တစ်လကိုတစ်ကြိမ်နားထဲကိုသံလွင်ဆီအပြည့်ထည့်ပေးပါတယ်။ပြီးတော့မှဂွမ်းတုတ်လေးနဲ့ကျပ်ပြီးသန့်ရှင်းရေးလုပ်ပေးရပါတယ်။နားကရေကြောက်တယ်၊ဆီကြိုက်တယ်။ဒါဆိုနားနဲ့ပတ်သက်ပြီးဘာရောဂါမှမဖြစ်တော့ပါ။နှစ်တစ်ရာတိုင်လည်းနားကနုပျိုဆဲပါတဲ့။
ရှေးရှေးတုန်းကဆိုရိုးစကားတစ်ခုရှိတယ်။ မျက်စိမှာရည်၊နားမှာဆီ၊ဒန္တီမှာဆား၊ဝမ်းမှာခါး တဲ့။မျက်စိကိုသန့်ရှင်းသောရေနဲ့နေ့စဥ်သန့်ရှင်းရေးလုပ်သွားရင်အသက်တစ်ရာတိုင်အပ်ပေါက်ထိုးလို့ရတယ်၊နားကိုဆီနဲ့ကျပ်ပေးရင်အသက်တစ်ရာတိုင်နားကောင်းတယ်၊ခံတွင်းကိုဆားနဲ့သန့်ရှင်းရင်အသက်တစ်ရာတိုင်သွားကောင်းတယ်၊အခါးစားပေးရင်ဝမ်းဗိုက်ထဲကကလီစာတွေအသက်တစ်ရာတိုင်ကောင်းတယ်တဲ့။
ဒီနေ့တော့နားထဲဆီထည့်တဲ့အကြောင်းပဲပြောမယ်။နားပေါက်ကမျက်လုံးတွေနှာခေါင်းတွေအာခေါင်တွေနဲ့ဆက်စပ်နေပါတယ်။နားထဲဆီဖြည့်လိုက်တာနဲ့မျက်လုံးထဲမှာအေးကနဲခံစားလိုက်ရတယ်။ဒါဟာမျက်လုံးကိုအထောက်အကူပြုတယ်ဆိုတာသက်သေပဲ။
နားထဲကိုဖုံတွေမှိုတွေပိုးမွှားတွေဝင်ပြီးနဖာချေးဖြစ်နေတတ်တယ်။နဖာချေးမှာမှိုထပ်တက်ရင်လည်ချောင်းယားပြီးချောင်းဆိုးရောဂါဖြစ်လာရော။အဲဒီကနေအသက်ရှူလေပြွန်ရောက်သွားရင်လေပြွန်တွေရောင်ပြီးရင်ကျပ်လာရော။အဲဒီကနေအဆုတ်ကိုဆက်ဆင်းရင်အဆုတ်ရောဂါဖြစ်လာရော။ပိုးတွေပါလာရင်နှလုံးအထိရောက်သွားပြီးလေးဘက်နာနှလုံးရောဂါဖြစ်ပြီးအသက်အန္တရာယ်အထိရောက်သွားတတ်တယ်။ပေါ့သေးသေးမထင်လိုက်လေနဲ့။
ဆိုတော့ကျနော်တို့ဟာကိုယ့်နားကိုအမြဲတန်းသန့်ရှင်းပေးဖို့လိုပါတယ်။နားထဲကိုဆီထည့်ပေးလိုက်တဲ့အခါမှာနားထဲမှာရှိနေတဲ့အညစ်အကျေးတွေမွလာပါတယ်။အဲဒီတော့မှဂွမ်းတုတ်လေးနဲ့ကျပ်ကျပ်ပေးပြီးအညစ်အကျေးတွေနဖာချေးတွေသန့်ရှင်းသွားမှာဖြစ်ပါတယ်။
နားအတွင်းမှာဆီလေးအမြဲစိုနေရမယ်။နားခြောက်တဲ့လူတွေဆိုရင်အဟုမ်းအဟုမ်းနဲ့ချောင်းခြောက်တွေဆိုးနေတတ်တာတွေ့ရလိမ့်မယ်။အသက်ကြီးသူတွေဆိုရင်ချောင်းခြောက်ဆိုးရင်အရမ်းမောပြီးပင်ပန်းနေတတ်တယ်။ဘာဆေးသောက်သောက်ပျောက်တယ်လို့ကိုမရှိဘူး။နားထဲကိုဆီထည့်ပေးလိုက်တော့အဆင်ပြေသွားပါတယ်။အချို့လူတွေခေါင်းခြာခြာလည်အောင်မူးတယ်၊အကြောင်းရင်ကနားရေချိန်မညီတာ၊ဆီထည့်ပေးလ်ုက်တော့ပြန်ကောင်းသွားရော။
ဝေဒနာတစ်ခုဖြစ်လာရင်ဖြစ်တဲ့အကြောင်းရင်းကိုရှာသတ်မှအဲဒီဝေဒနာကပျောက်မှာဖြစ်တယ်။အကျိုးကိုကုနေရင်ပင်ပန်းရုံပဲရှိမယ်။အကြောင်းရင်းကိုရှာကုမှသဘာဝကျတာဖြစ်တယ်။
နားထဲကိုဆီထည့်ဖို့အကောင်းဆုံးဆီကသံလွင်ဆီဖြစ်ပါတယ်။သံလွင်ဆီခက်ခဲရင်အခြားဆီထည့်လို့ရပါတယ်။ရှေးတုန်းကမြန်မာတွေကတော့အုန်းပျိုဆီ၊နှမ်းဆီတွေတစ်လတစ်ခါထည့်ကြတယ်။နားမှာဆီဆိုတဲ့အတိုင်းနားတွေကောင်းကြတယ်။
#credit