Home COOKING မရမ်းသီး ငပိထောင်း

မရမ်းသီး ငပိထောင်း

22

မရမ်းသီး ၅ ကျပ်သား ကို ရေဆေး ထက်ခြမ်းခွဲအစေ့ထုတ်ပြီးထား ပုစွန်ခြောက်ဟင်းစားဇွန်း ၁ ဇွန်း၊ ငရုတ်သီးစိမ်းကိုလှော်ထားပါ။ ကြက်သွန်ဖြူ ၂ လုံး အခွံနွှာထားပါ။ မျှင်ငပိ ဟင်းစားဇွန်း ၁ ဇွန်းမီးကင်ထားပါ။ ပုစွန်ခြောက်ကိုရေဆေးပြီး အရင်ထောင်းပါ။ ကြက်သွန်ဖြူထည့်ထောင်းပါ။ ငရုတ်သီးစိမ်းလှော်ထားတာထည့်ထောင်းပါ။ မရမ်းသီးထည့် ဆားပါတစ်ခါတည်းထည့်ထောင်းပါ။ နောက်ဆုံးမှမျှင်ငပိထည့်ထောင်းပါ။

Credit Mar Lay