Home GENERAL ဘေးကင်းပြီး ကြံ့ခိုင်မှုရှိဖို့အတွက် သင့်ကားကို ဒီအချက်တွေ အမြဲစစ်ဆေးပါ

ဘေးကင်းပြီး ကြံ့ခိုင်မှုရှိဖို့အတွက် သင့်ကားကို ဒီအချက်တွေ အမြဲစစ်ဆေးပါ

2

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်။ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ SUSPENSION ပိုင်းလို့ခေါ်တဲ့သင့်ကား အောက်ပိုင်း ရောဂါတွေပါ။ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆိုကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာအင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။

ဒါပေမယ့် ကားအောက်ပိုင်း SUSPENSIONပိုင်းက ပစ္စည်းတွေပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီးသင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ကားရဲ့လုံခြုံစိတ်ချရမှု SAFETY အတွက်သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ကားအောက်ပိုင်းရောဂါလက္ခဏာတွေကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (SUSPENSION) ကို အဓိကအားဖြင့်အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

  • ( TIE ROD ) တိုင်းရော့
  • ( TIE ROD END OR RACK END ) မိန်းလုံး
  • ( BALL JOINT ) ဘောလ်ဂွိုင့်
  • ( CONSTANT VELOCITY -CV JOINT ) ဒူးဆစ်
  • (STABILIZER BAR ) နှုတ်ခမ်းမွှေးလိုင်း
  • (SHOCK ABSORBER ) ရှော့ခ်ဘား
  • (UPPER ARM ) အပေါ်လက်ဝါး
  • (LOWER ARM ) အောက်လက်ဝါး
  • (COIL SPRING ) ကွိုင်စပရင်
  • (RUBBER BUSHING ) ရာဘာဘွတ်
  • (BELLOWS ) သဲကာ

အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။

အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့ BRAKE SYSTEM ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (TIE ROD )နဲ့မိန်းလုံး(TIE ROD END OR RACK END) မကောင်းရင်ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ထင်ရှားတဲ့ လက္ခဏာ ကတော့သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေအပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်းအဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာပျက်စီးမှု အများဆုံး ပစ္စည်းပါ။တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေတွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊PRESS ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) BALL JOINT မကောင်းရင်ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ။

BALL JOINT မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကသင့်ကား အောက်ဘက်ထောင့်ဆီကနေတစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်အဲဒီအသံက ထွက်လာတယ်ဆိုရင်အဲဒါ BALL JOINT မကောင်းတဲ့ လက္ခဏာပါပဲ ။ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။BALL JOINT က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာအဓိကထိန်းပေးထားတာမို့၊BALL JOINT မကောင်းဘူးဆိုတာနဲ့သင့်ကားစတီယာရင် ( STEERING ) ကို လာပြီးသက်ရောက်မှုတွေ ရှိလာပါမယ်။ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းကအနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကိုလာတိုးတာမျိုးတွေဟာ BALL JOINT မကောင်းခြင်းရဲ့ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (CONSTANT VELOCITY -CV JOINT )

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ကားကဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။မနေ့ကပဲ ကားတစ်စီး ဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီးဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) SHOCK BAR , COIL SPRING , STRUTS မကောင်းရင်ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ။

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေကသိသာထင်ရှားပါတယ်။အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကိုသိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့အဲ့ဒါ SHOCK BAR , COIL SPRING , STRUTS တို့မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီးအပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်းမြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက

တာယာလေနည်းနေတာ ၊ တာယာလေပေါင်တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီးအသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (ALIGNMENT)မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) BRAKE မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ?

ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ဘရိတ်အုံတွေအရမ်းပူနေမယ်။ ဘရိတ်ကလစ်နဲ့ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်BREAK PADS တွေ ကုန်နေတာ၊ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) STEERING မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ။

စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကိုလှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင်STEERING FLUID နည်းနေတာဖြစ်နိုင်တယ်၊STEERING BELT ကြိုးလျော့နေတာ ဒါမှမဟုတ်ပွန်းစားနေတာဖြစ်နိုင်ပါတယ်. STEERING PUMPမကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ STEERING PUMP က O RING ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေအများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာကလမ်းမကောင်း တာရယ်၊ နောက် USED ကားတွေသာများတာကြောင့်ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကိုမလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်သဲတွေ ဖုန်တွေ ရွှံ.တွေကအထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကိုပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။

ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေသံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေသတိမမူဘဲမပြုပြင် မထိန်းသိမ်းရင်အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါလိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေအဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကားဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

*မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။