနိုင်သည်။ ၃။ ဝန်းထရံပြုပြင်ရသည်မက်မူ ပင်ပန်းစွာအလုပ်လုပ်၍ ချမ်းသာရသည်။ (ဝေ) ၁။ ဝေလငါးကိုမြင်မက်က ပင်လယ်ခရီးသွားရသည်။ ၂။ ဝေလမင်းသားကိုမြင်မက်က လက်ဆောင်ရသည်။ (ဝိုင်း) ၁။ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရသည်မြင်မက်မူ အလှူကြီးပေးရသည်။ (ဝေါ) ၁။ ဝေါယာဉ်စီးရသည်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၂။ ဝေါယာဉ်ပေါ်မှပြုတ်ကျသည်မြင်မက်မူ စီးပွားပျက်သည်။ (သ)နှင့်ပတ်သက်သောအိပ်မက်များ (သ) ၁။ သကာရည်စားရသည်မက်မူ ကောင်းကျိုးသုခရောက်သည်။ ၂။ သကာရည်ကျိုချက်ရသည်မက်မူ စိတ်ချမ်းသာသည်။ ၃။ သကြားကိုမြင်မက်က မိမိစကားအောင်မြင်သည်။ ၄။ သကြားစားရသည်မက်မူ အလိုဆန္ဒပြည့်ဝသည်။ ၅။ သကြားလုံးမြင်မက်မူ မမျှော်လင့်သောငွေကြေးရသည်။ ၆။ သကြားလုံးစားရသည်မက်မူ ချစ်ခင်သူပေါများသည်။ ၇။ သခွားသီးကိုမြင်မက်မူ ငွေကြေးအတွက် သောကတွေ့ရသည်။ ၈။ သဇင်ပန်းပွင့်ကိုမြင်မက်မူ ရှားသောပစ္စည်းရသည်။ ၉။ သဇင်ပန်းပန်ရသည်မက်မူ ရာထူးကြီးသူနှင့် လက်ထပ်ရသည်။ ၁၀။ သတင်းကြားရသည်မက်မူ အတင်းစကားပြောရသည်။ ၁၁။ သတင်းဆန်းကြားရသည်မက်မူ မိတ်ဆွေတစ်ဦးဦး ဒုက္ခရောက်နေသည်။ ၁၂။ သနပ်ခါးသွေးရသည်မြင်မက်မူ ကိုယ့်အတတ်နဲ့ကိုယ် အခက်အခဲတွေ့နေရသည်။ ၁၃။ သနပ်ခါးလိမ်းရသည်မက်မူ မျက်နှာပွင့်လန်းသည်။ ၁၄။ သပိတ် ပရိက္ခရာကိုမြင်မက်မူ လာဘ်ရသည်။ ၁၅။ သပိတ်ပရိက္ခရာလွယ်ရသည်မက်မူ ကောင်းသောအကျိုးပေးသည်။ ၁၆။ သဖန်းသီးကိုမြင်မက်မူ အကြံသစ်ပေါ်သည်။ ၁၇။ သဖန်းသီးဆွတ်ခူးရသည်မက်က ကျွေးမွေးဧည့်ခံရသည်။ ၁၈။ သမင်ကိုမြင်မက်က ဂုဏ်မောက်နေသည်။ ၁၉။ သမင်ဖို မ ကိုသတိရသည်မက်မူ အမွေအနှစ်ရသည်။ ၂၀။ သမင်ပြေးသည်မြင်မက်မူ ကောင်းကျိုးပေးသည်။ ၂၁။ သမုဒ္ဒရာကိုမြင်မက်မူ အေးချမ်းသာယာစွာနေထိုင်ရသည်။ ၂၂။ သမုဒ္ဒရာရေကိုသောက်ရသည်မက်မူ အများနည်းတူရှိနေသည်။ ၂၃။ သရဖူကိုမြင်မက်မူ ရိုသေလေးစားခြင်းခံရသည်။ ၂၄။ သရဖူဆောင်းရသည်မက်မူ ရာထူးတက်သည်။ ၂၅။ သရက်ပင်ကို အသီးအပွင့်များနှင့်မြင်မက်မူ အခြွေအရံ အပေါင်းအသင်းများ ပေါသည်။ ၂၆။ သလဲသီးစားရသည်မက်မူ အလုပ်အကိုင်အောင်မြင်သည်။ ၂၇။ သင်္ကန်းဝတ်ရသည်မြင်မက်မူ ဂုဏ်ကျက်သရေနှင့်ပြည့်စုံသည်။ ၂၈။ သင်္ချိုင်းကိုမြင်မက်မူ စိတ်ညစ်ညူးရသည်။ ၂၉။ သင်္ချိုင်းမှ ထွက်လာရသည်မြင်မက်မူ ရှေ့အဖို့ ကံကောင်းသည်။ ၃၀။ သင်္ဘောကိုမြင်မက်မူ အရောင်းအဝယ်ပြုလုပ်ရသည်။ ၃၁။ သင်္ဘောသွားနေသည်ကိုမြင်မက်က ခရီးဝေးသွားရအံ့။ ၃၂။ သင်္ဘောရပ်နေသည်ကိုမြင်မက်မူ ရှုပ်ထွေးသောအလုပ် လုပ်ရသည်။ ၃၃။ သင်္ဘောစီးရသည်မက်မူ အောင်မြင်မှုရရှိသည်။ ၃၄။ သင်္ဘောကို အပေါင်းအသင်းများနှင့်စီးရသည်မက်မူ နိုင်ငံခြားသို့သွားရသည်။ ၃၅။ သင်္ဘောစီး၍ ပင်လယ်ခရီးထွက်ရသည်မက်မူ ဥစ္စာရသည်။ ၃၆။ သင်္ဘောခန်းထဲရောက်နေသည်မက်မူ အိမ်တွင်းအနှောင့်အယှက်ရှိသည်။ ၃၇။ သင်္ဘောမီးလောင်သည်ဟုမြင်မက်မူ လင်မယားကွဲသည်။ ၃၈။ သင်္ဘောပေါ်ရှိနေသည်ဟုမြင်မက်မူ မကြာမီတိုးတက်အောင်မြင်သည်။ ၃၉။ သင်္ဘောရွက်တိုင်ကိုမြင်မက်မူ အရေးကြီးသော ခရီးဝေးသွားရသည်။ ၄၀။ သင်္ဘောသားများကိုမြင်မက်က ဆင်းရဲဒုက္ခရောက်ရသည်။ ၄၁။ သင်္ဘောသားဖြစ်ရသည်မြင်မက်က နေရာဌာနပြောင်းလွဲရသည်။ ၄၂။ သင်္ဘောသားများနှင့်အတူသွားရသည်မက်မူ ဆွေမျိုးများရောက်လာသည်။ ၄၃။ သဘင်ကိုမြင်မက်မူ အလုပ်ကိစ္စရှုပ်ထွေးနေသည်။ (သံ) ၁။ သံချောင်းကိုမြင်မက်မူ စိတ်ဓာတ်ခိုင်မာသည်။ ၂။ သံပူရဲရဲကိုမြင်မက်မူ နာမကျန်းဖြစ်သည်။ ၃။ သံမှိုကိုမြင်မက်မူ သောကရောက်သည်။ ၄။ သံကြိုးကိုမြင်မက်မူ အချိန်မီ ဒုက္ခမှလွတ်သည်။ ၅။ သံကြိုးနှင့်ချည်နှောင်ထားသည်ကိုမြင်မက်မူ အခက်အခဲများကို တဖြည်းဖြည်း အောင်မြင်သည်။ ၆။ သံကြိုးစားရသည်မြင်မက်မူ ကောင်းသောသတင်းကြားရသည်။ ၇။ သံကြိုးစာပို့ရသည်မြင်မက်မူ သက်သေလိုက်ရသည်။ ၈။ သံခြေကျင်းအခတ်ခံရသည်မြင်မက်မူ နာမည်ကောင်းရသည်။ ၉။ သံလိုက်ကိုမြင်မက်မူ အမိဘက်မှ ဥစ္စာရသည်။ ၁၀။ သံလွင်ပင်ကိုမြင်မက်မူ အေးချမ်းသာယာစွာနေထိုင်ရသည်။ ၁၁။ သံပုရာပင်ကိုမြင်မက်မူ မိမိချစ်သူ အဝေးရောက်နေသည်။ ၁၂။ သံပုရာသီးစားရသည်မက်မူ အိမ်ထောင်ပျက်သည်။ (သာ) ၁။ သာယာသောအသံကို ကြားရသည်ဟုမြင်မက်မူ ကောင်းစားသည်။ (သား) ၁။ သားတစ်များကိုမြင်မက်မူ ထိတ်လန့်ဖွယ်ရာ ကြုံရသည်။ ၂။ သားပိုက်ကောင်ကိုမြင်မက်မူ သံယောဇဉ်ကြီးသည်။ ၃။ သားပိုက်ကောင်သတ်ရသည်မက်မူ သောကရောက်သည်။ ၄။ သားရေကိုမြင်မက်မူ အကျိုးယုတ်လျော့သည်။ ၅။ သားရေနယ်ကိုမြင်မက်မူ ကံကောင်းသည်။ ချမ်းသာသည်။ ၆။ သားသမီးရသည်ဟုမြင်မက်မူ ဥစ္စာပစ္စည်းတိုးသည်။ ၇။ သားသမီးကိုရိုက်ရသည်မြင်မက်မူ ၎င်းတို့ လိမ္မာရေးခြားရှိလာသည်။ (သဲ) ၁။ သဲကိုမြင်မက်မူ အငြင်းပွားရသည်။ ၂။ သဲကန္တာရကိုမြင်မက်မူ ဆင်းရဲပင်ပန်းသည်။ (သတ်) ၁။ သတ်ဖြတ်ရသည်မြင်မက်မူ အကြံအောင်သည်။ ၂။ သတ်ဖြတ်ခံရသည်မြင်မက်မူ အကြံပျက်သည်။ (သီ) ၁။ သီချင်းဆိုရသည်မက်မူ စိတ်ဆင်းရဲသည်။ ၂။ သီချင်းသံကြားရသည်မက်မူ မိမိချစ်သူထံမှ သတင်းကောင်းကြားရသည်။ ၃။ သီလရှင်ကိုမြင်မက်က အပျိုကြီး လူပျိုကြီးဘဝနှင့် နေရသည်။ ၄။ သီလရှင်ဝတ်ရသည်မက်မူ တရားဘာဝနာပွားရသည်။ ၅။ သီလရှင်ကျောင်းကိုမြင်မက်မူ စိုးရိမ်သောကဖြစ်သည်။ (သူ) ၁။ သူခိုးကိုမြင်မက်မူ မိမိမိတ်ဆွေ သစ္စာဖောက်သည်။ ၂။ သူခိုးပြေးသည်မြင်မက်မူ အခက်အခဲအောင်မြင်သည်။ ၃။ သူတော်ကောင်းကိုမြင်မက်မူ သက်ကြီးသူတို့အား ပူဇော်ရသည်။ ၄။ သူတော်ကောင်း အိမ်ထဲဝင်လာသည်မက်မူ ကြီးပွားချမ်းသာသည်။ ၅။ သူတောင်းစားကိုမြင်မက်က ဆင်းရဲခြင်းမှလွတ်ကင်းသည်။ ၆။ သူတောင်းစား မိမိဖြစ်နေသည်မက်မူ အမွေရရန် မျှော်လင့်ချက်ရှိသည်။ ၇။ သူပုန်ကိုမြင်မက်က ပြိုင်ဘက်များနှင့် စကားများသည်။ ၈။ သူပုန်ထသည်မြင်မက်မူ အဖျက်အဆီးကင်းဝေးသည်။ ၉။ သူယောင်ပင်ကိုမြင်မက်မူ မိန်းမကြောင့် ပျက်စီးရသည်။ ၁၀။ သူရဲကောင်းကိုမြင်မက်မူ ချစ်သူ မိမိအားလေးစားသည်။ ၁၁။ သူရဲကောင်းနှင့် ရန်ဖြစ်သည်မက်မူ ငတ်မွတ်ခေါင်းပါးသည်။ ၁၂။ သူသေကိုမြင်မက်မူ ကြံသမျှအောင်မြင်သည်။ ၁၃။ သူရဲကောင်းကို မိမိကနိုင်သည်မက်မူ ရန်အောင်သည်။ (သက်) ၁။ သက်ကြီးဝါကြီးပုဂ္ဂိုလ်များကိုမြင်မက်မူ အကူအညီရသည်။ ၂။ သက်တံ့ကိုမြင်မက်မူ ထင်ရှားကျော်စောသည်။ ၃။ သက်ပြင်းချရသည်ကိုမက်မူ စဉ်းစားဉာဏ်ကောင်းသည်။ (သစ်) ၁။ သစ်ကုလားအုပ်ကိုမြင်မက်မူ အကြံကြီးသည်။ ၂။ သစ်ကြံပိုးခေါက်ကိုမြင်မက်မူ လက်ဆောင်ရသည်။ ၃။ သစ်ခေါက်ကိုခွာရသည်မြင်မက်မူ သေရန်နိမိတ်ဖြစ်သည်။ ၄။ သစ်ကြားသီးကိုမြင်မက်မူ မချစ်မနှစ်သက်သောသူနှင့် လက်ထပ်ရသည်။ ၅။ သစ်ခွပန်းကိုမြင်မက်မူ ထူးဆန်းသောအဖြစ်မျိုးကြုံသည်။ ၆။ သစ်ခွပန်း ခြောက်သွေ့သည်ကိုမြင်မက်မူ ရောဂါကပ်ဆိုက်သည်။ ၇။ သစ်တော်သီးကိုမြင်မက်မူ ပျော်ရွှင်ရသည်။ ၈။ သစ်တော်သီးစားရသည်မက်မူ အိမ်ထောင်ကျလျှင် ချမ်းသာသည်။ ၉။ သစ်တောက်ငှက်ကိုမြင်မက်မူ လက်ထပ်ရသည်။ ၁၀။ သစ်တုံးများကိုမြင်မက်မူ အိုးအိမ်သစ်ရသည်။ ၁၁။ သစ်တုံးများကို ခွဲရသည်မြင်မက်မူ အိမ်ထောင်ပစ္စည်းစုံလင်စွာမရှိဘဲ ဖြစ်နေသည်။ ၁၂။ သစ်ပင်အသီးအပွင့်နှင့်မြင်မက်မူ စီးပွားရေးကောင်းသည်။ ၁၃။ သစ်ပင်အကိုင်းအခက်များနှင့်မြင်မက်မူ အိမ်ထောင်တစ်ခုလုံး ချမ်းသာသည်။ ၁၄။ သစ်ပင်ခြောက်ကိုမြင်မက်မူ ဆုံးရှုံးမှုများရသည်။ ၁၅။ သစ်သီးများသီးနေသည်ကိုမက်မူ သားသမီးရတနာများ ရရှိသည်။ ၁၆။ သစ်ပင်ပေါ်တက်ရသည်မက်မူ ရာထူးတက်သည်။ ၁၇။ သစ်ပင်အောက် သစ်ရိပ်ခိုရသည်မက်မူ မိဘကျေးဇူး သိရှိနားလည်သည်။ ၁၈။ သစ်ပင်လဲကျ ကျိုးကျသည်မြင်မက်မူ ဘေးဒုက္ခတွေ့သည်။ ၁၉။ သစ်ပင်ပေါ်မှ လိမ့်ကျသည်မက်မူ ဂုဏ်ပျက်သည်။ ၂၀။ သစ်ကိုင်းချိုးရသည်မက်မူ အလိမ်ခံရသည်။ ၂၁။ သစ်မြစ်ကိုမက်မူ မိတ်ဆွေနှင့်ညားသည်။ ၂၂။ သစ်သီးဝလံကိုမြင်မက်က သားသမီးအကျိုးခံစားရသည်။ ၂၃။ သစ်သီးဝလံမျိုးစုံ များစွာမြင်မက်မူ ချစ်သူပေါသည်။ ၂၄။ သစ်သီးဝလံများ အပင်ခြောက်များမှ သီးနေသည်မြင်မက်မူ ရုတ်တရတ် စီးပွားတိုးတက်သည်။ (သန်း) ၁။ သန်းကိုမြင်မက်မူ ရန်ပုန်းများနှောင့်ယှက်သည်။ ၂။ သန်းကိုက်သည်ဟုမြင်မက်မူ ပူဆွေးရသည်။ (သု) ၁။ သုညရေးရသည်မက်မူ ငွေကြေးအတွက် သောကတွေ့ရသည်။ (သိန်း) ၁။ သိန်းငှက်ကိုမြင်မက်မူ ဝန်တိုသူများနှင့် ယှဉ်ပြိုင်ရသည်။ (သိုး) ၁။ သိုးကိုမြင်မက်က ချမ်းသာကြီးပွားသည်။ ၂။ သိုးမွေးဖြတ်ရသည်မက်မူ ကြွယ်ဝသောမယား ရသည်။ ၃။ သိုးအော်သံကြားရသည်မက်မူ သဘောကွဲလွဲခြင်းများဖြစ်သည်။ ၄။ သိုးထိန်းကိုမြင်မက်မူ အလုပ်အကိုင်အဆင်ပြေသည်။ ၅။ သိုးကလေးများကိုမြင်မက်က ချမ်းသာကြွယ်ဝသည်။ (သွပ်) ၁။ သွပ်ပြားကိုမြင်မက်မူ သူတပါးလက်အောက် နေရသည်။ ၂။ သွပ်မိုးရသည်မြင်မက်မူ လုံခြုံမှုရှိသည်။ (သွား) ၁။ သွားတိုက်ရသည်မြင်မက်မူ ဘေးဒုက္ခမှ လွတ်မြောက်သည်။ ၂။ သွားများကိုမြင်မက်က ဘုန်းအာဏာရှိသည်။ ၃။ သွားပျက်စီးယိုယွင်းနေသည်ကိုမြင်မက်မူ ပူဆွေးသောကရောက်သည်။ ၄။ သွားကျိုးသည်မြင်မက်မူ နာဖျားသည်။ ၅။ သွားနဲ့သည်မြင်မက်မူ ရောဂါထူသည်။ ပစ္စည်းဥစ္စာ ပျက်စီးသည်။ ၆။ သွားပိုးစားသည်မက်မူ အလုပ်အကိုင်တွင် အနှောင့်အယှက် များစွာတွေ့သည်။ ၇။ သွားကိုက်သည်ဟုမြင်မက်မူ အလုပ်တည်တံ့ခိုင်မြဲသည်။ ၈။ သွားအားလုံး ကျွတ်ကျသည်မက်မူ သေဆုံးသည်။ ၉။ သွားနုတ်ရသည်မက်မူ ကြွေးဆုံးသည်။ ၁၀။ သွားတစ်ချောင်းထွက်ကျသည်မက်မူ ဆွေမျိုးတစ်ဦး သေဆုံးသည်။ ၁၁။ သွားတစ်ချောင်း ဆွဲထုတ်ရသည်မြင်မက်မူ ဆုံးရှုံးနစ်နာသည်။ ၁၂။ သွားအကောင်း ကျိုးသည်မက်မူ နေရာဌာနပြောင်းရွှေ့ရသည်။ (သေ) ၁။ သေနတ်ကိုမြင်မက်မူ ရန်ပုန်းအနှောင့်အယှက်ပေးသည်။ ၂။ သေနတ်သံကြားရသည်မက်မူ အိမ်တွင်းရေးအဆင်မပြေ ရှိနေသည်။ ၃။ သေနတ်ပစ်နေသည်မက်မူ ရောဂါစွဲကပ်သည်။ ၄။ သေနတ်ပစ်ခံရသည်မက်မူ အသက်အန္တရာယ် တွေ့ကြုံရသည်။ ၅။ သေရည်သေရက် သောက်စားရသည်မက်မူ ကြမ္မာဆိုးဝင်သည်။ ၆။ သေသူနှင့် စကားပြောရသည်မက်မူ ကျော်စောသည်။ ၇။ သေသူဘိုးဘွားမိဘများနှင့် စကားပြောရသည်မက်မူ အရောင်းအဝယ်ကောင်းသည်။ ၈။ သေသူ ထသည်ဟုမြင်မက်မူ အတိတ်မှစကားဟောင်းများပေါ်သည်။ ၉။ သေသူ၏ဦးခေါင်းကိုမြင်မက်မူ သတင်းဆိုးကြားရသည်။ ၁၀။ သေတ္တာဖွင့်၍ အတွင်း၌ ပစ္စည်းများမြင်မက်မူ ရွှေငွေဝင်သည်။ ၁၁။ သေတ္တာအတွင်း၌ ဗလာမြင်မက်မူ ပျက်စီးယိုယွင်းသည်။ ၁၂။ သေတ္တာအတွင်း ငွေအပြည့်နှင့်မြင်မက်မူ ကြွေးများကိုရရှိသည်။ ၁၃။ သေတ္တာအတွင်း မြေအပြည့်နှင့်မြင်မက်မူ တဖြည်းဖြည်းတိုးတက်သည်။ ၁၄။ သေတ္တာထဲ၌ ရတနာများမြင်မက်သော် ကြိုးစားသမျှအောင်မြင်သည်။ (သောင်) ၁။ သောင်ပြင်ပေါ်လမ်းလျှောက်ရသည်မက်မူ သာယာအေးချမ်းစွာ နေထိုင်ရသည်။ (သော့) ၁။ သော့ကိုမြင်မက်မူ သားသမီးရသည်။ ၂။ သော့ပျောက်သည်မက်မူ ငွေကြေးအတွက် သောကရောက်သည်။ ၃။ သော့ပေးရသည်မြင်မက်မူ အိမ်ထောင်ရေးသာယာသည်။ ၄။ သော့ခတ်ရသည်မက်မူ အခွင့်ကောင်းလက်လွတ်ရသည်။ (သွေး) ၁။ သွေးကိုမြင်မက်မူ အမွေအနှစ်ခံစားရသည်။ ၂။ သွေးတုံးသွေးခဲများမြင်မက်မူ ဒေါသမီးတောက်လောင်ရသည်။ ၃။ သွေးကို တခြားတစ်ယောက်တွင်မြင်မက်မူ မင်္ဂလာပွဲပျက်သည်။ ၄။ သွေးထွက်နေသည်မြင်မက်မူ တက်ကြွစိတ်ရှိနေသည်။ ၅။ သွေးသောက်သေသည်မက်မူ သစ္စာရှိသည်။ ၆။ သွေး ဦးခေါင်းမှယိုစီးနေသည်မြင်မက်မူ နာတာရှည်ရောဂါ စွဲကပ်နေသည်။ ၇။ သွေး နှာခေါင်းမှယိုသည်မြင်မက်မူ အလွန်ချို့တဲ့သည်။ ၈။ သွေးသုတ်လိမ်းရသည်မက်မူ ဆင်းရဲငတ်မွတ်သည်။ (သည်း) ၁။ သည်းထန်စွာငိုကြွေးရသည်ဟုမြင်မက်မူ ထင်ရှားကျော်စောသည်။ ၂။ သည်းထန်စွာရွာသွန်းသောမိုးရေထဲတွင် လမ်းလျှောက်ရသည်ဟုမြင်မက်မူ အလုပ်အကိုင် အထူးအောင်မြင်သည်။ (ဟ)နှင့်ပတ်သက်သောအိပ်မက်များ (ဟ) ၁။ ဟင်္သာငှက်နှင့် သူရဿတီမယ်တော်အားမြင်မက်က ကောင်းကျိုးပေးသည်။ (ဟင်း) ၁။ ဟင်းမျိုးစုံစားရသည်မက်မူ ဝမ်းရေးအတွက် စိတ်အေးရသည်။ ၂။ ဟင်းသီးဟင်းရွက်ခူးရသည်မက်မူ ချစ်သူသစ္စာပျက်သည်။ (ဟိန်း) ၁။ ဟိန်းသံ(ကျား)ကြားရသည်မက်မူ အကြံပေးသူဖြစ်သည်။ (ဟော်) ၁။ ဟော်နန်းဆောင်ကိုမြင်မက်မူ သာယာအေးချမ်းစွာနေရသည်။ (ဟောက်) ၁။ ဟောက်သံကြားရသည်မက်မူ စားဝတ်နေရေး အဆင်ပြေသည်။ (အ)နှင့်ပတ်သက်သောအိပ်မက်များ (အ) ၁။ အကိုင်းအခက်များ အရွက်နှင့်မြင်မက်မူ သာယာစိုပြေစွာ နေထိုင်ရသည်။ ၂။ အစားကြီးသည်ဟုမြင်မက်မူ ဝမ်းဗိုက်တွင် ရောဂါဖြစ်သည်။ ၃။ အစားကြီးသောသူကိုမြင်မက်မူ ၎င်းနာဖျားသည်။ ၄။ အစည်းအဝေးမှာ နားထောင်ရသည်ဟုမြင်မက်မူ ရန်ပွဲဖြေရှင်းရသည်။ ၅။ အစိမ်းရောင်ကိုမြင်မက်မူ ခရီးသွားရသည်။ ၆။ အစွန်းအထင်းပယ်ဖျက်ရသည်မြင်မက်မူ ရန်သူများကြေအေးသည်။ ၇။ အစွယ်ကိုမြင်မက်မူ ကိုယ်ကျင့်တရားပျက်သည်။ ၈။ အစွယ်ရှိသောသတ္တဝါ ကိုက်သည်မြင်မက်က ပြစ်မှုကျူးလွန်မိသည်။ ၉။ အဆိပ်သောက်ရသည်မက်မူ ကြမ္မာဆိုးကြုံရသည်။ ၁၀။ အဆောက်အဦ မပြီးမပြတ်ကိုမြင်မက်မူ အလုပ်အမျိုးမျိုး လုပ်ရသည်။ ၁၁။ အဆောက်အဦပေါ်တက်ရသည်မက်က ချီးမြှင့်ခြင်းခံရသည်။ ၁၂။ အညစ်အကြေးကိုမြင်မက်မူ အရှက်ရသည်။ ၁၃။ အညစ်အကြေး အဝတ်ပေါ်မှာမြင်မက်က ဥစ္စာပစ္စည်းတိုးသည်။ ၁၄။ အညိုရောင်ကိုမြင်မက်မူ စွပ်စွဲပြောဆိုခံရသည်။ ၁၅။ အတင်းပြောသံကြားရသည်မက်မူ ငွေကြေးအနည်းငယ်ရသည်။ ၁၆။ အတင်း မိမိကပြောသည်မက်မူ မိမိအပြစ်နှင့်မိမိခံရသည်။ ၁၇။ အထုပ်အပိုးနှင့်ခရီးထွက်သည်မက်မူ အပြောင်းအလွဲရှိသည်။ ၁၈။ အထုပ်အပိုးသယ်ယူရသည်မက်မူ မျက်ရည်ပေါက်ကြီးငယ်ကျသည်။ ၁၉။ အနာကိုမြင်မက်မူ ဒုက္ခတွေ့သည်။ ၂၀။ အနာခွဲရသည်မက်မူ ပူပင်သောကကင်းသည်။ ၂၁။ အနီရောင်ကိုမြင်မက်မူ သတ္တိနှင့်ပြည့်စုံသည်။ ၂၂။ အနံ့မွှေးကြိုင်သောအနံ့ကို ရှူရသည်မက်မူ သတင်းကောင်းပြောရသည်။ ၂၃။ အနူကိုမြင်မက်မူ ဂုဏ်သိက္ခာပျက်သည်။ ၂၄။ အနက်ရောင်ကိုမြင်မက်မူ ဝမ်းနည်းကြေကွဲရသည်။ ၂၅။ အနောက်အရပ်သို့သွားရသည်မက်မူ ကံဆိုးသည်။ ၂၆။ အနံ့ဆိုးသောအနံ့ကို ရရှိသည်မက်မူ ကဲ့ရဲ့အပြောခံရသည်။ ၂၇။ အနှီးကိုမြင်မက်မူ လက်ထပ်ရေးကိစ္စအောင်မြင်သည်။ ၂၈။ အနှောင့်အယှက်ခံရသည်မြင်မက်မူ ရန်ဖြစ်သည်။ စိတ်ပျက်သည်။ ၂၉။ အပူကိုမြင်မက်မူ သောကကင်းဝေးသည်။ ၃၀။ အနှိပ်စက်ခံရသည်မက်မူ များစွာဆုံးရှုံးသည်။ ၃၁။ အပေါ့သွားရသည်မက်မူ နှောင့်နှေးကြန့်ကြာသည်။ ၃၂။ အပေါ်အင်္ကျီများ ထပ်ဝတ်ရသည်မက်မူ မိတ်ဆွေသစ္စာပျက်သည်။ ၃၃။ အပုပ်အသိုးများစားရသည်မက်မူ စားကောင်းသောက်ဖွယ်များ စားရသည်။ ၃၄။ အပြာရောင်ကိုမြင်မက်မူ တစ်ဦးတစ်ယောက်အား မှီခိုနေထိုင်ရသည်။ ၃၅။ အဖေ၊ အမေကို စကားပြောရသည်မက်မူ ကောင်းစားသည်။ ၃၆။ အဖေ၊ အမေသေသည်မြင်မက်မူ ကြမ္မာဆိုးတွေ့ရသည်။ ၃၇။ အဘိုး၊ အဘွားမြင်မက်မူ လာဘ်လာဘရသည်။ ၃၈။ အဖြူရောင်ကိုမြင်မက်မူ မိတ်ဆွေများထံမှ အကျိုးခံစားရသည်။ ၃၉။ အမာရွတ်ကိုမြင်မက်မူ ကြီးပွားချမ်းသာသည်။ ၄၀။ အမဲလိုက်ရသည်မြင်မက်မူ ပင်ပန်းကြီးစွာလုပ်ရသည်။ ၄၁။ အမြောက်လက်နက်ကိုမြင်မက်မူ အမွေမှုဖြစ်ပွားသည်။ ၄၂။ အမြောက်သံကြားရသည်မက်မူ ဆွေမျိုးမိတ်ဆွေတို့၏ သတင်းကြားရသည်။ ၄၃။ အမွေရသည်မြင်မက်မူ ဩဇာပေးခံရသည်။ ၄၄။ အမွေစားအမွေခံ မွေးစားရသည်မက်မူ ကြွေးတင်သည်။ ၄၅။ အမှတ်တရလက်ဆောင်ပေးရသည်မြင်မက်မူ ချစ်သူ၏စွန့်ပယ်ခြင်း ခံရသည်။ ၄၆။ အမှတ်တရလက်ဆောင်ရသည်မြင်မက်မူ နှစ်သက်သူနှင့်လက်ထပ်ရသည်။ ၄၇။ အမှိုက်များရှုပ်ပွနေသည်မြင်မက်မူ ဒုစရိုက်မှုပြုလုပ်မိသည်။ ၄၈။ အမြှုပ်ကိုမြင်မက်မူ ပစ္စည်းဥစ္စာတိုးသည်။ ၄၉။ အမြွှာပူးမွေးသည်မြင်မက်မူ ဆန်းကြယ်သောသတင်းထူးကြားရသည်။ ၅၀။ အမွှေးအကြိုင်ကိုမြင်မက်မူ နာမည်သတင်းကျော်ကြားသည်။ ၅၁။ အမွှေးတိုင်ထွန်းရသည်မက်မူ မိမိအလိုရှိတိုင်းပြည့်စုံသည်။ ၅၂။ အမွှေးတိုင်အနံ့ရှူရသည်မက်မူ အမြတ်အစွန်းများစွာရသည်။ ၅၃။ အရူးကိုမြင်မက်မူ ပရိဒေဝမီး တောက်လောင်သည်။ ၅၄။ အရူးဖြစ်သွားသည်မြင်မက်မူ လွတ်လပ်ပျော်ရွှင်သည်။ ၅၅။ အရက်သောက်ရသည်မက်မူ ပူပင်ကြောင့်ကြရသည်။ ၅၆။ အရက်သောက်နေသူများကိုမက်မူ စိတ်ဒုက္ခရောက်သည်။ ၅၇။ အရက်ဖိုထဲရောက်နေသည်မက်မူ အကြံပျက်သည်။ ၅၈။ အရိပ်ကိုမြင်မက်မူ နောင်တတရားရသည်။ ၅၉။ အရိုး(လူရိုး)ကိုမြင်မက်မူ တရားထူးနာကြားရသည်။ ၆၀။ အရိုးစုကိုမြင်မက်မူ ကျန်းမာရေးချို့တဲ့သည်။ ၆၁။ အရုပ်ကိုမြင်မက်မူ မိမိစကားမအောင်မြင်ဘဲရှိနေသည်။ ၆၂။ အိုးကိုမြင်မက်မူ ကောင်းကျိုးပေးသည်။ ၆၃။ အရှေ့အရပ်ကိုမြင်မက်မူ သာသနာ့ဝန်ထမ်းဆောင်ရသည်။ ၆၄။ အရှက်ရသည်မက်မူ စိုးရိမ်ရသည်။ ၆၅။ အလံကိုမြင်မက်မူ ရန်အပေါင်းကင်းဝေးသည်။ ၆၆။ အလင်းရောင်တောက်ပစွာမြင်မက်မူ ပညာရေးတိုးတက်သည်။ ၆၇။ အလင်းရောင်မှိန်သည်ဟုမြင်မက်မူ ဝမ်းနည်းကြေကွဲရသည်။ ၆၈။ အလိမ်ခံရသည်မြင်မက်မူ ဓားပြတိုက်ခံရသည်။ ၆၉။ အလုပ်ပင်ပန်းကြီးစွာလုပ်ရသည်မြင်မက်မူ အလုပ်နှင့်ပတ်သက်၍ အောင်မြင်သည်။ ၇၀။ အလုပ်ဖြုတ်ခံရသည်မက်မူ ရာထူးတက်သည်။ ၇၁။ အလုပ်မရှိဟုမက်မူ အလုပ်ရသည်။ ၇၂။ အလောင်းစင်ကိုမြင်မက်မူ လက်ထပ်မင်္ဂလာကျင်းပရသည်။ ၇၃။ အလိုမတူသူနှင့်ပေါင်းသင်းရသည်မက်မူ သေပျောက်သည်။ ၇၄။ အဝါရောင်ကိုမြင်မက်မူ အိမ်ယာဝင်သည်။ ၇၅။ အလှူပေးရသည်မြင်မက်မူ မင်္ဂလာနှင့်ပြည့်စုံရသည်။ ၇၆။ အဝတ်ရွှေရောင်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၇၇။ အဝတ်ရောင်စုံမြင်မက်မူ ကြီးပွားသည်။ ၇၈။ အဝတ် ကိုယ်မှာမလုံမလဲမြင်မက်မူ ပြည့်စုံစွာနေထိုင်ရသည်။ ၇၉။ အဝတ်စုတ်ဝတ်ရသည်မြင်မက်မူ ပူဆွေးရသည်။ ၈၀။ အဝတ်ရောင်းရသည်မက်မူ လက်ရှိအလုပ်မှ ပြောင်းရသည်။ ၈၁။ အဝတ်ဝယ်ရသည်မက်မူ ဝင်ငွေကောင်းသည်။ ၈၂။ အဝတ်လျှော်ရသည်မက်မူ အိမ်တွင်းအခက်အခဲများ ရှိသည်။ ၈၃။ အသားကင်စားရသည်မက်မူ ကျန်းမာသည်။ ၈၄။ အသားအစိမ်းစားရသည်မက်မူ ဂုဏ်တက်သည်။ ၈၅။ အသား(လူ)စားရသည်မက်မူ မတရားသဖြင့် ငွေကြေးရသည်။ ၈၆။ အသည်းစားရသည်မက်မူ ကံကောင်းသည်။ ၈၇။ အသည်း၌ အနာပေါက်သည်မက်မူ အသက်စည်းစိမ် အန္တရာယ်ဖြစ်သည်။ ၈၈။ အက္ခရာကိုမြင်မက်မူ ကွဲကွာနေသူနှင့် ပြန်တွေ့ရသည်။ ၈၉။ အင်္ကျီအသစ်ဝတ်ရသည်မက်မူ ရန်စခြင်းခံရသည်။ ၉၀။ အင်္ကျီဝတ်ရသည်မက်မူ ငွေကြေးဖူလုံသည်။ ၉၁။ အခိုးလျှံတောက်သောမီးကိုမက်မူ အလွန်ပူဆွေးသောကရောက်သည်။ (အံ) ၁။ အံဆွဲဖွင့်ရသည်မက်မူ အကြံရသည်။ ၂။ အံဆွဲဖွင့်မရဟုမြင်မက်မူ စိတ်ကျဉ်းကျပ်သည်။ ၃။ အံသွားကျိုသည်မြင်မက်မူ ကြီးသူသေသည်။ ၄။ အံစာကစားရသည်မြင်မက်မူ ကံဆိုးသည်။ (အပ်) ၁။ အပ်ကိုမြင်မက်မူ ရုတ်တရက် အနာတရဖြစ်သည်။ ၂။ အပ်ချည်ကိုမြင်မက်မူ လုပ်ကြံခံရသည်။ ၃။ အပ်(ပင်အပ်)ကိုမြင်မက်မူ ထိရောက်သောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရပြီး အထူးအောင်မြင်မှုရသည်။ ၄။ အပ်ချည်လုံးကိုမက်မူ ပြဿနာများရှုပ်ထွေးနေသည်။ (အာ) ၁။ အာဇာနည်ကုန်းသွား၍ အလေးပြုရသည်မက်မူ အဆင့်အတန်းမြင့်မားသည်။ ၂။ အာလူးကိုမြင်မက်မူ အလုပ်အကိုင်ပျက်စီးရသည်။ (အိတ်) ၁။ အိတ်ကိုမြင်မက်မူ အကျိုးစီးပွားဖြစ်ထွန်းသည်။ ၂။ အိတ်ထဲ ငွေများစွာမြင်မက်မူ ထီပေါက်သည်။ ၃။ အိတ်စုတ်ကိုမြင်မက်မူ အရင်းအနှီးဆုံးရှုံးသည်။ (အိပ်) ၁။ အိပ်ခန်းကိုမြင်မက်မူ အပြင်းအထန်ရောဂါရသည်။ ၂။ အိပ်မက်ကို သူတပါးပြောနေသည်မက်မူ မတော်တဆ ထိခိုက်နာကျင်ရသည်။ ၃။ အိပ်မွေ့ချခံရသည်မက်မူ အရင်းနှီးဆုံးမိတ်ဆွေ သစ္စာဖောက်သည်။ ၄။ အိပ်ရာလှပခန့်ညားစွာမြင်မက်မူ တစ်သက်တာဖူလုံသည်။ (အူ) ၁။ အူကိုထုတ်၍ ရွာကိုပတ်ရသည်မက်မူ အကြီးအကဲဖြစ်သည်။ ၂။ အူကိုချက်စားရသည်မက်မူ လာဘ်ရသည်။ (အိမ်) ၁။ အိမ်ထဲလမ်းလျှောက်ရသည်မက်မူ မကြာမီ အလုပ်အကိုင်နေရာကျသည်။ ၂။ အိမ်အသစ်ကိုမြင်မက်မူ ခရီးဝေးသွားရသည်။ ၃။ အိမ်မှာ မိသားစုပျော်ရွှင်စွာရှိသည်မက်မူ အထူးကံကောင်းသည်။ ၄။ အိမ်ကိုမြင်မက်မူ အကြံအောင်သည်။ ၅။ အိမ်ပြိုသည်မြင်မက်မူ စီးပွားကျသည်။ ၆။ အိမ်မီးလောင်သည်မြင်မက်မူ သေကျေပျက်စီးသည်။ ၇။ အိမ်သစ်ကိုမြင်မက်မူ အရာရှိဖြစ်သည်။ ၈။ အိမ်၌ နေအိမ်၊ လအိမ်ဖွဲ့နေသည်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၉။ အိမ်ဆောက်သည်မက်မူ ကုသိုလ်ကံကောင်းသည်။ ၁၀။ အိမ်တိုင်မ လဲသည်ဟုမြင်မက်မူ သေကျေပျက်စီးသည်။ ၁၁။ အိမ်နားတွင် မှိုပေါက်သည်မက်မူ မိုးကြီးကျသည်။ ၁၂။ အိမ်ခေါင်မိုးကိုမက်မူ ထင်ပေါ်ကျော်ကြားသည်။ ၁၃။ အိမ်ခေါင်မိုးပေါ်သို့တက်၍ ရေသောက်ရသည်မြင်မက်မူ အကြီးအကဲဖြစ်သည်။ ၁၄။ အိမ်အောက်သို့မြွေဝင်သည်မက်မူ လာဘ်ကြီးဝင်သည်။ ၁၅။ အိမ်ပေါ်သို့မြွေတက်သည်မက်မူ ထီပေါက်သည်။ ၁၆။ အိမ်ထောင်ပြုရသည်မက်မူ လာဘ်ကြီးရသည်။ ၁၇။ အိမ်ထောင်ကွဲသည်မက်မူ ပျော်ရွှင်ရသည်။ ၁၈။ အိမ်သာမြင်မက်မူ လာဘ်ကြီးဝင်သည်။ ၁၉။ အိမ်ရှေ့တွင် မဏ္ဍပ်ထိုးထားသည်ဟုမက်မူ အလှူကြီးပေးရသည်။ ၂၀။ အိမ်ဇောက်ထိုးဖြစ်နေသည်ဟုမြင်မက်မူ စီးပွားရေးပျက်သည်။ ၂၁။ အိမ်ခေါင်မိုးပေါ်မှာ အိမ်မြှောင်စုတ်ထိုးသည်မက်မူ ထီပေါက်သည်။ ၂၂။ အိမ်ခေါင်းရင်းတွင် အိမ်မြှောင်စုတ်ထိုးသံကြားရသည်မက်မူ ပျက်စီးသည်။ ၂၃။ အိမ်ခေါင်မိုးလန်နေသည်မက်မူ အကြံပျက်သည်။ (အိုး) ၁။ အိုးကိုမြင်မက်မူ အိုးအိမ်သစ်ရသည်။ ၂။ အိုးခွက်ပန်းကန်ရသည်မက်မူ စီးပွားဖြစ်သည်။ ၃။ အိုးမဲလိမ်းထားသည်မက်မူ ဘေးအန္တရာယ်တွေ့ရသည်။ ၄။ အိုးလည်ပြတ်ကိုအိပ်မက်မူ အလွန်ညံ့သည်။ ၅။ အိုးထဲတွင် ရေများပြည့်လျှံနေသည်မက်မူ ရွှေငွေဝင်သည်။ ၆။ အိုးထဲတွင် ရေများခန်းခြောက်နေသည်အိပ်မက်မူ စီးပွားကျသည်။ ၇။ အိုးထဲတွင် မြွေဝင်သည်အိပ်မက်မူ ဆန်ရေစပါးပေါများသည်။ ၈။ အိုးကျကွဲသည်မက်မူ သေကျေပျက်စီးသည်။ (အုန်း) ၁။ အုန်းပင်ကိုမြင်မက်မူ ပျော်ရွှင်ရသည့် လာဘ်ကြီးဝင်သည်။ ၂။ အုန်းသီးကိုမြင်မက်မူ လာဘ်ရသည်။ ၃။ အုန်းသီးအညှောင့်ပေါက်သည်မက်မူ လာဘ်ရသည်။ အိုးသစ်အိမ်သစ် ဝင်လာသည်။ ၄။ အုန်းပင်တက်ရသည်မက်မူ အကြံပေါ်သည်။ ၅။ အုန်းသီးစားရသည်မက်မူ အိုးသစ်အိမ်သစ်နှင့် နေထိုင်ရသည်။ ၆။ အုန်းရေသောက်ရသည်မက်မူ လိုအင်ဆန္ဒပြည့်စုံသည်။ ၇။ အုန်းမောင်းခေါက်သံကြားရမူ အစားကောင်းစားရသည်။ ၈။ အုန်းမှုတ်ခွက်ကိုမြင်မက်မူ ဆင်းရဲသည်။ ၉။ အုန်းပင်မှ အုန်းသီးပြုတ်ကျသည်မက်မူ နေအိမ်ပေါ်မှ ဖယ်ရှားခြင်းခံရသည်။ ၁၀။ အုန်းပင်မှအုန်းသီး နေအိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျသည်မက်မူ စီးပွားပျက်၍ နေထိုင်စရာမရှိဖြစ်သည်။ (အား) ၁။ အားကစားလေ့ကျင့်ခန်းလုပ်ရသည်မက်မူ ကျန်းမာရေး အထူးကောင်းမွန်သည်။ (ဥ)နှင့်ပတ်သက်သောအိပ်မက်များ (ဥ) ၁။ ဥဗျိုင်းနားသည်မက်မူ ရာထူးတိုးသည်။ ၂။ ဥဗျိုင်းသေနေသည်မက်မူ အကြီးအကဲဖြစ်သူ ပျက်စီးသည်။ ၃။ ဥဗျိုင်းများ မိမိကိုယ်ကိုဝန်းရံထားသည်မက်မူ အကြီးအကဲဖြစ်သည်။ ၄။ ဥယျာဉ်ကိုမြင်မက်မူ လာဘ်ရသည်။ ၅။ ဥယျာဉ်တွင်း မီးလောင်နေသည်မက်မူ စီးပွားရေးဆုတ်ယုတ်သည်။ ၆။ ဥစားရသည်မက်မူ အကြံအစည်အောင်မြင်သည်။ ၇။ ဥမျိုးစုံစားရသည်မက်မူ ချမ်းသာကြွယ်ဝသည်။ ၈။ ဥဒေါင်းတွန်သံကြားရသည်မက်မူ သတင်းကောင်းကြားရသည်။ ၉။ ဥသျှစ်ပင်ကိုမက်မူ ပစ္စည်းဥစ္စာတိုးပွားလာသည်။ (ဦး) ၁။ ဦးနှောက်ပျက်သွားသည်မက်မူ အကြံကောင်းပေါ်သည်။ ၂။ ဦးခေါင်းပျက်သည်မက်မူ သေကျေပျက်စီးသည်။ ၃။ ဦးခေါင်းကွဲသည်မက်မူ အလွန်ညံ့သည်။ ၄။ ဦးခေါင်းရိတ်သည်မက်မူ နာဖျားသည်။ ၅။ ဦးထုပ်ဆောင်းသည်မက်မူ ချမ်းသာသည်။ ၆။ ဦးချိုရှိသောသတ္တဝါမက်မူ ရာဇဝတ်ဘေးသင့်သည်။ ၇။ ဦးဦးဖျားဖျားစားရသည်မက်မူ အကြီးအကဲဖြစ်သည်။ ၈။ ဦးစားပေးခံရသည်မက်မူ နှောင့်နှေးကြန့်ကြာသည်။