Home HEALTH အရေပြားအောက်မှာ ရှင်သန်ကြီးထွားနေတဲ့ သံကောင်

အရေပြားအောက်မှာ ရှင်သန်ကြီးထွားနေတဲ့ သံကောင်

6

Cutaneous Larva Migran (အရေပြားအောက်မှာ ရှင်သန်ကြီးထွားနေတဲ့ သံကောင်)

Hookworm ချိတ်သံကောင်ကြောင့် ဖြစ်တာပါ။ ချိတ်သံကောင်တွေထဲမှာမှ Ancylostoma braziliense လို့ခေါ်တဲ့ ချိတ်သံကောင် ကြောင့်ဖြစ်တာများတယ်လို့ဆိုပါတယ်။

အဲ့ဒီ သံကောင်တွေက ခွေး၊ ကြောင်လို အိမ်မွေးတိရစ္ဆာန်တွေရဲ့ အူထဲမှာ ရှိတတ်ပြီး သူတို့ပါချလိုက်တဲ့ မစင်ထဲမှာလည်း သံကောင် ဥ တွေ အများကြီး ရှိနေတတ်ပါတယ်။ အဲ့မစင်ကနေမှ မြေကြီးပေါ်ရောက်သွားပြီး အဲ့ဒီ သံကောင်ဥတွေရှိနေတဲ့ မြေကြီးကို ထိတွေ့မိတဲ့ လူတွေကို ထပ်ပြီး ကူးစက်စေပါတယ်။ သဲဆန်တဲ့မြေတွေမှာ အများဆုံးရှိတတ်ပါတယ်။

ငါးချဉ် ပုစွန်ချဉ် တွေ အစိမ်းသုပ်စားတဲ့သူတွေမှာလည်း ဖြစ်တတ်တယ်လို့လည်း သိရပါတယ်။
ယားယံတာတွေ၊ အင်ပြင်ထတာတွေဖြစ်တတ်ပြီး အရေပြားအောက်မှာပဲ ကြီးထွားလာပါတယ်။

ကုသမှုအနေနဲ့ကတော့ သံချဆေး Albendazole 400 mg ကို ဝါးစားပေးရပါတယ်။ (သံချဆေးကို အစာစားပြီးသောက်ရင် အူလမ်းကြောင်းမှာရှိတဲ့ သံကောင်သေတယ်၊ အစာမစားမီသောက်ရင် သွေးထဲမှာရှိတဲ့ သံကောင်သေတယ်လို့လည်း မှတ်သားဖူးပါတယ်။ ဒါပေမယ့် သေချာရှာဖတ်ကြည့်မိတော့ အစာစားပြီး အထူးသဖြင့် အဆီပါတဲ့အစာစားပြီး ဝါးစားတာ၊ ချေ(ခြေ)စားတာကသာ ကိုယ်ခန္ဓာက စုပ်ယူမှု ပိုမိုလျင်မြန်စေပြီး မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။)

အရေပြားကို အပေါက်သေးဖောက်ပြီး သံကောင်ကို ညှပ်နဲ့ ဆွဲထုတ်လို့လည်းရသလို ဆေးသောက်ရုံနဲ့လည်း သံကောင်ကို သေစေနိုင်ပါတယ်။ သူ့အလိုလိုလည်း သံကောင်က သေသွားနိုင်တယ်ဆိုပေမယ့် သံဥနဲ့ သားလောင်းတွေက အရေပြားအောက်မှာ တစ်နှစ်လောက်အထိ ရှင်သန်နိုင်တယ်ဆိုတာကတော့ မသတီစရာပါပဲ။

ဒါကြောင့် တကိုယ်ရေ သန့်ရှင်းရေးကိုဂရုစိုက်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သံချပေးတာ၊ အသားစိမ်းငါးစိမ်းတွေမစားတာ၊ ကိုယ်ကိုယ်တိုင်နဲ့ သားသမီးတွေကို သံချဆေးတိုက်ပေးတာမျိုးနဲ့ ဒီလို သံကောင်ကူးစက်မခံရအောင် ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေဗျာ။

#Credit to original uploader