သွေးတိုးစဖြစ်ကာစ နှင့်
သွေးတိုးရောဂါ အဆင့် (၁) တို့ကို
ဆေးသောက်စရာမလိုဘဲ
အောက်ပါ နည်းလမ်းများဖြင့်
ကုသနိုင်ပါတယ်…
.
သွေးတိုးရပ်စေတဲ့အထူးအစားအစာကို
(DASH diet) ဒတ်ရှ် လို့ ခေါ်ပါတယ်.
ဒီအစားအစာကို စားသုံးမယ် ဆိုရင်တော့
အပေါ်သွေးပေါင်ချိန် 11 mmHg (မီလီမီတာမာကျူရီ) ခန့် ကျနိုင်ပါတယ်.
.
အိမ်သုံးဆားကို
တစ်ရက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့)
၅ ဂရမ်ထက် ပို ’မ’ စားရင်တော့
အပေါ်သွေးပေါင်ချိန် 6 mmHg ခန့် ကျနိုင်ပါတယ်.
.
ကိုယ်လက် လှုပ်ရှားခြင်းကို
တစ်ရက် မိနစ် ၂၀ ခန့်
ပြုလုပ်မယ် ဆိုရင်တော့
အပေါ်သွေး 5 mmHg ခန့် ကျနိုင်ပါတယ်
အဝလွန်သူများမှာ
ကိုယ်အလေးချိန် ၁၀ ပေါင်ခန့်ကျသွားမယ်ဆိုရင်တော့
အပေါ်သွေးလည်း 5 mmHg
ကျသွားမှာ ဖြစ်ပါတယ်
.
ဒီ နည်းလမ်းများကို ဆေးပညာမှာတော့
Lifestyle modification လို့ ခေါ်ပါတယ်.
အထက်ပါနည်းလမ်းများကို
၃ လ – ၆ လ အထိ စမ်းသပ်နိုင်ပါတယ်.
#credit