Gaming laptop ဝယ်တဲ့အခါ RTX4060, RTX4070, RTX5060 စသည်ဖြင့် GPU ကိုပဲရွေးချယ်ဝယ်တက်သေးတယ်ဆိုရင်တော့ ဒီ post ကိုလေ့လာဖို့လိုပါမယ်။
Gaming Laptop ထုတ်လုပ်သူတွေက RTX4060 , RTX5060 စသည်ဖြင့်ထည့်သွင်းပေးလိုက်ပေမယ့် Laptop တစ်လုံးနဲ့တစ်လုံးမှာ TGP ကွာခြားနေပြီဆိုရင် Graphic Performance လဲကွာခြားနေမှာဖြစ်ပါတယ်။
ဒါဆိုရင် (TGP) ဆိုတာ (Total Graphic Power)ကိုဆိုလိုတာပါ။ Laptop မှာပါတဲ့ Graphic Card အတွက် မြင့်ဆုံးသုံးခွင့်ပြုထားတဲ့ Power ဖြစ်ပါတယ်။
TGP Watt ပိုများလေလေ Graphic Card ကထုတ်ပေးနိုင်တဲ့ frame rate ပိုများ၊ပိုမြန်လေလေပါပဲ။
RTX 4060 GPU ပါတဲ့ Laptop နှစ်လုံးကိုယှဉ်ကြည့်မယ်ဆိုရင်
———–
Laptop A: TGP 80W
Laptop B: TGP 140W
Same GPU ဖြစ်ပေမယ့်
Laptop (B) က gaming performance ပိုကောင်းတတ်တယ် — frame rate မြင့်တယ်၊ rendering အတွက်ပိုကောင်းပါတယ်။
TGP မြင့်မြင့်ပါတယ်ဆိုတာ Thermal System ကောင်းကောင်းထည့်သွင်းပေးထားတာမို့ TGP မြင့်တဲ့ Gaming Laptop တွေက Build Quality ပိုကောင်းတက်ပါတယ်။
TGP အကြောင်းနားလည်သွားပြီဆိုတော့ Gaming Laptop ဝယ်တဲ့အခါမှာ ပိုပြီးဆရာကျကျ ရွေးချယ်နိုင်ပြီပေါ့