ပါ၀င်ပစ္စည်းများ
—————
• ကြက်ဥအကာ -၄ ခု
• ကြက်ဥအနှစ် -၂ ခု
(မထည့်လည်းဖြစ်ပါတယ်၊
မုန့်လုပ်လိုက်လို့ ကြက်ဥအနှစ်
ပိုနေတာနဲ့ ထည့်လိုက်တာ)
• ကြက်သား -အနည်းငယ်
• ကြွကက်နားရွက်မှို-အနည်းငယ်
• ဂေါ်ဖီ အနည်းငယ်
• ပဲငံပြာရည် -လက်ဖက်ရည် ၁ ဇွန်း
• ဆား -လက်ဖက်ရည်ဇွန်း တစ်၀က်
• ဆီ – စားပွဲဇွန်း ၁ ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
*****************
၁။ ပထမဆုံးကြက်ဥ အကာတွေကို
ဆားနည်းနည်းထည့်ပြီးခေါက်ထားပါ။
၂။ အစာပလာကိုပြင်ပါမယ်။
ပထမဆုံး ဆီ စားပွဲဇွန်း ၁ဇွန်းလောက်ကို
ပူအောင်အပူပေးပြီး ကြက်သားနုပ်နုပ်စဉ်းထားတာကို
အရင်ကြော်ပါ။ တစ်ဆက်တည်း ဆား၊ပဲငံပြာရည်ကို ထည့်ပေးပါ။
၂မိနစ်လောက်ကြော်ပြီးရင် ကြက်ဥနှစ်၊မှိုနဲ့
ဂေါ်ဖီကိုထည့်ပြီး အဖုံးအုပ်ထားပါ။
ဂေါ်ဖီတွေပျော့လာပြီဆို အိုးပေါ်မှ ချပြီး အအေးခံပါ။
၃။ ဆီနည်းနည်းကို မကပ်တဲ့အိုးမှာအပူပေးပါ။
ပြီးရင် ကြက်ဥ ထမင်းစားဇွန်း ၂ ဇွန်းသာသာလောက်ကို
ထည့်မွှေပြီး ဒယ်အိုးကို ဝိုက်ချလိုက်ပါ။
ဒါမှ အစာပလာထည့်ဖို့ ခပ်ကြီးကြီးနဲ့ခပ်ပါးပါးရမှာမို့ပါ။
၄။ ပြီးရင်မီးပိတ်ပြီး ခုနကကြော်ထားတဲ့အစာတွေထည့်ပြီး ညင်ညင်သာသာလေး လိပ်ပေးပါ။
၅။ အဲဒီအတိုင်းပဲ ကြက်ဥအရည်ကုန်အောင် ဆက်လုပ်သွားပါ။
( ၄ခုလောက်ထွက်တယ်)
၆။ ပြီးရင် ကြက်ဥအသစ်တစ်လုံးကို ယူပြီးခေါက်မွှေပေးပါ။
ခုနကကြော်ထားတဲ့ ကြက်ဥလိပ်အစာသွတ်ကို
ကြက်ဥရည်ထဲနှစ်၊ ဂျုံထဲပြန်နှစ်ပြီး
ဆီပူပူမှာ ခဏပြန်ကြော်ပေးပါ။
နည်းနည်းလေးအညိုရောင်သမ်းရင်ရပါပြီ။
ဒါဆိုရင်တော့အရသာရှိတဲ့ ကြက်ဥလိပ် အစာသွတ်ကိုရပါပြီ။
#Credit






