Home HEALTH ခွေးတောက်ရွက်ခေါင်းအုံး

ခွေးတောက်ရွက်ခေါင်းအုံး

3

အမျိုးသမီးတယောက်
အဲကွန်းခန်းထဲအိပ်ပျော်သွားတယ်။

ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ်။

အဲကွန်းပိတ်ပြီး ၁၀မိနစ်လောက်နှပ်နေသေးတာ ရေဆာတာနဲ့ ရေထပြီးသောက်လိုက်တာ (အိုးထဲကရေနော်)။

ကျောရိုးထဲကနေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ ၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာပါ။

ဘာဆေးသောက်ရင်ကောင်းမလဲ
ဘာလုပ်ရင်ကောင်းမလဲပေါ့

အမျိုးသားကလည်းခေါင်းနဲ့ ဇက်ကိုနှိပ်ပေးပေမဲ့ မထူးခြားလာပါ။

နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင်ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီးဇက်ကြောတက်ရင်ဇက်ကို၊
ပေါင်ကိုက်ရင်ပေါင်အောက်ကို၊ လက်ကိုက်ရင်လက်အောက်ကို၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဘူးတယ်။

ဒါကိုပြန်သတိရပြီး အရိပ်ခြောက်လုပ်ထားတဲ့ဂွေးတောက်ရွက်ကလည်း အဆင်သင့်ရှိလေတော့
ခေါင်းအုံးအိပ်လိုက်တာ ပထမတနာရီ၊ ဒုတိယတနာရီ၊ တတိယတနာရီ သိသိသာသာပျောက်ကင်းသွားပါတယ် လို့ ဖတ်လိုက်ရလို့တိုက်ဆိုင်သူများ အသုံးပြုနိုင်ရန် ပြန်လည်မျှဝေပါသည်။

#Credit to original uploader