ဘာနဲ့တွဲစားစား စားလို့ကောင်းတဲ့ သီးရွက်စုံ အချဥ်စိမ်နည်း။
တစ်ရက်ထဲနဲ့ စားလို့ရပြီး။ အရမ်းကြွပ်ပြီး အရသာရှိတယ်
ဒီနည်းအတိုင်းလုပ်စားမယ်ဆိုရင် အရမ်းအရသာရှိတဲ့အတွက် ပုလင်းတွေ အများကြီးပြင်ဆင်ထားဖို့ လိုမယ်နော်။ ကျွန်တော့်ကလေးက နောက်ကျရင် အများကြီးထပ်လုပ်ပေးပါဦးလို့တောင် တောင်းဆိုနေကြတယ်။
ပါဝင်ပစ္စည်းများ……
၁။ သကြား ၅၀ ဂရမ်
၂။ ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
၃။ ရှာလကာရည် ၁၀၀ မီလီလီတာ
၄။ ဆိုဒါ ၁ ပုလင်း (သောက်တဲ့ ဆိုဒါရည်)
၅။ သင့်မှာရှိတဲ့ ဟင်းသီးဟင်းရွက်များ (ဥပမာ- သခွားသီး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်)
ပြုလုပ်နည်း……..
* ဟင်းသီးဟင်းရွက်တွေကို လိုသလို လှီးဖြတ်ပြီး
ပုလင်းထဲ ထည့်ပါ။
* ပါဝင်ပစ္စည်းအားလုံးကို ထည့်ပါ။
* နောက်ဆုံးမှာ ဆိုဒါရည်ကို လောင်းထည့်ပါ။
(ဒီနည်းက အချဉ်စိမ်မဲ့ရည် ကျိုစရာမလိုပါဘူး။)
ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး အဖုံးပိတ်ကာ ရေခဲသေတ္တာထဲမှာ ၁ ည သိမ်းထားရင် စားလို့ရပါပြီ။ အမြဲတမ်း ရေခဲသေတ္တာထဲမှာပဲ သိမ်းဆည်းထားပါ။ တကယ်ကို အရသာရှိလို့ အားလုံးကို လုပ်စားကြည့်စေချင်ပါတယ်။
#credit