ဆရာဝန်တောင် မယုံနိုင်တဲ့ သွေးကြောများအတွင်း ပိတ်ဆို့နေသောအဆီများကို ရှင်းထုတ်ပေးနိုင်တဲ့ ကြွက်နားရွက်မှို
အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့အကြောင်းရင်းတွေကို ပြောပြခဲ့တယ်…..
ဒီအပတ်မှာတော့ အဲဒီ့လိုပိတ်ဆို့နေတာကို အလွယ်တကူရှင်းထုတ်ပစ်နိုင်တဲ့ နည်းကောင်းတစ်ခုကို ပေးပါမယ်၊ America မှာ ချမ်းသာတဲ့ တရုတ်လူမျိုးတစ်ယောက် ရှိပါတယ်….
ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ဘဲသား စတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတန်းစားလေ့ရှိသူပေါ့၊ လှုပ်ရှားမှုကလည်း သိပ်မရှိဘဲ ဇိမ်ခံတာသာများတယ်…
အသက်နဲနဲရလာတော့ ရင်ဘတ်က အောင့်အောင့်လာတယ်၊ဒါနဲ့ သူလည်း ဆရာဝန်ကို သွားပြရတာပေါ့၊ ဆရာဝန်က စစ်ကြည့်လိုက်တော့ နှလုံးသွေးကြောတွေ ၃ ချောင်းလုံး 90% ပိတ်နေပြီ၊ ခွဲစိတ်ကုသမှရမယ်ဆိုပြီး သူ့ကို ရက်ချိန်းပေးလိုက်ပါတယ်….
သူလည်း စိတ်တော်တော်ညစ်သွားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေဆီကို သွားပါတယ်၊ တိုင်းရင်းဆေးဆရာကြီးက သူ့ကို နေ့စဉ်ကြွက်နားရွက်မှိုကို စားခိုင်းပါတယ်….
ဘာဟင်းချက်ချက် ကြွက်နားရွက်မှို သုံးလေးခုလောက် ထည့်ချက်ပြီး စားခိုင်းတော့ သူလည်း မပျက်မကွက် စားပါတယ်၊ ဒီလိုနဲ့ ၃ပတ်အကြာ ဆရာဝန်ဆီပြန်ပြတော့ သူ့ရဲ့ ပိတ်နေတဲ့ နှလုံးသွေးကြော ၃ ချောင်းလုံးဟာ လုံးဝပြန်ပွင့်သွားတာကို တွေ့ရပါတယ်….
ဆရာဝန်က မယုံလို့ အကြိမ်ကြိမ်ပြန်စစ်ပေမဲ့ အံ့သြစွာကောင်းလောက်အောင်ပင် သွေးကြောတွေ ရှင်းလင်းကောင်းမွန်နေတာ တွေ့ရတော့ ခင်ဗျားဘယ်လိုများ လုပ်လိုက်တာလဲဗျာလို့ကို မေးယူရပါတယ်…
ဟုတ်ကဲ့၊ ကျွန်တော်ဒီရက်ပိုင်းလေးအတွင်းမှာ ကြွက်နားရွက်မှိုကို နေ့စဉ် နည်းနည်းစီ စားခဲ့တာပါပဲဗျာလို့ သူက ပြန်ပြောတော့ ဆရာဝန်ကသူ့ကို အကြိမ်ကြိမ် လက်ဆွဲနှုတ်ဆက်လိုက်ရပါတယ်….
နှလုံးသွေးကြောပိတ်ဆို့မှုကို အလွယ်တကူ ဖြေရှင်းပေးလိုက်တာကတော့ ကြွက်နားရွက်မှိုပဲ ဖြစ်ပါတယ် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အနည်အနှစ်တွေကို ကြွက်နားရွက်မှိုက လွယ်ကူစွာ ရှင်းလင်းပေးပါတယ်….
ဝက်သားကြိုက်တဲ့ တရုတ်တွေ အသက်ရှည်ကြတာဟာ ကြွက်နားရွက်မှိုစားလို့လည်း ပါပါတယ်၊ ကျွန်တော်တို့မြန်မာတွေရှေးတုန်းကတည်းက အသက်ရှည်ခဲ့ကြတာလည်း ကြွက်နားရွက်မှို စားခဲ့လို့ပါပဲ….
မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ကြာဆံဟင်းခါးထဲမှာ ကြွက်နားရွက်မှို ထည့်စားကြပါတယ်၊ အသက်ရလာပြီဆိုရင် သွေးကြောတွေထဲမှာ အနည်တွေထိုင်လာပြီး သွေးကြောကျဉ်းလာကြတာချည်းပဲ။ အဲဒီရောဂါနဲ့ပဲ သေကြရတာလည်းများပါတယ်….
ကြွက်နားရွက်မှိုက အဲဒီပြဿနာကို ကောင်းကောင်းဖြေရှင်းပေးပါတယ်၊ အိမ်မှာ လူကြီးမိဘတွေရှိရင် ကြွက်နားရွက်မှိုကိုကျွေးပါ၊ အသက်ရှည်ပါလိမ့်မယ်….
ကိုယ်အလေးချိန်များလို့ အဆီချချင်သူတွေအတွက်လည်း ကြွက်နားရွက်မှိုက လက်နက်ကောင်းတစ်ခုပါပဲ၊ အမှန်တကယ်ကို အဆီကျပါတယ်၊ ဒါကြောင့်တစ်ပတ်ကို တစ်ကြိမ်လောက် ကြာဆံဟင်းခါးချက်စားပေးရင် အများကြီးအကျိုးရှိပါတယ်….
ကြွက်နားရွက်မှိုကို စားတဲ့အခါမှာ သေသေချာချာညက်အောင် ဝါးပေးဖို့တော့ လိုပါတယ်။ ဒါမှ သူ့အထဲက ကောင်းတဲ့ဓာတ်တွေ ထွက်လာမှာဖြစ်တယ်….
အ မြဲတန်းစားပေးရင် သွေးကြဲဆေးသောက်နေရသူတွေတောင် ဆေးသောက်ဖို့ မလိုတော့အောင် ကောင်းနေပါလိမ့်မယ်။သွေးကြောလည်း ရှင်း၊ အဆီလည်း ကျ ဆိုတော့ ကျန်းမာရေးလည်း ကောင်း၊ လူလည်း လှ တာပေါ့၊ ဘယ်လောက်ကောင်းလိုက်မလဲနော်…..
#credit