Home COOKING အာပူ လျှာပူ ကြက်သောက်ဆမ်း ချဉ်စပ်ဟင်းချက်နည်း

အာပူ လျှာပူ ကြက်သောက်ဆမ်း ချဉ်စပ်ဟင်းချက်နည်း

38

ပါဝင်ပစ္စည်း =ကြက်သား /ငပိ/ဆီ/ဆား/

ကြက်သွန်မြိတ်/ရှမ်းနံနံ/ကြက်သွန်ဖြူ/နီ /

နနွင်း/အရသာမှုန့်/ငရုတ်ကောင်း/ စပါးလင်/ဂျင်း/

ငရုတ်သီးစိမ်း/ငရုတ်သီးလှော်/သံပုရာသီးပါဝင်ပစ္စည်းလေးတွေပါ။

“ပြင်ဆင်ရန်”

ပထမဆုံး = ကြက်သားကို ရေနဲ့ သန့်စင်အောင်ဆေးပေးပါ။

၁။ကြက်သွန်ဖြူ /နီ /ဂျင်း / ငရုတ်သီးစိမ်း /

ငရုတ်ကောင်းမှုန့်တို့ ထောင်းပေးထားပါ။

၂။ရှမ်းနံနံ / စပါးလင် / သံပုရာသီး / ငရုတ်သီးလှော် /

ကြက်သွန်မြိတ် /ငပိတို့ကို အသင့်ပြင်ဆင်ထားပေးပါ။

၃။ ရေဆေးထားတဲ့ ကြက်သားကို ဇလုံတခုထဲထည့်ပြီး အရသာနှပ်ပါမယ် …

၁=ကြက်သွန်ဖြူ /နီ/ဂျင်း / ငရုတ်သီးစိမ်း/

ငရုတ်ကောင်းမှုန့် ရောထောင်းထားတာထည့်ပါမယ်

ပြီးရင် နနွင်း / ငပိ/ ဆီ/ဆား/အရသာမှုန့် တို့ဖြင့်

အရသာဝင်အောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
_____________________________________

၄။ စချက်ပါမယ် = ဒယ်အိုးထဲကို ဆီထည့်ပါ ဆီပူရင်

အရသာနှပ်ထားတဲ့ ကြက်သားထည့်ပြီး လုံးချက်ပါ

ဆီပြန်လာရင် စပါးလင်ထည့်ပြီး ခန မွှေပေးပါ ပြီး

ရင် အရသာနှင့် ကြက်သားလေးတွေ နူးအိလာအောင်

ရေထည့်ပြီး အဖုံးအုပ်ပြီး ချက်ပေးပါ။

၅။ ကြက်သားတွေ နူးအိပြီး အရသာလေးအဆင်ပြေ

ပြီဆိုရင် နောက်ဆုံးမှာ ရှမ်းနံနံ /ကြက်သွန်မြိတ် /

ငရုတ်သီးလှော် သံပုရာရည် ထည့်ပြီး သုံးဆောင်

နိုင်ပါပြီနော် ….

ဆီပြန်ဟင်းတွေကြည့်စားနေရတာ ရိုးလာရင် ဒီလို

လေးချက်စားကြည့်ပါ….ခံတွင်းမတွေ့ ပါးစပ်ပျက်နေတယ်ဆိုရင်တော့

#credit