Home USABLE TIPS အပူငြိမ်းပြီး ရင်အေးစေတဲ့ ဘူးညွန့်

အပူငြိမ်းပြီး ရင်အေးစေတဲ့ ဘူးညွန့်

1

ကြက်သွန် အဖြူ၊ အနီလေးကို ဆီသတ်ပြီး ကြော်ချက်လေးပဲ ချက်ချက်၊ ငရုတ်သီးစိမ်း စိမ်းစားငပိလေးနဲ့ပဲ ချဉ်ချဉ်စပ်စပ်လေး ချက်ချက် ထမင်းမြိန်သလို စားရတာ ကောင်းတဲ့ ဘူးညွန့်လေးကို ကြိုက်တဲ့သူတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး အကြောင်းလေး ဖတ်ပြီး လေ့လာကြရအောင်ဗျယ

စားရတာ အရသာရှိတဲ့ ဘူးညွန့်လေးက

♦️ဝိတ်ကျစေတယ်

ဘူးညွန့်လေးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးညွန့်မှာ ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

♦️ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးညွန့်လေးကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

♦️အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်

ဘူးညွန့်လေးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ အူမကြီး ကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဘူးညွန့်လေးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။

♦️အပူငြိမ်းစေတယ်

ဘူးညွန့်လေးက ခန္ဓာကိုယ် အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချွေး တအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။

♦️နှာခေါင်း သွေးလျှံတာ၊ ဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးညွန့် စားပေးလို့ရပါတယ်။

♦️နှလုံး ကျန်းမာစေတယ်

ဘူးညွန့်လေးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

♦️စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဘူးညွန့်လေးက ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။
စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

ရေဓာတ် ဖြည့်ပေးတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးညွန့်လေးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြား အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးညွန့်လေးက ကြွက်သားတွေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ

ဘူးညွန့်လေးက ကျန်းမာရေးနဲ့ ညီညွတ်သလို အများစုနဲ့လည်း တည့်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ မစားပါနဲ့။ သာမန်လူတွေကတော့ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် တဆင့် ပြန်လည်မျှဝေပါသည်

#crd_to_owner