တောင်ငူမင်းဆက် မင်းတပါး ဖြစ်သောဘုရင်နောင် မင်းတရားကြီး ဧ။် မိဖုရားတပါး ဖြစ်ခဲ့ပြီးထိုင်း ရာဇဝင်ထဲတွင်လွန်စွာချောမောလှပသော မင်းသမီး ဟုလူ သိများကြသည် ထို အတူ နတ်ဘုရားပါ ဟုလည်း ကြောက်ရွံ့ကြသည် ။ သူမတွင် သမိုင်း ဆိုင်ရာ အထောက် အထားများ လွန်စွာနည်းပါလှ သော်လည်း ပုံပြင်ဆန်ဆန် ဒဏ္ဍာရီ ဆန်ဆန် များစွာရှိ သည် ထိုအတူ ထိုင်း မြန်မာ မုန်းတီးရေ ဝါဒဧ။် ဒုတိယ ဇာတ်ကောင်ဆိုလည်း မမှားနိုင်ပါ ။

ယခု အချိန် အထိ အထောက်အထား ရှာဖွေဆဲ ပျောက်ဆုံးနေသော မိဖုရားတဦး ဟုလူသိများတဲ့မင်းမိဖုရားတပါး ဖြစ်သည်။ ထိုင်း ရာဇဝင်အချို.က ထိုမင်းသမီး သည် ရွှေအဆင်းကဲသို့ ချောမောလှပစေသည် လည်းကောင်း ၊မင်းသမီး သည် ၁၆ ရာစု အတွင် အချောမောဆုံး မင်းသမီးတပါး ဟု ကဗျာ ဆရာ အချို့က ဖွဲ.ဆိုထားကြသည်။ သူ့နာမည်က “ဆုပန်ကလျာ ” တဲ့။ သူမဟာ ပင်စနုလောက် က မဟာဓမ္မရာဇာ ရဲ့ သမီးတော်ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၅၆၉ မှာဘုရင့်နောင် ဟာ အယုဓယ ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ မဟာဓမ္မရာဇာကို လက်အောက်ခံအဖြစ်ထားရှိပြီး ထိုင်းမင်းသား Naresuan ကို ဟံသာ၀တီနေပြည်တော်ကိုခေါ်ဆောင်လာခဲ့ပါတယ်။

ဆုပန်ကလျာမင်းသမီး အသက် ၁၇ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက ဘုရင့်နောင်မင်းတရားကြီးထံမှာဆက်သပြီး သူမ၏မောင်ဖြစ်သူ မင်းသား Naresuan နဲ့ နေရာချင်းလဲခဲ့ပါတယ်။ သူမဟာ ၁၇ နှစ်အရွယ်မှာ နိုင်ငံရဲ့လိုအပ်ချက်အရ ဟံသာ၀တီနေပြည်တော်က ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရားငယ်တပါးဖြစ်လာပါတယ်။ ဘုရင့်နောင်ကွယ်လွန်တဲ့အခါမှာ သားတော် နန္ဒ ဘုရင်ကထီးနန်းဆက်ခံသိမ်းပိုက်တော့ ဆုပန်ကလျာက နန္ဒဘုရင်ရဲ့ မိဖုရားတပါး ဖြစ်လာပါတယ်။ သက္ကရာဇ် ၁၅၉၀ မှာတော့ အယုဓယ ဘုရင် ဆုပန်ကလျာ ရဲ့ဖခင်ဖြစ်သူ မဟာဓမ္မရာဇာကွယ်လွန် ပြီး အသက် ၂၉ နှစ်အရွယ် ဆုပန်ကလျာရဲ့မောင် မင်းသား Naresuan ကဘုရင်ဖြစ်လာပြီး အယုဓယကို ပြန်ယူဖို့လုပ်ပါတယ် ။

၁၅၉၂ မှာတော့ ဘုရင်ဖြစ်လာတဲ့ မင်းသား Naresuan နဲ့စီးချင်းထိုးရင်း နန္ဒဘုရင် ရဲ့သား အိမ်ရှေ့မင်းသား မဟာဥပရာဇာ ကွယ်လွန်ပါတယ် ။ ထိုင်းရာဇဝင်အချို့ရဲ့အဆိုအရ ဒါကိုနန္ဒဘုရင်ကသိတော့ ဒေါသအလွန်ထွက်ပြီး သူ့သားကိုသတ်တဲ့ သူတွေ တမျိုးလုံးတဆွေလုံးသေစေမယ်ဆိုပြီး ဟံသာ၀တီနန်းတော်မှာရှိနေတဲ့ ယိုးဒယား အစေအပါးတွေကိုသတ်စေတဲ့အပြင် ဆုပန်ကလျာမင်းသမီးကိုတော့ ကိုယ်တိုင်ဓါးနဲ့ ပိုင်းသတ်လိုက်ပါသတဲ့ ..သနားစရာကောင်းတာက အဲဒီအချိန်မှာ ဆုပန်ကလျာမင်းသမီးက နန္ဒဘုရင်နဲ့ရတဲ့သားငယ်လေးကိုနို့ချိုတိုက်ကျွေးနေတဲ့အချိန်ဆိုတော့ သားအမိနှစ်ယောက်လုံးသေပွဲ၀င်ခဲ့ရပါတယ် ။

ဒေါသက ကိုယ့်သွေးကိုယ်တောင်ပြန်သတ်မိတဲ့အထိကြောက်စရာကောင်းပါတယ် .။သနားစရာကောင်းတဲ့ တော်၀င်မင်းသမီးလေးရဲ့ ၀မ်းနည်းဖွယ်အဆုံးသတ်ပါပဲ။ ဒီအကြောင်းကို ထိုင်းသမိုင်းထဲကဖျောက်ထားပေမဲ့ ထိုင်းနိုင်ငံမှာတော့ တချို့နေရာတွေမှာ သူမရဲ့ပုံကို တရိုတသေချိတ်ဆွဲ ကာ တချို့ကလဲ ဂါရဝြပုလျှက်ရှိတာတွေ့ရပါတယ်။ သမိုင်းစာအုပ်ထဲမပါပေမဲ့ သူမရဲ့အကြောင်းကို ရုပ်ရှင်တွေရိုက် ပြဇာတ်တွေက နဲ့ ဒဏ္ဏာရီ တပုဒ်လိုစိတ်၀င်စားစရာ သနားစရာကောင်းတာတော့အမှန်ပါပဲ။

-ဆုပန်ကလျာ (မြန်မာ အခေါ်) ဗြဣန္ဒဒေဝီ
Suphankanlaya ( အင်္ဂလိပ် )
สุพรรณกัลยา ( ထိုင်း )
မွေးနေ့- ၁၅၅၅ ( မတိုင်မှီ သိုမဟုတ် ခုနှစ်တွင် ဖွားမြင် )
သေဆုံး -၁၅၆၇ ဇန်နဝါရီလ ၁၀ ရက် ( အသက် ၂၂ ခန်.မှန်း)
-ဖခင် အမည် Mahathammarachathirat ( 1509 -1590 )
(มหาธรรมราชาธิราช) ဗြမဟာဓမ္မရာဇာမင်း
-မိခင် အမည် Wisutkasat ( พระวิสุทธิกษัตรีย์) ဗြ၀ိသုကေသထရီ
-ခင်ပွန်း အမည် – ဘုရင်နောင်
မွေးချင်း ၃ ယောက် အကြီးဆုံး မောင် ၂ ယောက်
-Ekatotsarot(เอกาทศรถ)
-Naresuan (นเรศวร มหาราช) နရဲစွမ်း
သားသမီး ၁ ၊ ၂ အတိအကျ မဖေါ်ပြ ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

မြန်မာ ဘက်တွင် ထိုမိဖုရား အာ မိဖုရား မောင်းမ စာရင်းတွင် မတွေ ရှိပါ။ ထိုအတူမြန်မာ ရာဇဝင်များတွင် လည်းကောင်း မင်းသမီး အား ဗြဣန္ဒဒေဝီ ၊ သိုမဟုတ် မင်းမယ်ထွေး ဟုခေါ်ဆိုကြသည် ၁၅၆၇ ဇန်နဝါရီလ တွင် ဟံသာဝတီသို.ဆက်သသော မင်းသမီးတပါး ဟုသာ အကြမ်းဖျဉ်း သာဖေါ်ပြထားသည်။

မူရင်း‌အား လေးစားစွာဖြင့်