Home USABLE TIPS Battery ဝယ်ယူတဲ့အခါမှာ သိထားရမယ့် Watt အား တွက်ချက်ပုံ

Battery ဝယ်ယူတဲ့အခါမှာ သိထားရမယ့် Watt အား တွက်ချက်ပုံ

47

လျှပ်စစ်ပစ္စည်းတွေမှာ သူ့တို့သုံးစွဲတဲ့အားပမာဏ Watt ဆိုတာ‌လေး ကိုယ်စီရှိကြပါတယ်။
နေ့စဉ်အသုံးပြုနေတဲ့ မီးလုံးတစ်လုံးဟာ 40 ကနေ 100 W၊ ရေခဲသေတ္တာ တစ်လုံးဟာ 100 ကနေ 800 W၊ ထမင်းပေါင်းအိုး တစ်လုံးဟာ 300 ကနေ 900 W၊ ပန်ကာ တစ်လုံးဟာ 50 ကနေ 100 W စသဖြင့် အသီးသီးရှိတတ်ကြပါတယ်။
▪️ဒီလျှပ်စစ်ပစ္စည်းတွေအတွက် အားတွက်ချက်ပုံကတော့ ဥပမာ ကိုယ်က 100 W ရှိတဲ့ မီးသီးတစ်လုံးကို တစ်နေ့ 5 နာရီအသုံးပြုမယ်ဆိုကြပါစို့။ 100 W × 5 hours = 500 Wh ဟာ 5နာရီစာမီးလုံးအတွက် ကုန်ကျမယ့်အားပမာဏဖြစ်ပါတယ်။ ဒီနည်းအတိုင်း တစ်အိမ်လုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်းရဲ့ W ကို အသုံးပြုမယ့်ကြာချိန်နာရီနဲ့မြောက်ပြီး ထည့်ထည့်ပေါင်းသွားရင် တစ်နေ့တာလုံးမှာ လိုအပ်မယ့် Wh စုစုပေါင်းကိုရပါမယ်။
▪️ဘက်ထရီတစ်လုံးရဲ့ သိုလှောင်အားကိုတွက်ချက်တဲ့အခါမှာတော့ ဘက်ထရီမှာ ဖော်ပြထားတဲ့ Volt အားနဲ့ Ah နှစ်ခုကိုမြောက်လိုက်ရင် Wh ကိုရပါတယ်။
ဥပမာ 51.2V 100Ah Battery ရဲ့ အားဟာ 51.2V × 100Ah = 5120 Wh ဖြစ်ပါတယ်။ 5120Wh တနည်း 5.12 KWh သိုလှောင်အားရှိတဲ့ Battery နဲ့ဆိုရင် 100 W မီးသီးကို နာရီ (50)ကျော်အသုံးပြုနိုင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။