Home COOKING မှိုပုစွန် ငရုတ်သီးစိမ်း ချက်နည်း

မှိုပုစွန် ငရုတ်သီးစိမ်း ချက်နည်း

25

ငွေနှင်းမှို ၂၀ သား ခြွေပြီးရေဆေး၍ ရေစစ်ထားပါ။ ကန်ပုစွန်ကြော့ ၁၀ သားကို ဆား အရသာမှုန့် ဆနွင်းနဲနဲနယ်ထားပါ။ ကြက်သွန်ဖြူ ၂ လုံးထုထားပါ။ ဒယ်အိုးထဲဆီလေးနဲနဲထည့်ပြီး ကြက်သွန်ဖြူနဲ့ ပုစွန်ကိုလုံးပါ။ ပြီးလျှင် ငွေနှင်းမှိုလေးအုပ်၍ ငရုတ်သီးစိမ်း ညှပ်ထည့်ပေးပါ။ မျှင်ငပိဟင်းစာဇွန်းတစ်ဇွန်းထည့်ပြီး ဆား အရသာမှုန့်လေးဖြူးပေးပါ။ ရေလေးပန်းကန်လုံးတစ်လုံးစာထည့်ပြီး ရေဆူလာရင် ရှမ်းနံနံလေး ၅ ခက်လောက်ညှပ်ပြီး အုပ်လိုက်ပါ။

#Credit Mar Lay