- ရေ (၁)ကုဗပေ = ၆၂.၄ပေါင်
- ရေ(၁)ဂါလံ = ၁၀ပေါင်
- ရေ(၁)ကုဗပေ = ၆.၂၄ဂါလံ
- ၄.၅လီတာ = (၁)ဂါလံ
- တစ်တန် = ၂၂၄၀ပေါင်
- ၁ပီပါ = (၅၀)ဂါလံ
ဥပမာ။ ။၄’x၄’x၄’ အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်
4’×4’×4′ = 64cuft (၆၄ကုဗပေရမည်)။ ၆၄ ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့ ၆.၂၂၉ဂါလံနဲ့ မြှောက်ရင်
64cuft ×6.24gal/ cuft = 399.36gal (၄၀၀)ဂါလံ
၁ဂါလံ ကို ၁၀ ပေါင် လေးတော့ ၄၀၀ဂါလံဆိုတော့ 400gal x 10 lb/gal = 4000lb
ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb ÷ 2240 lb/ton = 1.79 Ton
ရေရဲ့ သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။
၄ပေ ပတ်လည်အမြင့်၄ပေ ရေကန်ရဲ့ အလေးချိန်ဟာ ၂တန် နီးပါး ရှိပါတယ်ဗျ။အဲ့ဒါကို ခေါင်မိုးပေါ်တင်ပီး အုတ်ကန်လုပ်တော့ အုတ်ရဲ့ အလေးချိန် ကန်ရဲ့ အကျယ်ကြောင့် အလေးချိန်များပီး ဟိုနေ့ကလို ပွင့်ထွက်တာတွေ ဖြစ်ကုန်တာပါ။
လီတာလိုချင်လျှင် ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅လီတာမြှောက်
400gal x 4.5 lit/gal = 1800lit (၁၈၀၀)လီတာပေါ့ဗျာ
တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကုဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume) ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။ Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။ တခု သတိပြုရမှာက Unit အသုံးပြုရာမှာ US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။
US 1 gallon မှာ 3.785 liter နဲ့ 1cu ft of water = 7.481gallon
ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့ imperial gallon ဆိုတာကို လဲ မသိသေးသူများအတွက် ဗဟုသုတ အလို့ငှာ တင်ပြပေးလိုက်ရပါတယ်။
1 imperial gallon = 1.2 US gallon
#Crd
#အောင်မြင်မှုဆောက်လုပ်ရေး
#Knowledge
#Sharing