Home GENERAL ဆီမီးတောက်ပင်

ဆီမီးတောက်ပင်

1

Botanical name -Gloriosa superba L.
Family name – Colchicaceae
English name – Climbing lily , tiger claw, Flame lily

Habit -Perennial climber herb
Medicinal parts – Tubers, leaves, flowers, seeds

Medicinal effects – Anti-oxidant, Anti-microbal,
Anti-inflammatory (gout)

*ပုံသဏ္ဌာန်*
အပင် -တစ်နှစ်ခံ ပင်ပျော့ပင်နွယ်မျိုးဖြစ်၏။ အရွက် -အပင်၏အောက်ပိုင်းတွင် ရွက်ဆိုင်ထွက်၍ အပေါ်ပိုင်းတွင် ရွက်လွှဲထွက်၏။ ၆ လက်မ ၈ လက်မ ခန့်ရှည်၍ အဖျားချွန်ပြီး ကောက်နေ၏။ ရွက်ညှာမဲ့ သို့မဟုတ် ရွက်ညှာတို၏။ ရွက်ကြောများစွာ ရှိပြီး ရွက်ပြားချော၍ ရွက်နားညီသည်။ အပွင့် – အပွင့်ကြီး၏။ ပွင့်ဖတ် ၆ ခု ရှိ၏။ အနီရင့်ရောင်နှင့် ရွှေဝါရောင် ရောနေ၏။ အပွင့်ထီးတည်းဖြစ်သည်။ ပွင့်ဖတ်တွင် အဖုအထစ်များ ရှိ၍ မီးတောက်၊ မီးစွယ်၊ မီးညွန့် နှင့် သဏ္ဌာန်တူ၏။ ပွင့်ညှာရှည်၍ အလုံးကြီး၏။ ဝါဆို၊ ဝါခေါင် လများတွင် ပွင့်သည်။ အသီး – ရှည်လျားသေးသွယ်သော သီးတောင့်ဖြစ်၏။ ၂ လက်မခန့်ရှည်၏။ အမြစ် -မြစ်ဥ အသားထူသည်။ ၁/၂” _ ၁” ထိရှည်ပြီး အာလူးနှင့်တူသည်။ အဖြူရောင်ရှိ၍ အမြစ်အမျှင်ထူသည်။

**အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ **
အရွက်၊ အမြစ်၊ဥ။

**မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ**
မြန်မာနိုင်ငံ ဒေသ အများအပြား၌ ပေါက်ရောက်သည်။ သမပိုင်းရာသီဥတုတွင် ပိုမိုပေါက်ရောက်၏။သဘာ၀အလျောက် ပေါက်ရောက်သည်။

***အသုံးဝင်ပုံ ***
အာနိသင် – မြန်မာဆေးကျမ်းများအလိုအရ ဆီမီးတောက်သည် ဖန်၏၊ ခါး၏၊ စပ်၏၊ ပူ၏၊ ကြေညက်လွယ်၏၊ ထက်မြက်၏၊ လေသလိပ်ကိုနိုင်၏၊ ဆီးကိုရွှင်စေ၏၊ အနာပေါက် ၊ ဆီးအိမ် နာကျင်ကိုက်ခဲဲခြင်း၊ အဆိပ်၊ နူနာ၊ မြင်းသရိုက်၊ ဖောရောင်၊ အဆုတ်နာ၊ ထိုးအောင့်ခြင်းတို့၌ အသုံးပြုနိုင်၏။

ဆီမီးတောက်ပင်
***အသုံးပြုပုံ***
အရွက်
၁။အရွက်အမှုန့်ကို ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိတုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာမည်။ ၂။အရွက်မှုန့်ကို အနာ၌ဖြူးပေးလျှင် အနာတွင်ရှိသော ပိုးများသေ၍ အနာပျောက်၏။
၃။အရွက်မှုန့်ကို သံပရာရည်နှင့် နားတွင် ကျပ်ပေး ထည့်ပေးသော် နားကိုက်၊ နားနာ ပျောက်၏။
မြစ်ဥ
၁။ဆီမီးတောက်မြစ်ဥကို စင်ကြယ်စွာ ဆေးကြော၍ ရေနှင့်ကြိတ်ပြီး ချက်နှင့် သားအိမ်ပေါ်တွင် လိမ်းပေးပါက လျင်မြန်လွယ်ကူစွာ သားဖွားနိုင်၏။
၂။တစ်စုံတစ်ရာ ထိခိုက်မိ၍ ကိုယ်ခန္ဓာ တစ်နေရာရာ၌ ရောင်ရမ်းခဲ့ သော် ဆီမီးတောက်ကို သွေးလိမ်းပေးက ပျောက်၏။
၃။ဆီမီးတောက်ဥကို အမှုန့်ထောင်း၍ ရေနှင့်စိမ်သောက်ပါက ညောင်းကျရောဂါ ပျောက်၏။
***မှတ်ချက်။။ ဆီမီးတောက်ဥတွင် ပြင်းထန်သော အဆိပ် ပါရှိသည့်အတွက် ကျွမ်းကျင်သော သမားတော်ကြီးများ၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည်။
#crd