Home မုန့်လုပ်နည်း အာပုံမုန့် လုပ်နည်း

အာပုံမုန့် လုပ်နည်း

11

အာပုံမုန့် လုပ်ရန် ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် – ၁ခွက် (၁၂၀ ဂရမ်)
  2. ကြက်ဥ – ၁လုံး
  3. သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  4. ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  5. ဆိုဒါ(baking soda) – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  6. ရေ – ၁ခွက်

အုန်းနို့နှစ်တွင် ပါဝင်ပစ္စည်းများ

  1. အုန်းနို့ခရင်း – ၁၆၀ ဂရမ်
  2. သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
  3. ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ပြင်ဆင်နည်း

၁။ ခွက်ထဲတွင် (ဆန်မှုန့်၊ သကြား၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီးလျှင် ကြက်ဥ၊ ရေ(၁ခွက်) ထည့်ပြီ hand mixer (သို့) မွှေတံ (wirewhisk) ဖြင့် ခပ်နာနာလေး အာပုံမှုန့် အရည်ချောမွေ့သွားသည်အထိ မွှေပေးပါ။

၃။ ပြီးလျှင် အုန်းနို့အနှစ်ချက်ရန် (ဒယ်ထဲ အုန်းနို့ခရင်းထည့်ပြီ ပျစ်အောင် ၁မိနစ်ခန့် တည်ထားပါ။)

၄။ ထို့နောက် (သကြား၊ ဆန်မှုန့်) တို့ကို ရောမွှေလိုက်ပြီ ပျစ်လာလျှင် မီးပိတ်ပြီ  ခွက်တစ်ခုထဲထည့်ထားပါ။

မုန့်ပြုလုပ်နည်း

  1. ဒယ်ထဲ ဆီထည့်ကာ စက္ကူဖြင့် ဒယ်ပတ်ပတ်လည် ဆီသုတ်ပေးပါ။
  2. မီးများများဖြင့် တည်ပါ။ ဒယ်ပူလာလျှင် အာပုံမှုန့် အနှစ်ရည်(ခွက်တဝက်)ကို လောင်းထည့်ပေးပြီ ဒယ်ကို စောင်းကာ အနှစ်ရည်များ အဝိုင်းပုံ ပြန့်သွားအောင် ပြုလုပ်ပါ။
  3. အာပုံ ဘေးသားများကြွပ်ရွ လာပြီ အညှိရောင်သန်းလာလျှင် ပန်းကန်ပြားတစ်ခုပေါ် တင်ထားပါ။ ထိုနည်းအတိုင်း အာပုံအနှစ်ရည်များကုန်သည်အထိ အာပုံမုန့်များကို ပြုလုပ်ပေးပါ။
  4. အာပုံမုန့်ပေါ်သို့ အုန်းနို့ရည်(စားပွဲတင်ဇွန်း ၂ဇွန်း)ကို ဆမ်းပြီ အပေါ်မှ သကြားအနည်းငယ်ဖြူး ပေးပါ။

#crd