- ဘီးလေမရှိဘူး လေအရမ်းနည်းနေတယ်။ မောင်းလို့မရဘူး။ တာယာလိမ်သွားမယ် တာယာပျက်စီးသွားမယ်။ လေထိုးပါ အပိုဘီးနဲ့လဲပါ။
- အင်ဂျင်ဝိုင်မရှိဘူး အင်ဂျင်ဝိုင်မီးပြနေတယ်။ မောင်းလို့မရဘူး။ အင်ဂျင်နာမယ် အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်တယ်။ အင်ဂျင်ဝိုင်ဖြည့်ပါ စစ်ဆေးပြုပြင်ပါ။
- Heat မီးပြနေတယ် Heat တက်နေတယ်။ မောင်းလို့မရဘူး။ ဂတ်စကတ်ပြတ်မယ် အင်ဂျင်ချရတဲ့အထိဖြစ်နိုင်တယ်။ စစ်ဆေးပါ ပြုပြင်ပြီးမှဆက်မောင်းပါ။
- ညဘက်မောင်းနေရင်းရှေ့မီးကြီးတွေမလင်းတော့ဘူး။ မောင်းလို့ရတယ်။ မီးသေးဖွင့်ထားပါ စုံမီးဖွင့်ထားပါ တတ်နိုင်သမျှ ဖြည်းဖြည်းမောင်းပါ ကိုယ့်လမ်းကြောအတွင်းကပဲ မောင်းပါ အမြန်ပြုပြင်ပါ။
- ညဘက်မောင်းနေရင်းနောက်မီးတွေ မလင်းတော့ဘူး။ မောင်းလို့ရတယ်။ နောက်ယာဉ် ဝင်တိုက်မယ့်အန္တရယ်ရှိတယ်။ စုံမီးဖွင့်ထားပါတတ်နိုင်သမျှဘေးကပ်မောင်းပါ။ အမြန်ပြုပြင်ပါ။
- ABS မီးပြနေတယ်။ မောင်းလို့ရတယ်။ စလစ်ဖြစ်မှာကို မထိန်းပေးတော့ပါ။ အရှိန်လျော့မောင်းပါ ရုတ်တရက် ဘရိတ်အကုန်နင်းတာကို တတ်နိုင်သမျှရှောင်ပါ မိုးဖွဲဖွဲ ရေစပ်စပ် အခြေအနေမှာ ပိုသတိထားမောင်းပါ။ စစ်ဆေးပြုပြင်ပါ။
- ဆီကုန်မီးပြပြီ။ မောင်းလို့ရတယ်။ များသောအားဖြင့် 4L, 5L လောက် လက်ကျန်ရှိ ပါသေးတယ် အနီးဆုံးဆီဆိုင်ရှာပြီး ဆီဖြည့်ပါ။
- SRS / လေအိတ်မီးလင်းနေတယ်။ မောင်းလို့ရတယ်။ လေအိပ်အကာကွယ် မရနိုင်တော့ပါ။ ခါးပတ်တပ်ထားပါ ဆင်ဆာပျက်တာ ကြိုးပြတ်တာ ဘောက်ပျက်တာကြောင့်လင်းတတ်ပါတယ်။ ကွန်ပျူတာထိုးစစ်ကြည့်ပြီး ပျက်တဲ့ပစ္စည်းလဲတာ ဝါယာရိန်းလိုက်တာ လုပ်ရပါမယ်။
- တံခါးမီးလင်းနေတယ်။ မောင်းလို့ရတယ်။ တံခါးတွေ lock သေချာကျလားစစ်ပြီးမှမောင်းပါ။ ရေဝင်တာ ကြိုးပြတ်တာ ခလုတ်ပြတ်တာကြောင့် ဖြစ်တတ်ပါတယ်။ စစ်ဆေးပြုပြင်ရပါမယ်။
- ဘရိတ်ကပ်နေတယ်။ မောင်းလို့မရဘူး။ ရှူးအပူလွန်ပြီး ညှော်နံ့ထွက်လာမယ်။ ရှူးပျက်စီးသွားမယ်။ ဘရိတ်ကို နင်းလိုက်လွတ်လိုက်လုပ်ကြည့်ပါ။ ကားကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ ဘရိတ်ကပ်နေသေးရင် ပြုပြင်သူကိုခေါ်ပါ။
- ဘရိတ်မမိဘူး။ မောင်းလို့မရဘူး။ ယာဉ်တိုက်မှုဖြစ်နိုင်တယ် ပြုပြင်သူကိုခေါ်ပါ။
- ဘရိတ်လျောနေတယ်။ မောင်းလို့ရတယ်။ ယာဉ်တိုက်မှုဖြစ်နိုင်တယ် သတိထားပြီးဖြည်းဖြည်းမောင်းပါ အနီးဆုံးဝပ်ရှောတွင် စစ်ဆေးပြုပြင်ပါ။
- ဘရိတ်ဆီမီးလင်းနေတယ်။ မောင်းလို့ရတယ်။ ဘရိတ်မိလားနင်းကြည့်ပါ ဘရိတ်မမိရင် မောင်းလို့မရပါ ဘရိတ်ဆီလျော့နေလား။ စစ်ပါ လျော့နေရင် ဖြည့်ပါ စစ်ဆေးပြုပြင်ပါ။
- ဘက္ထရီ မီးလင်းနေတယ်။ မောင်းလို့မရဘူး။ လမ်းမှာထိုးရပ်သွားနိုင်တယ်။ စက်သတ်ပြီး ပြန်နှိုးမရဖြစ်မယ်။ အချို့ လျှက်ထုတ်စက်လဲထားတဲ့ကားတွေမှာ လင်းနေလည်းမောင်းလို့ရတယ် ပြုပြင်သူကိုခေါ်ပါ။
- IMA မီးလင်းလာတယ်။ မောင်းလို့ရတယ်။ IMA ဘက္ထရီ အပူချိန်မြင့်နေတယ် ကားရပ် ခဏနားပါ။ တံခါးတွေဖွင့်ထားပါ IMA Fan လေပေါက်တွေမှာ ပိတ်ကာထားမိတာရှိရင် ဖယ်ရှားပါ။ မှန်ပိတ် အဲကွန်းဖွင့်မောင်းပါ။
- သော့ဘက္ထရီမီးပြနေတယ်။ မောင်းလို့ရတယ်။ သော့ဘက္ထရီမကောင်းတာ လှိုင်းမမိတာဖြစ်နိုင်တယ်။
- ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။ မောင်းလို့ရတယ်။ ဆီစစ်ပိတ်နေတာ ဆီပန့်မကောင်းတာ ပလပ်မကောင်းတာ ပလပ်ကွိုင်မကောင်းတာ ဖြစ်နိုင်တယ် စစ်ဆေးပြုပြင်ရပါမယ်။
- ခွေး ( သို့ ) အောက်ပိုင်းတစ်ခုခုနဲ့ တိုက်မိပြီး ရေတိုင်ကီပေါက်သွားတယ်။ မောင်းလို့မရဘူး။ Coolant တွေထွက်ကုန်ပြီး (နံပတ် ၃ ကြည့်) အင်ဂျင် Heat တက်လာမယ် ပြုပြင်သူကိုခေါ်ပါ။
- အောက်ပိုင်းတိုက်မိပြီး ဆီခံဗန်းကွဲသွားတယ်။ မောင်းလို့မရဘူး။ အင်ဂျင်ဝိုင် ဂီယာဝိုင်တွေ ထွက်ကုန်ပြီး (နံပတ် ၂ ကြည့်) အင်ဂျင် ဂီယာဘောက်ပျက်မယ် ပြုပြင်သူကိုခေါ်ပါ။
- Drive belt ပြတ်သွားပြီ။ မောင်းလို့မရဘူး။ ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။ စတီယာရင်လေးသွားမယ်ဘရိတ်မာသွားမယ်။ ဘက္ထရီ အားမဝင်တော့ဘူး။ အဲကွန်းမအေးတော့ဘူး ပြုပြင်သူကိုခေါ်ပါ။
- ကားကလူးပြီး ယိမ်းထိုးနေတယ်။ မောင်းလို့ရတာလည်းရှိ မရတာလည်းရှိ ။ ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။ တာယာတွေမကောင်းတာ၊ ဘီးနတ်တွေချောင်နေတာ၊ ဟက်ဘောတွေချောင်နေတာ၊ ဆွဲထိန်းတွေမကောင်းတော့တာ၊ စတီယာရင်စနစ်ယိုယွင်းလာတာ အောက်ပိုင်းအစိတ်အပိုင်းများ မကောင်းတော့တာကြောင့်ဖြစ်တယ် အမြန်ဆုံးစစ်ဆေးပြုပြင်ပါ။
မှတ်ချက်။ ။ ကားအမျိုးအစားနဲ့ပြသနာမတူနိုင်တာ ကားအကြောင်းသိနားလည်းကျွမ်းကျင်မှုမတူတာကြောင့် လှေနံဓါးထစ်မမှတ်ယူဘဲ အခြေအနေအရ လိုအပ်သလို ချိန်ဆယူသင့်ပါတယ်။ ကားနဲ့ပတ်သက်ပြီး သိပ်မသိသူများအတွက် အထောက်အကူရအောင် အတွေ့အကြုံအရ ရေးခြင်းဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည်။