၁။ သံပုရာသီးသုပ်
ပုံမှာပြထားတဲ့တိုင်း အစာပလာတွေထည့်ပြီး
ရေသန့်နဲနဲလေးထည့်နယ်သုပ်လိုက်ရုံ။
ကြာဆံဟင်းခါးပူပူလေးနဲ့ဆိုလိုက်မှလိုက်
၂။ ချဉ်ငန်စပ် သံပရာသီးသုပ်
– သံပရာသီး
– ငရုပ်သီးကျက်မှုန့်
– ပုဇွန်ခြောက်မှုန့်
– ငံပြာရည်
– အချိုမှုန့်
၃။သံပုရာသီးသုပ်နည်း
ခံတွင်း ရှင်း
ဗီတာမင် C အပြည့်
အရင်ဆုံး သံပုရာသီး ကို သန့်စင်အောင် ဆေး ဖို့ လိုအပ်ပါတယ်။ အခွံပါဝါးစားရမာမို့ပါ။ ရေဇလုံထဲကို ဆားထည့်မွှေပြီး
သံပုရာသီးတွေထည့် ၁၅ မိနစ် လောက်ဝကို စိမ့် ပြီးမှဆေးပါ ။
သန့်စင် ပြီး သံပုရာသီး ကို မိမိကြိုက်တဲ့
အနေအထား အတုံး များ လှီး ထားပါ
သံပုရာသီး ၅ လုံး အတွက်
ငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ကော်ဖီဇွန်း တ ဝက်
သကြား ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်သီး အကျက်မှုနိ့ ၃ ဇွန်း
( အစပ်ကြိုက် ပိုထည့်ပါ )
အားလုံး ရောစပ်ပြီး သကြား ၊ဆား အရည်ပျော်ပြီး ဆိုရင် အသင့်လုပ်စားတဲ့ သံပုရာသီး ထည့်ပါ ။
အကုန်လုံး ရော ပြီး ခေါက် လိုက်ပါ
၁၅ မိနစ် ထားပြီး စား လို့ရပါပြီး ။
ချဉ် ချို စမ် အရသာ
ပွင့်ထွက် တဲ့ ခံစား မှု ကို ရပါလိမ့်မယ် ။
အကြံပြု ၊ :: ငပိဆော့ ပါထည့်သုပ် နိုင်သလို့ ဆန်လှော် မှုန့်ထည့်စားနိုင်ပါတယ်။
#Credit