လူရဲ့ အသက်ဟာ သွေးဖြစ်သလို Engineရဲ့ အသက်ဟာ Engine Oil ဖြစ်လို့ လွန်စွာ ဂရုစိုက်ရပါတယ်။

အင်ဂျင်ဝိုင်လျော့ရသော အဓိက (၂) ချက်မှာ အင်ဂျင်အပြင်ဘက် ယိုစိမ့်ခြင်း နှင့် အင်ဂျင်အတွင်းဘက် (မီးလောင်ခန်း) အတွင်းစိမ့်ခြင်း နှစ်မျိုးကြောင့် လျော့ပါတယ်။

အပြင်ဘက်သို့ ဆီအယိုအဆိမ့်ရှိနေခြင်း။

တိုက်ပစ်စည်း ၊Camshaft ဝိုက်စည်း၊ VVTI နှင့် VTEC အုံ၊ PCV ဗား မိန်းဝိုက်ဆီး၊ ပူလီဝိုက်ဆီး၊ ချိန်းကာဗာ၊ Crankshaft ဝိုက်ဆီး၊ အင်ဂျင်ဝိုင် Filter၊ Filter အထိုင် (Belta,Vitz, Ratics)၊ အင်ဂျင်ဝိုင် ချက်နက်၊ အင်ဂျင်ဝိုင် ကရိုင်းကစ် စတဲ့ အစိတ်အပိုင်းတွေကနေ အပြင်ဘက်ကို ယိုစိမ့်လာတတ်ပါတယ်။ အထက်ပါ ယိုစိမ့်ခြင်းက ပြုပြုင်ရ လွယ်ကူပြီး ကုန်ကျစရိတ် အရမ်းမများပါ။

အတွင်းဘက် မီးလောင်ခန်းအတွင်း ယိုစိမ့်ခြင်း

Engine အထက်ပိုင်း Head မှ Valve စည်းမာခြင်း၊ ပျက်စီးခြင်းမှ မီးလောင်ခန်း ကို အင်ဂျင်ဝိုင်ရောက်နိုင်ပါတယ်။ Engine piston မှ Ring ဆုံခြင်း၊ Ring ကွင်းများ သက်တမ်းကြာလို့ ပျက်စီးခြင်း၊ Engine Block ရဲ့ စလစ် နံရံများ ကျယ်လာခြင်း ကြောင့် မီးလောင်ခန်းထဲ အင်ဂျင်ဝိုင်ရောက်ပြီး အင်ဂျင်ဝိုင် စားလာခြင်း ဖြစ်ပါတယ်။

အထက်ပါလျော့ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပလပ်တွေဟာ မီးလောင် ကျန်သောအင်ဂျင်ဝိုင်ကြောင့် Carbon ဂျိုးတတ် ပျက်စီးခြင်း မီးသံတွေ အလွန်ခေါက်လာခြင်း၊ ကားဆီစား လာခြင်း။ အင်ဂျင်ဝိုင်စားလို့ ဖြစ်ပေါ်သော Carbon ဂျိုးတွေက Exhaust/ Intake Valve ပျက်စီးလို့ အရုန်း အဆွဲ ကျလာခြင်း။ အိတ်ဇောမှ အင်ဂျင်ဝိုင် မီးခိုးထွက်ခြင်း၊ ကျောက်ဇကာပိတ်ခြင်း/ပျက်စီခြင်းများ ဖြစ်စေနိုင်ပါတယ်။

အထက်ပါ လျော့ခြင်းကို ပြုပြင်ရန် အခြားနည်းလမ်း မရှိပါ။ ရှိရင်လဲ ခဏပါပဲ။ အင်ဂျင် Overhaul (အင်ဂျင်ကိုင်) ခြင်း နည်းကို ပြုလုပ်မှ ပဲ အဆင်ပြေပါလိမ့်မယ်။

အခြားအကြောင်း အရာတွေလဲရှိပါတယ်။
(၁) Kilo များပြီး သက်တမ်းကြာသော ကားကို အင်ဂျင်ဝိုင်အပါး ထည့်မိခြင်း။
(၂) အရည်အသွေးနိမ့်တဲ့ အင်ဂျင်ဝိုင်သုံးခြင်း။
(၃) အချို့ အင်ဂျင်တွေဟာ ပင်စတင်ဝရိန်း ပြဿနာ / Valve Seal ပြဿနာတွေကြောင့် လည်း Original အင်ဂျင်ဝိုင်လျော့တတ်ပါတယ်။
ဂျပန် Used ကားတွေမှာ ကီလို (၅၀၀၀)ခန့် မောင်းပြီး အင်ဂျင်ဝိုင် တစ်လီတာဝန်းကျင် လျော့တာ သိပ်ပြဿနာမရှိပေမဲ့ ကီလို (၅၀၀၀) မောင်းပြီးလို့ အင်ဂျင်ဝိုင် နှစ်လီတာအထက် လျော့နေရင်တော့ ကျွမ်းကျင် ဝပ်ရှော့မှာ စစ်ဆေးပြုပြင်ဖို့ အကြံပြုပါတယ်။

#Credit