Home HEALTH ကိုယ်သင်းရနံ့လေးမွှေးချင်လျှင်

ကိုယ်သင်းရနံ့လေးမွှေးချင်လျှင်

54

ရှေးခေတ်က အမျိုးသမီးတွေက ဒီနေ့ခေတ်လို ရေမွှေးမသုံးကြဘူး။ ကိုယ်သင်းရနံ့မွှေးစေတဲ့ သူတို့ရဲ့လျှို့ဝှက်ချက်က အိမ်နားတဝိုက်မှာ ပန်းပင်တွေစိုက်ထားကြတာပါပဲ

နှင်းဆီပွင့်ဖူး၊ စံပယ်ပန်း၊ သံလွင်​​ရေမွှေးပန်း ဆွမ်းမွှေးရွက်တွေကို ခူးပြီး နေပူထဲမှာ အခြောက်ခံလှန်းပြီး ရေနွေး​ကြမ်းထဲထည့်သောက် လေ့ရှိကြတယ် အဲ့ခါကျရင် မွှေးရနံ့က မီးဖိုခန်းတစ်ခုလုံး မွှေးပျံ့နေတာပါပဲ

ဖန်ခွက်တစ်ခုထဲကို ရေနွေးပူပူထည့် ပန်းပွင့်ခြောက်ထည့် လက်ဖက်ရည်ကြမ်းသောက်သကဲ့သို့ နွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်း သောက်တယ် မွှေးကြိုင်တဲ့ ရနံ့လေးက စိတ်ကို လန်းဆန်းစေရုံသာမကဘဲ ကိုယ်အတွင်းထဲကပါ မွှေးစေပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အသက်ကြီးလာတာနဲ့အမျှ အသက်ကြီးလာတဲ့အနံ့ကို မခံစားရတော့ဘူး အဲဒီ ပန်းတွေရဲ့ ရနံ့သင်းသင်းလေးနဲ့ ကိုယ်မှာကပ်ဆွဲစေပါတယ်။

မနက်ခင်းမှာ နွေးနွေးလေး သောက်တာက ပန်းဥယျာဉ်ထဲမှာ နေ့တစ်နေ့ကို စတင်သလိုမျိုး လန်းဆန်းတက်စေသလို

အိပ်ရာမဝင်ခင်မှာသောက်တာကစိတ်ကို အေးချမ်းစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ နိုးလာတော့ ပေါ့ပါးပြီးမွှေးကြိုင်သလို ခံစားရတယ်။

“စစ်မှန်တဲ့ကိုယ်သင်းရနံ့က အပြင်ဘက်တွင် ဖြန်း လိမ်း ပေးရုံနဲ့မရဘူး အတွင်းပိုင်းကနေ မွှေးနေအောင် ဂရုစိုက်ရတာပါ။

#credit to original uploader