Home မုန့်လုပ်နည်း လမ်းသရဲမုန့်/မုန့်ပျဉ်းသလပ်/ရေမုန့်/မုန့်ရေပါး

လမ်းသရဲမုန့်/မုန့်ပျဉ်းသလပ်/ရေမုန့်/မုန့်ရေပါး

13

မုန့်နှစ်ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် – ၂ခွက်
  2. ရေ – ၄ခွက်
  3. ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  4. ဆား – လက်ဖက်ရည်ဇွန်း တဝက်

———————————–

အစာပလာပါဝင်ပစ္စည်းများ

  1. ပဲပြုတ် – ၅ကျပ်သား
  2. ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီး ပါးပါးလှီးပါ)
  3. ဂေါ်ဖီ – တစိတ် (ပါးပါးလှီးပါ)
  4. ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)
  5. နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
  6. မဆလာ – စားပွဲ တင်ဇွန်း ၂ဇွန်း

———————————-

လမ်းသရဲမုန့်ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဆန်မှုန့်၊ ဆိုဒါ) ကို သမအောင် ရောနယ်ပါ။ ပြီးမှ (ရေ၊ ဆား) တို့ကို သမအောင် ရောမွှေထားပြီး နာရီဝက်ခန့် ထားထားပေးပါ။

၂။  ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ခန့် ဒယ်ထဲသို့ ထည့်ပေးပါ။

၃။ ဆီပူလာလျှင် မီးကို လျှော့လိုက်ပြီးမှ ဆန့်မှုန့်ရည်(ယောက်ခွက်တစ်ဇွန်းစာ) (ဒယ်အရွယ်အစားပေါ် မူတည်၍) ထည့်ပေးပါ။

၄။ ထို့နောက်အပေါ်မှ ပဲပြုတ်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မဆလာ အနည်းငယ် ဖြူးပေးပါ။

၅။ မုန့်ဘေးသားများ ကြွပ်လာသည်အထိ မီးအသင့်တင့်ဖြင့် အဖုံးအုပ်ပြီး ကြာကြာထားပေးပါ။

၆။ မုန့်ဘေးသားများ ကြွပ်လာပြီဆိုမှ လမ်းသရဲမုန့်ကို တဝက်ခေါက်ပြီး စားသုံးနိုင်ပါပြီ။

#credit