Home COOKING ကင်မ်ချီထမင်းကြော်

ကင်မ်ချီထမင်းကြော်

31
ပါ၀င်ပစ္စည်းများ
  1. အအေးခံထားသောထမင်း – တရုတ်ထမင်းပန်းကန်လုံး ၄ လုံး
  2. ကင်မ်ချီ – တရုတ်ထမင်းပန်းကန်လုံး ၁ လုံး ခွဲ
  3. ကင်မ်ချီအရည် – ထမင်းစားဇွန်း ၄ ဇွန်း(မထည့်လဲ ရပါသည်။)
  4. ရေ – ထမင်းစားဇွန်း ၄ ဇွန်း
  5. ကိုရီးယား ငရုတ်သီးအနှစ်(ပုံမှာပြထားသောဗူးထဲမှ) – ထမင်းစားဇွန်း ၃ ဇွန်း (အစပ်ကြိုက်ရင် ၄ ဇွန်းထည့်ပါ။)
  6. နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  7. နှမ်း – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  8. ရေညှိ – ၁ ထုပ် (တခါစားအထုပ်)
  9. Bacon (or) Ham (or) Spam (or) ကြိုက်နှစ်သက်ရာအသား – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲ
  10. ဆီ -ထမင်းစားဇွန်း ၂ ဇွန်း
  11. ကြက်သွန်မြိတ် – ၂ ပင် (အစိမ်းေရာင်အပိုင်း)
ပြုလုပ်နည်း
  • အသားကို နှပ်ထားပါ။ Bacon (or)Ham (or) Spam ကိုအသုံးပြုလျှင် နှပ်စရာမလိုပါ။
  • နှပ်ထားသောအသား၊ ကင်မ်ချီ နှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။ ရေနှင့် ငရုတ်သီးအနှစ်ကို အရည်ဖျော်ထားပါ။
  • ကြော်မည့်အိုးကို မီးဖိုပေါ်တင်ပြီး အိုးပူလာလျှင်ဆီထည့်ပါ။ ဆီပူလာလျှင် အသားကိုထည့်ကြော်ပါ။ အသားကျက်လျှင် ကင်မ်ချီကိုထည့်ပြီးမွှေပါ။ ထို့နောက် ထမင်းကိုထည့်ပါ။ ကမ်ချီအရည် နှင့် ငရုတ်သီးအနှစ်အရည်တို့ကိုထည့်ပြီးမွှေပါ။ အရသာမြည်းကြည့်၍ ပေါ့နေလျှင် ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။
  • ပြီးနှမ်းဆီကိုထည့်ပြီး သမအောင်မွှေပါ။
  • အားလုံး သမသွားလျှင် မီးဖိုမီးကိုပိတ်၍ ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။
  • စားခါနီးတွင် ထမင်းထည့်၊ ထမင်းအပေါ်က နှမ်း၊ ကပ်ကျေးဖြင့်ပါးပါးညှပ်ထားသောရေညှိ ကိုတင် half-fried ကြက်ဥကြော်ဖြင့် သုံးဆောင် နိုင်ပါသည်။
    ( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5ml)

#credit