ကားမ မောင်းတတ်သေး သူများအတွက် ဗဟုသုတ နှင့် အခြေခံနားစေလည် ရန်ရည်ရွယ်ထားပါသည်။ ( manual gear type) ကို ဖော်ပြ ပါမည်။
manual gear သည် အောက် တွင် ပြထားသည့် နမူနာပုံစံအတိုင်း ထိုးရမည်။ manual gear ကားများတွင် ခြေနင်း ၃ ခု ပါသည်။ ညာဘက် အစွန် သည် လီဗာ အလယ် သည် ဘရိတ် ဘယ်ဘက်တွင် ကလပ် ရှိသည် ။ ဘရိတ်နှင့် လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည် ။ လီဗာကို ကား အရှိန်မြှင့်ရန် ဘရိတ် ကို အရှိန် လျှော.ရန် ကလပ် ကို gear freeပြုလုပ် ရန် သုံးသည် ။ ဂီယာ numberအားသိရန်စမ်းသပ် ပုံမှာကလပ် ကိုနင်း၍ gear တံကို ဘယ်ညာလှုပ်ရမ်းကြည့် လိုက်ပါ။ အနည်းငယ်သာလှုပ်၍ရပြီး ထောက်နေပါက gear ဝင်နေသည်။ ဂီယာတည်ရှိရာနေရာကို ထိုပုံကိုကြည့်၍ ခန့်မှန်းပါ။ ဂီယာတံအား N နေရာရောက် အောင် ကလပ်နင်းပြီး ရွှေ့လိုက်ပါ။
ဂီယာတံကို ဘယ်ညာလှုပ်ကြည့်ပါက ချောင်ချောင်ချိချိလှုပ်၍ရပြီဆို ပါက gear free အ နေ အထားပင် ဖြစ်သည် ။ ကားကို စက်စနှိုးတော့မည် ဆိုပါက gearကို free အ နေအထားရှိရမည်။ ကလပ်ကိုနင်း၍ နှိုးရမည်(gear free ဖြစ်ပါက နှိုး၍ရသောကြောင့် N နေ ရာတွင် ထားလျှင်လည်းရသောကြောင့် N နေရာသို့ ရှေ့ထားပါက ပိုကောင်းသည်)မြေမညီပါကကားလိမ့်နိုင် သဖြင့် brakeကိုလည်း နင်း ထားပါ။ ထို့နောက် သော့ကို ညာလှည့် ပြီးစက်နှိုး လိုက်ပါ ။ စက်နှိုးပြီးပါကကလပ်ကို နင်းထားရင်း gear ကို 1နေ ရာ သို့ ထိုး လိုက်ပါ ။ လီဗာကို အနည်းငယ် နင်းထားပြီးကလပ် ကို ဖြေးဖြေးချင်း လွှတ်လိုက်ပါ ။ ကားသည် ဖြေးဖြေးချင်း ရွှေ့သွားပါကကလပ်ကို လွှတ်ရင်းလီဗာကို အနည်းငယ်ထပ်နင်းပါ(လီဗာကို မနင်းထားပါက စက်ရပ်သွားမည်) ကလပ်ကို အဆုံးလွှတ်ပြီး လီဗာကို နင်းထားပါက ကားစတင်ပြေးမည်ဖြစ်သည်။ လီဗာကို မြှင့် မောင်းရင်းကားသည် လိုသလောက်မပြေးဘဲ လေးနေပါကကလပ်ကို နင်း၍ ဂီယာ ကို 2,3,4,5အစဉ်လိုက်တင်၍ မောင်းပါ ။ အရှိန် နည်းနည်း ဖြင့် ဘရိတ် အုပ် လျှင် ကလပ် တွဲနင်း ပါ ။
ဂီယာ နံပါတ်အသေးသည် အကြီးလောက်မမြန်သော်လည်း ရုန်းအားပိုကောင်းသည်။ (ဂီယာပင်နယံကို မဆိုလိုပါ။ နံပါတ် ၁ သည် ၄ လောက်မမြန်) အမြင့် တက် ရာ တွင် နံပါတ်အသေးပြောင်းပါ ။ ဂီယာကို လိုသလို ပြောင်းလဲအသုံးပြုနိုင်အောင်လေ့ကျင့်ပါ ။ ကားကို နောက်ဆုတ်မည်ဆိုပါက R နေရာတွင် ဂီယာကိုထားရမည် ။ နောက်ကြည့် မှန် ကို ကားမောင်းတိုင်းကြည့်ရမည်။ ထိုမှန်မှသာ ကြည့်၍ နောက်မှအရာများကိုမထိအောင်မောင်းရမည် ။ ကုန်းတက်မှာ ရပ်ထားမယ်ဆိုရင် ကလပ်နဲ့ ဘရိတ်တွဲနင်းပါ (အချိန်အဆတော့လိုပါတယ်) နံပါတ် ၁ ထိုးထား ပါ။ ဟန်းဘရိတ်ဆွဲထားပါ။ စက်သတ်ပါ။ ပြန်ထွက်ချင်ရင် ဟန်းဘရိတ် ကောင်းရင်(ဝန် ကို ထိန်းနိုင်ရင်) တော့ ကလပ်နင်း၊ စက်နိုး ၊ လီဘာမှေးရင်း ဟန်းဘရိတ်ဖြုတ် ၍ တက်သွားရင်ရပါတယ်။ ဟန်းဘရိတ် မကောင်း(ဝန်ကို မနိုင်ရင်)တော့ ဘရိတ်နင်းထားပါ။(လီဘာနဲ့ ဘရိတ်တွဲ နင်းရမယ်) ကလပ်နင်း၊ စက်နိုး၊ ဟပ်ကလပ်သုံး၍ တက်ရပါမယ်။ကလပ်နှင့်လီဘာ ကိုကျွမ်းကျင်အောင် လေ့ကျင့်နေမှ အဆင်ပြေပါမယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည်။