Home USABLE TIPS ပျားရည်သောက်ရန် သင့်သူများနှင့် မသင့်သူများ

ပျားရည်သောက်ရန် သင့်သူများနှင့် မသင့်သူများ

3

သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူတစ်ခု၏ နံရံပေါ် တွင် ကျောက်ခေတ်လူသားတစ်ဦးသည် ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံ ရေးဆွဲဖော်ပြထားသည် ကို သုတေသီများတွေ့ရှိခဲ့ကြသည်။ ၄င်းကိုအကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော ရှေးနှစ် ၁၀,၀၀၀ မတိုင်မီ ကတည်းကစ၍ စားသုံးလာကြပြီးဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

ဆေးဖက်၀င် ပျားရည်။
————————-
ကမ္ဘာမြေပေါ်တွင် ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ “ပျားရည်” သည်လည်း တစ်ခုအပါအ၀င် ဖြစ် ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပေ။ နံက်စောစော အိပ်ယာထချိန်ဖြစ်သော ၀မ်းဗိုက်ထဲမှာ ဘာအစာမျှမရှိ သည့်အချိန်သည် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည် (သို့မဟုတ်) အစာနှင့်ဝေးချိန်ဖြစ်သော ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလို)မှာလည်း သောက်ပေးနိုင်ပါသည်။

ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရှိသောပျားရည်ကို “ပျားရည်အသစ်” ဟု ခေါ်ပြီး၊ ထိုပျားရည်က လူကိုဝြဖိုးစေ၍ အသံ ကြည်လင် ကောင်းမွန်စေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို “ပျားရည်အဟောင်း” ဟုခေါ်ပြီး၊ ထိုပျားရည် က လူကိုအဆီကျ အသားကျစ်လစ် ပိန်စေသည်။ ပျားရည်အဟောင်းက သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက ၀မ်းချုပ်စေတတ်သည်။

ပျားရည် နှင့် ရေးနွေးဖြူအစွမ်း။
———————————-ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက အစွမ်းထက်မြက်သော မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ခြင်း၊ ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများ နံနက်အိပ်ယာထ ပျားရည်နှင့် ရေနွေးပူဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့် ဝေဒနာများ မခံစား ရနိုင်ပါ။ ပျားရည်က ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်၍ ညဘက်မကြာခဏ ဆီးထသွားခြင်းကို ထိန်းချုပ်ပေး နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ညဘက် ဆီးခဏခဏသွားသူများ ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်း ဖြင့် ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုသည်။ ဤဆေးဖျော်ရည်သောက်စမှာ ၀မ်းဗိုက် ဖောင်းလာကောင်း ဖောင်းလာနိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ဆက်လက်သောက်ပေါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်း အားဖြင့် ပျော့နူးစေပြီး နောက်ဆုံးမှာ ၀မ်း နှင့် လေအဖြစ် ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေသည်။ လေလုံး၊ လေဖြင်း ရှိသူများအတွက်ကိုလည်း လွန်စွာဆေးဖက်၀င်ပါသည်။

ပျားရည် နှင့် သံပုရာရည်အစွမ်း။
———————————ရေနွေးဖြူ တစ်ခွက်ထဲသို့ပျားရည် နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံက်အိပ်ယာထ ဗိုက် ထဲတွင် မည်သည့်အစာမျှ မရှိခင် သောက်ပေးရပါသည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်သည်။ ၄င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အဆုပ်ထဲရှိ အရိအရွဲကို သန့်စင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေး မိရောဂါတို့မှ ကာကွယ်နိုင်ခြင်း၊ အစာချေလမ်းကြောင်းတလျောက် သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက ထိုလမ်း ကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စင်ပေးခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးစိုစွတ်၍ လွယ်ကူစွာ ၀မ်းသက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု ပြေ ပျောက်စေခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းသန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက် ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ၀င်းပကြည်လင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင် မှာဖြစ်သည်။

ပျားရည်သောက်ရန် သင့်တော်သူများ။
——————————————-
· မီးဖွားပြီးခါစ နှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည်စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန် တွင် ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက် ပေးသင့်သည်။

· အရိုးကင်ဆာ နှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာ၀ နှစ်ချို့ပျားရည်စစ်စစ် နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျပမာဏစီ ဆတူရော၍၊ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့ သုံးကြိမ် နှုန်းဖြင့် အစာမစားမီ နာရီ၀က်ခန့်အလို (သို့မဟုတ်) အစာစားပြီးနောက် နာရီ၀က်အကြာမှာ သောက်သုံးပေးပါ။ အထူးသတ်ပြုရန်မှာ ဆေးသောက်ပြီးနောက် သောက်ရေ အေးတစ်ဖန်ခွက် သောက်ပါ (ရေခဲရေ မဟုတ်ပါ)

· ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြ သည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန်လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်း ဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။

· ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျား ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် ရည် (သို့မဟုတ်) သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။

· ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက ပျားရည်ကို သံပုရာ ရည်ဖြင့် ဆတူရော၍တိုက်ပါ။ ကလေးငယ်များ ၀မ်းပျက်၊ ၀မ်းလျောခြင်းအတွက် ပျားရည် အနည်းငယ်ကျွေးပါ။ ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ည အိပ်ယာ၀င်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ ၍ သေလုမျောပါးဖြစ်နေသော ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင် သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီး နှင့် ပျားရည် နယ်၍ကျွေးပါ (သို့ မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ။
——————————————–
· ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယားပိုးငယ်လေးများ မြောက်များစွာပါရှိနေ ကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက် နိုင်သော်လဲဘဲ၊ ကလေးငယ်များအတွက်မှာမူ အစာချေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကို ဖြစ်စေသည်။ ထို့ကြောင့် အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည် (လုံး၀) မကျွေး သင့်ပေ။

· Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်၀န် သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင်ပေးလေ့ရှိသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်များ ပျားရည်သောက်၍ ရပါသည်။ သန္ဓေသားကိုလည်း ဘေးဥပါသ် လုံး၀ မဖြစ်စေနိုင်ပါ။ သို့သော် မိခင်လောင်းအများစုသည် ကိုယ်၀န်ဆောင် နေစဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်လာလေ့ရှိကြသည်။ ပျားရည်ထဲတွင်လည်း fructose သကြား ပမာဏ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်၀န်သည်များအနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ်အကင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်စဉ် ပျားရည်မစားရန် စာရေးသူက အကြံပြုလိုပါသည်။

· ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်၀တူညီစွာပါရှိနေကြသည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် glucose ပြဿနာရှိနေသူများ ပျားရည်စားသုံးခြင်းမှ အထူး ရှောင်ရှားသင့် သည်။

· ပျားရည်နှင့် သကြားအညို(သဘာ၀သကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ အညိုရောင်သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေသည်။ ထို့ ကြောင့် ပျားရည်သည် ကယ်လိုရီတက်စေသဖြင့် ကိုယ်အလေးချိန် လျော့ချလိုသူများအနေဖြင့် ပျားရည် မသောက်သင့်ပေ။

ပျားရည် နှင့် တွဲမစားသင့်သော အစားအစာများ။
——————————————————
ကြာစေ့၊ မုန်လာဥအဖြူ၊ ၀က်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီး တ်ို့ဖြစ်ကြသည်။

ပျားရည်အတု နှင့် အစစ်ခွဲခြားနည်း။
—————————————–
ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးသဖြင့် ပျားရည်စျေးကွက်တွင် အတုများရောင်းချလျက်ရှိနေကြသည်။ ပျားရည်အတု က အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာ အောင်ထားသော်လည်း အရောင်ပြောင်းရုံမှအပ၊ မပုပ်မသိုး သဘာ၀ဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ် သည်။ ပျားရည် စစ်၊ မစစ်ကို သိလိုလျှင်-

·ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေး မစားပေ။

· ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါသည်။

· ပျားတစ်ကောင်ကိုဖမ်း၍ ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။

· ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။

· ပျားရည် တစ်စက်နှစ်စက်ကို ဌက်ပျောဖက်ပေါ်တင်ကြည့်ပါ၊ လျောမကျဘဲ လုံး၍ တင်ရှိနေလျှင် ပျားရည်စစ် သည်။

· ပျားရည်တစ်ဇွန်း နှင့် နှမ်းဆီတစ်ဇွန်းရော၍ ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါသညသို့သော် ထိုအရော အနှောကို မစားသင့်ပါ။

#crd
_________________________________________