အာရုံကြောညှပ်ပါက အောက်ပါအတိုင်း ခံစားရလေ့ရှိသည် –
1. အာရုံကြောတစ်လျှောက် နာကျင်ကိုက်ခဲခြင်း
• ခါးမှတစ်ဆင့် → တင်ပါး → ခြေထောက်အထိ သို့မဟုတ်
• လည်ပင်းမှတစ်ဆင့် → ပုခုံး → လက်မောင်း → လက်ဖဝါးအထိ နာကျင်ခြင်း။
2. နာကျင်မှုပုံစံများ
• ပူစပ်ပူလောင်ဖြစ်ခြင်း၊ စူးခနဲဖြစ်ခြင်း၊ လျှပ်စီးစီးသကဲ့သို့ (သို့မဟုတ်) ဓာတ်လိုက်သကဲ့သို့ ခံစားရခြင်း။
3. ထုံကျင်ခြင်း
• လက်မောင်း၊ ခြေထောက်၊ လက်ချောင်း၊ ခြေချောင်းများတစ်လျှောက် ထုံကျင်ခြင်း သို့မဟုတ် ထုံကျဉ်ကျဉ်ဖြစ်ခြင်း။
4. အပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်း
• အပ်နှင့်ထိုးသကဲ့သို့ စူးခြင်း သို့မဟုတ် တစ်ကိုယ်လုံး လျှပ်စစ်စီးသကဲ့သို့ ဖြစ်ခြင်း။
5. ကြွက်သားအားနည်းခြင်း
• ပစ္စည်းကို မြဲမြံစွာ မကိုင်နိုင်ခြင်း။
• လမ်းလျှောက်လျှင် ခြေထောက်တွင် အားမရှိသကဲ့သို့ ဖြစ်ခြင်း။
• (အချို့သူများတွင်) ခြေဖျား ထောင်မရခြင်း။
6. ကိုယ်နေဟန်ထားကြောင့် နာကျင်မှုပြောင်းလဲခြင်း
• ကြာရှည်ထိုင်ခြင်း၊ ခါးကုန်းခြင်း သို့မဟုတ် ကိုယ်ကိုလိမ်ခြင်းများ ပြုလုပ်ပါက ပို၍နာကျင်လာခြင်း။
• ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ဝမ်းညှစ်ခြင်းများ ပြုလုပ်ပါက ဆတ်ခနဲ နာကျင်ခြင်း။
အဖြစ်များသော အကြောင်းရင်းများ…
• ခါးရိုးဆစ်ကြားရှိ အရွတ်ပြားကျွံခြင်း (သို့မဟုတ်) ပျက်စီးယိုယွင်းခြင်း။
• ခါးရိုးဆစ်များ ချော်ထွက်ခြင်း။
• ကြွက်သား သို့မဟုတ် အသားမျှင်များ တင်းကျပ်လွန်းပြီး အာရုံကြောကို ဖိမိခြင်း။
• ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း နှင့် ပစ္စည်းမခြင်းများတွင် ကိုယ်နေဟန်ထား မမှန်ကန်ခြင်း။
• ကြာရှည်စွာ ထိုင်ခြင်း၊ ကားမောင်းခြင်းနှင့် အနေအထားမပြောင်းဘဲ နေခြင်း။
ဤလက္ခဏာများသည် နောက်ကျောနှင့် အာရုံကြောဆိုင်ရာ ပြဿနာများအတွက် အရေးကြီးသော သတိပေးချက်များ ဖြစ်ပါသည်။
#credit






