>> ဖော်စပ်နည်းမှာ << ၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည် ၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ် ရပါမည် - ဖန်ခွက်တွင်ထည့်ထားပါ ၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်း ကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည် ၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည် ၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်း အား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည် ၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ * မီးသွေးခဲကဲ့သို့ဖြစ်ပါသည် ၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည် ၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ






