တစ်ချိန်က လျှမ်းလျှမ်းတောက် လူသိများခဲ့တဲ့ နဂါးမယ်တော်ကြီးအကြောင်းအမည်က နဂါးတစ်ထောင်မယ်တော်ကြီးပါ။
ဒီအမည်က လူတွေ ပညတ်ခဲ့သောအမည်ပါ။
မယ်တော်ကြီးက သိုက်မဟုတ်ပါ။ နတ်နဂါးသာဖြစ်သည်။ အမည်က နာဂရဋ္ဌ ဒေဝသူဇာ အမည် ဖြစ်ပါသည်။ ရဋ္ဌ နဂါးမျိုးနွယ်ဖြစ်ပါသည်။
နဂါးတစ်ထောင်ဟူသောအမည်ကို လူတွေက နဂါးခေါင်းတစ်ထောင်ပါသည့် မယ်တော်ကြီးဟု ယူဆပြီး ပေးခဲ့တာပါ။ တကယ်တော့မယ်တော်ကို မြင်ဖူးခဲ့ခြင်းမရှိသလို မယ်တော်သည်လည်း နဂါးခေါင်း တစ်ထောင်မပါရှိပါ။
တစ်ချိန်က နဂါးအများစုသည် လူ့ပြည်တွင်
လူဝင်စားပြီး သာသနာလာပြုကြသည်။ မယ်တော်ကြီးသည် လူ့ပြည်တွင်ကိုယ်ရောင်ဖျောက်ပြီး သာသနာပြုနေသည့် လူဝင်စားနဂါးများကို လိုက်လံစောင့်ရှောင့် နေခဲ့ပါသည်။
ထိုသို့လိုက်လံစောင့်ရှောင့်ရင်း သွားလာနေချိန် တစ်ရက်သောအခါ နဂါးသမီးတော် လူဝင်စားသိုက်ဆရာမှတစ်ဦးကို တောစပ်တစ်နေရာ စည်းဝိုင်းအတွင်းချုပ်၍သိုက်ဖော်နေသည်ကို တွေ့ရှိခဲ့ပါသည်။ သိုက်ဆရာမှမိန်းကလေးအားရိုက်နှက်ပြောဆိုနေပြီး သိုက်ဖော်နေသည်ကို ဘေးမှ လူအများက ဝိုင်းအုံကြည့်ရှုနေကြသည်။
ထိုသို့ဝိုင်းအုံကြည့်ရှုနေသူများထဲတွင်မိန်းကလေး၏ လူမိဘများလည်း ပါဝင်ပေသည်။
မိန်းကလေး၏ လူမိဘများမှာ သိုက်ဆရာမှ
သိုက်ဖော်နေပါသည်ဟု မပြောပဲ
မိန်းကလေးအားသိုက်ဆက်ဖြတ်ပေးနေသည်ဟု
ပြောဆိုထားသောကြောင့် ငြိမ်၍ပင်ဘေးမှ ကြည့်နေကြခြင်းဖြစ်သည်။
မယ်တော်ကြီးသည် ထိုအဖြစ်အပျက်ကိုကြည့်ပြီး
မိန်းကလေးအား ကယ်တင်ခဲ့ပါသည်။
မိန်းကလေးသည် သာမန်လူအသွင်မှ ပညာတတ်သော မိန်းကလေးအသွင်ပြောင်း၍ ချက်ခြင်းကြီးဆရာကို ပညာဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။
ဆရာနှင့်မိန်းကလေး အပြန်အလှန် ပညာပြိုင်ကြရင်း သိုက်ဆရာက မနိုင်သည့်အဆုံး နဂါးအသွင်ပြောင်းလဲတိုက်ခိုက်ခဲ့သည်။
ဘယ်ရမလဲလေ နဂါးမယ်တော်ကြီးကိုယ်တိုင်ရှိနေတာပဲ။ မယ်တော်ကြီးသည် မိန်းကလေးအား နဂါးအသွင်ပြောင်းလဲပြီး သိုက်တူးဆရာအား ပြန်လည်တိုက်ခိုက်သည်။
ထိုသို့တိုက်ခိုက်ကြရင်း သိုက်ဆရာက မည်သို့မှမနိုင်သည့်အဆုံး နဂါးခေါင်းနှစ်ခေါင်းပါနဂါးအသွင့်ဖြင့်တိုက်ခိုက်ခဲ့သည်။ မယ်တော်ကြီးသည်လည်း သိုက်ဆရာမှ နဂါးခေါင်းနှစ်ခေါင်းပါနဂါးဖြစ်သောအခါ မိန်းကလေးအား သိုက်ဆရာရဲ့နှစ်ဆ နဂါးခေါင်း လေးခေါင်းပါ နဂါးအသွင်ဖန်ဆင်းတိုက်ခိုက်စေသည်။
ထိုသို့ သိုက်ဆရာက နဂါးခေါင်းတိုးလိုက်
မယ်တော်ကြီးက မိန်းကလေးအား နဂါးခေါင်းတိုးလိုက်ဖြင့် တိုက်ခိုက်လာရာ သိုက်ဆရာမှ မိန်းကလေးကဆယ်ခေါင်းပါ နဂါးအသွင်ဖန်ဆင်းတိုက်ခိုက်ပြီး နဂါးခေါင်းနှစ်ဆယ်ပါ နဂါးခေါင်းနှစ်ဆယ်ဖြင့် မိန်းကလေးမှ နဂါးအသွင်ဖြင့်တိုက်ခိုက်အနိုင်ယူခဲ့သည်။ သိုက်ဆရာအားအနိုင်ယူပြီး သိုက်ဆရာပြေးသောအခါ နဂါးသမီးတော်ဟေ့ ဟုကြွေးကြော်ခဲ့သည့် မိန်းကလေးကိုကြည့်ရင်း ဝိုင်းကြည့်နေသည့် ပရိတ်သတ်များက နဂါးသမီးတောင် ခေါင်းနှစ်ဆယ်ပိုင်ရင် နဂါးမယ်တော်ကြီးသည် ခေါင်းတစ်ထောင်ပိုင်မည်ဟု
ယူဆ ခဲ့ကြပြီး နဂါးတစ်ထောင်ပါ နဂါးမယ်တော်ရုပ်ထုအား ထုလုပ်ကိုးကွယ်ခဲ့ကြသည်။
ထိုသို့ ထုလုပ်ကိုးကွယ်သူများထဲတွင်အ ထက်ဆရာ အလည်အလတ်ဆရာနဲ့ အောက်ဆရာများလည်းပါခဲ့ကြသည်။
မယ်တော်ကြီးသည် သူ့ကိုရည်မှန်း ရုပ်ထုကိုးကွယ်သူများကို သိသာထင်ရှားစွာ ကူညီတော်မူခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် နဂါးများ လူဘဝအဖြင့်ဝင်စားနေကြသည်မှာ
အများအပြားရှိနေပါသောကြောင့် သိုက်တူးဆရာများ၏ ဘေးအန္တရာယ်မှ ကာကွယ်ထားပြီးသားဖြစ်စေရန်
မယ်တော်ကြီးသည် လူ့ပြည်တွင် အချိန်မရွေးရှိကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
နောက်ပိုင်းတွင် နဂါးအများစု လူဝင်စားမရှိတော့သည်က တစ်ကြောင်း
လူ့အလို နတ်မလိုက်နိုင်ဟု ဆိုရိုးစကားရှိသည်က တစ်ကြောင်း
လူတွေရဲ့လောဘ အတောမသတ်နိုင်ပါလား ယူဆပြီး
မယ်တော်ကြီးသည် လူ့ပြည်ကို ကျောခိုင်း နတ်ပြည်သို့သာ အပြီးပြန်တော်မူခဲ့ပေသည်။
ထိုထိုအချိန်မှစ၍ မယ်တော်ကြီးသည် လူပြည်မှပျောက်ကွယ်ခဲ့ပြီး
နဂါးတစ်ထောင်မယ်တော်အမည်အဖြင့် ရုပ်ထုသာ အမှတ်တရ
ကျန်ရှိပါတော့သည် ဖြစ်ကြောင်းရေးသားဖော်ပြအပ်ပါသည်။