Home GENERAL တိုင်းရင်းဆေးနည်းတို

တိုင်းရင်းဆေးနည်းတို

1

၁ – နှလုံးရောဂါနဲ့ နှလုံးတုန်ပျောက်နည်း

– ဗာဒံစေ့အနည်းငယ်ကိုညက်အောင်ထောင်းပြီး နွားနို့နဲ့ရောနေ့စဉ်မှန်မှန်သောက်ပါက မောပန်းနှလုံးတုန်ခြင်းပျောက်။

၂ – နှလုံးသွေးကြောကျဉ်းရောဂါအတွက်နည်း –

ကြွက်နားရွက်မှို ၂ ကျပ်ခွဲသား
တရုတ္ဆီးသီး ၅ လုံး
ဂျင်း လက်တစ်ဆစ် ခန့်
ရေ ၆ ခွက်
ဆားအနည်းငယ် , ၆ ခွက်ကို ၂ ခွက် ကျန်အောင်ကျို
( မနက် ၁ ခွက် ည ၁ ခွက် သောက်ရန် )

၃ – ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ကျောက်စိမ်းပန်းကျားပင် (ဇော်ကျားပန်း)အမြစ် , အရိုးပါ ထုချေပြီး အရည် ၅ ကျပ်သား ကို ရေနဲ့ကျို ပြီး မနက် ည ၂ ကြိမ်သောက်။

၄ – ဆီးအိမ်တွင် ကျောက်တည်လျင် သမင်ဂျိုကိုသွေး , သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောသောက်ပါ။

၅ – ငါးအရိုးစူးလျှင်- လည်ချောင်းထဲမှထုတ်မရပါက ကြက်ဥအစိမ်းကိုခွဲပြီးတခါတည်း
မျိုချလိုက်ပါက ငါးရိုးတခါတည်းလျောကျသွားမယ်။

၆ – ဒူးနာ ခါးနာလျှင် နံ့သာဖြူနဲ့ ဂျင်းကို ဆတူရော၍ လိမ်းလျှင် ပျောက်ကင်းသည်။

၇ -အမျိုးသမီးများ အဖုအကျိတ်ပေါက်လျှင် – လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ် အုံပြီး ပတ်တီးစည်း။

၈ – အပူကျိတ် – ( ပေါင်ကြား ပါချိတ်အောက်) ပေါက်လျှင် နနွင်းခါးဥ ကိုသွေးလိမ်း။

၉ – သွားကိုက် သွားဖုံးရောင် သွားပြည်ယို – မာလကာခေါက်ကို ပြုတ်ပြီးငုံပေး
မာလကာစေ့အခြောက်မူန့်ကို သွားခြေထဲ ထည့်ပေးလည်း သက်သာသည်။

၁၀ – မီးယပ်သွေးဆင်းချိန် မူးဝေလျှင် ရှောက်သီးနဲ့ ထန်းလျက်ကို ရောစားပါ။

၁၁ – အမျိုးသမီးများ မီးယပ်ဖြူဆင်းလျှင် အဝေရာရွက်ကို မကြာခဏသုတ်စားပါ။

၁၂ – သွေးဝမ်းလွန်ခြင်းဖြစ်လျင် – ထမင်းခြောက်ကိုလှော်ပြီး ထန်းလျက်နဲ့ညက်အောင် ကြိတ်စား။

၁၃ – အော့အန်လျှင် ရှောက်မြစ်ကိုသွေးပြီး ပျားရည်နဲ့ သောက်ပါ။

၁၄ – သွားကိုက်သက်သာနည်း –
လှော်ပြီးသား ဆိုဒါမူန့်နဲ့သွားတိုက်ပြီး ရေနွေးနဲ့ကျင်းပစ်ရင်
သွားကိုက်သွားနာသက်သာ။

၁၅ – – ခေါင်းကိုက်သက်သာနည်း –
သံပုရာသီးတစ်ခြမ်းကို အနှပ်ရည်ကျကျထဲသို့ထည့်ပြီး
သောက်ပါက ခေါင်းကိုက်သက်သာပျောက်ကင်း။

သံပုရာသီးကို အုန်းဆီးနဲ့ ရောလိမ်းပေးခြင်းဖြင့်ခေါင်းကိုက်
သက်သာ ကောင်းစေသည်။

၁၆ – ခေါင်းတစ်ခြမ်းကိုက် –
နလင်ကျော်အခေါက်ကို ဓားနဲ့ ခြစ်ယူ ရတဲ့အမူန့်ကို မီးခဲပေါ်တင် မိူင်းရူပေး -။

အာလူးကို ပါးပါးလှီး နားထင်မှာ ကပ်ပေး –

ဒန့်ဒလွန်ရွက် အရည်ကိုညှစ်ပြီး မျက်စဉ်း ခပ်ပေးလည်း ခေါင်းတစ်ခြမ်းကိုက်ကို သက်သာစေသည်။

၁၇ – စားမဝင် အိပ်မပျော်ဖြစ်လျင် ပျားရည်စစ်စစ်ကိုကော်ဖီ ဖျော်ဇွန်းသေး တစ်ဇွန်း
ညအိပ်ရာဝင် ရေနဲ့ဖျောက်သောက်ပါ။

၁၈- အိပ်မပျော်လျင် ဒန့်ကျွဲမြစ်ကို ပြုတ်ပြီး သကြားထည့် ရေနွေးကြမ်းပုဂံလုံးနဲ့ နံနက် ညသောက်ပေး။

၁၉ – လေထိုးလေအောင့် –
ပုန်းညက်ပန်းပွင့်ခြောက်များကို ရေနွေးနဲ့ လက်ဖက်ရည်ကြမ်းလုပ်သောက်။

၂၀ – ဝမ်းဗိုက်ဘယ်ဖက်ခြမ်း ချက်ဘေးနားအောင့်ပြီး ဝမ်းအမည်းရောင်သွားခြင်း –

အူမကြီးမှာ အနာဖြစ်ရင် သွေးစိမ့်ယိုပြီး ဝမ်းအရောင် မည်းသွားတတ်ပါတယ်
ဝမ်းသန့်ပြီး အနာကျက်အောင်
ဆားခါးကိုလှော် ဟင်းစားဇွန်းတစ်ဇွန်း
ပျားရည် ဟင်းစားဇွန်းတစ်ဇွန်း
ရှောက်သီးအရည် သုံးဇွန်းရောစပ်ပြီး ညအိပ်ရာဝင်ခါနီး သောက်ပေးပါ။
( တတ်ကြွမ်းတဲ့ သမားတော်နဲ့ စနစ်တကျ ကုသပါ)

၂၁ – ကင်းကိုက်ခံရလျင် ကစော့မြစ်ကို ဆန်ဆေးရည်နဲ့သွေး အဆိပ်သင့်သည့်နေရာ လိမ်းပေး။ ကဇော့မြစ်မရှိလျှင် ကြက်သွန်နီထက်ခြမ်းခြမ်း အလယ်သားနဲ့ပွတ်ပေး။

၂၂- ပန်းသေ ပန်းညိူးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကို အခြောက်လှန်း အမူန့်ပြုပြီး ပျားရည်နဲ့ သောက်ပါ။

၂၃ – သွေးတိုးပျောက်နည်း –
ဘယဆေးဆိုင်မှာ သဘာဝကျောက်သွေးအားဝယ်ယူပြီး
မကျည်းစေ့ခန့် ကိုသံပုရာရည်နဲ့ဖျော်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် ၂၄ရက်ပြည့်
အောင်သောက်ခြင်းဖြင့်သွေးတိုးရောဂါပျောက်ကင်းစေ။

၂၄ – သွေတိုး သွေးကျနည်း –
သံပုရာသီး တစ်လုံးကို၁၅ မိနစ်ရေစိမ်ပါ ပြီးလျှင်အရည်ညှစ် ကြက်ဥတစ်လုံး
ဖောက်ထည့်သောက်။

၂၅ – သွေးပြစ်ခြင်းကြောင့် အကြောကပ်( အေးသည့်အခါပိုဆိုး) လျှင် –
ချင်းခြောက်မူန့်၂ ဆ လင်းနေမူန့် ၁ ဆရောစပ်ပါ {ပရဆေးဆိုင်မှာအမူန့်ကြိတ်ခိုင်းပါ} ဆေး၂ မျိုးရောကို ရေနွေးပူပူနဲ့ဖျော် လက်မောင်းတလျောက်လိမ်းပေးပါ – အရက် နဲ့ဖျော် လိမ်းလည်းရသည်။

၂၆ – ပန်းနာ ရင်ကျပ် ချောင်းဆိုးဖြစ်လျှင် သစ်ဆိပ်သီးအခွံကိုသွေး ပျားရည်နဲ့ စားပေးပါ။

၂၇ – ဆံပင်မကျွတ်စေသောနည်း – ပျားရည်နဲ့ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကိုလိမ်းပေး ဆံပင်ကျွတ်ခြင်းမဖြစ်တော့ပါ။

၂၈ – ဆံပင်ကျွတ်လျှင် – ပိတောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော်ရည်နဲ့ တွဲဖက်
လျော်ပေးပါ။ ဗောက်ပါပျောက်စေသည်။

၂၉ – ခေါင်းဦးရေပြားမှာ ဗောက်ဖြစ်ပြီး အဖြူဖတ်များလန်နေလျင် –
ရှားစောင်းလက်ပတ် အနှစ်နဲ့ ပျားရည်အနည်းငယ်ကိုရောပြီ ဦးရေပြားထဲစိမ့်ဝင်အောင်
ပွတ်လိမ်းပြီး ၁ နာရီ ကြာရင် ခေါင်းလျော်ပေးပါ။

၃၀ – နဖူးမှာ အဆီအကျိတ်လေးများရှိလျှင် –
ရေမချိုးခင် ဖီးကြမ်းငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးပါ။

လက်ဖက်အသားနဲ့ ဆား ရောနယ်ပြီး အုံပေး နာရီဝက်ထား မျက်နာသစ်ပါ။

ပျားရည်နဲ့ သံပုရာရည် လိမ်းပေးပြီးမှ မျက်နာသစ်ရင်လည်း သက်သာနိုင်ပါတယ်။

၃၁- ကလေးများ သူငယ်နာ သွားရေကျလျင် – တိုင်းရင်းဆေးအမှတ် ၄၇ သူငယ်နာ ၇ ပါးဆေးကို တစ်နေ့ ၄ ကြိမ်ခန့် လျှာမှာတို့ပေးနိုင် – ရေချိုးပြီး သနပ်ခါးနဲ့လဲ ခွံပေးလို့ရ။

၃၂ – ဝမ်းသွားလို့ လိပ်ခေါင်းထွက်သည့်အခါလျှင် – ပန်းလဲပွင့်ခြောက် ( ပရဆေးဆိုင်မှ
မေးဝယ်ပါ ) ပြုတ်ရည်ကိ နေ့စဉ် မတ်ခွက်နဲ့ တစ်လုံးသောက်ပါ –

ဆားခါးထုက် ဝယ် ရေအေးနဲ့ဖျော် အင်တုံအကြီးမှာထည့် ဖင်ထိုင်ပေးရင် လိပ်ခေါင်း ပြန်ဝင်နိုင်ပါတယ်။

၃၃ – အစာစားပြီးတိုင်း ရင်ခေါင်းတောင့်ပြီး အန်ချင်သလိုဖြစ်လျှင် –
ချင်းတတ်ကို ပါးပါးလှီး ရေနွေးမတ်ခွက်နဲ့ စိမ်ထားပြီး အစားမစားခင်သောက်ပါ –
ထမင်းစားပြီးတိုင်း ထန်းလျက်ခဲ စားပေးပါ။

၃၄ – ဂရင်ဂျီနာခွဲပြီး ပြန်ဖြစ်လျင် –
ကျားမနိုင်မြစ်ကို သွေးလိမ်းပါ – ဆားခါးကို ရေဖျော်ပြီးဖင်ထိုင်ပေးပါ။

၃၅ – တခါတရံ လည်ချောင်းတွင်း စူးရှသလိုဖြစ်လျှင် –
အစာအိပ်လေပူ အထက်ဆန်လို့ ဖြစ်သည့်အတွက်..

ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ –
အိမ်သုံးဆားကို နီအောင်လှော် သံပုရာရည်နဲ့ဖျော်ပြီး ရက်ပေးပါ။

ဝမ်းချုပ်ခဲ့ရင် ညအိပ်ရာဝင် မန်ကျည်းမှည့် ဖျော်ရည် သောက်ပေးပါ။

၃၆ – ကလေးများ နားဖားချေးကကျောက်ခဲလိုနားထဲပိတ်နေခဲ့လျှင် –

နားဖာချေး ပျော်အောင် ရေနွေးအဖန်ရည် ခပ်နွေးနွေးမှာ ဆားခါးဇွန်းသေး တစ်ဇွန်း
ထည့်ဖျော်ပါ –

နားထဲကိုလောင်းထည့်ပြီးဘေးတစောင်းပြန်ထုတ်ပေးခြင်းကိုငါးကြိမ်လောက်လုပ်ပါ၃ ရက်လောက်လုပ်ရင်နားဖာချေးသန့်နားပြန်ကြားရ။

၃၇ – နားပြည်ယိုလျှင် –
မုန်ညင်းဆီထဲ နနွင်းမူန့် အနည်းငယ်ထည့် မီးအပူပေး ချက်ထားပါ။
ခပ်နွေးနွေးမှာ နားထဲကိုလောင်းထည့် ဘေးစောင်းပြီးပြန်ထုတ်တာကို တစ်နေ့ ၃ ကြိမ် လုပ်ပေးပါ။

၃၈ – မတ်တတ်ရပ်တာကြာလျင်ခြေခုံရောင်ပြီး ညအိပ်ရင်ပြန်ကျခြင်း
ကျောက်ကပ်ကြောင့် ခြေထောက်ရောင်တတ်သည် –
ကျောက်ဖရုံသီးဟင်းချို ချက်သောက်ပေးပါ။

ညအိပ်ရာဝင်ခါနီး မြင်းခွာရွက်အရည် ၃ ဇွန်း ပျားရည် ၁ ဇွန်းစပ်ပြီး သောက်ပါ။

၃၉ – ဇက်ကြောတက် ခေါင်းအုံ မူးနောက်နောက် ဇက်ကျည်းပေါင်းတက် –
မနက်စောစော မျက်နာသစ်ရင်း ရေအေးနဲ့ ဇက်ကို ၃ , ၄ ကြိမ် ရိုက်ပေ းဇက်ကြော
တက်သက်သာမယ်။

ခေါင်း ဘယ် ညာ လှည့် လေ့ကျင့်ခန်းလုပ် –
ရဲယိုရွက်ကို ဆီသုတ်ပြီး ဇက်ပိုးမှာကပ်ပေး ပါ။

၄၀ – နူတ်ခမ်းမှာ ရေယုန်ပေါက်ပြီး ပျောက်သွားလည်း အမာရွတ်ကျန်ခြင်းအတွက်-
ကွမ်းသီးခြမ်းအခြောက်ကိုသွေးလူးပါ

၄၁- အရေပြားမှာ ထွက်တတ်တဲ့ ကြာဆူးပျောက်နည်း –
ကြာဝတ်ဆံနဲ့ သနပ်ခါးရောစပ် လိမ်းရသည် –
တစ်နည်း- ခရေပွင့်ခြောက်ကို သနပ်ခါးနဲ့ရောစပ်သွေးလိမ်းပါ။
တနည်း – ကြာရိုးထက်ပိုင်းချိုး ပွတ်ပေးပါ။

၄၂ – ဆီးချိုဝေဒနာသည် ဟင်းချက်စားနည်း ဓာတ်စာ –
အစိမ်းရောင်ရှိတဲ့ အသီးအရွက် များများစားပါ –

အသား ငါး ( အကြေးခွံပါတဲ့ငါး) ချက်စားရင် ချင်းတက်. ပိတ်ချင်း နဲ့သစ်ကြံ့ပိုးခေါက်
ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်စားရင် ဆီးချိုအတွက် ဆေးဖက်ဝင်ပါတယ်။

၄၃ – ဖီးကြမ်း ငှက်ပျောသီးအမှည့် နဲ့ အတွင်းသား အမျှင်များ ဆေးဖက်ဝင်ပုံ-

အစာအိမ် လေနာရှိသူ , အစာအိမ်နံရံမှာ အချွဲအမြှေး မရှိလို့ ဗိုက်နာဗိုက်အောင့်သူ , နှစ်ရှည် အစာအိမ်ရောဂါရှိသူ , အူသိမ်ဦးပိုင်း အနာရှိသူ က ဖီးကြမ်း ငှက်ပျောသီးစားဖို့
သင့်တယ်။

ဖီးကြမ်း ငှက်ပျောသီး အမှည့်ကို မီးဖုတ်စားရင်အမြှေးတွေက ငှက်ပျောသီးအသားနဲ့
မှေးကပ်သွားလို့ အာနိသင် ပိုရှိ၏

ပါးစပ်နာ , အစာအိမ်နာ , အစာအိမ်ရောဂါ ,လေပူထရောဂါ လေအထက်လှန်ရောဂါ,
လည်ချောင်းနာ,အာသီးရောင်ရောဂါသွားဖုံးကြွ သွားနာရောဂါ , နှလုံးလေပင့်မောသူ, သွေးတိုးရှိသူ တွေအတွက် ဖီးကြမ်းငှက်ပျောသီးက ဓာတ်စာလည်းဖြစ် ဆေးဖက်လည်း
ဝင်ပါတယ်။
ငှက်ပျောခွံမှာပါတဲ့အမြှေးအမျှင်တွေက ဘာအ
တွက်ကောင်းလဲဆိုတာသိတဲ့အတိုင်းပါဘဲ
သူကလေပူကိုနိုင်ပါးစပ်အနာ ,အစာအိမ်အနာ
ကို ပျောက်ကင်းစေနိုင်တယ်နော်
နေပူမိတာများ ရင်လဲဖီးကြမ်းငှက်ပျော်သီးစားပေးပါ။

၄၄ – ခွေးရူးကိုက်လျှင် –
ကြက်ဟင်းခါးရွက်ကို ကြိတ်ပြီး ကိုက်သည်ဒါဏ်ရာပေါ်မှာ အုံပေးပါ။
အရွက်အရည်ကို ညှစ်ပြီး အနာပေါ်ထည့်ပေး – အရွက်အရည်ကိုလည်းသောက်ပေးနိုင်ပါတယ်ခင်ဗျာ..

၄၅ – လိုအပ်သည့်အစာ

၁ ကျောက်ကပ်အနည် ဆီးကျောက်များပျော်အောင် သရက်သီးစားပါ။

၂ နှလုံးနဲ့ အရေပြားရောဂါကာကွယ်လိုလျှင်- ဖရဲသီးစားပါ။
၃ ဆီးရောဂါဖြစ်ခြင်းလျော့ချဖို့ – ဖရုံသီးစားပါ။

၄ ခံတွင်းနံ့ဆိုးနေ – မာလကာသီး / ဆီးဖြူသီး စားပါ။
၅ ကင်ဆာရောဂါကို – ခရမ်းချဉ်သီးစားပါ။

၆ဆီးချိုအတက်အကျထိန်းဖို့- သပြေသီးမှည့်အရောင် စပျစ်အစေ့ကိုစားပါ။
၇ အသက်ရှူလမ်းကြောင်းကောင်းဖို့ – ကြက်သွန်နီစားပါ။

၈လိပ်ခေါင်းဖြစ်နေလျှင် – သဘောင်္သီးမှည့်စားပါ။
၉ အရိုးကျွတ်ဆတ်ရောဂါလျော့ချရန် – စပျစ်သီးစားပါ။
၁၀ ဆံပင်သန်လိုလျှင် – သခွားသီးစားပါ။

၁၁ အူထဲကသန်ကောင်တွေကိုရှင်းဖို့ – စပျစ်သီးအညိုအစေ့စားပါ
၁၂ – နာနတ်သီးအူတိုင် ပျားရည်စိမ်စားပါ။

၁၃ ဦးနှောက်မှတ်ဥာဏ်ကောင်းဖို့နဲ့ အရိုးပွကာကွယ် –
ဗာဒံစေ့ / သီဟိုဠ်စေ့ / ဖရုံစေ့/ သစ်ကြားသီး/နေကြာစေ့

၁၄ ကင်ဆာကာကွယ် အခွံမာသီးစားပါ။
၁၅ သီဟိုဠ်စေ့က သည်းခြေကျောက်တည်ခြင်းကိုလျော့စေ ကိုလက်ထရောကျစေ။

၁၆အယ်ဇိုင်းမားကိုကာကွယ်ပေး ခုခံအားကောင်း – နေကြာစေ့
၁၇ ဆီးကျောက်တည်ခြင်းကာကွယ်ပေး – ဖရုံစေ့

၁၈ နှလုံး စိတ်ဖိစီးခြင်းလေိာ့ချပေး – သစ်ကြားသီး

၄၆ – အိပ်မရသည့်ဆိုးတဲ့ချောင်း – ပူစီနာရွက် စားပါ

၄၈ – အင်ဥ သတိထားရမည့်အရာ

အင်ဥနဲ့မတည့်သည့်အစာ – တွဲဖက်မစားသင့်အစာ
သွေးတိုး နှလုံး ခါးနာခါးကိုက်သူ အင်ဥကိုရှောင်ပါ။
ဆိပ်သင့်သူတွေ သတိထားရမည့်အစာ..

ဒညင်းသီး/ ပီလောပီနှံ / ကြောင်လျာသီး/ဂဏန်း /ဖားသား ကြက်ဟင်းခါးသီး/ ဒူးရင်းသီး/ မျှစ်ချဉ် / ပုဇွန်ချဉ် / ပဲငပိ / ငါးလေးချဉ်/ ငါးဖယ်ချဉ်/ဆူးပုပ်/ အင်ဥနဲ့
တွဲဖက်အစားရ. မှုးဝေအော့အန်တတ်သည်။

၄၉ – ပျားရည်နဲ့မတည့်သောအစားအစာ

လက်ဖက်အုန်းနို့ဩဇာသီးပိန်နဲသီးဥသျစ်သြီးမဲဇလီရွက်
တမာရွက်ဆူးပန်းရွက်ပိတ်ချင်းရွက် ကြာစေ့

၅၀ – ပျားရည်အတုအစစ်ခွဲရန်

ပျားရည်စစ်ရင် ပုရွက်ဆိတ်မစား
လက်ထဲထည့်ပွတ် စေးကပ်ခြင်းမရှိ
သတင်းစာစက္ကူပွပေါ်တင် စုပ်ယူခြင်းမရှိ
စားကြည့်လည်ချောင်းရှတတမဖြစ်အချိုပေါ့
ပျားရည် ၁ ဇွန်းနဲ့နှမ်းဆီအစစ် ၁ဇွန်းရောမွှေ ၁ ဇွန်းပြန်ရစစ်

၅၁ – ကျောက်ကပ်ရောဂါလူနာများရှောင်ရန်
ဝမ်းတွင်းသား ကလီစာ၊ ငါးသေတ္တာ၊ ပုဇွန်ခြောက်၊ ကင်းမွန်ခြောက်ငါးကလေးခြောက်၊ အစေ့အဆံများ၊ မုန့်ဖုတ်ဆော်ဒါ။
– အငန်လွန်အစားအစာ၊ နို့နဲ့နို့ထွက်အစာ
– အိုဗာတင်း ဟောလစ် မိုင်လို(တစ်ရက် လက်ဖက်စားဇွန်း ၂ ဇွန်းခန့်သာ)
– အသား ငါး ( တစ်ရက် ၅ ကျပ်သားခန့်)
– ဖောရောင်နေ ( ရေလျော့သောက်ရန်)

၅၂ – ဆဲလ်များယိုယွင်းခြင်းကာကွယ်တဲ့အစာ

– ပန်းဂေါ်ဖီစိမ်း – ဟင်းနုနွယ်ရွက် – ခရမ်းချဉ်သီး – ဘယ်ရီသီး – ပန်းငရုပ်
– ကြက်သွန်ဖြူ – ပြောင်းဖူး – ချယ်ရီသီး. – လက်ဖက်ရည်ကြမ်း။

၅၃ – အစားထိုးလျှင်လည်း အဆင်ပြေမည့်အရာများမဟုတ်
ဂရုစိုက်ရန်

၁ – မျက်လုံး – မျက်လုံးက ဖုန်းနဲ့ကွန်ပြူတာကိုကြောက်တယ်။
၂ – နှလုံး – နှလုံးက အငန်ကိုကြောက်တယ်။

၃ – ဦးနှောက် – ဦးနှောက်က မနက်စာ မစားရမှာကို ကြောက်တယ်။
၄ – အဆုတ် – အဆုတ်က အခိုးအငွေ့နဲ့ အနံ့ဆိုးကိုကြောက်တယ်။

၅ – အသည်း – အသည်းက အဆီများတာနဲ့ အရမ်းခါးတာကို ကြောက်ပါတယ်။
၆ – အစာအိမ်နဲ့အူလမ်းကြောင်း – အေးလွန်းတာကိုကြောက်တယ်။

၇ – ကျောက်ကပ် -ကျောက်ကပ်က ဆေး သောက်တာများခြင်းကို ကြောက်တယ်။
၈ – အူမကြီး – အူမကြီးက ပေါက်ကရ အစားအစာများကို ကြောက်တယ်။

၅၄ – ဆီးချို ရောဂါအမြစ်ပြတ်ပျောက်နည်း

ဆီးဖြူသီးနဲ့ ငါးရံ့ – ငါးရံ့ ၁၀သား ဇီးဖြူသီး ၁၀လုံး ချက်စားပါ။
တပတ် ၁ ကြိမ် ၃ ကြိမ်စားပါကသက်သာပြီး ၆ လကျော်စားပေးပါက အမြစ် ပြတ်စေသည်။

၅၅ – အသက် ၅၀ ကျော်လာလျှင် မနက်အစောကြီးအိပ်ရာထသည့်အကျင့်သည် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ခေါင်မူးခြင်း. သွေးတိုးခြင်း. ချောင်းဆိုးခြင်းတွေကို ကာကွယ်ဖို့ မနက် ၇ နရီ ၈ နာရီမှအိပ်စာထသင့်ပါတယ်။

၅၅ – တတ်တဆိတ်လူသတ်သည့်အစာများ သတိထားရှောင်ရန်

ကြက်ကြော် – ဟော်မုန်းကြောင့်
ကာင်ဆာဖြစ်နိုင်ချေ မြင့်မား

ခေါက်ဆွဲခြောက်ထုပ် – ၃ နှစ်မှ ၅ နှစ်အထိ ရေရှည်စားပါက ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။

အချိုရည် – အဝလွန်အ၊ ရိုးပွ၊ ဆီးချို၊ သွားဆွေးမြေ့

အစာသွပ် အူချောင်းများ – သွေးကင်ဆာ. ပန်ကရိယ အခြားကင်ဆာရောဂါများဖြစ်နှိင်

အားလူးချောင်းကြော် – အဝလွန်ခြင်းနဲ့ နာတာရှည်ရောဂါများဖြစ်နိုင်ချေမြင့်မားစေပါတယ်။
#Credit