Home COOKING အရည်သောက်ဟင်းချက်နည်း

အရည်သောက်ဟင်းချက်နည်း

19

၁။     ပဲဟင်းချက်နည်းများ

ပဲကြီး                            နို့ဆီဘူး ၃ ဘူး

ဆား၊ ငံပြာရည်               သင့်ရုံ

ဆူးပုတ်ရွက်နု                  ၁ စည်း

ဆီ                                ၂ ကျပ်ခွဲသား

ကြက်သွန်နီ                    ၂ ဥ

         ပဲကြီးနို့ဆီဘူး ၃ ဘူကို ရေစင်ကြယ်စွာဆေးပြီး တစ်ညရေစိမ်ထားပါ။ ရေနွေးနှင့်စိမ်ထားလျှင် အပွမြန်ပါသည်။

         နောက်နေ့ အခွံချွတ်ပါ။ ဒယ်အိုးတွင် ပါးပါးလှီးထားသော ကြက်သွန်နီနွမ်းရုံ ဆီသတ်ပါ။ ဆား၊ ငံပြာရည် သင့်ရုံထည့်ပါ။ စားခါနီး ဆူးပုတ်ရွက်ခပ်ပါ။

၂။      ပဲစင်းငုံ

         ပဲစင်းငုံ                                   ၂၀ ကျပ်သား

         ဆား၊ ငံပြာရည်                        သင့်ရုံ

         ဆီ                                         ၂ ကျပ်ခွဲသား

         ချင်း                                       လက်တစ်ဆစ်

         ကြက်သွန်နီ                             ၃ ဥ

         ပဲစင်းငုံချက်လိုလျှင် အခွံနှင့်အမှိုက်သရိုက်များကင်းစင်အောင် ဆန်ခါနှင့်ပြာပြီး ရေစင်အောင်ဆေးပါ။ ရေတစ်နာရီခန့် စိမ်ထားပါ။

         ကြက်သွန်နီဥကြီး ၁ ဥနှင့် အဖြူ ၁ ဥ၊ ချင်းတို့ ညက်အောင်ထောင်းထားပါ။

         ရေစိမ်ထားသောပဲများကို အိုးတစ်လုံးတွင်ထည့်၍ နူးအောင်ပြုတ်ထားပါ။ ပဲများနူးလျှင် အသင့်ထောင်းထားသော ကြက်သွန်၊ ချင်းတို့ထည့်၍ ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပဲများကိုထည့်၍ မွှေပါ။ ပဲပြုတ်များကို အရည်ပါလောင်းထည့်ပြီးချက်ပါ။