Home USABLE TIPS ဂီယာအချိန်းနောက်ကျခြင်း၊မီးသံခေါက်ခြင်း၊အင်ဂျင်ခါခြင်း၊အဆွဲရုန်းကျခြင်းတို့ဖြစ်စေတဲ့ နော့ဆင်ဆာပြစ်ချက်

ဂီယာအချိန်းနောက်ကျခြင်း၊မီးသံခေါက်ခြင်း၊အင်ဂျင်ခါခြင်း၊အဆွဲရုန်းကျခြင်းတို့ဖြစ်စေတဲ့ နော့ဆင်ဆာပြစ်ချက်

3

ကားဆင်ဆာတွေအကြောင်း အလုံးလိုက်ကြီး ရေးသားပါလျှင် ကျွန်တော့် မိတ်ဆွေတွေ စိတ်ဝင်စားမယ်မထင်ပါဘူး။ ဘာလို့လည်းဆိုရင် ဆင်ဆာတွေ အကြောင်းက ကားလောကသားအားလုံး မသိတဲ့မရှိဟု မိတ်ဆွေတစ်ယောက်ပြောတာ အမှတ်ရမိတယ်။ ခုလဲ knock ဆင်ဆာအကြောင်း လူတိုင်းသိပါတယ်။ တစ်လောကလုံးသိပြီး တစ်ယောက်ထဲမသိဘူးဆိုရင်တောင် မသိတဲ့ တစ်ယောက်အတွက်ရေးပါအုံးမည်။ knock ဆင်ဆာက ဖြုန်းခနဲလကြည့်ရင် ငုပ်တစ်ငုပ်တည်းနဲ့ အင်ဂျင်ဘလောက်မှာ တပ်ထားတဲ့ ဆင်ဆာတစ်လုံး ဘာမှ စိတ်ဝင်စားစရာ ပြောစရာ ထွေထူးမရှိပေမဲ့ သူ့ကနေ တခြား မော်တော်ကားစနစ်တွေကို တဖန်ပြန်အလုပ်လုပ်ပေးပုံကတော့ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ knock ဆင်ဆာကို KS ဆင်ဆာလို့လဲ ခေါ်တယ်။ knock ဆင်ဆာက ထူးဆန်းတယ်ဗျာ။ ၃ မျိုးရှိတယ်။ ကိုရီယားကားတွေမှာ ၃ငုပ်ဆင်ဆာနဲ့လာတယ်။ mitsubishi နဲ့ ဂျပန်ကားအချို့မှာ ၂ ငုပ်နဲ့လာတယ်။ တိုယိုတာမှာ ၁ငုပ်ဆင်ဆာ လာတယ်။ ၁ ငုပ်ဆင်ဆာတွေမှာ ဘော်ဒီဂရောင်းနဲ့ကို တစ်ပင်ချထားပြီး နောက်တစ်ပင်က KNK လို့ခေါ်တဲ့ knock ဆင်ဆာ signal ဖြစ်ပါတယ်။ဆင်ဆာတို်င်းကို အဲ့လို ECU ကနေ ဂရောင်းလိုင်း မထုတ်ဘဲနဲ့ ဘော်ဒီ (သို့) ဘတ်ထရီ အနုတ်ကနေ ယူလို့ကော မရဘူးလားမေးစရာရှိတယ်။ ဒီနေရာမှာ ဒါဗျီချီကုဒ် ထားခဲ့လိုက်ပါ့မယ်။ ၃ ငုပ်ဆင်ဆာတွေမှာလဲ sensor ground နဲ့ sensor signal အပြင်ကို body ground အတွက် တစ်ပင်ပါထားတာမျိုးဖြစ်ပါတယ်။ တကယ်က မလိုပါဘူး။ sensor ground နဲ့ body ground တစ်ပင်ရှိရင်ကို ရနေပါပြီ။ KS ဆင်ဆာမကောင်းရင် ကားနိုးတယ်။ ဒါပေမဲ့ အရုန်းအဆွဲ မပါတော့ဘူး။ ကုန်းတက်တွေဆိုသိသာတယ်။ KS ဆင်ဆာများ မကောင်းဘူးဆိုရင် လီဘာကို ကြမ်းကပ်အောင်နင်း အင်ဂျင်က ဖြည်းဖြည်းဖြည်းဖြည်း နဲ့ အတက်နှေးနေတဲ့ ပုံစံမျိုး အင်ဂျင်မပွင့်ဘူး။ ဒါကို ကျွန်တော်တို့ ခေါ်တယ်။ အဆွဲအရုန်းမကောင်းတော့ဆိုတာဖြစ်ပါတယ်။ တချို့ကားတွေမှာ အဆွဲအရုန်းက အေးဆေးဘဲ ချက်မီးလင်းတတ်တယ်။ တချက်တချက် ကီလို ၄၀ လောက်မှာ နောက်ကနေ ဆောင့်ဆွဲလိုက်သလိုမျိုး တုံ့ဆိုင်းတာမျိုးကြုံရတတ်ပါတယ်။ ဒါမျိုးက ပလပ်တွေ မကောင်းတဲ့ ပြစ်ချက်မျိုးနဲ့ အနည်းငယ်ဆင်ပါတယ်။ အဆွဲအရုန်းတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဂီယာအချိ်န်းနောက်ကျတယ်။ ဂီယာအချိ်န်းစောတာလဲ မကောင်းသလို အချိ်န်းနောက်ကျတာလဲ မကောင်းဘူး။ ဂီယာအချိန်းနောက်ကျတဲ့အခါ ရှိသင့်ရှိထိုက်တဲ့ အင်ဂျင်စွမ်းဆောင်ရည်က မရှိတော့ဘူး။ ဂီယာအချိန်းနောက်ကျတဲ့အခါမှာ အင်ဂျင်က ပုံမှန်ထက် ပိုအော်တယ် ပိုလည်းပူတယ် ဆီလဲပိုစားတယ် ၊ မီးခိုးလည်းပိုထွက်တယ်။ KS ဆင်ဆာမကောင်းဘဲ ကီလို ၆၀လောက်မောင်းကြည့်ရင် ECU က နောက်ဆုံး ဂီယာတချက်ပေးမထိုးတော့ပါဘူး။ ဘာလို့ပေးမထိုးတော့တာလည်းဆိုရင် အင်ဂျင်ရဲ့ အခြေအနေမှန်ကို ECU က မသိတဲ့အတွက် rpm မြင့်မြင့်နဲ့အမြန်ဆုံးမောင်းနှင်ရမဲ့ အခြေအနေတွေကို မရောက်အောင် ECU က ကြိုစဥ်းစားပြီး နောက်ဆုံးဂီယာပေးမထိုးတော့တာဖြစ်ပါတယ်။ ဂီယာပေးမထိုးတဲ့အတွက် ဂီယာဘောက်ထဲမှာ 3-4 clutch လို့ခေါ်တဲ့ ဂီယာ ၄ရဲ့ ကလပ်တွေ မညှစ်တော့ပါဘူး။
#credit