English name -Dodder_Plant, Giant dodder
Botany name -Cuscuta rellexa Roxb.
Family name- Convolvulaceae.
Habit – Perennial parasitic herb
Medicinal parts – Whole plant
Medicinal effects – Anti-microbal, anti-tumour, Anti-hypertensive, anti-convlulsant, anti-inflammatory
**ပုံသဏ္ဌာန် **
အပင် – အခြား သစ်မာ ပင်ကြီးမျိုး ကို မှီတွယ် ၍ အစာ ရေစာ စုပ်ယူ ရှင်သန် ရသော အရွက်မဲ့ ကပ်ပါး နွယ်ပင် မျိုး ဖြစ်သည်။ အကြီး အငယ် ၂ မျိုး ရှိ၏။ အသားထူသည် ။ ပင်စည် ရှည်လျား ပြီး ကိုင်းဖြာ သည်။ ရွှေဝါ ရောင် ရှိ၏ ။ မှီတွယ် ပင်အား အုံလိုက် အုပ်ဆိုင်း ထားသည်။ အပွင့် – ပွင့် တည်း သို့မဟုတ် စုပြုံ ပွင့်သည်။ ပွင့်ညှာ တို၍ ကောက်နေ သည်။ ပွင့်ခံ ရွက်သေးငယ် သည် ။ အသား ထူ သည်။ အပွင့် အဖြူရောင် ရှိ၍ သုံးမြှောင့် ပုံဖြစ်သည်။ အသီး – လုံးဝိုင်းပြီး ထိပ်ဘက် ချွန်သည် ။ ၂ စေ့ မှ ၄ စေ့ ထိ ရှိသည်။
***အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ ***
ပဉ္စငါးပါး။
*မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ *
မြန်မာ နိုင်ငံ အထက်ပိုင်း ပြင်ဦးလွင် နှင့် အထက် ချင်းတွင်း နယ်များ တွင် တွေ့ရသည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။
** အသုံးဝင်ပုံ **
အာနိသင် -မြန်မာ ဆေးကျမ်း များ အလိုအရ ဆေးရွှေနွယ် သည် ချို၏ ၊ ထက်မြက်၏ ၊ သည်းခြေနှင့် စပ်လျဉ်း သော ရောဂါ များကို နိုင်၏။ ခွန်အားကို တိုးစေ၏။ သုက်ကို ပွားစေ၏ ။ အသက်ကို ရှည်စေ နိုင်၏။
အသုံးပြုပုံ
ပဉ္စငါးပါး
၁။ ဆေးရွှေနွယ် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။ အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။ ၂။ ဝမ်းကြောတင်း ခြင်း ၊ ဝမ်းရောင် ခြင်း ၊ အစာမကြေ လေချဉ်တက် ခြင်း ၊ ဝမ်းဗိုက်နာ ခြင်း များ အတွက် ဆေးရွှေနွယ် ကို ကျတ်ကျတ် ကျို ၍ ဝမ်းဗိုက် တွင် လိမ်းပေးပြီး အဝတ်ဖြင့် ပတ်ထား ပါက အောက်သို့ လေစုန်ကာ ပျောက်ကင်း၏။
၃။ ဆေးရွှေနွယ် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။
၄။ ဆေးရွှေနွယ် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။
၅။ ဆေးရွှေနွယ် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏ ။
၆။ ဆေးရွှေနွယ် ကို သွေးဖောက်ပြန် သော ရောဂါ အတွက် လည်း သုံး၏။
၇။ ဆေးရွှေနွယ် ဖြင့် ခေါင်း လျှော် လျှင် ခေါင်းအေး ၍ ဦးနှောက် ကြည်လင် စေပြီး ဗောက်နှင့် သန်းများကို ပျောက်စေသည်။
#crd