Home COOKING ကြက်သား ငံပြာရည်ပေါင်းနည်း အချဥ်ရည်စပ်နည်း

ကြက်သား ငံပြာရည်ပေါင်းနည်း အချဥ်ရည်စပ်နည်း

26

အသားချိုချိုလေးနဲ့ နူးညံ့တဲ့ကြက်သား ငံပြာရည် ပေါင်းနည်းလေးပါ…..။
လုပ်နည်းကတော့……..

ပါဝင်ပစ္စည်းများ……..
• ကြက်ပေါင် ၂ ချောင်း
• တရုတ်ကြက်သွန်ဖြူ ၅ လုံး
• နံနံပင်မြစ် ၃ မြစ်
• တရုတ်နံနံပင် ၂ ပင်
• ပဲငံပြာရည် ၂ ဇွန်း
• ခရုဆီ ၂ ဇွန်း
• သကြား ၃ ဇွန်း
• ပဲငံပြာရည်အနောက် ၃ ဇွန်း
• ရေ ၁ လီတာ

အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ……….
• တရုတ်ကြက်သွန်ဖြူ ၄ လုံး
• သံပုရာရည် အလုံးကြီး ၁ လုံး
• သကြား ၂ ဇွန်း
• ငံပြာရည် ၂ ဇွန်း
• ငရုပ်သီးစိမ်း မိမိစိတ်ကြိုက် ထည့်နိုင်သည်
အရသာက မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။

လုပ်နည်း……..
ကြက်သွန်ဖြူ နှင့် တရုတ်နံနံမြစ်ကို ထောင်းပြီး ပေါင်းမဲ့အိုးထဲထည့်ပါ။ ပြီးရင် ကြက်သားနှင့် ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီး ​ရေခမ်း ကြက်သားနူးအိလာတဲ့အထိ မီးအနေအတော်လေးနဲ့ ပေါင်းပါ။ ရေးခမ်း ကြက်သားနူးအိပြီး အရောင်းလှလာရင် ရပါပြီး…….။
#crd