၁။ ယားယံခြင်း

အသည်းကြောင့်ဖြစ်တဲ့ ယားယံခြင်းက တစ်ကိုယ်လုံးဖြစ်တတ်ပြီး ခြေဖဝါး လက်ဖဝါးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ပိုဆိုးတတ်ပြီး ရေနွေးနဲ့ရေချိုးလျှင်လည်းပိုဆိုးလာတတ်ပါတယ်။

၂။ ခြေထောက်ရောင်ခြင်း

အသည်းရောဂါရှိတဲ့လူတွေမှာ ခြေထောက် နှစ်ဖက်လုံးရောင်လာတတ်ပါတယ်။ အသည်းရဲ့ ဖော်ဒယ်ဘိန်းလို့ခေါ်တဲ့ သွေပြန်ကြော ရောင်ရမ်းတာကြောင့်ပါ။ ကြာလာရင်တော့ ဝမ်းဗိုက်ပါရောင်ပြီး ဖောင်းလာတတ်ပါတယ်။

၃။ သွေးခြေဥခြင်း

သွေ:တိတ်ဖို့ အလွန်အရေးကြီးတဲ့ ဓာတ်ပေါင်းလေးတွေကို အသည်းက ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် အသည်းမကောင်းရင်တော့ မတော်တဆ နည်းနည်းပါးပါးထိခိုက်တာနဲ့တင် သွေခြေဥတတ်ပါတယ်။

၄။ ဆီးအရောင်ရင့်ခြင်း

သည်းခြေရည်လို့ခေါ်တဲ့ အစိမ်းရင့်ရောင် (သို့) အညိုရောင်ရှိတဲ့အရည်တွေဟာ အသည်းရောဂါဖြစ်ရင် ပုံမှန်မစီးဆင်းတော့ဘဲ ပိတ်ဆို့နေတတ်ပါတယ်။ ဒီလိုပိတ်ဆို့နေတဲ့ သည်းခြေရည်တွေဟာ အချိန်ကြာလာတော့ ပိုလျှံကျလာပြီး ဆီးထဲမှာပါလာတော့ ဆီးဟာ နီညိုရောင်အဖြစ်ပြောင်းသွားခြင်းဖြစ်ပါတယ်။

၅။ ဗိုက်နာ ၊ ဗိုက်အောင့်ခြင်း

အသည်းဟာ ဝမ်းဗိုက်ရဲ့ညာဘက်မှာဝမ်ဗိုက်မှာရှိပါတယ်။ ဒါကြောင့် အသည်းရောင်ရင် ညာဘက်ဝမ်းဗိုက်အောင့်တာနဲ့ နာတာတို့ကို ခံစားရတတ်ပါတယ်။

၆။ ဝမ်းအရောင်ပြောင်းခြင်း

တချို့အသည်းရောဂါတွေက ဝမ်းအရောင်ကိုပြောင်းလဲစေပါတယ်။ ဝမ်းအရောင်ဟာတဖြေးဖြေးနဲ့အရောင်ဖျော့လာပြီး ရွှံ့စေးရောင်အဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

၇။ အသားဝါ ၊ မျက်စိဝါ

အသည်းရဲ့ အဓိကလုပ်ငန်းတစ်ခုက ဘီလီရူဘင်လို့ခေါ်တဲ့အဝါရောင်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ချေဖျက်ပေးရပါတယ်။ အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်ရင်တော့ အဝါရောင်ဓာတ်ပေါင်းတွေဟာ အရေပြားနဲ့မျက်စိတို့မှာစုပြီး အသားဝါ နှင့် မျက်စိဝါတာတို့ဖြစ်လာပါတယ်။

၈။ မောပန်းနွမ်းနယ်ခြင်း
ဘာမှမလုပ်ချင်သလို ၊ အားမရှိသလို ခံစားရတာဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ မနက်ပိုင်းမှာ ပိုခံစားရတတ်ပါတယ်။ ဥပမာ မနက် ၈နာရီအိပ်ယာထလာတယ် ၉ နာရီလောက်ဆိုရင် တစ်နေကုန်အလုပ်လုပ်ထားရသလို ပင်ပန်းနွမ်းနယ်နေခြင်းဖြစ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ကို-က်ညီနေတယ်ဆိုရင်တော့ နီးစပ်ရာ ကျွမ်းကျင်ရာ ပျောက်ကင်းအောင်ကုသပေးနိုင်မဲ့ ဆရာတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်

#Credit