Home COOKING မန္တလေးမုန့်တီ နန်းကြီးသုပ်

မန္တလေးမုန့်တီ နန်းကြီးသုပ်

21

ပါဝင်ပစ္စည်းများ

မုန့်ဖတ် တစ်ပိဿာ၊ ကြက်သား ရင်တခြမ်း၊ ငါးဖယ်ခြစ် တစ်ဆယ်သား၊ ဆီ နှစ်ဆယ်သား၊ ကြက်သွန်နီ ခြောက်လုံး၊ ကြက်သွန်ဖြူ နှစ်လုံး၊ ဂျင်း၊ ပဲမှုန့် အကျက်၊ ပုဇွန်ငံပြာရည်၊ ဗာမာနံနံ၊ သံပုရာသီး၊ မုန့်လာထုပ်၊ ငြုပ်သီးကြော်၊ အချိုမှုန့်၊

ကြက်သား ချက်ရန်

ကြက်သားတွေ သန့်စင်ပြီး ဆား ဆနွင်း ငံပြာရည် နဲ့ရေနဲနဲ ထည့် ပြုတ်ပါ ။ ကျက်လျှင် အသားနွှင် ပြီး အိုးထဲ ဆီ ထည့်၊ ဂျင်း ကြက်သွန်ဖြူ ထောင်း ပြီး ဆနွင်း အရောင်တင် နဲ့ဆီသက် ပေးပါ ။ ဆီပြန်လျှင် ရေ နို့ဆီဗူး တဗူးလောက် ထည့်ပြီး ဆူလျှင် ငါးဖယ်ခြစ် လုံးထည့် ပေးပါ ။ ငါးဖယ် ကျက်လျှင် အချိုငံ မြည်းး ပြီး ကြက်သားဟင်း မုန့်ထဲ ထည့်ရန်။ (ကြက်သားဟင်းကို ဆီကျန် ရေကျန် လေး ချက်ပါက မုန့်ထဲ ဟင်းရည် ဆမ်းပြီးထည့်နယ်ရန်အတွက်ပါ။)

ဆီသက်ရန်

အိုး ထဲ ဆီ ထည့်ပြီး ဆီ ကျက်လျှင် ကြက်သွန်နီ သုံးလုံး ပါးပါး လှီး ပြီး ကြော် ပါ ကျက်လျှင်ဆယ် ထားပါ ။ ကျန် ဆီ နဲ့ ဆနွင်း ကော်ဖီ တစ်ဇွန်း ထည့် ပြီး ကြက်သွန်ဖြူ ထောင်း ဆီသက်ပါ ။ အဖြူ ကျက်လျှင် အရောင်တင် စတီးဇွန်း တစ်ဇွန်း ထည့်ပြီး မွှေပြီး မီးပိတ်ပါ ။

ဟင်းချိုရည်

ရေ လိုသလောက် ထည့်ပြီး ဆူအောင် တည်ပါ။ ဂျင်း ကြက်သွန်ဖြူ ထောင်း ထည့်ပါ ။ ငါးဖယ်လေးတွေ လုံး ထည့်ပါ။ မုန့်လာထုပ် ပါးပါးညှပ် ထည့် နိုင်ပါသည် ။ ဟင်းရည် ဆူလျှင် ငံပြာရည် အနည်းငယ် အချိုငံ မြည်း ပြီး ဗမာနံနံ ထည့် သုံးဆောင် နိုင်ပါသည် ။

မုန့်လာထုပ် ပါးပါးလှီးထားပါ ။