သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့်တစ်ပွင့်ကိုယူပြီး ခံတွင်းမှာငုံထားလိုက်ပါ။
သို့မဟုတ် ပါးစောင်မှာငုံထားလိုက်ပါ။
ရရှိမဲ့အကျိုးကျေးဇူးကတော့ သင်ဟာခါတိုင်း
မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင်
မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။
သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။
သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှ
ကာကွယ်ပေးနိုင်ပါတယ်။
သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှု ရှိသူတွေ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်သဖွယ်ဘဲ။
အအေးပတ် နှာစီး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနီသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။
ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။
ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့်(၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။ ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။
သွေ:တိုးရှိသူများဟာ မနက်ထ မျက်နှာသစ်ပြီး
သွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေးတိုးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
ညအိပ် မပျော်သူများဟာ ၂နာရီခန့်ကြိုတင်ပြီး
လေးညှင်းပွင့်ငုံထားပေးခြင်းဖြင့်အိပ်ပျော်စေနိုင်ပါတယ်။ (လေးညှင်းပွင့်ဟာ တိုင်းရင်းဆေ:ကျမ်းများအလိုအရ
ထက်မြက်တဲ့ဂုဏ်ရှိပါတယ်။ ပွင့်စေတဲ့သတ္တိအာကာသသတ္တိရှိပါတယ်။
ဝမ်းမီးတောက် အစာကြေ အူလမ်းကြောင်းပွင့်စေတဲ့
သတ္တီလည်းရှိတယ်။
အနောက်တိုင်း medicine အရတော့ လေးညှင်းရဲ့သတ္တိဟာ ရောဂါဗေဒမှာကုသရအခက်ဆုံးဖြစ်တဲ့ကင်ဆာကိုတောင် ကာကွယ်နိုင်တဲ့ သတ္တိရှိတယ်လို့ဆိုပါတယ်။
#credit






