Home COOKING အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်း

အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်း

3

မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက

၁။ ငါးဆီသတ်
၂။ ကုလားပဲပြုတ်ပြီးထောင်းပါ(သို့)blenderနှင့်ကြိတ်
၃။ဆန်လှော်မှုန့် ရေဖျော်ထားပါ
၄။ဌက်ပျောအူ
အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ။
မှတ်ချက် ။ ။ နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။

၁။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။

ငါးလေးဆယ်သားကို ( ငါးကြင်း )
– ထန်းလျက် ၃ ခဲ,
– စပါးလင် ၃ပင် ထုထောင်းခွေထည့်
– ငရုတ်ပွခြောက် ၄ တောင့်,
– ငံပြာရည်ထည့်နယ်ပြီး ရေကိုငါးမြုပ်သည့်အထိထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။

ငါးပြုတ်ရည်ကို ခွက်တစ်ခုထဲ စစ်ထည့်ထားပါ။

ကြက်သွန်ဖြူ(ထောင်း), ကြက်သွန်နီ(ပါးပါးလှီး) , ချင်း(ထောင်း) စပါးလင်၃ပင် (နှုတ်နှုတ်စဉ်း)ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ်နဲ့ ရွနေအောင်ဆီသတ်ပြီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။

မှတ်ချက်။ ။ကြက်သွန်ဖြူ ၊ ချင်း၊ စပါးလင် (blender ဖြင့်ကြိတ်လျှင် ပိုကောင်းပါသည်။) ကြက်သွန်နီထည့်မကြိတ်ရပါ။

— ငါးအသားနဲ့ ဆီသတ်များရောပြီးငါးသားအနည်းငယ်ခြောက်လာလျှင်ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။

— ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။ အရမ်းမကြွပ်ပါစေနှင့်။

၂။ ကုလားပဲ လေးဆယ်သားကို
( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ချင်းလက်ငါးလုံးခန့် ) နဲ့
နူးအိနေအောင်ပြုတ်ပီးညက်နေအောင်ထောင်းပါ (သို့)
blenderထဲသို့ပဲပြုတ်ရေအနည်းငယ်ထည့်၍ကြိတ်ပါ။

မှတ်ချက်။ ။ကုလားပဲကို အရသာအနည်းငယ်ထည့်ပြုတ်ပါ။(ပဲပြုတ်ရေများကို ခွက်တစ်ခုထဲ ထည့်ထားပါ)

မုန့်ဟင်းခါး စ ချက်ပါတော့မယ်။

— ရေနွေးအိုးတည်ထားပါ။

— ရေနွေးပွက်လျှင်ကုလားပဲ ပြုတ်ရည်နှင့်ငါးပြုတ်ရည် ရောထည့်ပါ။
စပါးလင်ထုခွေပီး ၂ ပင် ထည့်ပါ။

— ငှက်ပျောအူပါးပါးလှီးပြီးသားထည့်ပါ။

— ဆန်လှော်မှုန့်ရေဖျော်ပြီး ဟင်းရေကို ဇွန်းနဲ့မွှေရင်း လောင်းထည့်ပါ။ (တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။)

— ထိုအရည်ထဲသို့ဆီမွှေးသတ်ပြီးသားငါးကိုလောင်းထည့်ပါ။

— အရသာကို အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။

— အိုးဘဲဥလုပ်ရန် ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်ကို အခွံခွာထည့်ပါ။

— ကြက်ဥ ဖောက်ထည့်ပြီးမွှေပေးပါ။

ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိမီးအေးအေးဖြင့်တည်ပေးပါ။

— ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။ အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်တာကြောင့်ပါ။

— ကြက်သွန်နီဥသေးလေးများထည့်ပါ။

— အိုးချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။

မုန့်ဟင်းခါးကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ပဲသီး၊ ပဲသွေး၊ ဘူးသီးကြော်၊ ပဲကြော်၊ ငါးဖယ်၊ အိုးဘဲဥ ၊ ငရုတ်သီးအကြော်မှုန့် ထည့်ပြီးစားသုံးနိုင်ပါပြီ။

#credit