Home HEALTH နှလုံးအောင့်ခြင်း

နှလုံးအောင့်ခြင်း

23

ကတော့ နှလုံးကို အထောက်အကူပြုတဲ့ နှလုံးသွေးလွှတ်ကြောတွေ ကျဥ်းမြောင်းလာတဲ့အတွက် သွေးကြောတွေထဲ စီးဆင်းမယ့် သွေးပမာဏ လျော့နည်းလာတာ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေ အတွက် လိုအပ်တဲ့ အောက်ဆီဂျင် အပြည့်အဝမရရှိတော့ပါဘူး။ ကိုလက်စထရောတွေ စုပုံလာခြင်းနှင့် သွေးခဲရာမှ ထွက်ပေါ်လာတဲ့ အစအနတွေကြောင့် သွေးကြောတွေ ကျဥ်းမြောင်းလာရခြင်းဖြစ်တဲ့အတွက် နှလုံးဟာ ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အခါ နှလုံးအောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ရာသီဥတု အပြောင်းအလဲ အေးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်နေသောအခါ မောပန်းခြင်း၊ စိတ်ခံစားချက် ပြင်းထန်သောအခါ၊ အစာများများ စားပြီးသော အခါတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဓိကလက္ခဏာကတော့ နှလုံးရဲ့ အပေါ်ဘက်မှ တင်းကျပ်ပြီး ဖျစ်ညှစ်ထားသလို ခံစားရပြီး နှလုံးကနေ ရင်ဘတ်၊ ရင်ဘတ်မှ မေးရိုးထိ အပေါ်ဘက်ကိုသို့ တက်သွားပြီး ဘယ်ဘက်လက်မောင်းထိ အောင့်လာတက်ပါတယ်။ အမျိုးသားတွေမှာ နှလုံးအောင်ခြင်းများဖြစ်ပေါ်တက်ပြီး အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီးချိန်မှာ ရံဖန်ရံခါ ဖြစ်ပွားတတ်ပါတယ်။ သွေးပေါင်တက်ခြင်း၊ နှလုံးသွေးကြောရောဂါတို့ကြောင့် နှလုံးအောင့်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်အလေးချိန်များခြင်းနှင့် ကိုလက်စတရောပမာဏမြင့်မားခြင်းတို့နှင့် ဆက်နွယ်နေပြီး သွေးအားနည်းခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့်ပါ ဖြစ်ပွားတတ်ပါတယ်။ သွေးပေါင်ချိန်တက် ခြင်းကို ထိန်းချုပ်ဖို့ သွေးကြောကျယ်စေသည့် ဆေးဝါးများကို အသုံးပြုသင့်ပြီး ယင်းဆေးဝါးများဟာ နှလုံးဆီကို သွားတဲ့ သွေးလွှတ်ကြောများကို ဖွင့်ပေးခြင်းဖြင့် တင်းကျပ်မှုကို လျော့ပါးစေပါတယ်။ အက်စ်ပရင်ကတော့ သွေးခဲမှုကို လျော့ကျပေးခြင်းနှင့် heart attack မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေနှင့်လည်း နှလုံးအောင့်ခြင်းကို ကုသလို့ ရနိုင်ပြီး Ballon angioplasty လို့ခေါ်တဲ့ ပြွန်သေးသေး လေးတစ်ခုထည့်ပြီး ကျဥ်းမြောင်းနေတဲ့ နှလုံးသွေးလွှတ်ကြောကို ချဲ့ပေးတဲ့ နည်းလမ်းတွေရှိသလို bypass surgery လို့ခေါ်တဲ့ ခွဲစိတ်ခြင်းနဲ့လည်း ကုသပေးလို့ ရနိုင်ပါတယ်။

အစားအသောက်ပုံစံ

အသင့်လျှော်ဆုံး အစားအစာကတော့ လတ်ဆတ်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အများအပြားစားသုံးပေးခြင်း၊ ဖောလစ်အက်ဆစ် (အသည်း၊ ကျောက်ကပ်၊ကွေကာနှင့် ဥအမျိုးမျိုး)၊ ဗီတာမင် B6 (ငါး၊ ကြက်ဥ၊ ဘဲဥအနှစ်၊ ဂျုံ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အခွံမာသီးနှင့် အစေ့အဆန်)၊ B12 (ရိုင်းဂျုံ၊ အညှောင့်ပေါက်နေတဲ့ ပဲစေ့၊ ပဲခြောက်၊ ဥအမျိုးမျိုး၊ ကျောက်ကပ်၊ အသည်းနှင့် နွားနို့) တို့ကို စားသုံးပေးသင့်ပါသည်။ သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံ မှာ အဆီတွေစုပုံခြင်းကြောင့် နှလုံးအောင့်ခြင်းဖြစ်ပေါ်သည်ဟု ယူဆသည့်အတွက် အဆီစားသုံးမှုကို လျော့ချဖို့ရန် တိရိစ္ဆာန်မဟုတ်သည့် အဆီကရသည့် အဆီများကို စားသုံးနိုင်ပါတယ်။ ဥပမာ သံလွင်ဆီ၊ နေကြာဆီ၊ မြေပဲဆီ။ မာဂျရင်၊ ဘီစကစ်၊ ကိတ်မုန့်တို့မှာပါသည့် ဆီတွေတော့ ရှောင့်ကြဥ်သင့်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့ အစားအစာတွေ (ဆာဒင်း၊ မက်ကရယ်၊ ဆာလမွန်နှင့် တူနာငါး) ဟာ သွေးလွှတ်ကြောတွေရဲ့ နံရံမှာ အဆီစုပုံခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တပတ်တွင်၂ကြိမ် ၃ကြိမ်ခန့် စားသုံး ပေးသင့်ပါတယ်။ အမျှင်ဓါတ် ရှိသည့် ပေါင်မုန့်၊ ကွေကာ၊ ခေါက်ဆွဲခြောက်နှင့် ကစီပါဝင်သော ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပြီး ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ကောင်းမွန်သည့် ကိုလက်စထရော ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့ ဒြပ်ပေါင်းများပါ၀င်သည့်အတွက် စားသုံးပေးနိုင်ပါသည်။