လေဖြတ်သူမှာ ခြေ လက် လုံး၀ မလှုပ်နိုင်တော့ကြောင်း၊ မျက်လုံးသူငယ်အိမ်ပင် မလည်တော့ကြောင်း၊ ယင်းသို့ဖြစ်နေစဉ် ခြေဖဝါးနှစ်ဖက်လုံးကို ကြေးဇွန်းဖြင့် ပွတ်တိုက်ပေးကြောင်း။ လူအလဲအလှယ်နှင့် ဆက်တိုက် တိုက်ပေးခဲ့ရာ (၄၅)မိနစ်ခန့် တိုက်ပြီးသောအခါဦးခေါင်းလှုပ်လာကြောင်း၊ ဆက်လက်ပွတ်တိုက်ပေးခဲ့ရာ မကြာမီ လူမှန်းသိလာကာ ကုလားထိုင်တွင် ထိုင်ပေးရကြောင်း။ ဆက်လက်၍ အဆက်မပြတ် ပွတ်တိုက်ပေးခဲ့ရာ များမကြာမီ လူမမာက ထမင်းစားလိုကြောင်း ပြောလာသဖြင့် ထမင်းကျွေးရပါကြောင်း။


