Home HEALTH အိပ်ဆေ:မသောက်ချင်သူတွေ အိပ်ပျော်စေရန် စားသင့်သော အစာများ

အိပ်ဆေ:မသောက်ချင်သူတွေ အိပ်ပျော်စေရန် စားသင့်သော အစာများ

6

အိပ်ရေး၀၀အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ သင်နှစ်ခြိုက်စွာအိပ်မောကျစေဖို့ အစားအစာတွေက အများကြီးကူညီနိုင်ပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျစေဖို့ ဦးနှောက်ကနေထုတ်လွှတ်ပေးတဲ့ဟော်မုန်း melatonin နဲ့ serotonin ၂ မျိုးကို ဖြစ်ပေါ်စေတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

  1. ငှက်ပျောသီး ငှက်ပျောသီးမှာ tryptophan ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်၂မျိုးလုံးက သင့်ကို ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီစေနိုင်ပါတယ်။
  2. အုတ်ဂျုံမုန့် ဆန်နဲ့အလားတူပါပဲ အုတ်ဂျုံမှာလည်း ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှုကြောင့် မအိပ်ခင်စားသုံးသင့်ပါတယ်။ melatonin ဓာတ်ဖြစ်ပေါ်စေတဲ့အတွက် အိပ်ပျော်စေနိုင်ပါတယ်။
  3. နို့ သင်နှစ်ခြိုက်စွာအိပ်မောကျစေဖို့ နောက်ထပ်အထောက်အကူဖြစ်စေမယ့် အစားအစာတစ်မျိုးကတော့ နို့ပဲဖြစ်ပါတယ်။ မအိပ်ခင်နွားနို့်ပူပူလေးတစ်ခွက်သောက်ခြင်းက melatonin ဓာတ်ကိုဖြစ်ပေါ်စေပြီး အိပ်ပျော်စေနိုင်ပါတယ်။
  4. အဆီများတဲ့ငါး ဗီတာမင် စီနဲ့ အိုမီဂါ သရီးဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးကိုစားခြင်းက နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ လေ့လာချက်တွေအရ ကြက်သား၊ အမဲသားနဲ့ ဝက်သားတို့လို အသားမျိုးတွေထက် ပိုပြီး အိပ်မောကျလွယ်စေပါတယ်တဲ့။
  5. ကီဝီသီး serotonin နဲ့ antioxidants တွေပါဝင်မှုကြောင့် နှစ်ခြိုက်စွာအိပ်မောကျစေဖို့ မအိပ်ခင်စားသုံးသင့်ပါတယ်။
  6. ထမင်းဖြူ ထမင်းဖြူမှာ glycemic index ပါဝင်မှုကြောင့် အိပ်ပျော်ဖို့လွယ်ကူစေပါတယ်။
  7. ဗံဒါစေ့ Melatonin နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် မအိပ်ခင်စားသင့်တဲ့ အစားအစာပဲဖြစ်ပါတယ်။ ထိုဓာတ်၂မျိုးလုံးက သင့်ကို အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
  8. ကြက်ဆင်သား မအိပ်ခင်မှာ စားသင့်တဲ့အစားအစာထဲမှာ ကြက်ဆင်သားလည်း ပါဝင်ပါတယ်။ ပရိုတင်းနဲ့ tryptophan ဓာတ်ပါဝင်မှုကြောင့် အိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။
  9. ဒိန်ခဲပျော့ casein ဓာတ်ပါဝင်မှုများပြားတာကြောင့် ညအချိန်အိပ်ပျော်ဖို့လွယ်ကူစေနိုင်ပါတယ်။ မအိပ်ခင် ၂နာရီနဲ့ ၃နာရီကြားအတွင်း စားသုံးခြင်းက သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။

#Credit