Home HEALTH ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ ထုတ်နည်း

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ ထုတ်နည်း

11

<- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း <- ချွေးအနံ့ ဆိုးရွားလွန်းခြင်း <- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့ ပိုထွက်ခြင်း <- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း <- ကိုယ်လက် မအီမသာ ဖြစ်ခြင်း <- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း <- အကြောတက် ​ညောင်းညာခြင်း <- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း <- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။ •• ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ •• ဒီလိုလုပ်ဖို့အတွက် (၅)နည်း ရှိပါတယ်။ ၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။ ၂။ #စအိုမှထုတ်ခြင်း ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။ ၃ #ပါးစပ်မှထုတ်ခြင်း ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။ ၄။ #ခေါင်းမှထုတ်ခြင်း ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။ ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။ ၅။ #ခြေဖဝါးမှထုတ်ခြင်း စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။ အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။ #ဆားနယ်ခြင်း ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။ >> မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။

>> ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။

>> ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။