နားဖာချေးဖြစ်တည်ပုံ

နားလမ်းကြောင်းမှအရေပြားတွင် မမြင်ရသော အရည်အိတ်လေးများက ပျစ်ချွဲတဲ့
အရည်တစ်မျိုးကို သဘာဝအလျှောက်ထုတ်ပေးတယ်။

ထိုအရည်က ပြင်ပလေထုထဲမှ ဖုန်မူန့်များကို နားစည်ထဲမဝင်အောင် ဖမ်းယူထား၍
နားဖာချေး ဖြစ်လာသည်။

#နားဖာချေး မှ ကာကွယ်ပေးခြင်း

– နားဖာချေးကပြင်ပမှဝင်လာသောဖုန်နဲ့အခြားအန္တရာယ်များကိုနားတွင်းမှနားစည်နဲ့
မထိတွေ့အောင်ကြားခံပေးသည်။

– နားဖာချေးက အက်ဆစ်ဓာတ်ဖြစ်ပြီးနားလမ်းကြောင်းတွင်း ဘက်တီးရီးယားပိုးများ
ကြီးထွားမူကို ဖျက်ဆီးပြီး နားစည် မရောင်အောင် ကာကွယ်ပေးသည်။

– နားဖာချေးက အက်ဆစ် ဓာတ်ဖြစ်၍ နားတွင်း ရေဝင်ပါက များသောသူတို့ဖြစ်တတ်
သောမိူစွဲ ခြင်းကို ကာကွယ်ပေးနိုင်သည်။

– နားဖာချေးတွင် အဆီဓာတ်ပါ၍ နားလမ်းကြောင်တွင်းမတော်တဆဝင်လာသောရေကို အရေပြားတွင် စိမ့်ဝင်ခြင်းမရှိအောင် ကာကွယ်ပေးသည်။

– တခါတရံ နားထဲသို့ ရေမတော်တဆ ဝင်သွားလျှင် အတွင်းသို့ စိမ့်မဝင်ပဲ အပြင်သို့
လျှံထွက်လာပါသည်။

– နားလမ်းကြောင်းမှ အရေပြား၏ အပေါ်ဆုံးလွာက သဘာဝအလျောက် အသစ်လဲ
လျှင်နားဖာချေးကို အပြင်သို့ တွန်းထုတ်၍ နားဝမှ နားဖာချေးထွက်ကျလာပါသည်။

– နားကျပ်တံ ဂွမ်းတံ ဆံညှပ်ကလစ် နားကော်တံများနှင့်နားဖာချေးကို ထုတ်လျှင်
နားတွင်းသို့ တွန်းထိုးသလို ဖြစ်ပြီး နားစည်ထိခိုက်တတ်သည်။

#နားကိုက်ခြင်း

– ထိခိုက်မိခြင်းကြောင့်ဖြစ်ခြင်း
– နားကလော်ရာမှ နားပြည်ယိုသည့်အထိ ဖြစ်ခြင်း
– ပိုးကောင်ဝင်ခြင်း
– နားအတွင်း ရေယုံပေါက်ခြင်း
– နားပြည်တည်ခြင်း
– အာရုံကြော ရောင်ရမ်းခြင်းကြောင့် နားကိုက်ခြင်း
-သွားကိုက်ရာမှအာရုံကြောရောင်ရမ်းမူကြောင့်နားကိုက်ခြင်း

#နားနဲ့ပတ်သက်သည့်ဆေးနည်းတိုများ

၁ ) – နားကိုက်လျှင်
မုန်ညင်းဆီကို ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။

၂ ) – နားအူလျှင်
ရွက်ကျပင်ပေါက်ရွက်ကို မီးကင်ပြီးညှစ်၍ရသောအရည်ကို နားအတွင်းသို့ထည့်ပါ။

၃ ) – နားလေးလျှင်
ကြောင်လျာသီးကိုမီးအုံပြီးအရည်ညှစ်ယူပါထို့နောက်နားအတွင်းသို့တစ်နေ့နှစ်ကြိမ် ထည့်ပေးပါ။

၄ ) – နားပင်းလျှင်
ကြောင်လျာသီးကို ပြုတ်၍ သံပုရာသီးညှစ်ပြီးသုတ်စားပါ။

၅ ) – နားပြည်ယိုလျှင်
ကျိတ်မှန်ရွက်အရည်နဲ့ အုန်းဆီရောဂါ နားကျပ်ပေးပါ။

၆ ) – နားပြည်ယို၍ကိုက်နေလျင်
ငဖြူကြီး( မုရိုးပင်)အရွက်ရင့်ရင့်ကို ထောပတ်သုတ်၍မီးကင်ပြီး အရည်ညှစ်ယူကာ
နားအတွင်းသို့ထည့်ပေးပါ

၇ ) – နားလေထွက်လျှင်
ကြက်သွန်နီဥ အရည်ညှစ်ထည့်ပေးပါ။

၈ ) – နားအူနားလေထွက်လျှင်
တရုတ်စကားပွင့်ကို နားတွင်ပိတ်ဆို့ထားပါ အပွင့်ကိုပြုတ်သုတ်စားပါ။

၉ ) – နားအူ နားအုံကိုက်လျှင်
သဘောင်္ရွက်ကိုမီးအုံ၍ အတို့အမြုပ်လုပ်၍စားပေးပါ။

၁၀ ) – နားအတွင်းပိုးကောင်ဝင်လျှင်
ခရမ်းကဆော့သီးကို မီးရိူ့ အခိုးခံပေးပါ မုန်ညင်းဆီဖြစ်နားကျပ်ပေးပါ။

၁၁ ) – နားကိုက်လျှင်
ရွက်ကျပင်ပေါက် ( သို့ )ကြောင်လျာသီး မီးကင်အရည်ညှစ်ခပ်နွေးနွေးနားထဲထည့်ပေး
ညနေကျရင် ဆားခါးကို လက်ဖက်ခြောက်ဖန်ရည်နဲ့ဖျော် နား ထဲထည့်ဘေးစောင်းပြီး
ပြန်သွန်ထုတ် ၅ ကြိမ်ခန့်ပြုလုပ်ပါ ။

#နားကန်းစေတတ်သော အကြောင်းများ
ဆောင်းပါးရှင် ပေါက်ပေါက်

အကြားအာရုံ ချို့ယွင်းခြင်းကြောင့် လူ့ဖြစ်မရှုံးသော်လည်းမိမိကိုယ်ကိုယ် ယုံကြည်မူ
ကင်း၍ လူဝင်မဆန့် ဖြစ်လာတတ်ပါသည်။

အချို့သောသူများသည် မွေးရာပါ အကြားအာရုံချို့ယွင်းလာကြသလို လူအများစု
ကလည်း မကြာခဏအိပ်ရေးပျက်ခြင်း

ဖုန်းအမြဲနားထောင်၍ အလုပ် လုပ်ရခြင်း ပတ်ဝန်းကျင် ဆူညံ့သံများ ဖုံးလွမ်းသော
နေရာတွင် အလုပ် လုပ်ရခြင်း

နားကျပ်တပ်၍ သီးချင်းများနားထောင်လေ့ရှိခြင်း စသည့်ဘေးပရောဂများကြောင့်နားအူ
. နားလေထွက် နားယားရောဂါမှိုစွဲကပ်ခါ အဆင်မသင့်ပါကနားကန်းသွားတတ်တယ်

ဒါ့ပြင် အသက်ရှုလမ်းကြောင်းမှာပိုးဝင်ခြင်း နှာခေါင်းနောက်ဖက်လည်ချောင်းအတွင်း
မှာဂလင်း(အကျိတ်)ရောင်ခြင်း

နားပြည်ယိုခြင်း နားစည်နှင့် လည်ချောင်းပြွန် ပိတ်ဆို့ခြင်းနားကို ထိခိုက်မိခြင်း
စသည်တို့က အကြားအာရုံကို ချို့ယွင်းစေနိုင်ပါသည်။

နား နှာခေါင်း လည်ချောင်းတို့သည် အာရုံကြောများ ဆက်စပ်နေကြတာကြောင့်
နားတွင်းပိုးဝင်ပါက ဦးနှောက်ကိုပါအန္တရာယ်ဖြစ်စေတတ်၍ နားကျန်းမာရေးနဲ့ ပတ်သက်၍ သိရှိထားကြဖို့ လိုအပ်ပါတယ်။

နား

#သတိထားရန်

ကလေးများ (အိမ်မှ ကလေး အလုပ်သမားများ )ကို နားရင်း နားအုံ သို့ လက်ဖြင့် မရိုက်ရနားစည် ပေါက်၍ အကြားအာရုံ ပျက်ဆီးစေပါသည်။

နားသည် အသံကြားရုံသာမက မြင်သာမြင်ရ မကြင်ရဆိုသလို စကားပြောတတ်လျှက် နားရောဂါကြောင့် စကားလေးသွားတာတွေဖြစ်တတ်ပါတယ် – နားက စကားကောင်း
မွန်စွာ ပြောတတ်အောင် အရေးကြီးပါတယ် ။

ဖုန်းသုံးရင် သတိထားရမည့်အချက်

1- ၁ ရက်လျှင် ၈ နာရီ ဖုန်းပြောခြင်းမပြုရ။
ဖုန်း အသံကို ကြားနိုင်ရုံထားပြီး လိုအပ်မှ အသံကို အတိုးအလျော့ မြင့်ပါ ။
စပီကာဖွင့်ပြောပါက နားနဲ့ကပ် နားမထောင်ပါနဲ့။

2 – နား ထဲသို့ နားသန့်ဆေးထည့်ခြင်း နားကလော်ခြင်း ဆီထည့်ခြင်း နားကြပ်ခြင်း
နားထိုးတံနဲ့ ထိုးခြင်းက နားစည်ကို ထိခိုက်စေပါတယ်။

3 – ပါးချိတ်ရောင်ခြင်း. ဦးနှောက်အမြှေးရောင်ခြင်း. တီဘီဆေးသောက်ခြင်း. ငှက်ဖျား
ဆေး သောက်ခြင်းတို့က နားကိုထိခိုက်စေနိုင်ခြင်းကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့
သေချာဆွေးနွေး တိုင်ပင်ပါ။

#credit