ပေါင်မုန့် ၄ ချပ်
သခွားသီး အသေး ၁ လုံး
ဟမ် / လန့်ချွန်မိ ၃ ချပ်/ လက်တလုံးအထူ
ကြက်ဥပြုတ် တလုံး
မေရိုးနိစ် ၂ စားပွဲဇွန်း
မာ့စတာ့ ၁ လက်ဘက်ရည်ဇွန်း
ဆား သင့်ရုံ
အနားသားတွေ လှီးထုတ်ပစ်ပီး အလယ်က နေ ထက်ခြမ်းခြမ်းပါ။ ဓါးထက်ထက်ကို သုံးပါ၊ ပေါင်မုန့်ရွေ့မသွားအောင် အဆာတွေ ရွေ့မသွားအောင် လက်နဲ့ ဖိထားရပါတယ်။ အပေါ်ကနေ ပေါင်မုန့် တချပ်နဲ့ ဖိကပ်ပေး ကြက်ဥပြုတ် (အကာကို မယူ) အနှစ်ကို ချေပါ။ မရောနိစ်နဲနဲ၊ မားစတာ့ နဲနဲထည့်ပြီး ပေါင်မုန့်ပေါ် သုပ်ပေးပါ။ လှီးထားတဲ့ အသားကို မရောနိစ်နဲ့ နယ်ပီး ပေါင်မုန့်ပေါ် ဖြန့်တင်ပေးပါ။ သခွားသီးကို အတုံးသေးသေးတုံး ဆားနည်းနည်း ထည့်နယ်၍ ခဏ နှပ်ထားကာ ရေ ညှစ်ထုတ်ပြီး မရောနိစ့်နဲ့ နယ်ပီး ပေါင်မုန့်ပေါ် ဖြန့်တင်ပေးပါ။
#crd to original up-loader