Home မုန့်လုပ်နည်း ရေခဲချောင်းလုပ်နည်း

ရေခဲချောင်းလုပ်နည်း

0

လွယ်ကူပြီး အရသာရှိတဲ့ရေခဲချောင်းလုပ်နည်း
(ရေခဲ သေတ္တာ ထဲထည့်ရှိတာနဲ့ Ok)
ရေခဲချောင်းလုပ်နည်း(ကောင်ညှင်းငချိတ်ရေခဲချောင်း)
ကောင်ညှင်းငချိတ်ရေခဲချောင်းလုပ်နည်းလေးမေးထားလို့ တင်ပေးလိုက်ပါပြီနော်
လိုအပ်တာတွေကတော့…
ကောင်ညင်း ငချိတ်ဆန် ၁လုံး
ရေ ၂လီတာခွဲ
သကြား 54g
ဆား14g
ပြောင်းကော်မှုန့် 66g
ကောင်ညှင်းအနံဆီ ၁စက် (အနံပြင်းတာမကြိုက်ရင် ပါရုံလေးပဲ ထည့်ပါ)
(ရေခဲထိန်းဆေး၊ရေခဲမွဆေး 3gစီ) ဒီ၂မျိုးက မထည့်ချင်လည်း ရပါတယ်၊ထည့်ရင်တော့ ရေခဲသားပိုနူးညံပြီး အခဲပိုခံပြီး ပိုစားကောင်းပါတယ်)

၁။အရင်ဆုံး ကောင်ညှင်းငချိတ်ဆန် ၁လုံးကို နူးပြဲအောင် ပြုတ်ထားပါ
၂။ရေလီတာဝက်လောက်ထဲကို သကြား၊ဆား၊ရေခဲထိန်းဆေး၊ရေခဲမွဆေး၊ပြောင်းကော်မှုန့်တို့ကို အပေါ်က အချိုးအတိုင်း ထည့်ပြီး အားလုံးပျော်ဝင်ပြီး သမနေအောင် မွှေထားပါ (လေဘူဘောင်းထတာတွေ အခဲအဖတ်တွေ မကျန်အောင်သေချာမွှေပေးပါ)
၃။ရေ၂လီတာကို ရေနွေးတည်ပါ ပွက်ပွက်ဆူလာရင် ရောမွှေထားတာတွေနဲ့ လောင်းထည့်ပြီး ပြန်ပြီးပွက်ပွက်ဆူလာတဲ့အထိ မပျက်မွှေပြီး ကျိုပေးပါ(အိုးမကပ်အောင်ပါ) ပွက်ပွက်ဆူလာရင် အိုးချပြီး အအေးခံထားပါ အေးသွားရင်ကောင်ညှင်းအနံ တစ်စက်ကို ထည့်မွှေပါမယ် ပြီးရင် ပြုတ်ထားတဲ့ ကောင်ညှင်းငချိတ်တွေကို ထည့်မွှေပါ အားလုံးသမသွားရင် ရေခဲချာင်း မိုရ်ခွက်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၆နာရီလောက်း အအေခံလိုက်

နို့စတော်ဘယ်ရီရေခဲချောင်းလုပ်နည်း
နို့စတော်ဘယ်ရီရေခဲချောင်း/ရေခဲထုပ်လုပ်စားပြီး နွေနေကို အံတုကြပါစို့
ပါဝင်ပစ္စည်းများ
နွားနို့ ၁လီတာ
နို့ဆီ ၃၅၀ ml
နို့စိမ်း ၁၀၀ ml..
ပြောင်းကော်မှုန့် ၃၀g
သကြား ၁၅ ကျပ်သား
စတော်ဘယ်ရီအသီးချေထားတာ ၃၀၀ ဂရမ်
ဆား ၁ ဂရမ်
အနီရောင် food colour ၁စက်

၁။အရင်ဆုံးနွားနို့ကြိုပါမယ် စကြိုသည့်အခါ နွားနို့ပူလာရင် ပြောင်းကော်မှုန့်ကိုကောက်ညှင်းမှုန့်ကိုဖြည်းဖြည်းချင်းလောင်းထည့်ရင်းမွှေပေးပါ (ကော်မှုန့်တွေခဲမသွားအောင်ပါ)
၂။ပြီးရင်ချေထားတဲ့စတော်ဘယ်အသီးအနှစ်၊သကြား၊ဆား၊နို့ဆီ၊နို့စိမ်းအားလုံးကိုထည့်မွှေလိုက်ပါ
နွားနို့ဆူပွက်လာရင်၂/၃မိနစ်လောက် ထပ်မွေပြီးမှမီးပိတ်လိုက်ပါ၊ခနအအေးခံပြီးရင် အနီရောင် food color တစ်စက်ထည့်မွှေပေးလိုက်ပါ။
အေးသွားတဲ့အခါမှရေခဲချောင်း မိုထဲသို့ထည့်ပြီး
ရေခဲသေတ္တာထဲမှာ ၄-၆နာရီခန့် အအေးခံလိုက်ရင် နို့စတော်ဘယ်ရီ ရေခဲချောင်း ရပါပြီ။

1, သီးစုံ ရေခဲချောင်းလုပ်နည်း
အရင်ဆုံး မိမိကြိုက်နှစ်သက်သော သစ်သီးကို အခွန်ခွာပြီး အတုံးတုံးလေးလုပ်ပါ။

ရေသန့် တစ်ပန်းကန်ထည့်ပြီး အထဲကို သကြားဖြူရော ထည့်လိုက်ပါ။ (အချိုကတော့ ကိုယ်နှစ်သက် သလိုထည့်နိုင်ပါတယ်။)
သစ်သီးကို ကြိတ်ဖို့ သက်သက်တစ်ခုလုပ်ပြီး ကြိတ်ပါ။
ပြီးတော့ သစ်သီးကို အတုံးလုပ်ထားတာကို သစ်သီးအရည်နှင့် ရောပြီး ရေခဲချောင်းလုပ်တဲ့ Mold ထဲထည့်လိုက်ပါ။
နောက်ဆုံးမှာ ရောခဲသေတ္တာထဲသို့ ခဲသွားအောင် ထည့်လိုက်ပါ။

2, နွားနို့ ရေခဲချောင်း
နွားနို့ကို အိုးထဲထည့်ပြီး ကောက်ညှင်းမှုန့်နှင့် သကြားထဲပြီး ချက်လိုက်ပါ။
ချက်သည့် အခါလည်း ကောက်ညှင်းမှုန့်ကို လုံံးမသွားအောင် မွှေပေးပါ။
နွားနို့ဆူလာရင်လည်း မီးကိုချက်ချင်း မပိတ်လိုက်ပါနဲ့။ ၂မှ၃မိနစ်အတွင်း မွေပြီးမှသာပိတ်ပါ။
နွားနို့ကို ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာသို့ ၄နာရီခန့် အအေးခံပေးပါ။
ရေခဲချောင်းကို ရေခဲသေတ္တာမှ ထုပ်ပြီး ရေခဲချောင်း Mold ကနေခနထားပြီး ရေခဲချောင်းကိုထုပ်ပါ။ (နွားနို့ထဲကို ကောက်ညှင်းမှုန့် ထည့်ရောလိုက်ရင် အရမ်းကို စားကောင်းပါတယ်။)

3,သရက်သီး ရေခဲချောင်း
(လုပ်နည်းနှစ်နည်းရှိတယ်) သရက်သီးကို အခွန်ခွာပြီး အတုံတုံး လုပ်ပြီးတော့မှ ဘာမှမရောထားသော ဒိန်ချဉ်ထဲသို့ ထည့်ရောပြီး ရေခဲချောင်း မှိုထဲသို့ထည့်ပြီး ရေခဲသေတ္တာထဲသို့ အအေးခံလိုက်ပါ။
နောက်တစ်နည်းကတော့ သရက်သီးကို အခွန်ခွာပြီး ကြိတ်စက်နှင့် ကြိတ်ပြီး ဒိန်ချဉ်ထဲသို့ ထည့်ရောလိုက်ပြီး ရေခဲချောင်း မှိုထဲသို့ပြီး ရေခဲ သေတ္တာထဲ ထည့်လိုက်ပါ။
အားလုံးပဲ အားလပ်ချိန် စမ်းလုပ်နိုင်ပါတယ်။

#credit