ဗျတ်ဝိ ဗျတ္တ နှင့်
ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး (အကျဉ်း)
ပုဂံခေတ် ခရစ်သက္ကရာဇ် ၁၀၄၄ ခု တွင်
အိန္ဒိယပြည်မှ ကုလား သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ အသက်ဘေးမှလွတ်ကာသထုံမြို့ကိုရောက်ရှိခဲ့လေသည်။
(မလေးရှား နိုင်ငံ ပီနန်ကျွန်း မှဟုလည်းဆိုကြသည်။)
ထို့နောက် သထုံမြို့ရှိ မနူဟာမင်းဆရာတော်(ဗားမဲ့ဆရာတော် ဝိနာယ)၏ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။
ဆရာတော်မှ ဗျတ်ဝိ ဗျတ္တ ဟုနာမည်ပေးကာ
ကပိယအဖြစ် ကောက်ယူမွေးစားခဲ့သည်။
တစ်နေ့သော် ကျောင်းထိုင်ဆရာတော်မရှိခိုက်
ထိုညီနောင်နှစ်ယောက်သည် ဗိုက်ဆာ၍ ဆရာတော်သိမ်းထားသော ဇော်ဂျီဖိုဝင်သားကို ခိုးစားပြီး ကာယသိဒ္ဓိပီးမြောက်ကာ ကြီးစွာသော
ခွန်အားကို ရရှိခဲ့လေသည်။
ဆင်ပြောင်ဆယ်စီးအားမာန်ကြီးပြီး ဓားပြီးလှံပြီး ကြလေတော့သည်။
ကုလားညီနောင်နှစ်ယောက်လည်း ခိုးစားပြီးကာမှ ဆရာတော်ပြန်လာလျှင် အရိုက်ခံရမှာကြောက်၍ ကျောင်းမှထွက်ပြေးကာ သထုံမြို့ထဲသို့ သွားရောက်နေထိုင်ခဲ့သည်။
ညီနောင်နှစ်ယောက်ရဲ့စွမ်းအားဟာ သထုံမြို့ထဲမှာ ကျော်ကြားလာပြီးအကိုဖြစ်သူ ဗျတ်ဝိဟာ သထုံမြို့သူ မအိုဇာနှင့် ချစ်ကြိုးသွယ်မိခဲ့လေသည်။
ထိုညီနောင်နှစ်ဦးသတင်းကို သထုံဘုရင်မနူဟာ လည်းကြားသိကာ မိမိထီးနန်းလုမည်စိုး၍ ရဲမက်တို့အားဖမ်းဆီးသုတ်သင်စေခဲ့သည်။
ရဲမက်တို့လည်း ကာယသိဒ္ဓိပီးမြောက်နေသော ညီနောင်နှစ်ဦးအားလုံးဝမဖမ်းနိုင်ခဲ့ဘူး ။
သို့သော်တစ်ရက်မှာတော့….
အကိုဖြစ်သူ ဗျတ်ဝိဟာ
မအိုဇာလေးနှင့် ချိန်းတွေ့ချိန် ရဲမက်တို့ အဝိုင်းခံရလေသည် တကိုယ်ရည်ပြေးက လွတ်န်ိုင်ပေမဲ့ ရဲမက်များက မအိုဇာလေးအားလည်း ဖမ်းဆီးထားသည်ကို မကြည့်ရက်၍ ဗျတ်ဝိတယောက် သူကိုယ်တိုင် အဖမ်းခံကာ မအိုဇာအား လွတ်ပေးစေခဲ့သည်
ဖမ်းမိသောဗျတ်ဝိအား ဒုတ်ဓါးတို့ဖြင့် လုပ်ကြံသ*တ်ဖြ*တ် ကြသော်လည်းကာယသိဒ္ဓိ ပြီးမြောက်နေသောကြောင့် ဓါး ဖြင့်ထို*းက ဓါးကွေးပြီး လှံနှင့်ထိုးက လှံကျိုးကာဘယ်လိုမှ သ*တ်၍ မေ*သ ဘဲဖြစ်နေလေသည်။
ထိုအခါ
မြို့ဝန်မင်းက ပရိယာယ်သုံးကာ ဗျတ်ဝိအား မင်းကိုငါတို့ဖမ်းချင်လို့ မအိုဇာကို ချစ်ဟန်ဆောင် ခိုင်းကာ ထောင်ဖမ်းခြင်း ဖြစ်တယ်လို့ဆိုလေသည်။
ဗျတ်ဝိမှာ ထို စကားကြားကာ စိတ်ထိခိုက်ပီး နောက်ဆုံး မအိုဇာလေးနဲ့ တွေ့ချင်ကြောင်းနှင့် သူမက သူ့အား မချစ်ခဲ့ဘူးဆိုလျှင်နောက်ဆုံးအနေနဲ့ကွမ်းတစ်ယာ ရေတစ်မုတ်ဖြင့် လာဆက်သတာလေး ခံယူကာ အကျွန်ုပ်စိတ် လျှော့ပါမည် ဟု ဆိုလေသည်။
သထုံမြို့ဝန်ကလည်းသူ့ပရိယာယ်ထဲ ဝင်လာသော ဗျတ်ဝိအား သ*တ်နိုင်ရန် မအိုဇာကိုလည်း ပရိယာယ် ထပ်သုံးကာ ဗျတ်ဝိက တကယ်ချစ်ပါလျှင် ကွမ်းတစ်ယာ ရေတစ်မုတ် လာဆက်ပါ …..ဟု
လိမ်လည် ပြောကြားလေသည် ။
မအိုဇာလည်း မြို့ဝန်မင်း ပြောသည်ကိုအဟုတ်ထင်၍ ချစ်သက်သေ ကွမ်းတစ်ယာ ရေတစ်မုတ်ကို အပြေးလေး သွားရောက် ဆက်သလေသည်။
ဗျတ်ဝိလည်း မြို့ဝန်မင်း မာယာထဲတွင် ထပ်ခါကျွံဝင်ကာ ချစ်သူ လာဆက်သသော ကွမ်းတယာ ရေတစ်မုတ်ကို စားသောက်ပြီး စိတ်ဖြေလျှော့လိုက်သည်နှင့် ချက်ချင်း ဝိုင်း သ*တ်ဖြတ်ကြရာ ဗျတ်ဝိလည်း ေ*သ ပွဲ ဝင်သွားရရှာလေသည်။
ထို့နောက် ဗျတ်ဝိအလောင်းကိုဆေးဝါးမန္တန်များ စီရင်ပြီး အူအသဲ သွေး နှလုံး ရုပ်ခန္ဓာအား လေးပိုင်း ပိုင်းကာ သထုံနန်းမြို့ရိုး ဒေါင့် လေးဒေါင့်တွင် မြှပ်နှံကာ အစီအရင်များဖြင့် ဗျတ်ဝိအား နန်းမြို့အစောင့်အဖြစ်ထားရှိခဲ့လေသည်။
ဗျတ်ဝိ၏ သွေးကို မြို့တစ်ပါတ် ဖြန်းခဲ့ရာ တစ်ပါတ်မပါတ်မိပဲ ကြက်မတစ်ဝတ်စာ လွတ်နေသည်ဟု ဆိုကြသည်။
ဗျတ္တလည်း အကိုဖြစ်သူ ေ*သ သည်ကိုသတင်းကြားသည်နှင့် ပုဂံသို့ထွက်ပြေးကာ ကျန်စစ်သားလက်အောက်တွင် အနော်ရထာအတွက် ပန်းဆက်အဖြစ်အမှုထမ်းရင်း မင်းမှု့ထမ်းများကို ဓားခုတ် လှံထိုး မြင်းစီး အတတ်များသင်ကြားပေးသည်။
ဒီလိုနဲ့ ပုဂံနှင့်ပုပ္ပါး အသွားအပြန် ပန်းတော်ဆက်ရင်း ပုပ္ပါးသူ မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျသည်။
မယ်ဝဏ္ဏသည် တောက်ပသော ရွှေရောင်အသားအရည် ရှိပြီး ပန်းတစ်မျိုးတည်းသာ
စားသောက်သဖြင့် “ပန်းစားဘီလူးမ”ဟုယူဆကြသည်။
(#ယနေ့ခေတ်သုသေသီတို့ကမူ မြန်မာလူမျိုးတို့ မဖြစ်ပေါ်မီ ရှိခဲ့သော အက်စ်တ်ရိုလွိုက်(Austroloid) အဆက်အနွယ်ဟုယူဆကြသည်။)
မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။
အနော်ရထာမင်းကြီးက ကလေးများရေသုံးရန် ရွှေဖျဉ်းအိုးမြှင့်ခဲ့သဖြင့် ရွှေဖျဉ်းကြီး ရွှေဖျင်းလေးဟု အမည်ပေးခဲ့လေသည်။
အရွယ်ရောက်သောအခါ စောလူးမင်းနှင့်ကစားဖော် ကစားဖက်များဖြစ်လာသည်။
အနော်ရထာမင်းကြီးတပ်တော်တွင် အမှုထမ်းရင်း ဗျတ္တ ကျဆုံးသွားသောအခါ သားနှစ်ပါးကို သူရဲကောင်းအဖြစ် အနော်ရထာမင်းကြီးက ခေါ်ယူမြှောက်စားခဲ့သည်။
အနော်ရထာမင်းကြီးတရုတ်ပြည်သို့စွယ်တော်ပင့်ရန် သွားရောက်သည့်အခါ တရုတ်ဘုရင်ဦးတည်ဘွားက ခရီးဦးကြိုမပြု ထွက်မတွေ့ဘဲနေသည်။
ထိုအခါ အနော်ရထာမင်းကြီးသည်
” ငါသို့သောမင်းအား မဖူးမမြင်၊မလေးမစား ဆက်ဆံလေရသလားဟု ပြင်းစွာအမျက်ထွက်လေသည်။
ညသို့ရောက်သောအခါ ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)အား ခေါ်၍ ဦးတည်ဘွားအိပ်သောနန်းသို့ ဝင်စေပီးလျှင် ဦးတည်ဘွား၏ဗိုက်အား ထုံးသုံးတန်တားခဲ့ပြီး
နံရံတွင်လည်း …..
မိုးသောက်လျှင် အနော်ရထာမင်းစောအား မဖူးမြှော်လျှင် ဤအတိုင်း ခု*တ်ပို*င်းပ*စ်မည် ဟု ရေးသားခိုင်းလေသည်။
နံနက်ရောက်သော် ဗိုက်တွင်ထုံးသုံးတန်၊နံရံမှစာများကိုမြင်ပြီး ဦးတည်ဘွားမှာလည်း ကြောက်ရွံ့လေသောကြောင့် မှူးမတ်အပေါင်းခြံရံလျက် ထွက်ရောက်ဖူးမြှော်လေသည်။
ဦးတည်ဘွားက စွယ်တော်ပွါးနှင့် သိကြားမင်းပေးအပ်သော မြဘုရားအား ကိုးကွယ်စေရန် အနော်ရထာမင်းကြီးအား ပေးအပ်လိုက်လေသည်။
အနော်ရထာမင်းကြီးသည် ဗုဒ္ဓစွယ်တော်မြတ်ပွားကို ကိုယ်တိုင် သွားရောက်ပင့်ဆောင်ခဲ့ရာ ပင့်ဆောင်လာသော ဖောင်တော်မှာ ယခုတောင်ပြုန်းဟု ခေါ်ဆိုသော အရပ်တွင် ရပ်တန့်ခဲ့ခြင်းကြောင့် အနော်ရထာမင်းကြီးက ၎င်းနေရာတွင် ဘုရားတည်ရန် ဆုံးဖြတ်ခဲ့သည်။
ဘုရားတည်သောအခါ အနော်ရထာမင်းကြီးက လူတစ်ဦးလျှင် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် ပါဝင်လှူဒါန်းကြရန်မိန့်တော်မူခဲ့သည်။
ရွှေဖျင်းညီနောင်သည် အနော်ရထာမင်းကြီး၏ ချီးမြှင့်မြှောက်စားထားမှုကြောင့်သောက်စားမူးယစ်ကာ အချိန်ကုန်နေသောကြောင့် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် မလှူဖြစ်ဘဲရှိနေသည်။
ဘုရားပြီးစီးသောအခါ အနော်ရထာမင်းကြီး လာရောက်ဖူးမြော်စဉ် ဘုရားရှေ့တည့်တည့်၌ အုတ်နှစ်ချပ် လပ်ဟနေသည်ကို တွေ့မြင်သွားပြီး ထိုအုတ်နှစ်ချပ် ပျက်ကွက်သူများကို အပြစ်ပေးရန် မှူးမတ်များကို အမိန့်ပေးခဲ့လိုက်လေသည်။
ဘုရင့်အမိန့်ကို အကြောင်းပြပြီး မနာလိုသော
မင်းမှု့ထမ်းများက ညီနောင်နှစ်ပါးကို လည်မြိုကို ဝါးရင်းတုတ် ဖြင့်ရိုက်သတ်သောကြောင့် သေဆုံးသွားခဲ့ရလေသည်။
တစ်နေ့သော် ….
အနော်ရထာမင်းကြီး ဖေါင်တော်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ဖေါင်တော်မှာ ရပ်တန့်၍ မသွားဘဲရှိနေသည်။
ဟူးရားဖြူ/ညို တို့အား မေးမြန်းလေရာ ထိုညီနောင်သည် နတ်စိမ်းဖြစ်ပြီး ဆွဲထားလေသည်ဟု လျှောက်တင်လေသည်။
အနော်ရထာမင်းကြီးက အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော် ယခု တောင်ပြုန်းနယ်ကို အပိုင်စားပေးခဲ့သည်။
ထိုဆုတောင်းပြည့်ဘုရားအနီးတွင် နတ်ကွန်း၊နတ်နန်းတည်ဆောက်ပေး၍ ထိုအရပ်မှလူများအား ပူဇော်စေလေတော့သည်။
ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)နတ်ဟု ထင်ရှားလာလေတော့သည်။
ဆရာသော်တာဆွေ