- မုန့်ညှင်း ထုပ် ၂ထုပ်
- ကြက်သွန်မိတ် ၁၀ပင်
- မုန်လာဥနီ ၂လုံး
- ကြက်သွန်ဖြူ ၃လုံး
- ကြက်သွန်နီ ၁လုံး
- ဂျင်း ၁တက်
- ငရုတ်ပုထောင်း
- ငရုတ်သီးအစိမ်းမှုန့်
- ဆား
- ငံပြာရည်
- ရသာမှုန့်
- ဂျုံမှုန့်
- သကြား
မုန့်ညှင်းထုပ်ကိုရေဆေးပြီးဆား၅ဇွန်းခန့်ထည့်၍၃/၄နာရီခန့်ရေစိမ်ထားပါ။ပြီးလျှင်ရေပြန်ဆေး၍ရေစင်အောင်စစ်ထားပါ။မုန်လာဥနီကိုအရှည်လေးခြစ်ထားပါ။ကြက်သွန်မိတ်ကိုလေးပိုင်းခန့်ဖြတ်ထားပါ။အနှစ်ပြုလုပ်ရန်ဇလုံးတစ်ခုထဲသို့ကြက်သွန်ဖြူထောင်း၊ကြက်သွန်နီ၊ဂျင်းကိုပါးပါးလှီးထည့်(သို့)အရည်ပဲညှစ်ထည့်ပါ။ငရုတ်ပုထောင်း၂ဇွန်း၊အစိမ်းမှုန့်၂ဇွန်း၊ဆားအနည်းငယ်၊ငံပြာရည်၁ဇွန်း၊ရသာမှုန့်၁ဇွန်း၊ဂျုံမှုန့်ဇွန်းတစ်ဝက်(စားပွဲတင်)ရေအနည်းငယ်ထည့်ပြီးပျစ်အောင်ကျိုပါ၊သကြား၁ဇွန်း၊မုန်လာဥနီတို့ကိုသမအောင်နယ်၍မုန့်ညင်းရွက်တစ်လွှာချင်းစီအောက်သို့ထည့်နယ်ပါ။အားလုံးနယ်ပြီးလျှင်အဝတ်ညှစ်သလိုညှစ်ပါ။အားမထည့်ပါနှင့်။ကြက်သွန်မိတ်ထည့်ပြီးလျှင်လေလုံဘူးထဲသို့ထည့်ပါ။အပြင်မှာတစ်ညထားပြီးရေခဲသေတ္တာထဲထည့်၍ရပါပြီရှင်။
အပင်ကို ထက်ခြမ်းခြမ်းပြီးအပင်လိုက်သိမ်းလဲရတယ်နော်။ တစ်ခါတည်းညှပ်ပြီးသိမ်းလဲရပါတယ်ရှင်။အရသာကတော့ကိုယ်ကြိုက်နှစ်သက်သလိုပြင်ပါ။အစပ်ကြိုက်လျှင်ငရုတ်ပုထောင်းပိုထည့်ပါ။
#credit – ချက်ကြည့်ကြစို့