ဘာနဲ့တွဲစားစား အရမ်းလိုက်ဖက်တဲ့ “ရှယ်အချဉ်ရည်” လုပ်နည်း
“တစ်လုပ်စားရုံနဲ့ လျှာပေါ်မှာ အရသာစုံသွားစေမယ့် အချဉ်ရည်လုပ်နည်းကို ရှာနေပါသလား?”
ဒီအချဉ်ရည်က အကင်ပဲဖြစ်ဖြစ်၊ ပေါင်းတာပဲဖြစ်ဖြစ်၊ ပင်လယ်စာနဲ့ပဲဖြစ်ဖြစ် ဘာနဲ့တွဲစားစား အရသာကို နှစ်ဆတိုးသွားစေမှာပါ။
အချဉ်၊ အစပ်၊ အချို အရသာတွေ မျှတနေပြီး နံနံပင်နဲ့ ပူစီနံနံ့လေးက ဆွဲဆောင်မှုအရှိဆုံးပါပဲ။
တစ်ခွက်စာ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
(အရသာနှံ့စပ်အောင် သေချာလေး ကြမ်းကြမ်းလေး ရောမွှေပေးဖို့ လိုပါတယ်)
- နံနံပင် (အမြစ်ပါ) ၄ ပင်
- ငရုတ်သီးစိမ်း ၁၅ တောင့်
- ငရုတ်သီးနီတောင့် ၅ တောင့်
- ကြက်သွန်ဖြူ အမွှာ ၂၀
- ထန်းလျက် စားပွဲဇွန်း ၂ ဇွန်း
- သံပရာရည် စားပွဲဇွန်း ၈ ဇွန်း
- ငံပြာရည် စားပွဲဇွန်း ၉ ဇွန်း
- အချိုမှုန့် လဖက်ရည်ဇွန်း ၁/၄ ဇွန်း (စိတ်ကြိုက်ချိန်ညှိနိုင်သည်)
- ပူစီနံရွက် ၁၂ ရွက် (ရနံ့ပိုမိုက်သွားအောင် ထည့်ပေးပါ) အများကြီးလုပ်ထားချင်သူတွေအတွက် (၅ ခွက်စာ အချိုးအစား)
ရောင်းတန်းပဲဖြစ်ဖြစ်၊ အိမ်မှာ အများစာ လုပ်ထားချင်သူတွေအတွက် ဒီအချိုးအစားအတိုင်း ပြင်ဆင်နိုင်ပါတယ်နော်။ - ငရုတ်သီးစိမ်း ၃၅၀ ဂရမ်
- ကြက်သွန်ဖြူ ၃၅၀ ဂရမ်
- နံနံပင် (အမြစ်ပါ) ၁၅ ပင်
- အုန်းထန်းလျက် ၅၀၀ ဂရမ်
- ငါးငံပြာရည်အစစ် ၄၀၀ ဂရမ်
- သံပရာရည်အစစ် ၄၅၀ ဂရမ်
- ဆား ၁၀ ဂရမ်
- အချိုမှုန့် ၆၁၀ ဂရမ် (စိတ်ကြိုက်ထည့်နိုင်သည်)
- ပူစီနံရွက် ၄၅ ရွက် ပြုလုပ်နည်း အကြံပြုချက်
၁။ ပါဝင်ပစ္စည်းတွေကို ညက်နေအောင် မထောင်းဘဲ ကြမ်းကြမ်းလေး ရောမွှေပေးတာက ပိုစားလို့ကောင်းစေပါတယ်။ အကုန်လုံးညက်သွားတာထက်စာရင် အဖတ်လေးတွေပါနေတာက ပိုစားလို့ကောင်းပြီး ကြည့်ရတာပိုလှပါတယ်။
၂။ ထန်းလျက်ကို အသုံးပြုထားလို့ အရသာက လေးလေးပင်ပင်နဲ့ ချိုမြိန်နေမှာပါ။
၃။ ပူစီနံရွက်လေး ထည့်လိုက်တဲ့အခါ ထွက်လာတဲ့ ရနံ့က စားချင်စဖွယ်ကို ဖြစ်စေမှာပါ။
Credit






