Home LITERATURE ရွဲကုန်သည်နှစ်ဦး

ရွဲကုန်သည်နှစ်ဦး

2

လွန်ခဲ့သော အချိန်ကာလတစ်ခု၌ သေရိဝတိုင်းတွင် ဘုရားလောင်းက ကျောက်မျက်ရွဲရောင်းဝယ်သော ရွဲကုန်သည် တစ်ဦးဖြစ်ခဲ့ပါတယ်။ ဘုရားလောင်းနှင့် ကုန်ပစ္စည်းတူ ရောင်းချသော လောဘကြီးသည့် ရွဲကုန်သည်တစ်ဦးလည်း ရှိပါတယ်။ ထိုရွဲကုန်သည် နှစ်ဦးတို့သည် ရွဲနှင့်ပတ်သတ်သောပစ္စည်းများ ရောင်းဝယ်ရန် နီလဝါဟမြစ်ကို ဖြတ်ကာ အရိဋ္ဌပူရမြို့သို့ ဝင်ခဲ့၏။ ရွဲကုန်သည်တစ်ဦးက သူ့အရပ်ဒေသရှိ လမ်းများတွင် လှည့်လည်ရောင်းချမှု စတင်သည်နှင့် အခြားတစ်ဦးကလည်း ထို့အတူ သူ့အရပ်ဒေသတွင် ရောင်းချသည်။

ထိုမြို့တွင် စီးပွားပျက်ကပ်ဆိုက်သွားသော မိသားစုတစ်စုရှိလေ၏။ တစ်ချိန်က ချမ်းသာသော ကုန်သည်များဖြစ်ခဲ့ပြီး သူတို့၏ သားများနှင့် အစ်ကိုများ ကွယ်လွန်ပြီး စီးပွားဥစ္စာများ ဆုံးရှုံးနေပြီးဖြစ်ပါတယ်။ အသက်ရှင်ကျန်ရစ်သူများမှာ မိန်းမငယ်နှင့် အဖွားအိုတို့ဖြစ်ပြီး အလွန်ဆင်းရဲကြ၏။ သူတို့အိမ်၌ ယခင် အိမ်ထောင်ဦးစီး ကုန်သည်ကြီး စားသောက်ရာတွင် အသုံးပြုခဲ့သော ရွေခွက်ရှိနေ၏။ သို့သော် အိုးခွက်များ၊ ဒယ်များကြားတွင် ပစ်ထားပြီး အသုံးမပြုတာကြာနေသောကြောင့် အမျိုးသမီးနှစ်ဦးက ရွှေခွက်မှန်း မသိလောက်အောင် အညစ်အကြေးများ ပေကျံနေ၏။

လောဘကြီးသော ရွဲကုန်သည်သည် “ရွဲရောင်းပါတယ်၊ ရွဲရောင်းပါတယ်” ဟု လှည့်လည် အော်ဟစ်ကာ ထိုမြေးအဖွား ၂ ယောက်အိမ်ပေါက်ဝသို့ ရောက်လာတော့၏။ စျေးသည် ရောက်နေသည်ကို သိရှိသောအခါ မြေးမလေးက အဖွားဖြစ်သူအား “လက်ဝတ်တန်ဆာဝယ်ပေးပါ အဖွားရယ်” ဟု ပြောဆိုပူဆာ၏။ “တို့က အရမ်း ဆင်းရဲတယ် မြေးလေးရယ်။ အဲဒါနဲ့ လဲလှယ်ဖို့ တို့မှာ ဘာပေးစရာရှိလို့လဲ” ဒီမှာလေ သမီးတို့ အသုံးမပြုတော့တဲ့ ခွက်ရှိတယ်။ ဒီခွက်နဲ့ လဲမှာပေါ့။
အဖွားဖြစ်သူသည် စျေးသည်ကို အထဲခေါ်ပြီး နေရာပေးကာ “ဒီခွက်ကိုယူပြီး အဲဒီအတွက် မင့်ညီမကိုပေးတဲ့သဘောမျိုးနဲ့ စေတနာထားကာ တစ်ခုခု ပေးပါကွယ်”။

စျေးသည်သည် ခွက်ကိုယူပြီး လှည့်ကြည့်လိုက်သောအခါ ရွှေခွက်ဟု သံသယဖြစ်သည်နှင့် ခွက်၏ အောက်ခြေကို လက်သည်းဖြင့် ခြစ်ကြည့်၏။ ထိုသို့အားဖြင့် ရွှေခွက်အစစ်ဖြစ်ကြောင်း အသေအချာသိသွားတော့၏။ ထိုအခါ ဤမြေးအဖွားတို့အား ဘာတစ်ခုမှမပေးဘဲ ခွက်ရနိုင်တယ်ဟု စဉ်းစားပြီး “ဒီခွက်က ဘာအဖိုးတန်မှာလဲ။ ပဲနိဝက်လောက်တောင် မတန်ဘူး” ဟု အော်ဟစ်ပြောဆို၏။ တပြိုင်တည်းမှာ ခွက်ကို မြေပေါ်ပစ်ချပြီး ထရပ်ကာ အိမ်မှထွက်သွားပါတော့တယ်။

ထို့နောက်မှာတော့ ဘုရားလောင်း ရွဲကုန်သည် သည်
“ရွဲရောင်းပါတယ်” ဟု အော်ဟစ်ကာ ထိုမြေးအဖွားတို့အိမ်ပေါက်ဝသို့ ရောက်ရှိလာပြန်ပါတယ်။ မြေးမလေးက အဖွားဖြစ်သူအား “ကျွန်မကို လက်ဝတ်တန်ဆာဝယ်ပေးပါ အဖွားရယ်” ဟု ထပ်မံ တောင်းခံပြန်၏။

“မြေးလေးရယ် ပထမစျေးသည်က ခွက်ကို မြေပေါ်လွှင့်ပစ်ပီး အိမ်ထဲကနေ စွတ်ထွက်သွားတယ်။ တို့မှာ လဲလှယ်စရာ ဘာမှမရှိတော့ဘူး။
“ဒါပေမယ့် အဖွားရယ် အဲဒီစျေးသည်က အပြောဆိုးတဲ့လူပါ။ ဒီတစ်ယောက်ကြည့်ရတာ သဘောကောင်းပီး ကြင်နာတတ်ပုံရတယ်။ အဲဒီခွက်နဲ့ လဲပေးလောက်တယ်။” “သူ့ကို အိမ်ထဲခေါ်လိုက်ပါ”။

သို့အတွက် ဘုရားလောင်းသည် အိမ်ထဲဝင်လာခဲ့ပါတယ်။ မြေးအဖွား ၂ ယောက်တို့လည်း ဘုရားလောင်းရွဲကုန်သည်အား နေရာပေးပြီး ခွက်ကို လက်ထဲအပ်လိုက်၏။ ခွက်ကိုမြင်သောအခါ ရွေခွက်ဖြစ်ဟန်တူ၏ဟုဆိုကာ လက်သည်းနှင့်ခြစ်ကြည့်လိုက်ပါတယ်။ ချေးအထက်ထက်အောက်တွင် ရွှေရောင်လေးတောက်ပလာသောကြောင့် “အမေကြီး ဒီခွက်က အသပြာတစ်သိန်းတန်တယ်။ ကျွန်တော့်မှာ အဲဒီခွက်ရဲ့ တန်ဖိုးငွေမပါဘူး။

“ကဲ ရွဲကုန်သည်သူငယ် ဒီကိုလာတဲ့ ပထမ ရွဲကုန်သည် က ပဲနိဝက်တောင် မတန်ဘူးပြောပီး ခွက်ကို မြေကြီးပေါ်ပစ်ချကာ ထွက်သွားတယ်။ လူလေးရဲ့ ကုသိုလ်ကံအစွမ်းက ခွက်ကို ရွှေအဖြစ်ပြောင်းသွားစေတာဖြစ်ရမယ်။ ယူသွားပါ။ အဲဒီအတွက် တို့ကို တစ်ခုခုပေးပီး ခရီးဆက်ပါ။

ထိုအချိန်က ဘုရားလောင်းတွင် အသပြာငါးရာနှင့် အဖိုးတန် ကုန်ပစ္စည်းများ ရှိနေခဲ့၏။ “ချိန်ခွင်ရယ်၊ ကျွန်တော့်အိပ်ရယ်၊ ရှစ်အသပြာရယ်ကို ယူထားခွင့်ပေးပါ” ဟု ပြောပြီး ကျန်အားလုံးကို မြေးဖွားနှစ်ယောက်အား ပေးထားခဲ့လိုက်တော့၏။ သူတို့သဘောတူသဖြင့် ထိုပစ္စည်းများကို ယူဆောင်ပြီး မြစ်ဆိပ်သို့ ထွက်လာပါတော့တယ်။ မြစ်ဆိပ်တွင် ရှစ်အသပြာကို လှေသမားအားပေးပြီး လှေထဲဆင်းကား တစ်ဖက်ကမ်းကို ပြန်၍ ကူးသွားပါတော့တယ်။

အတော်ကြာမှ လောဘကြီးသော ရွဲကုန်သည် သည် ရွှေခွက်ကို ပြန်ယူရန် မြေးအဖွား ၂ ယောက်တို့၏ အိမ်ကို ပြန်ရောက်လာပြီး တစ်ခုတော့ပေးခဲ့မယ်ဟုဆိုကာ ခွက်ယူလာရန် ပြောကြား၏။ သို့သော် အဖွားအိုက “အသပြာတစ်သိန်းတန်တဲ့ ငါတို့ရဲ့ရွှေခွက်ကို ပဲဝက်လောက်တောင်မတန်ဘူးလို့ မင်းက ပြောသွားခဲ့တယ်။ ရိုးသားဖြောင့်မတ်တဲ့ ရွဲကုန်သည် သူငယ်လေး ရောက်လာတယ်။ သူက အဲဒီခွက်အတွက် အသပြာတစ်ထောင်ပေးပြီး ယူသွားပြီ” ဟု ပြန်ပြောလိုက်ပါတယ်။

ထိုအခါမှ ချက်ချင်းပဲ “အသပြာတစ်သိန်းတန်တဲ့ ငါ့ခွက်ကို သူ လုယူသွားတယ်။ သူ ငါ့ကို အကြီးအကျယ် ဆုံးရှုံးနစ်နာစေတယ်” ဟု အော်ဟစ်ပြောဆို၏။ အပြင်းအထန် ဝမ်းနည်းပူဆွေးမှုကြောင့် စိတ်မထိန်းနိုင်ဘဲ ကယောက် ကယက်ဖြစ်သွားကာ သူ၏ ငွေကြေးများနှင့် ကုန်ပစ္စည်းများကို အိမ်တံခါးပေါက်ဆီ လွှင့်ပစ်ပြီး ခန္ဓာကိုယ် အပေါ်မှ အဝတ်များကို ချွတ်ပစ်ကာ ဘုရားလောင်းထွက်သွားရာ မြစ်ဆိပ်သို့ အပြေးလိုက်သွားတော့၏။ မြစ်ကို ကူးဖြတ်သွားနေကြောင်း မြင်တွေ့ကာ လှေသမားကို ပြန်လှည့်လာရန် အော်ပြောနေသော်လည်း လှေငယ်သည် မြစ်အလယ်သို့ ရောက်ရှိနေပြီဖြစ်လေ၏။

လောဘကြီးသော ရွဲကုန်သည်သည် ထွက်ခွာသွားသော ဘုရားလောင်းကို ငေးကြည့်ရင်း ငေးကြည့်ရင်း ရပ်နေစဉ် အလွန်အမင်း ပူဆွေးသောကရောက်နေ၏။ နှလုံးသွေး ပွက်ပွက်ဆူလာပြီး ပါးစပ်မှ သွေးအန်ထွက်လာလေတော့၏။ သူသည် ဘုရားလောင်းအပေါ်တွင် ထားရှိသော မလိုမုန်းထားစိတ်ဖြင့် နှလုံးကွဲအက်ကာ နေရာ၌ပင် အသက်ဆုံးရှုံးသွားရပါတော့တယ်။

ထိုရွဲကုန်သည် ၂ ဦးရဲ့အကြောင်းကို ကြားသိရပြီး ရိုးသားဖြောင့်မတ်တဲ့ ရွဲကုန်သည်ရဲ့ကောင်းကျိုးခံစားရပုံ၊ အတ္တလောဘကြီးတဲ့ ရွဲကုန်သည်ရဲ့ မရှု့မလှသေပွဲဝင်ရပုံတို့ကို အတုယူကာ လူမိုက်နှင့်လူလိမ္မာ ၂ ဦးတို့၏ စိတ်ဓာတ်ကိုသိနိုင်ပြီး ဘုရားလောင်းရွဲကုန်သည်လို အမူအကျင့်ကောင်းများကို အတုယူနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးလိုက်ရပါသည်။